Main menu

Background

လယ်ယာထွက်ကုန်ပစ္စည်းသတင်း

ဒေသမရွေးသည့် စီးပွားဖြစ် စပျစ်

Mon, 06/03/2024 - 11:44 -- journal_editor

မြန်မာနိုင်ငံတွင် စပျစ်ကို တိုင်းဒေသကြီးနှင့် ပြည်နယ်အနှံ့အပြား၌ အများအပြား စိုက်ပျိုးဖြစ် ထွန်းလျက်ရှိကြောင်း သိရသည်။ စပျစ်စိုက်ပျိုးရာ တွင် ကိုင်းကူး/ကိုင်းဆက်၍ စိုက်ပျိုးနည်း၊ ပင် ထောင်စိုက်ပျိုးနည်း၊ ချုံပုတ်သဏ္ဌာန်စိုက်ပျိုးနည်း နှင့်   စင်တင်စိုက်ပျိုးနည်းဟူ၍   စိုက်ပျိုးလေ့ရှိ ကြောင်း၊ ကိုင်းဆက်စိုက်ပျိုးခြင်းသည် အပင်ပိုမို အကြမ်းခံသည်ဟုလည်း သိရသည်။ အများအား ဖြင့် မြန်မာနိုင်ငံအလယ်ပိုင်းတွင် စင်တင်စိုက်ပျိုး ခြင်းနည်းကိုသာ အသုံးပြုကြသည်။

မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံတို့တွင် ကြက်သွန်နီ အရောင်းအဝယ်ဖြစ်မှု အခြေအနေ

Mon, 06/03/2024 - 10:42 -- journal_editor

မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက်အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီဈေး နှုန်းများ ကျဆင်းလာသည်။ မေလ စတုတ္ထပတ်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၀ဝ၀  ရှိခဲ့ပြီး မေလ တတိယပတ်တွင် ကျပ် ၁၆၀ဝ-၁၈၀ဝ-၂၁၀ဝ ဖြစ်၍ ကျပ် ၁၀ဝ ကျဆင်းလာကြောင်း  ရေနံချောင်း၊ ပခုက္ကူ၊ မြစ်သားတို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီများကို ပွဲရုံမှတစ်ဆင့်  မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲမြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် တန်ချိန်ကိုးတန်ခန့် အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း ပွဲရုံများမှ သိရှိရ သည်။

ပြည်ကြက်သွန်နီနှင့် ချင်း အဝင်နည်း၍ ဈေးမြင့်

Mon, 06/03/2024 - 10:40 -- journal_editor

ကြက်သွန်နီ
ယခုမေလကုန်တွင် ပြည်ဈေးကွက်သို့ ကြက်သွန်နီဝင် ရောက်မှု  နည်းပါးလျက်ရှိပြီး သုံးရက်ခြား တစ်ကြိမ်သာ အဝင်ရှိကာ ပိဿာချိန်  ၈၀ဝ၀ ခန့်ကို အောင်လံ၊ မကွေးတို့ ဘက်မှ အဝင်ရှိနေသည်။ အဝင်နည်းသည့်အတွက် ယခင် တစ်ပတ်ကတက် ဈေးအနည်းငယ်မြင့်တက်သွားပြီး အရောင်း အဝယ်မှာ ပုံမှန် အိတ်ဆွဲဝယ်လက်သမားများနှင့်သာ ရောင်း ဝယ်မှု ရှိနေသည်။ 

မကွေးတိုင်းဒေသကြီးအတွင်းရှိ ကုန်စည်ဒိုင်များ၏ ပဲ၊ နှမ်းမျိုးစုံ အရောင်းအဝယ်ဖြစ်မှုအခြေအနေ

