ဟင်္သာတကုန်စည်ဒိုင်တွင် ဆောင်းသီးနှံအစေ့ထုတ်ပြောင်း ဈေးကွက်ဝင်ရောက်
ဟင်္သာတခရိုင်တွင် အစေ့ထုတ် ပြောင်းကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုး ပြီး မြေနုကျွန်းများ၊ သဲဆန်သော ကိုင်း မြေများ၊ မြစ်ကမ်းပါးများတွင် စိုက်ပျိုး ကြသည်။ ၂၀၂၄ -၂၀၂၅ ခုနှစ်တွင် ဟင်္သာတခရိုင်၌ အစေ့ထုတ်ပြောင်း စိုက်ဧက ၁၅၃၈၃ ဧက စိုက်ပျိုးပြီး ယခင်နှစ်ကထက် ဧက သုံးထောင်ကျော် လျော့နည်း စိုက်ပျိုးခဲ့သည်။
