Main menu

Background

ကုန်သွယ်ရေးသတင်း

(၁၉)ကြိမ်မြောက် မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး “Online” ကုန်စည်ပြပွဲနှင့် မြန်မာ-တရုတ် နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုပူးပေါင်းညှိနှိုင်းရေးကော်မတီ “Online” ဆွေးနွေးပွဲကျင်းပမည်

Tue, 11/24/2020 - 12:13 -- journal_editor

        မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး ကုန်စည်ပြပွဲကို မြန်မာနိုင်ငံ၊ မူဆယ်မြို့ နှင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်ရွှေလီ (ကျယ်ဂေါင်) တို့တွင် နှစ်စဉ်အလှည့်ကျ ကျင်းပခဲ့ပါ သည်။ ယခုနှစ်တွင် မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် လက်ခံကျင်းပ ရန် အလှည့်ကျရောက်ပါ သည်။ သို့ရာတွင် COVID-19 ကပ်ရောဂါအခြေအနေကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊  (မူဆယ်)မြို့တွင် လက်ခံကျင်းပရန် မဖြစ်နိုင်သောကြောင့် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ Online စနစ်ဖြင့် ကျင်းပသွားမည်ဖြစ် ပါသည်။

ကချင်ပြည်နယ်၏ ကုန်သွယ်မှုအခြေအနေ

Thu, 11/12/2020 - 15:00 -- journal_editor

ကချင်ပြည်နယ်တွင် လွယ်ဂျယ်နှင့် ကန်ပိုက်တီနယ်စပ်ကုန်သွယ်ရေးစခန်းများမှ မြန်မာ-တရုတ် နှစ်နိုင်ငံ ကုန်သွယ်မှုများရှိခဲ့ရာ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၁ ရက်မှ နိုဝင်ဘာလ ၆ ရက်နေ့များအတွင်း တင်ပို့ခဲ့သည့် ကုန်ပစ္စည်းများမှာ တစ်သျှူးငှက်ပျော၊ ရော်ဘာ၊ စေ့ထုတ်ပြောင်းနှင့် မြေပဲ များတင်ပို့ခဲ့ကြောင်းသိရှိရပါသည်။

ယခုတစ်ပတ် ဆန်နှင့် ဆန်ကွဲတန်ချိန်သုံးသောင်းကျော်တင်ပို့

Wed, 10/28/2020 - 16:01 -- journal_editor

အောက်တိုဘာ ၁၇ ရက်မှ ၂၃ ရက်တာကာလအတွင်း နယ်စပ်ကုန်သွယ်ရေးအနေဖြင့် မူဆယ် (၁၀၅)မိုင် ဇုန်မှ ဆန်တန်ချိန် ၈၆၀၀ ခန့်နှင့် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ဆန်တန်ချိန် ၂၀ ကျော်စုစုပေါင်း တန်ချိန် ၈၆၀၀ ကျော် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃ ဒသမ ၃၅၇ သန်း တင်ပို့ခဲ့ကြောင်း သိရပါသည်။ ယခင်တစ်ပတ် တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ဆန်တန်ချိန် ၂၆၀၀ ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

နနွင်းတန်ချိန်၁၀၀ ကျော်တင်ပို့

Wed, 10/28/2020 - 14:35 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း နနွင်း ၁၁၈ ဒသမ ၅ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့သည်။ ယခုတစ်ပတ် အိန္ဒိယနိုင်ငံသို့ တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က နနွင်း၈၆ တန်တင်ပို့ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်ပို့မှုနှင့် နှိုင်းယှဉ်လျှင် ၃၂ ဒသမ ၅ တန် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း သိရသည်။ နနွင်းတစ်တန် အမေရိကန်ဒေါ်လာ ၈၂၀ ၀န်းကျင်ရရှိခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ်နနွင်းတင်ပို့မှုမှ စုစုပေါင်း အမေရိကန်ဒေါ်လာ ၉၆၅၆၅ ဒေါ်လာ ရရှိခဲ့သည်။

