Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Wed, 12/20/2023 - 11:21 -- journal_editor

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ်ဒီဇင်ဘာလ ၁၃ ရက်တွင် Thai Rice Exporter Association Website  တွင် ဖော်ပြချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၉၇ဖြငလ့် ညး် ကောငး် ၊ ဧည့့််မ၂၅ ရာခိုင်နှုန်း တစ်ပြည်လျှင် အမေရိကန်ဒေါ်လာ ၅၁၇ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၄၈ ဖြင့်လည်းကောင်း၊ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၆၃၄ဖြင့်လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်းဆန် တစ်တန်လျှင်အမေရိကန်ဒေါ်လာ ၆၀ဝ ဖြင့် လည်းကောင်း၊ ပေါင်းဆ

မန္တလေး ကုန်စည်ဒိုင်တွင် မြေပဲဆန်နှင့် ပဲတီစိမ်း(အညာ) ဈေးကွက်အခြေအနေ

Wed, 12/20/2023 - 10:38 -- journal_editor

ပခုက္ကူမြို့နယ်တွင် အဓိကစိုက်ပျိုးသီးနှံများဖြစ်သော ပဲစင်းငုံနီ၊ ပဲနီ၊ ကုလားပဲ၊ ပဲတီစိမ်း၊ ပဲနောက်၊ ပဲအမျိုးမျိုး၊ နှမ်းနှင့် မြေပဲတို့ကို အဓိကစိုက်ပျိုးလျက်ရှိရာ ပခုက္ကူမြို့နယ်တွင် ပဲစင်းငုံနီကို ချောက်ကန်အုပ်စုရှိ ကျေးရွာများဖြစ်သော အရှေ့ ချောက်ကန်၊ အနောက်ချောက်ကန်၊ မန်ကျည်းကိုးပင် ကျေးရွာများနှင့် အခြားကျေရွာများတွင် စိုက်ဧက ၂၀ဝ၀ဝ ကျော်ရှိပြီး  သီးညှပ်သီးနှံအဖြစ် စိုက်ပျိုးကြကြောင်း၊ အချို့တောင်သူများမှာ နှစ်သီးစားစိုက်ပျိုးကြပြီး စိုက်ပျိုးသောမျိုးမှာ  သက်လတ်မျိုးနှင့် သက်ကြီးမျိုးကို စိုက်ပျိုးကြသည်။

ပြည်မြို့နယ် မှော်ဇာအုပ်စုတွင် ဟင်းသီးဟင်းရွက်များ ရာသီမရွေးထွက်ရှိ

Mon, 12/04/2023 - 12:10 -- journal_editor

ပြည်မြို့အတွင်းရှိ  မှော်ဇာကျေးရွာအုပ်စုတွင် ဟင်းသီးဟင်း ရွက်များကို နှစ်ပတ်လည် စိုက်ပျိုးရောင်းချကြောင်း   သိရသည်။ မှော်ဇာကျေးရွာအုပ်စုတွင် ကျေးရွာခွဲ ၁၅ ရွာရှိပြီး   စိုက်ပျိုးရေး လုပ်ငန်းကို အဓိကထား၍လုပ်ကိုင်ကြပြီး အဓိကထား၍ လုပ်ကိုင် ကြသော သီးနှံများမှာ ဖူးစားပြောင်း၊ မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ နှင့် ဟင်းသီးဟင်းရွက်များကို အများဆုံးစိုက်ပျိုးကြသည်။ မိုးရာသီ တွင် မိုးစပါးစိုက်ပျိုးပြီး ဆောင်းရာသီတွင်  ဟင်းသီးဟင်းရွက်ကို အများဆုံး စိုက်ပျိုးကြပြီး မြေပဲ၊ ပဲတီစိမ်း၊ မတ်ပဲ၊ ကြက်သွန်နီ၊ ကြက် သွန်ဖြူနှင့် ဖူးစားပြောင်းများကိုလည်း စိုက်ပျိုးကြသည်။

ပေါက်မြို့နယ် ယောချောင်းဘေးရှိ အောက်ကျင်းကျေးရွာ၌ ကြက်သွန်နီ စိုက်ပျိုးမှု အခြေအနေ

Mon, 12/04/2023 - 11:58 -- journal_editor

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက် မြို့နယ်၊ ပျဉ်းချောင်းအုပ်စု၊   ယောချောင်းနံဘေးရှိ ကျေးရွာများဖြစ်သော   ပျဉ်းချောင်း၊ ထန်းတော ကုန်း၊ ဆူးလေကုန်း၊ ဆယ်ဝ၊  ဆင်သေ၊ အောက် ကျင်း စသည့်ကျေးရွာများသည်   စိုက်ပျိုးရေးကို အဓိကထား လုပ်ကိုင်ကြပြီး စပါး၊ ကုလားပဲ၊ မြေပဲ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ၊ ခရမ်းချဉ်သီး  စသည့် သီးနှံများကိုရာသီအလိုက် စိုက်ပျိုးလျက်ရှိကြောင်း သိရှိရသည်။

