အောင်ပန်းချင်းဈေးကွက် မျိုးချင်းအတွက် အရောင်းအဝယ်သွက်
အောင်ပန်းဈေးကွက်မှာ ချင်း(အသစ်) တွေ ပုံမှန်အဝင်ရှိနေပါတယ်။ ဒီတစ် ပတ်မှာတော့ မျိုးချင်းတွေပိုပြီး အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရပါတယ်။ အချို့ တောင်သူတွေက ပြန်စိုက်ဖို့ အတွက် မျိုးချင်းတွေကို ဝယ်နေလို့ အရောင်းသွက်နေ တယ်လို့ သိရပါတယ်။ ဈေးပတ်သမားများကလည်း ပုံမှန်အဆွဲရှိနေပါတယ်။ နထစသမအ အဆွဲမရှိသေးပေမယ့် အလှူပွဲရာသီဖြစ်လို့ အရောင်းသွက်နေပြီး အဝင်ရှိ သလောက် အရောင်းဖြစ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ချင်းပေါက်ဈေးက တော့ ချင်း (ညံံ့စ) က တစ်ပိဿာ ၃၅၀ ကျပ်၊ ပုံမှန်စတွေက တစ်ပိဿာ ၄၀၀ ကျပ်၊ မျိုးချင်းတွေက တစ်ပိဿာကို ၅၀၀ ကျပ်-၅၅၀ ကျပ်ဈေးရှိပါတယ်။ ဈေးပတ်သမား တွေလည်း ပုံမှန်အဆွဲရှိနေတာကြောင့် ဒီတစ်ပတ်ထဲမှာ အရ