Mon, 06/03/2024 - 10:20 -- journal_editor

မကွေးတိုင်းဒေသကြီးသည် ဆီထွက်သီးနှံဖြစ်သော မြေပဲ၊ နှမ်း၊ ကြက်သွန်နီနှင့် အခြားပဲမျိုးစုံကို အဓိကထားစိုက်ပျိုးပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်များသို့ တင်ပို့ရောင်းချလျက်ရှိသည်။  မကွေးတိုင်းဒေသကြီးအတွင်းရှိ  မကွေး၊ တောင်တွင်းကြီး၊ အောင်လံ၊ ရေနံချောင်း၊ ဆိပ်ဖြူနှင့် ပခုက္ကူကုန်စည်ဒိုင်တွင် နှမ်း၊ ကြက်သွန်နီနှင့် ပဲမျိုးစုံသီးနှံများ  ပုံမှန်အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ၂၀၂၄  ခုနှစ်၊ မေလ စတုတ္ထပတ်တွင် ကုန်စည်ဒိုင်များတွင် အရောင်းအဝယ်ဖြစ်ပေါ်နေသော ကုန်ပစ္စည်းများ တစ်ပိဿာဈေး နှုန်းများမှာ မကွေးကုန်စည်ဒိုင်တွင် နှမ်းဖြူ ကျပ် ၈၈၃၀-၉၀၇၀၊ နှမ်းနီ ကျပ် ၈၀ဝ၀၊ နှမ်းနက်(စမုန်) ကျပ် ၉

ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်

Tue, 05/07/2024 - 12:40 -- journal_editor

ပခုက္ကူမြို့ပေါ်ရှိ ခရမ်းချဉ်သီးဈေးကွက်မှာ ရှမ်းပြည်နယ် အောင်ပန်း၊ ပြင်ဦးလွင်မှ ဝင်ရောက်သည့် ခရမ်းချဉ်သီးနှင့် မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်း၊ ပုပ္ပားဒေသထွက် ခရမ်းချဉ်သီးနှင့် ပခုက္ကူ၊ မြစ်ခြေကျွန်းဒေသထွက် ခရမ်းချဉ်သီးများ ဝင်ရောက်အရောင်းအဝယ်ဖြစ်လျက်ရှိပြီး ထိုင်ဝမ် ခရမ်းချဉ် သီးနှင့် ဗမာခရမ်းချဉ်သီးနှစ်မျိုးဖြစ်ကြောင်း သိရှိရသည်။ 

ပခုက္ကူ ကုန်စည်ဒိုင်တွင် ထောပတ်ပဲနှင့် ပြောင်းဖူးစေ့များ အရောင်းအဝယ်ဖြစ်

Mon, 05/06/2024 - 12:05 -- journal_editor

ပခုက္ကူကုန်စည်ဒိုင်တွင် ပဲမျိုးစုံ ဝင်ရောက်အရောင်း အဝယ်ဖြစ်လျက်ရှိရာ ယခုတစ်ပတ်တွင် ထောပတ်ပဲဈေးနှုန်း များ ယခင် တစ်ပတ်ထက် မြင့်တက်လာကြောင်း ကုန်စည်ဒိုင် မှ သိရသည်။ ထောပတ်ပဲ စိုက်ပျိုးရာ ဒေသများဖြစ်သော ပခုက္ကူကျွန်းနယ်များ ရေစကြိုဒေသဘက်မှ ကျွန်းနယ်များ နှင့်ယောနယ်ဒေသမှထွက်ရှိသော ထောပတ်ပဲများ ဝင်ရောက် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ပခုက္ကူကုန်စည်ဒိုင်တွင် ပခုက္ကူခရိုင်တစ်ခုလုံး၏ စီးပွားရေး အချက်အချာကျသော နေရာဒေသတစ်ခုလည်းဖြစ်သည်။ 

ပြည်နှမ်းဈေးများ ဆက်လက်မြင့်တက်လာ

Mon, 05/06/2024 - 12:03 -- journal_editor

ပြည်ခရိုင်၏ မေလဆန်းတွင် နွေနှမ်းများ ရိတ်သိမ်းပြီး၍ မိုး နှမ်းများစိုက်ပျိုးရန် ထွန်ရေးပြင်ချိန်ဖြစ်ရာ နှမ်းသီးနှံလက်ကျန်များ ရှားပါးလာ၍ ဈေးနှုန်းများမြင့်တက်လာသည်ဟု သိရသည်။ 

