စင်ကာပူနိုင်ငံသို့ ကော်ဖီမှုန့်ကုန်ကြမ်း ခုနစ်တန်ကျော် တင်ပို့
မြန်မာနိုင်ငံတွင် ကော်ဖီပင်၊ လက်ဖက်ပင်များအား အအေးပိုင်း ဒေသဖြစ်သည့် ရှမ်းပြည်နယ် မြောက် ပိုင်း ကျောက်မဲနဲ့ ပြင်ဦးလွင်မြို့တို့တွင် အများဆုံး စိုက်ပျိုးဖြစ်ထွန်းပြီး၊ ယခင်က ပြင်ဦးလွင် ခြင်္သေ့ကော်ဖီမှုန့်သည် အေ ရာအနှောမပါသဖြင့် (PureCoffee) ဟု နာမည်ရခဲ့ပါသည်။ ယခုအခါနည်းညာများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ စားသုံးကုန်များသည် ရောင်းလိုအား မြှင့်တင်သကဲ့သို့ ဝယ်လိုအားလည်း အရှိန် မြင့်လာခဲ့ပါသည်။ ယခင်က ပို့ကုန်တင်ပို့ရာတွင် ကော်ဖီစေ့သာ တင်ပို့နိုင်ခဲ့ပြီး ယခုအခါ Coffee Mix အသင့်ပြုလုပ်နိုင်သော Raw For Instant Coffee Powder အား ပြည်ပနိုင်ငံများမှ ဈေးကွက်ဝယ်လိုအားရှိသဖြင့် စင်ကာပူနိုင်ငံသို့