Main menu

Background

ကုန်သွယ်ရေးသတင်း

မေလအတွင်း မူဆယ်မှ တရုတ်သို့ ကြက်သွန်နီတင်ပို့မှုအခြေအနေ

Thu, 06/10/2021 - 15:28 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ကြက် သွန်နီများ အရောင်းအဝယ် လက်လီသာ အဓိက ရောင်းချရ ပြီး ဈေးအေးနေကြောင်း ကြက်သွန်နီဈေးကွက်မှ စုံစမ်းသိရှိရ သည်။“လက်ရှိ ကြက်သွန်နီသစ်တွေ မြို့မဈေး၊ ပျံကျဈေးနှင့် လက်လီဈေးကွက်ကို အဓိကရောင်းနေကြပြီး အချို့ဒေသခံ များက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ရောင်းချတာမျိုး လည်းရှိတယ်။ ဈေးအေးသည့်အတွက် ကြက်သွန်နီအသုံးများ သူများက ပိဿာ ရာဂဏန်းအထိ ဝယ်စုကြတာမျိုးလည်း ရှိတယ်}”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ  ကြက်သွန်နီ လက်လီတစ်ပိသာလျှင်  ကျပ် ၄၀ဝ ပေါက်ဈေးရှိကာ လက်လီဈေးအေးနေကြောင်း ကြက် သွန်နီ လက်လီရောင်းသည့်အမျိုးသမီးတစ်ဦးထံမှ သိသည်။မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့န

ကုန်သွယ်ရေးဦးစီးဌာန၏ Tradenet 2.0 စနစ်ဖြင့် ကုမ္ပဏီပေါင်း ၃၅၀ဝ နီးပါး အသုံးပြုနေပြီဖြစ်

Tue, 02/02/2021 - 15:07 -- journal_editor

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန၏ ကုန်သွယ်မှုဆိုင်ရာ ဝန်ဆောင်မှုများဖြစ်သည့် ပို့ကုန်၊ သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်အပါအဝင် ဆက်စပ်ကတ်များ၊ လိုင်စင်၊ ပါမစ်များ အားလုံး ကို လျှောက် ထား ဆောင်ရွက်နိုင်သည့်Tradenet 2.0 စနစ်ဖြင့် ပြောင်းလဲအသုံး နိုင်ရန် ဆောင်ရွက်နေပြီး လက်ရှိတွင်အသင်းဝင်ကုမ္ပဏီပေါင်း ၃၅၀ဝ နီးပါး အသုံးပြုနေပြီဖြစ်ကြောင်း သိရသည်။ လက်ရှိတွင် ပို့ကုန်၊ သွင်းကုန်ကတ် ၁၈၀ဝ ကို ထုတ်ပေးထားပြီး အာဆီယံနိုင်ငံအချင်းချင်း အသုံးပြုသည့် Form D ကို ဇန်နဝါရီ ၁ ရက်မှစ၍ စာရွက်စာတမ်းနှင့်ပေး၍  မရတော့ဘဲ အားလုံးကိုအွန်လိုင်းမှ ပေးရမည်ဖြစ်ကြောင်း ကုန်သွယ်ရေးဦးစ

မြန်မာ့ကြက်သွန်နီ ထိုင်းနိုင်ငံသို့ တင်ပို့ရောင်းချနေမှု အခြေအနေ

Tue, 02/02/2021 - 14:40 -- journal_editor

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ကြက်သွန်နီများကို ပြည်တွင်းစားသုံးရုံသာမက ပြည်ပသို့ တင်ပို့ရောင်းချသည့် စိုက်ပျိုးရေးထွက်ကုန်အမယ်များထဲတွင် တစ်ခုအပါအဝင်ဖြစ် သည်။ မြန်မာ့စိုက်ပျိုးရေးထွက်ကုန် ကြက်သွန်နီကို နှစ်စဉ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံနှင့် မလေးရှားနိုင်ငံ များသို့ အများဆုံးတင်ပို့ရောင်းချ ကြသည်။ ယခုနှစ်မှာ ကြက် သွန်နီ အထွက်ကောင်းကြသော်လည်း ကြက်သွန်နီ ဈေးနှုန်း မှာ ယခင်နှစ်က ကြက်သွန်နီပေါက်  ဈေးထက် ဈေးနှုန်းအနည်း ငယ် ကျဆင်းလျက်ရှိနေကြောင်း သိရသည်။ ကြက်သွန်ဈေးနှုန်းကျရခြင်းမှာ COVID-19 ကပ်ရောဂါ ပြန့်ပွားနေချိန်ဖြစ်တာကြောင့် ကြက်သွန်နီ အများဆုံး အသုံးပြုသည့် နေရာမျ

မန္တလေးကြက်သွန်နီ ဈေးအေးနေ

Wed, 01/27/2021 - 14:39 -- journal_editor

ယခုတစ်ပတ် မန္တလေးကြက်သွန်နီဈေးနှုန်းဈေးကွက် အခြေအနေမှာ ကြက်သွန်နီအဟောင်းများ အရည်အသွေးနိမ့် (အညှောင့်ပေါက်)လာခြင်းကြောင့် ဈေးနှုန်းနိမ့်ကျလာပြီး ကြက်သွန်နီအသစ်များဈေးကွက်သို့  ဝင်ရောက်လာ၍ ပြည်ပတင်ပို့မှု အနည်း ငယ်သာရှိသောကြောင့် ဈေးအေးနေကြောင်း သိရသည်။ ယခုတစ်ပတ် မန္တလေးဈေးကွက်တွင် ကြက်သွန်နီ တစ် ပိဿာ လက်ကားဈေးနှုန်းများမှာ ထိပ်စကျပ် ၆၀ဝ၊ အလတ်စ ကျပ် ၅၀ဝ၊ အနိမ့်စ ကျပ် ၃၀ဝ၊ လက်လီဈေးနှုန်းများမှာ ထိပ်စ ကျပ် ၈၀ဝ၊ အလတ်စ   ကျပ် ၆၀ဝ၊ အနိမ့်စကျပ် ၃၀ဝ ဖြင့် နေ့စဉ် ကုန်ချိန်ပိဿာ ၂၅၀ဝ၀ မှ ၃၀ဝ၀ဝ ခန့်   ဝင်ရောက် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။        

