မကွေးပွဲရုံနှင့် ရေနံချောင်းပွဲရုံ ကြက်သွန်နီ အရောင်းအဝယ် အခြေအနေ
မကွေးတိုင်းဒေသကြီး မကွေးခရိုင် မကွေးဈေးကွက် အတွင်း စားဖိုဆောင်သုံးသီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်နီ ဈေးနှုန်းများမှာ ကျဆင်းလျက်ရှိသည်။ ၂၀၂၄ ခုနှစ် ဇန်န ဝါရီလ စတုတ္ထပတ်တွင် ကြက်သွန်နီ တစ်ပိဿာလျှင် ကျပ် ၁၇၀ဝ-၂၀ဝ၀-၂၃၀ဝ ဖြစ်ပြီး တတိယပတ်တွင် ကျပ် ၁၇၀ဝ-၂၂၀ဝ-၂၅၀ဝ ဖြစ်၍ ကျပ် ၂၀ဝ ကျဆင်းလာကြောင်း၊ ရေနံ ချောင်း၊ ပခုက္ကူ၊ မြစ်သျားမြို့တို့မှ ဝယ်ယူကြောင်း၊ ကြက်သွန်နီ များကို ပွဲရုံမှတစ်ဆင့် မင်းဘူး၊ သရက်၊ ကံမ၊ နတ်မောက်၊ ငဖဲ မြို့များမှ ပြန်လည်ဝယ်ယူကြပြီး တစ်နေ့လျှင် ပိဿာချိန် ၁၀ဝ၀ ခန့်၊ တစ်ပတ်လျှင် ၉ တန်ခန့် အရောင်းအဝယ်ဖြစ်လျက် ရှိကြောင်း ပွဲရုံများမှသိရသည်။