ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်
ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ် အောင်ပန်း၊ ပြင်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ် သီးနှင့် ဗမာခရမ်းချဉ်သီးနှစ်မျိုးဖြစ်ကြောင်း သိရှိရသည်။