ဆိပ်ဖြူမြို့နယ်၌ ကြက်သွန်နီမျိုးစေ့များ ကြဲပက်ပျိုးထောင်

Mon, 12/04/2023 - 11:52 -- journal_editor

     ဆိပ်ဖြူမြို့နယ်အတွင်းရှိ  ဒေသခံ တောင်သူ များသည် နှစ်စဉ်   ကြက်သွန်နီ(ပင်စိုက်)စိုက်ပျိုးမှု ကို ဒေသစီးပွားဖြစ် အဓိက  အများဆုံးစိုက်ပျိုးကြ သည်။ ယခုနှစ်တွင်လည်း   ဆောင်းစိုက်၊ ပင်စိုက် စိုက်ပျိုးရန်အတွက်      တောင်သူ အများစုသည် အောက်တိုဘာလလယ်မှစ၍      မျိုးစေ့ကြဲပက် ပျိုးခင်းများ ပြုလုပ်ဆောင်ရွက်လျက်ရှိသည်။   မျိုးဖြင့်  ကြဲပက်စိုက်   တောင်သူများသည်  မိမိစိုက်ခင်းအတွက်လည်းကောင်း၊ ပြန်လည်ရောင်း ချရန်အတွက်လည်းကောင်း မျိုးစေ့လေးဘူး၊  တစ် ပြည်မှစ၍ တစ်တင်း၊  ၁၆ ပြည်အထိ ပျိုးခုံ၊ ပျိုးခင်း များ ပြုလုပ်ကြသည်။

ပွင့်ဖြူမြို့နယ် ကျွန်းပင်စင်ကျေးရွာ၌ ဆောင်းမြေပဲ စိုက်ပျိုးထွက်ရှိမှု အခြေအနေ

Mon, 12/04/2023 - 11:01 -- journal_editor

ကျွန်းပင်စင်ကျေးရွာသည်  ပွင့်ဖြူမြို့နယ်  ဝဲဒေါင့် ကျေးရွာ အုပ်စုတွင်တည်ရှိပြီး သမိုင်းဝင်ကျောင်းတော်ရာ ဘုရားကြီးနှင့် သုံးမိုင်ခန့်အကွာတွင် တည်ရှိသည်။ ကျွန်းပင် စင်ကျေးရွာတွင် အိမ်ခြေ ၂၀ဝ ခန့်ရှိပြီး လူဦးရေမှာ  ၁၃၅၀ ဦးခန့် နေထိုင်ကြသည်။ စိုက်ပျိုးရေးကိုအဓိကထား လုပ်ကိုင် ကြပြီး စပါး၊ ပဲကြီး၊ ပဲထောပတ်၊ ကုလားပဲ၊ ပြောင်း၊ နှမ်းနှင့် မြေပဲသီးနှံများကို စိုက်ပျိုးကြကြောင်း၊ ဆောင်းမြေပဲသီးနှံကို ယခုနှစ်တွင် ဧက ၂၀ဝ ခန့်စိုက်ပျိုးထားပြီး ရာသီဥတု ကောင်း မွန်သောကြောင့်  သီးနှံအထွက်နှုန်းများ ကောင်းမည်ဖြစ် ကြောင်း သိရှိရသည်။

ပြည်ခရိုင်တွင် ဝါသီးနှံများ စတင်ထွက်ပေါ်

Mon, 11/20/2023 - 14:16 -- journal_editor

ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင်အတွင်း စိုက်ပျိုးလျက်ရှိ သည့် ဝါစိုက်ဧကမှာ ၁၂၈၉၃ဧက ရှိပြီး  ဝါကြီးစိုက်ဧကမှာ ၁၈၀၄ ဧကနှင့် ချည်မျှင်ရှည်ဝါ စိုက်ဧကမှာ  ၁၁၀၈၉ ဧကရှိ သည်။ ဝါသီးနှံကို မိုးလယ်ရာသီတွင် စိုက်ပျိုးသည်။  စိုက်ပျိုး သော ဝါအမျိုးအစားမှာ တစ်စေ့ဝါ အမျိုးအစားဖြစ်ပြီး တစ် ဧကလျှင် ဝါပိဿာချိန်  ၅၀ဝ ခန့် ထွက်ရှိနိုင်ပြီး ယခင်နှစ်တွင် ဝါတစ်ဧကလျှင် ပိဿာချိန်  ၈၀ဝ ခန့် ထွက်ရှိသဖြင့် ယခုနှစ် တွင် အထွက်နှုန်း လျော့နည်းလာတာ တွေ့ရသည်။ ဝါတစ် ဧက စိုက်ပျိုးထုတ်လုပ် ကုန်ကျစရိတ်မှာ လေးသိန်းဝန်းကျင် ခန့်ကုန်ကျပြီး ဈေးနှုန်းများအနေဖြင့် ယခုနှစ် လတ်တလော ဝါရောင်းဈေးမှာ တစ်ပိဿာလျှင် ကျပ် ၂၈၀ဝ

