မြိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလအတွင်း ကုန်သွယ်မှုအခြေအနေ
မြိတ်ကုန်သွယ်ရေးစခန်း၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ကုန်သွယ်မှု လျာထားချက်မှာ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ရှစ်သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ရှစ် သန်း၊ ကုန်သွယ်မှုပမာဏမှာ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆ သန်းဖြစ်ပြီး အမှန်ဆောင်ရွက်မှုအနေဖြင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၆၉၆ သန်း၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၈ ဒသမ ၈၀၅ သန်း၊ ကုန်သွယ်မှုပမာဏမှ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃ ဒသမ ၅၀၁ သန်း ဆောင်ရွက် ခဲ့၍ လျာထားချက်အပေါ် ၈၄ ဒသမ ၃၈ ရာခိုင်နှုန်း ဆောင် ရွက်နိုင်ခဲ့သည်။