Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ရွှေဘိုမြို့ရှိ စိုက်ပျိုးရေးထုတ်ကုန်ဈေးကွက်

Tue, 08/06/2024 - 12:30 -- journal_editor

ပဲတီစိမ်း
ပဲတီစိမ်းမှာ မေလပထမပတ်မှစတင်၍ ရွှေဘိုဈေးကွက်တွင် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း၊ ဇူလိုင် စတုတ္ထပတ်တွင် အရောင်း အဝယ်ဖြစ်သည့်ဈေးနှုန်းမှာ ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၇၀၅၀ဝ ပေါက်ဈေးရှိပြီး အရောင်းအဝယ်ဖြစ်မှုမှာ  ၄၅၀ဝ တင်း၊  ၁၄၇ တန် ဖြစ်ကြောင်း၊ ယခင်တစ်ပတ်က ပဲတီစိမ်းတစ်တင်းလျှင် ကျပ် ၆၅၀ဝ၀  ပေါက်ဈေးရှိခဲ့သဖြင့် ယခုပတ်တွင် ပဲတီစိမ်း တစ်တင်းလျှင်  ကျပ် ၅၅၀ဝ ဈေးပိုမိုရရှိခဲ့ကြောင်း၊ ယခုတစ်ပတ်တွင် ပဲတီစိမ်းဈေး ဆက် လက်မြင့်တက်လာသည့်အပြင် အရောင်းအဝယ် လည်းကောင်းလာ ကြောင်း ရွှေဘိုမြို့ ပဲ၊ နှမ်း ကုန်စည်ဒိုင်ရှိ တာဝန်ရှိသူများထံမှ သိရ သည်။ 

ဇီးကုန်းမြို့နယ်တွင် ဆီထွက်သီးနှံ နှမ်းကို တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာ

Tue, 08/06/2024 - 11:50 -- journal_editor

ပဲခူးတိုင်းဒေသကြီး (အနောက် ပိုင်း)၊ နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အတွင်းရှိ ကျေးရွာများတွင် ဆီထွက်သီး တစ်မျိုးဖြစ်သော နှမ်းသီးနှံကို ယခုနှစ် တွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးလာကြောင်း သိရသည်။  ဇီးကုန်းမြို့နယ်အနေဖြင့် ၂၀၂၄-၂၀၂၅ ခုနှစ်တွင်  မိုးကြိုးနှမ်း စိုက်ပျိုးရန် လျာထားဧက ၁၅၂၀ ဧက ဖြစ်ပြီး   ဇွန်လကုန်အထိ ၉၀၁ ဧက စိုက်ပျိုးပြီးစီးကြောင်း သိရသည်။မိုးနှမ်းစိုက် တောင်သူများအနေ ဖြင့် မိုးကြိုနှမ်းအား မေလတွင် စတင် စိုက်ပျိုးပြီး နှစ်လခွဲခန့်  ကြာပါက စတင် ရိတ်သိမ်းကြောင်း၊  စမုန်နက်နှမ်းမျိုးကို စိုက်ပျိုးမှုများပြီး  ယခုနှစ်တွင် မျိုးနှမ်း ၁၅ ပိဿာ တစ်တင်းလျှင် ကျပ် ၁၂၀ဝ၀ဝ န

အထက်မင်းလှမြို့နယ်၌ သကြားပြောင်းဈေးကောင်းရ၍ တောင်သူများ အဆင်ပြေလျက်ရှိ

Tue, 08/06/2024 - 11:33 -- journal_editor

မကွေးတိုင်းဒေသကြီး  သရက်ခရိုင် အထက်မင်းလှ မြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု ဥယျာဉ်ကျေးရွာသည် စိုက်ပျိုးရေးကို အဓိကလုပ်ကိုင်ပြီး နှမ်း၊ ကုလားပဲ၊ စားတော်ပဲ၊ ပဲကြီး၊ ကြက်သွန်နီ၊ ဝါ၊ နေကြာ၊ ပြောင်းနှင့် အခြားမီးဖိုချောင် သုံးသီးနှံများကို ရာသီအလိုက်စိုက်ပျိုးကြကြောင်း သိရသည်။

ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်တွင် နှမ်းများစတင်ရိတ်သိမ်း၍ ဈေးကောင်းရနေ

Mon, 07/01/2024 - 15:13 -- journal_editor

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် မြစ်သားမြို့နယ်အတွင်းရှိ ရွာခိုင်ကြီး၊ လွန်ကျော်၊ မဿဲ၊ စမြှောင်၊ ပေတော၊ ဒါးဝယ်အင်း ကျေးရွာများရှိ တောင်သူများသည် စပါး၊ နှမ်း၊ ကြက်သွန်နှင့် ဝါ များကို အဓိကစိုက်ပျိုးကြပြီး ယခုအခါတွင် မတ်လကုန်ပိုင်းက စိုက်ပျိုးထားသည့် နွေနှမ်းများသည် ဇွန်လ လယ်တွင် စတင်ရိတ်သိမ်းနေပြီဖြစ်၍ ဈေးကောင်းရနေကြောင်းသိရသည်။