မန္တလေးကုန်စည်ဒိုင်တွင် မြေပဲဆန် အရောင်းအဝယ်အေးနေ

Mon, 04/01/2024 - 10:11 -- journal_editor

မတ်လ  နောက်ဆုံးပတ်အတွင်း မန္တလေး ကုန်စည်ဒိုင်သို့  ဧရာဝတီ မြစ်ဝကျွန်းဘက်နှင့် မတ္တရာ  စဉ့်ကူး မြင်းမူ၊ အောင်လံဒေသမှ မြေပဲ ဆန်များ ဝင်ရောက်နေပြီး  ဈေးအေးနေကြောင်း သိရသည်။ မြေပဲလုံးဆန်များ တရုတ်ဝယ်လက်မှ ဝယ်ယူမှု အေးခြင်းကြောင့် မြေပဲဆန် တစ်ပိဿာ လျှင် ကျပ် ၁၀ဝ မှ ၁၀ဝ၀ အထိ ဈေးကျလာပြီး ဆီဆန်ကို ဆီစက်သမားများမှ ဝယ်ယူမှု အေးနေ သောကြောင့် ှ၁ ဆီဆံ တစ်ပိဿာလျှင် ယခင်တစ် ပတ်ထက် ကျပ်  ၈၀ဝ မှ ၁၅၀ဝ အထိ ဈေးကျလာ ကြောင်း  မန္တလေးကုန်စည်ဒိုင်ဈေးကွက်မှ  သိရ သည်။

ရန်ကုန် ညောင်ပင်လေးဈေးပလာဇာ အခြေခံစားသောက်ကုန်ဈေးနှုန်းများ

Mon, 04/01/2024 - 10:09 -- journal_editor

ရန်ကုန်တိုင်းဒေသကြီး   လမ်းမတော်မြို့နယ် ကမ်းနားလမ်းပေါ်ရှိ ညောင်ပင်လေးဈေးပလာဇာတွင် လူသုံးကုန်၊ စားသောက်ကုန်များ လက်လီ၊ လက်ကား ရောင်းချလျက်ရှိသည်။  ညောင်ပင်လေးဈေးပလာဇာတွင် ယခုတစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့သော အခြေခံစားသောက်ကုန်များ၏ တစ်ပိဿာ ဈေးနှုန်းများမှာ ကြက်သွန်နီ(ဆိပ်ဖြူ) အရွယ်အစားအလိုက် ကျပ် ၁၉၀ဝ မှ ၂၅၀ဝ ကျပ်ထိလည်းကောင်း၊ ကြက်သွန်နီ(မြစ်သား) အရွယ်အစားအလိုက် ကျပ်၂၃၀ဝ မှ ၃၁၀ဝ ကျပ်၊ ကြက်သွန်ဖြူ (ကြူကုတ်) ကျပ် ၁၀၅၀ဝ ဖြင့်လည်းကောင်း၊ ကြက်သွန်ဖြူ (အောင်ပန်း) ကျပ် ၇၀ဝ၀ မှ ၉၀ဝ၀၊  အာလူး ကျပ် ၁၈၀ဝ မှ ၂၂၀ဝ ကျပ်၊  ချင်း ကျပ် ၄၀ဝ၀ မှ  ၅၅၀ဝ ၊ ကုလားပဲ ကျပ် ၆၀ဝ၀ မှ  ၆၂၀ဝ ၊ ပဲနီလေး ကျပ် ၁

ပြည်ခရိုင်တွင် နွေစပါးများ စတင်စိုက်ပျိုး

Mon, 04/01/2024 - 09:55 -- journal_editor

ပြည်ခရိုင်တွင် ဖေဖော်ဝါရီလမှစ၍ နွေစပါးများ စတင်စိုက်ပျိုး နေပြီဖြစ်သည်။ ၂၀၂၃-၂၀၂၄ ခုနှစ်တွင် ပြည်ခရိုင်အနေဖြင့် ဖေဖော် ဝါရီလ ကုန်အထိ နွေစပါးစိုက်ပျိုးဧကမှာ ၁၈၉၈၈ဧက ဖြစ်၍ ပြည်မြို့နယ် တွင် ၁၁၃၄၄ဧက၊ ပေါက်ခေါင်းမြို့နယ်တွင် ၂၄၆၂ ဧက၊ ပန်းတောင်းမြို့ နယ်တွင် ၃၀၂ဧက နှင့် ရွှေတောင်မြို့နယ်တွင်  ၂၄၆၂ ဧက စိုက်ပျိုးထား ရှိပြီးဖြစ်သည်။  နွေစပါးကို ပြည်ခရိုင်၌ ဖေဖော်ဝါရီတွင် စတင်စိုက်ပျိုးပြီး ဆည် ရေရ စောသောနေရာများတွင် ဦးစွာစိုက်ပျိုးကြပြီး၊ ဆည်ရေနောက် ကျမှရရှိသော နေရာများတွင် နောက်ကျပြီး စိုက်ပျိုးကြသည်။  နွေစပါး ပေါ်စအချိန်တွင် စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၁ သိန်းဖြင့် ဈေးစတင်ဖွင့်လှစ

Pages

Subscribe to RSS - လယ်ယာထွက်ကုန်ပစ္စည်းသတင်း