သီတာဝင်း(MOC)

ပင်လယ်ရေကြောင်းမှ ချင်း ၂၂ တန်အိန္ဒိယသို့တင်ပို့

Wed, 10/28/2020 - 14:34 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း ဂျင်းခြောက်၂၂ တန်ကို ပင်လယ်ရေကြောင်းလမ်းမှ အိန္ဒိယနိုင်ငံသို့တင်ပို့ခဲ့သည်။ ယခင်သီတင်းပတ်က ချင်း ၂၄ တန်တင်ပို့ခဲ့ခြင်းကြောင့်ယခုတစ်ပတ်တင်ပို့မှုနှင့်နှိုင်းယှဉ်လျှင် ချင်း ၂ တန် တင်ပို့မှု လျော့နည်းခဲ့ကြောင်းသိရသည်။  ချင်းတင်ပို့မှုမှ စုစုပေါင်းအမေရိကန်ဒေါ်လာ ၁၁၀၀၀ ဒေါ်လာရရှိခဲ့သည်။

သီတာဝင်း(MOC)

ယခုတစ်ပတ်မြေသြဇာအ၀င်လျော့

Wed, 10/28/2020 - 14:34 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၆၀၆၆၈၄၆ တန်ဖိုးရှိမြေသြဇာ ၂၄၇၈၂ ဒသမ ၉၃ တန်ကိုပင်လယ်ရေကြောင်းလမ်းမှ တင်သွင်းခဲ့သည်။ ယခုတစ်ပတ် ကနေဒါနိုင်ငံမှ တန်ချိန် ၁၅၀၀၊ တရုတ်နိုင်ငံမှ ၁၇၂၇၃ ဒသမ ၅ တန်၊ အီဂျစ်နိုင်ငံမှတန်ချိန် ၄၂၀၊ အီရန်နိုင်ငံမှ ၁၀၇၅ တန်၊ ဂျပန်နိုင်ငံမှ ၂၀၄ ဒသမ ၇၂ တန်၊ ကိုရီးယားနိုင်ငံမှ ၂၂၆၂ ဒသမ ၂၁ တန်၊ မလေးရှားနိုင်ငံမှ ၆၄၆ ဒသမ ၇၃ တန်၊ ရုရှားနိုင်ငံမှတန်ချိန် ၇၀၀၊ တိုင်၀မ်နိုင်ငံမှ တန်ချိန် ၈၀၊ ထိုင်းနိုင်ငံမှ ၂၈၅ ဒသမ ၇၇ တန်နှင့် ဗီယက်နမ်နိုင်ငံမှ ၃၃၅ တန်တင်သွင်းခဲ့ကြောင်းသိရသည်။

နို့ဆီတန်ချိန် ၂၀၀ ကျော်နှင့် နို့စိမ်းတန်ချိန် ၅၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:33 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၆၂၂၁၈ တန်ဖိုးရှိ နို့ဆီ ၂၁၈ ဒသမ ၈၈ တန်တင်သွင်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပတ် ဒွန်းနို့ဆီတစ်မျိုးတည်းသာတင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က နို့ဆီ ၄၃၇ ဒသမ ၇၆ တန်တင်သွင်းခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၁၈ဒသမ ၈၈ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။

          အမေရိကန်ဒေါ်လာ ၁၄၈၉၀၃၀ တန်ဖိုးရှိ နို့မှုန့် ၅၀၄ ဒသမ ၄၀ တန်ကို တင်သွင်းခဲ့ သည်။ ယခင်သီတင်းပတ်က တင်သွင်းမှုပျောက်ခဲ့ပြီးယခုတစ်ပတ်မှ ပြန်လည် တင်သွင်း ခဲ့ခြင်းဖြစ်သည်။

သီတာဝင်း(MOC)

