အီးယူမှ ဗြိတိန်နိုင်ငံနုတ်ထွက်မှုဂယက်ကြောင့် အာရှစီးပွားရေးလုပ်ငန်းများကို ထိခိုက်
ဒေလီမှအစပြုပြီး တိုကျိုအထိ အာရှ တစ်လွှားတည်ရှိနေတဲ့ စီးပွားရေးလုပ်ငန်း များက ဥရောပသမဂ္ဂ (အီးယူ) မှ ဗြိတိန်နိုင်ငံ နုတ်ထွက်မှုကြောင့် ဖြစ်ပေါ်လာမယ့်ဂယက် ကို ဝေဖန်သုံးသပ်လျက်ရှိပါတယ်။ စီးပွားရေးလုပ် ငန်းများက ဗြိတိန်နိုင်ငံ မှာ လောလောဆယ် နောက်ထပ်ရင်းနှီးမြှုပ်နံှ တော့မှာ မဟုတ်ကြောင်းနဲ့ ဗြိတိန်နိုင်ငံမှာရှိတဲ့ သူတို့ရဲ့ အနာဂတ်မှာလည်း မရေရာသေး ကြောင်း ဂလိုဘယ်ပို့စ်သတင်းမှာ ဖော်ပြပါ တယ်။ ဂျပန်နဲ့ တောင် ကိုရီးယား ကော်ပိုရေးရှင်းကြီးတွေက မဲခွဲဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့်ဂယက်ကို လေ့လာသုံးသပ်လျက်ရှိသလို ဗြိတိန်မှာရင်းနှီးမြှုပ်နှံထားတဲ့ အိန္ဒိ စီးပွားရေးလုပ်ငန်းတွေရဲ့ ဘုံဘေစတော့အိတ်