Main menu

Background

ကုန်သွယ်ရေးသတင်း

ယခုတစ်ပတ်အတွင်း ဓာတ်မြေသြဇာနှင့် ဘိလပ်မြေတင်သွင်းမှုအခြေအနေ

Wed, 03/01/2023 - 15:04 -- journal_editor

ဖေဖော်ဝါရီ  ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ  ၅ ဒသမ ၇၂၆ သန်း တန်ဖိုးရှိ ဓာတ်မြေသြဇာတန်ချိန် ၁၀ဝ၀ဝ ကျော် တင်သွင်းခဲ့သည်။ တင်သွင်းမှုများအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံမှ တန်ချိန် ၇၁၀ဝ ခန့်၊ အာရပ်စော်ဘွား များပြည်ထောင်စုနိုင်ငံမှ တန်ချိန် ၂၅၀ဝ ခန့်နှင့် ဗီယက်နမ် နိုင်ငံမှ တန်ချိန် ၆၀ဝ ခန့်နှင့် ထိုင်းနိုင်ငံမှ တန်ချိန် ၃၀ဝ ကျော် တင်သွင်းခဲ့သည်။  အနီးစပ်ဆုံးကာလနှင့်  နှိုင်းယှဉ်ပါက ဓာတ်မြေသြဇာ တန်ချိန် ၅၀ဝ၀ ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရသည်။   

ဖေဖော်ဝါရီလလယ် ရော်ဘာနှင့်ပြောင်းတင်ပို့မှုအခြေအနေ

Tue, 02/28/2023 - 15:47 -- journal_editor

ရော်ဘာ
ဖေဖော်ဝါရီ ၁၁ ရက်မှ ၁၇ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း  ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈၇၈ သန်း တန်ဖိုးရှိ ရော်ဘာ တန်ချိန်၅၁၀ဝ ကျော် တင်ပို့ခဲ့သည်။
တင်ပို့မှုအနေဖြင့်  တရုတ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၃၁၆၀ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၁၅၂၀ ခန့်၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့  ရော်ဘာတန်ချိန် ၂၀ဝ ခန့်နှင့် ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့သို့လည်း တင်ပို့ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားပြီး

Tue, 12/13/2022 - 12:05 -- journal_editor

မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာအရ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အစီအစဉ်တွင် ရန်ကုန်သီလဝါ၊ သာကေတနှင့် ပုသိမ်ဆိပ်ကမ်းတို့မှ ဆန်များကို တင်ပို့လျက်ရှိသည်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းဖြစ်ပေါ်နေသော စပါး၊ ဆန်နှင့် ပဲမျိုးစုံဈေးကွက်

Fri, 07/29/2022 - 12:55 -- journal_editor

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း ဇူလိုင်လ တတိယပတ်တွင် ဖြစ်ပေါ်နေသော အခြေခံစားကုန်ဈေးနှုန်းများမှာ ရွှေဘိုခရိုင်တွင် ရွှေဘိုပေါ်ဆန်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၆၀ဝ၀ဝ၀၊ ပေါ်ဆန်း ဆန် ၂၄ပြည်ပါ တစ်အိတ်လျှင် ကျပ် ၅၅၀ဝ၀၊ ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ကျပ် ၁၀၅၀ဝ၀ဝ၊ ဧရာမင်း ဆန် ၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၄၀ဝ၀၊ ရေဦးမြို့မှ ပေါ်ဆန်းစပါး တင်း ၁၀ဝ လျှင် ကျပ် ၁၃၅၀ဝ၀ဝ၊ ပေါ်ဆန်းဆန်တစ်အိတ်လျှင် ကျပ် ၅၂၀ဝ၀၊  ဧရာမင်း စပါးတင်း ၁၀ဝ လျှင် ၉၀ဝ၀ဝ၀၊ ဧရာမင်း(ဆန်)၂၄ ပြည်ပါ တစ်အိတ် ကျပ် ၄၀ဝ၀ဝ များဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။