ပြည်နှမ်းဈေးကွက်

Mon, 07/01/2024 - 13:22 -- journal_editor

ပြည်ခရိုင်အတွင်းတွင် နှမ်းနီဈေးများမြင့်တက်ပြီး နှမ်းနက်နှင့် စမုံနက်နှမ်းဈေးများ အနည်းငယ်ကျဆင်းလာကြောင်း သိရသည်။ ဈေးနှုန်း အနေဖြင့်လည်း ယခင်နှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ်လျှင် ကျပ် ၂၆၅၀ဝ၀၊ ယခုနှစ် ဇွန်လကုန်ပတ်တွင် နှမ်းနီသုံးတင်း တစ်အိတ် လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြင့် ယခုနှစ်တွင် ကျပ် ၁၀၅၀ဝ၀ ခန့် ဈေးမြင့်တက်လာခဲ့သလို နှမ်းနက်ဈေးမှာလည်း ယခင်နှစ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၀ဝ၀ဝ၀  ဖြစ်ခဲ့ပြီး ယခုနှစ်ဖြစ်သော ဇွန်လကုန်အပတ်တွင် သုံးတင်းတစ်အိတ်လျှင် ကျပ် ၃၇၀ဝ၀ဝ ဖြစ်၍ ယခုနှစ်တွင် ကျပ် ၇၀ဝ၀ဝ ဈေးမြင့် လာခဲ့သည်။ 

ဆီနေကြာများ စိုက်ပျိုးထွက်ရှိမှုနှင့် ဈေးနှုန်းဈေးကွက် အခြေအနေ

Mon, 06/03/2024 - 14:07 -- journal_editor

ကချင်ပြည်နယ်အတွင်း ဆီနေကြာများ စိုက်ပျိုးသူများအား ပြည်နယ်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီနှင့်  ခရိုင်စိုက်ပျိုးမှု ကြီးကြပ်ရေးကော်မတီမှ ဆီနေကြာမျိုးစေ့၊ သွင်းအားစုများ ပံ့ပိုး ကူညီပေးလျက်ရှိသလို စိုက်ပျိုးနည်းပညာများလည်း ဖြန့်ဝေပေး လျက်ရှိသည်။ ကချင်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ် ဆီ နေကြာစိုက်ဧက ၁၁၅၃၅ ရှိခဲ့ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ဆီ နေကြာ စိုက်ဧက ၁၂၆၈၂ အထိ တိုးချဲ့စိုက်ပျိုးခဲ့ကြောင်း စိုက်ပျိုး ရေးဦးစီးဌာန၏ စာရင်းအရသိရသည်။

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် နှမ်းမျိုးစုံဈေးကွက် အရောင်းသွက်၍ ဈေးမြင့်လာ

Mon, 06/03/2024 - 11:49 -- journal_editor

မေလ နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့ ဧရာဝတီမြစ်ရိုးတစ်လျှောက်နှင့် အညာဒေသမှ မြေပဲဆန်များ ဝင်ရောက်နေပြီး မြေပဲလုံးဆန်များသည်   ယခင်သီတင်းပတ်က ဈေးအေးနေရာမှ ယခုပတ်တွင် တရုတ်ဝယ် လက်မှ ဝယ်ယူမှုရှိခြင်းနှင့် စက်ပိုင်များမှ ဝယ် ယူနေသောကြောင့် အရောင်းသွက်၍ ဈေးမြင့် လာသည်။ 
မြေပဲဆန် တစ်ပိဿာလျှင် ကျပ် ၁၀ဝ မှ ၅၀ဝ ထိ မြင့်တက်လာကြောင်း သိရသည်။  နှမ်း အမျိုးအစားမှာ  အရည်အသွေးအပေါ်မူတည်၍ ၄၅ ပိဿာဝင် သုံးတင်း တစ်အိတ်လျှင် ယခင် တစ်ပတ်ထက်  အနိမ့်ဆုံး ကျပ် ၅၀ဝ၀ မှ အမြင့် ဆုံး ကျပ် ၈၅၀ဝ၀ ထိ   မြင့်တက်လာကြောင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ သိရသည်။

ဒေသမရွေးသည့် စီးပွားဖြစ် စပျစ်

Mon, 06/03/2024 - 11:44 -- journal_editor

မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြား စိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရာ တွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင် ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်း နှင့်   စင်တင်စိုက်ပျိုးနည်းဟူ၍   စိုက်ပျိုးလေ့ရှိ ကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်း သိရသည်။ အများအား ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုး ခြင်းနည်းကိုသာ အသုံးပြုကြသည်။

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Mon, 06/03/2024 - 10:42 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေး နှုန်းများ ကျဆင်းလာသည်။ မေလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၀ဝ၀  ရှိခဲ့ပြီး မေလ တတိယပတ်တွင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၁၀ဝ ဖြစ်၍ ကျပ် ၁၀ဝ ကျဆင်းလာကြောင်း  ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့်  မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် တန်ချိန်ကိုးတန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရ သည်။

ပြည်ကြက်သွန်နီနှင့် ချင်း အဝင်နည်း၍ ဈေးမြင့်

Mon, 06/03/2024 - 10:40 -- journal_editor

ကြက်သွန်နီ
ယခုမေလကုန်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင် ရောက်မှု  နည်းပါးလျက်ရှိပြီး သုံးရက်ခြား တစ်ကြိမ်သာ အဝင်ရှိကာ ပိဿာချိန်  ၈၀ဝ၀ ခန့်ကို အောင်လံ၊ မကွေးတို့ ဘက်မှ အဝင်ရှိနေသည်။ အဝင်နည်းသည့်အတွက် ယခင် တစ်ပတ်ကတက် ဈေးအနည်းငယ်မြင့်တက်သွားပြီး အရောင်း အဝယ်မှာ ပုံမှန် အိတ်ဆွဲဝယ်လက်သမားများနှင့်သာ ရောင်း ဝယ်မှု ရှိနေသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း