ပြည်ပအမယ်သစ်ပို့ကုန် ဖက်လိပ်လုပ်ငန်းအကြောင်း တစေ့တစောင်း

Mon, 01/25/2021 - 15:29 -- journal_editor

ကရင်ပြည်နယ် စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေး ဦးစီးဌာနမှ ဦးဆောင်၍ ဓာတုပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများ အန္တရာယ်မှ တားဆီးကာကွယ်ရေး ဗဟိုကြီးကြပ်ရေး အဖွဲ့ဝင် များဖြစ်သည့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများဖြစ်သော စားသုံး သူရေးရာ ဦးစီးဌာန၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲရေးဦးစီးဌာန၊  ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စည်ပင်သာယာရေးအဖွဲ့ တို့ ပါဝင်သော စုပေါင်းအဖွဲ့ဖြင့် ဇန်နဝါရီ ၇ ရက် နံနက် ၁၀ နာရီတွင် ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။  

ရေနံချောင်း၌ ကွမ်းရွက်ဈေးတက်

Thu, 01/07/2021 - 15:37 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့၌  မန္တလေးနှင့်စစ်ကိုင်းတိုင်း ဒေသကြီးမှထွက်ရှိသော ကွမ်းရွက်များ ဈေးတက်နေကြောင်း   ကွမ်းယာဆိုင်များနှင့်   ကွမ်းရွက်ရောင်းဝယ်သူများ ထံမှ စုံစမ်းသိရှိရသည်။"ကျွန်တော်တို့လွန်ခဲ့တဲ့ ၁၀ ရက် မှာ ကွမ်းရွက်ဈေးနှုန်းတစ်ပိဿာ ကျပ် ၃၀ဝ၀ ဝယ်ရတယ်။ ကိုဗစ်ကာလဆို တော့ မနက် ၁၀ နာရီဆိုရင်  ဝယ်မယ့် သူက မရှိဘူး။ကျေးရွာကနေ ဈေးဝယ် လာသူတွေလည်းပြန်ပြီ။ ရောင်းအားက မကောင်းဘူး။ လက်ရှိ   ကွမ်းရွက် တစ် ပိဿာကျပ် ၇၀ဝ၀ ဝယ်ရတယ်။ အား ချင်း တက်လာတာပါ"ဟု  ကွမ်းယာရောင်းဝယ်သူ အမျိုးသားတစ်ဦးက ပြောသည်။ ကွမ်းဈေးမှာ  လက်ရှိတစ်ပိဿာ ကျပ် ၇၀ဝ၀ ရောင်းနေကြောင်း ယခုလပထမပတ်ကစပြီး  ဈေးတက်လာ ကြောင်း ရေနံချ

မြန်မာ့ဖရဲသီး ယူအေအီးသို့ တင်ပို့နိုင်ခဲ့

Thu, 01/07/2021 - 13:25 -- journal_editor

ဒီဇင်ဘာ ၁၃ ရက်က  မြန်မာနိုင်ငံမှ ဖရဲသီးများ ပုံမှန် ကုန်သွယ်ရေးလမ်းကြောင်းဖြင့် စတင်တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိသည်။ မြန်မာ့ ဖရဲသီးသည် ဆယ်စုနှစ် သုံးခုကျော် တရုတ်ပြည် သူ့သမ္မတနိုင်ငံ တစ်ခုတည်းကိုသာ ဈေးကွက်ရရှိအောင် မှီခို အားထားတင်ပို့ရာမှ ယခုအခါ  ယူအေအီးဈေးကွက်သို့ စတင် တင်ပို့နိုင်ပြီဖြစ်ပြီး ကာတာနှင့် စင်ကာပူနိုင်ငံများသို့လည်း ဈေးကွက်ချိတ်ဆက်ထားပြီးဖြစ်သည်။ ယူအေအီးနိုင်ငံ ဒူဘိုင်းမှ  အသီးအနှံလက်ကားရောင်းချ သည့် ကုမ္ပဏီတစ်ခုက မြန်မာပြည်တွင်း  ကုမ္ပဏီတစ်ခုဖြစ် သည့် Future Glory ကုမ္ပဏီသို့  ကုန်ဝယ်အမှာစာ ပေးပို့ဝယ်ယူခြင်းဖြစ်ကြောင်း၊ တစ်နှစ်ပတ်လုံးတင်ပို့ရန် စာချုပ်ချုပ်ဆို ထားကြောင်း

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Fri, 12/18/2020 - 11:30 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့်ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ်နှစ်နိုင်ငံကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၅ ရက်မှ ၁၁ ရက်နေ့များအတွင်းတင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူး ငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်း၊ သကြားနှင့် ဧည့်မထဆန် များတင်ပို့ခဲ့ကြောင်းသိရှိ ရပါသည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း