မကွေးတိုင်းဒေသကြီး ထွက်ကုန်
ကြက်သွန်နီ
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်အတွင်းရှိ ဆိပ်ဖြူမြို့ ကြက်သွန်နီ ဈေးကွက်သို့ ဒေသတွင်း ကြက်သွန်နီစိုက်ပျိုးထွက်ရှိသော ကျေးရွာများအပြင် အခြားမြို့နယ်များဖြစ်သော ပွင့်ဖြူ၊ စလင်း၊ ချောက်၊ ပခုက္ကူဒေသထွက် ကြက်သွန်နီများလည်း ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ဧပြီလအတွင်း တစ်ရက်လျှင် ကုန်ချိန် ပိဿာငါးသောင်းမှ ခုနစ်သောင်း၊ တစ်လအတွင်း ကုန်ချိန် ပိဿာ ၁၁ သိန်းခန့် ဝင်ရောက်ခဲ့ကြောင်း ဈေးကွက်မှ သိရသည်။