ယခုတစ်ပတ်ဓာတ်ဆီ/ဒီဇယ် တန်ချိန် ၁၀၀၀၀၀ ကျော်တင်သွင်း

Wed, 10/28/2020 - 14:32 -- journal_editor

အောက်တိုဘာ ၁၈ ရက်မှ ၂၄ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၉၀၀၂၆၀၂ ဒေါ်လာတန်ဖိုးရှိ ဒီဇယ် ၈၆၆၈၃ ဒသမ ၂၂ တန်နှင့် အမေရိကန်ဒေါ်လာ ၅၁၄၇၀၆၈ ဒေါ်လာတန်ဖိုးရှိ ဓာတ်ဆီ ၁၄၅၀၅ ဒသမ ၀၅ တန်၊ စုစုပေါင်း ဒီဇယ်၊ ဓာတ်ဆီ ၁၀၁၁၈၈ ဒသမ ၂၇ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင် သီတင်းပတ် က ဒီဇယ်တင်သွင်းခဲ့ခြင်းမရှိခဲ့ဘဲ ယခုတစ်ပတ်မှပြန်လည် တင်သွင်း ခြင်းဖြစ်ကြောင်း သိရသည်။  ယခင်သီတင်းပတ်က ဓာတ်ဆီ ၂၃၉၅၅ ဒသမ ၅၁ တန် တင်သွင်းခဲ့ခြင်း ကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၉၄၁၇ ဒသမ ၄၆ တန်  တင်သွင်းမှု လျော့နည်းခဲ့ကြောင်း သိရသည်။

သီတာဝင်း(MOC)

တင်ပို့မှုလျော့နည်းပြီးဈေးပိုလာသောနှမ်း

Thu, 10/22/2020 - 15:51 -- journal_editor

ယခုအပတ် အောက်တိုဘာလ ၁၁ ရက်မှ ၁၇ ရက်အထိ ပင်လယ်ရေကြောင်းမှ နှမ်းတင်ပို့မှုမှာ တန်ချိန် ၁၆၇၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၂၃၇၅၄၂ ဒသမ ၆၇ ဖြစ်ကြောင်းသိရသည်။ တင်ပို့ခဲ့သော နိုင်ငံများမှာ ၃ နိုင်ငံရှိပြီး ထိုင်း၊ စင်္ကာပူ နှင့် ထိုင်ဝမ်နိုင်ငံတို့ဖြစ်သည်။
    အများဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ စင်္ကာပူနိုင်ငံဖြစ်ပြီး တန်ချိန် ၉၂ ဒသမ ၉၆၊ တန်ဖိုး ၁၂၂၉၄၃ ဒသမ ၂၉၊ အနည်းဆုံးတင်ပို့ခဲ့သောနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး တန်ချိန် ၃၆၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၄၈၆၀၀ ဖြစ်ကြောင်းသိရသည်။

(၁၁-၁၀-၂၀၂၀ မှ ၁၇-၁၀-၂၀၂၀ )အတွင်း ဓာတ်ဆီတန်ချိန် ၂၀၀၀၀ ကျော်တင်သွင်း

Thu, 10/22/2020 - 14:14 -- journal_editor

အောက်တိုဘာ ၁၁ ရက်မှ ၁၇ ရက်သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၈၃၀၇၅၀၅ တန်ဖိုးရှိ ဓာတ်ဆီ ၂၃၉၂၂ ဒသမ ၅၁ တန်ကို ပင်လယ်ရေကြောင်းမှ တင်သွင်းခဲ့သည်။ ယခင်သီတင်းပတ်က ဓာတ်ဆီ ၄၇၉၅၀ ဒသမ ၆၁ တန်တင်သွင်း ခဲ့ခြင်းကြောင့် ယခုတစ်ပတ်တင်သွင်းမှုနှင့်နှိုင်းယှဉ်လျှင် ၂၄၀၂၈ ဒသမ ၁၀ တန် တင်သွင်းမှုလျော့နည်းခဲ့ကြောင်းသိရသည်။ ယခုတစ်ပ့တ် ဒီဇယ်အ၀င်မရှိဘဲ ဓာတ်ဆီတစ်မျိုးတည်းသာ တင်သွင်းခဲ့သည်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း