အာလူးဈေး ကျသော်လည်း အရောင်းအဝယ်သွက်

Fri, 05/20/2022 - 12:33 -- journal_editor

ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ဧပြီ၂၂ရက်မှမေ၅ရက်အတွင်းဖြစ်ပေါ်ခဲ့သော အာလူးတစ်ပိဿာဈေးနှုန်းများမှာ အောင်ပန်း A1 ကျပ် ၁၄၀ဝ၊အောင်ပန်း OK ကျပ် ၁၆၀ဝ ၊အောင်ပန်း S1 ကျပ် ၁၇၀ဝနှင့်အောင်ပန်း S2 ကျပ် ၁၇၀ဝ ဈေးဖြစ်ခဲ့သည်။တစ်ပတ်အတွင်းအောင်ပန်း A1 ကျပ် ၄၀ဝ၊အောင်ပန်း OKကျပ် ၃၀ဝနှင့်အောင်ပန်း S2ကျပ်၂၀ဝ နှင့်အောင်ပန်း S1 မှာကျပ် ၂၀ဝ ဈေးကျဆင်းခဲ့သည်။ယခုတစ်ပတ်အတွင်းကုန်စည်ဒိုင်သို့ အာလူးကားအစီး၁၀ဝ(၆၀ဝ၀ဝ၀ ပိဿာ) ဝင်ရောက်ခဲ့ကြောင်း သိရသည်။

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်နှင့် ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းတို့တွင် ကုန်သွယ်မှုလုပ်ငန်းများ စတင်ဆောင်ရွက်တော့မည်

Mon, 12/27/2021 - 15:28 -- journal_editor

မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တရုတ်နိုင်ငံသို့ ကုန်ပစ္စည်းများ တင်ပို့တင်သွင်းနေခြင်းကို ကိုဗစ်(၁၉) ရောဂါ ပိုး တွေ့ရှိမှုကြောင့် မန်းဝိန်းဂိတ် အား ၃၀-၃-၂၀၂၁ ရက်တွင် လည်းကောင်း၊ ကျင်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်း ဂိတ်ကို ၈-၇-၂၀၂၁ ရက်တွင် လည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးနယ်စပ်ဂိတ်ကိုလည်း တရုတ်နိုင်ငံဘက်မှ ၁၈-၄-၂၀၂၁ ရက်မှစ၍ တင်ပို့/တင်သွင်း ခြင်း ကိုယာယီရပ်ဆိုင်း ခဲ့သည်။   မြန်မာဘက်ကလည်း ကိုဗစ်ကပ်ရောဂါ ပြန့်ပွားမှု ကြောင့် ၆-၁၀-၂၀၂၁ ရက်မှစ၍ ကိုဗစ် (၁၉) ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးပစ္စည်းများမှလွဲ၍ ကျန်ပစ္စည်း များ တင်သွင်းခြင်းကို ယာယီပိတ်ပင်ခဲ့သည်။

တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင်ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေခွင့်ပြု

Mon, 12/27/2021 - 15:23 -- journal_editor

တရုတ်-မြန်မာနှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် ငွေကြေးအား တိုက် ရိုက်အသုံးပြုပေးချေမှုအား ခွင့်ပြုလိုက်ကြောင်း  မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဒီဇင် ဘာ ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။တရုတ်-မြန်မာ နှစ်နိုင်ငံ ကုန်သွယ်မှုတိုးမြှင့်နိုင်ရန်နှင့် ကုန်စည်စီးဆင်းမှု မြန် ဆန်ချောမွေ့စေနိုင်ရန်၊ နှစ်နိုင်ငံငွေပေးချေမှုနှင့် စာရင်းရှင်းလင်းမှုစနစ် လွယ်ကူ ချောမွေ့စေရန်နှင့် ASEAN Financial Integration ၏ ရည်ရွယ်ချက်များနှင့်အညီ ပြည်တွင်း ငွေကြေးသုံးစွဲမှုအား  တိုးမြှင့်ရန်အတွက် ရည်ရွယ်ပြီး တရုတ်-မြန်မာ နှစ်နိုင်ငံနယ်စပ်ဒေသတွင် ယွမ်/ကျပ် တိုက်ရိုက်အသုံးပြုပေးချေမှုကို ဆောင်ရွက် ခွင့်ပြုလိုက်ကြောင်း သတင်းထုတ

