ဆိပ်ဖြူမြို့နယ်၌ မိုးကြက်သွန်နီ(ဥ)စိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ တောင်သူများသည် နှစ်စဉ် ကိုင်းကျွန်းမြေများတွင် ကြက်သွန်နီ (ဥ)စိုက်ကို စိုက်ဧက ၉၀ဝ ဝန်းကျင်ခန့် ဒေသစီးပွားဖြစ် စိုက်ပျိုးကြသည်။ မိုးကြက် သွန်နီ(ဥ)စိုက်ကို အောက်တိုဘာလလယ်မှ နိုဝင်ဘာလကုန်အထိ စိုက်ပျိုးကြပြီး ဇန်နဝါ ရီလဆန်းပိုင်းမှ ဖေဖော်ဝါရီလအထိ တူးဖော် ကြသည်။ ယခုနှစ်တွင် ပြည်တွင်းဈေးကွက် ခိုင်မာမှုရှိသော ကြက်သွန်နီကို စိုက်ဧက ၁၀ဝ၀ ခန့်အထိ တိုးချဲ့စိုက်ပျိုးကြောင်း သိရှိ ရသည်။