ပြည်ခရိုင် ပဲ၊ နှမ်း ဈေးကွက်
ဗိုလ်ကိတ်ပဲ
ဗိုလ်ကိတ်ပဲသစ်များ အထွက်လှိုင်လာသည့်အတွက် ပြည်ဈေးကွက်သို့ တစ်ရက်လျှင် အိတ်၂၀ဝမှ၂၅၀ ကျော် ဝင် ရောက်လာခဲ့သည်။ မင်းတုန်း၊ ကံမ၊ ပန်းတောင်းမြို့နယ်များမှ ဝင်ရောက်ခဲ့ခြင်းဖြစ်ပြီးဒေသတွင်း လက်လီသမားများသည် နေ့စဉ် အဝယ်ရှိ နေသလို လက်ကားဝယ်ယူမှုများလည်းရှိသည်။ ဈေးနှုန်း အနေဖြင့် တစ်တင်းလျှင် ကျပ် ၈၅၀ဝ၀ ဖြင့် ရှိပြီး ပဲသစ်ပေါ်စအချိန် ဈေးအနည်းငယ် လျော့နည်းသွားခဲ့သည်။ ပဲသစ်ပေါ်စအချိန်က တစ်တင်းလျှင် ကျပ် ၁၀ဝ၀ဝ၀ ကျော် ရရှိခဲ့သည်။ ယခင်နှစ်က ပဲဈေးမှာ တစ်တင်းလျှင် ကျပ် ၇၂၀ဝ၀ ဖြစ်သည်။