ရေစကြိုမြို့နယ် မိုးစိုက်ဝါသီးနှံများ အောင်မြင်ဖြစ်ထွန်းလျက်ရှိ

Mon, 11/20/2023 - 14:09 -- journal_editor

မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် ရေစကြိုမြို့နယ်ကို သဘာဝပထဝီအနေ အထားအရ ကုန်းပိုင်း၊ ကုန်းတစ်ပိုင်း ကျွန်းတစ်ပိုင်း၊ ကျွန်းပိုင်းဟူ၍ အပိုင်း (၃)ပိုင်း ဖြင့် ခွဲခြားထားသည်။  ကုန်းပိုင်းတွင် မိုးသီးနှံများဖြစ်သည့် မြေပဲ၊ နှမ်း၊ ပဲတီစိမ်း၊ ပဲစင်းငုံ၊ ငရုတ်နှင့် ဝါသီးနှံများကို စိုက်ပျိုးကြသည်။ မိုးသီးနှံများထဲတွင် တောင်သူ များ  တွက်ခြေကိုက်သည့်  ဝါသီးနှံများကို စိုက်ပျိုးလျက်ရှိကြပြီး ဝါသီးနှံများကို အဓိကထားပြီး စိုက်ပျိုးသည့် မြေဖြူ၊ ဂွေးချို၊ စည်သာကျေးရွာများတွင် ဧက ၁၀ဝ ခန့် စိုက်ပျိုးထားရှိကြောင်း မြေဖြူကျေးရွာနေ တောင်သူတစ်ဦး ၏ ပြောပြချက်အရ သိရှိရသည်။

တရုတ်ကြက်သွန်ဖြူနှင့် ရှမ်းကြက်သွန်ဖြူဂယက်

Mon, 11/20/2023 - 12:26 -- journal_editor

ကြက်သွန်ဖြူသည် ရှမ်းပြည်နယ်၏   အဓိကထွက်ကုန်တစ်မျိုးဖြစ်သည်။ မြန်မာကြက်သွန်ဖြူ ဈေးကွက်တွင် တရုတ်ကြက်သွန်ဖြူ (ကြူကုတ်)နှင့် ရှမ်းကြက်သွန်ဖြူတို့ အားပြိုင်နေကြသည်။   မြန်မာ နိုင်ငံ ကြက်သွန်ဈေးကွက်တွင် ရှမ်းကြက်သွန်ဖြူ အရည်အသွေးနှင့်ဈေးနှုန်းအရ ဈေးကွက်ဝေစု ၃ ပုံ ၂ပုံ နှင့် တရုတ် ကြက်သွန်ဖြူ(ကြူကုတ်)သည် ဈေးကွက်ဝေစု ၃ပုံ ၁ပုံခန့် ရရှိနေသည်။ 

ဆိပ်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးမြေပဲစိုက်တောင်သူများ အကျိုးအမြတ်ရရှိနေ

Mon, 11/20/2023 - 11:13 -- journal_editor

ဆိပ်ဖြူမြို့နယ်တွင် ဆီထွက်သီးနှံ  မိုးမြေပဲများ လှိုင်လှိုင်တူးဖော်ပြီးဖြစ်သဖြင့် မိုးမြေပဲများကို ဇွန်၊ ဇူလိုင်လများတွင် စိုက်ပျိုးပြီး အောက်တိုဘာလကုန်ပိုင်းတွင် တူးဖော် ရိတ်သိမ်း ကြရသည်။ နှစ်စဉ် ကုန်းတွင်းပိုင်း  ယာမြေများတွင် မြေပဲ၊ နှမ်း၊ ပဲစင်းငုံ၊  ပဲတီစိမ်းသီးနှံစုံ  စိုက်ပျိုးလျက်ရှိရာ ယခုနှစ်တွင် စ၍ဈေးကွက်ခိုင်မာလျက်ရှိသော ဆီထွက်သီးနှံ မိုးမြေပဲ သုံးလပင်ပြန့်မျိုးကို အများဆုံး စိုက်ပျိုးကြောင်း ဒေသခံတောင်သူတစ်ဦးက ပြောသည်။ 

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း