မူဆယ်၊ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းများမှတစ်ဆင့် တရုတ်နိုင်ငံနှင့်ကုန်သွယ်မှုလုပ်ငန်းများစတင်ဆောင်ရွက်

Tue, 11/30/2021 - 12:12 -- journal_editor

          ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုကြောင့် မြန်မာ-တရုတ်နယ်စပ်မှ ကုန်ပစ္စည်းများ တင်ပို့/တင်သွင်းနေခြင်းကို မူဆယ်(မန်ဝိန်းဂိတ်)၊ ကျိန်စမ်းကျော့ဂိတ်နှင့် ကြူကုတ်-ပန်ဆိုင်းဂိတ်တို့အား ၂၀၂၁ ခုနှစ်၊ ဇူလိုင်လမှစပြီး တရုတ် နိုင်ငံဖက်မှ ယာယီရပ်ဆိုင်းခဲ့သည့်အပြင် ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ တင်ပို့တင်သွင်းခြင်းကိုလည်း ၂၀၂၁ ခုနှစ်၊ ဧပြီလမှစပြီး ယာယီရပ်ဆိုင်းထားခဲ့သည်။

ဆန် ပြည်တွင်းဈေးနှုန်းနှင့် ကမ္ဘာ့ဈေးကွက်အခြေအနေ သုံးသပ်တင်ပြခြင်း

Mon, 07/05/2021 - 14:34 -- journal_editor

     ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၁ ခုနှစ်ဇွန် ၂၈ ရက်တွင် International Rice Market Website တွင် ဖော်ပြ ချက်အရ ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၀၈ ဖြင့်  လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၃၅၃ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည်ကို သိရှိရသည်။ ထိုင်းဆန်ဈေး နှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ်ဆန်  တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၆၄ ဖြင့် လည်းကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၄၇  ဖြင့်လည်းကောင်း၊ ဧည့် မထ ၂၅ ရာခိုင်နှုန်း ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၃၈ ဖြင့်လည်းကောင်း၊ ပေါင်းဆန်တစ်တန်လျှင်

မေလအတွင်း မူဆယ်မှ တရုတ်သို့ ကြက်သွန်နီတင်ပို့မှုအခြေအနေ

Thu, 06/10/2021 - 15:28 -- journal_editor

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ် စိုက်ကြက် သွန်နီများ အရောင်းအဝယ် လက်လီသာ အဓိက ရောင်းချရ ပြီး ဈေးအေးနေကြောင်း ကြက်သွန်နီဈေးကွက်မှ စုံစမ်းသိရှိရ သည်။“လက်ရှိ ကြက်သွန်နီသစ်တွေ မြို့မဈေး၊ ပျံကျဈေးနှင့် လက်လီဈေးကွက်ကို အဓိကရောင်းနေကြပြီး အချို့ဒေသခံ များက မြို့ပေါ်ရပ်ကွက်အတွင်း လှည့်လည်ရောင်းချတာမျိုး လည်းရှိတယ်။ ဈေးအေးသည့်အတွက် ကြက်သွန်နီအသုံးများ သူများက ပိဿာ ရာဂဏန်းအထိ ဝယ်စုကြတာမျိုးလည်း ရှိတယ်}”ဟု ဒေသခံတစ်ဦးက ပြောသည်။လက်ရှိ  ကြက်သွန်နီ လက်လီတစ်ပိသာလျှင်  ကျပ် ၄၀ဝ ပေါက်ဈေးရှိကာ လက်လီဈေးအေးနေကြောင်း ကြက် သွန်နီ လက်လီရောင်းသည့်အမျိုးသမီးတစ်ဦးထံမှ သိသည်။မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့န

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း