တစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေ တင်သွင်းမှုအခြေအနေ
ဓာတ်မြေသြဇာ
ဒီဇင်ဘာ ၁၆ ရက်မှ ၂၂ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ၁၂ ဒသမ ၅၀၁ သန်းတန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၃၅၀ဝ၀ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် အိုမန် နိုင်ငံမှတန်ချိန် ၂၀ဝ၀ဝ ကျော်၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၁၀ဝ၀ဝ ခန့်၊ ဗီယက်နမ်နိုင်ငံမှ တန်ချိန် ၃၂၀ဝ ကျော်၊ ဥဇဘက်ကစ္စတန်နိုင်ငံမှ တန်ချိန် ၁၅၀ဝ ကျော်၊ ဂျာမနီ နိုင်ငံမှ တန်ချိန် ၅၀ဝ ကျော် တင်သွင်းခဲ့သည်။ အနီးစပ်ဆုံး ကာလနှင့် နှိုင်းယှဉ်ပါက ပင်လယ်ရေကြောင်းမှ ဓာတ်မြေ သြဇာ တန်ချိန် ၂၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်းသိရသည်။