ဘင်္ဂလားဒေ့ရှ်သို့ ဆန်တန်ချိန် တစ်သိန်းတစ်သောင်းကျော် တင်ပို့ထားပြီး
မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အစိုးရအချင်းချင်း နားလည်မှုစာချွန်လွှာအရ ကုမ္ပဏီ ၄၈ ခုမှ ဆန်တန်ချိန် နှစ်သိန်းတင်ပို့မည့်အစီအစဉ်တွင် ရန်ကုန်သီလဝါ၊ သာကေတနှင့် ပုသိမ်ဆိပ်ကမ်းတို့မှ ဆန်များကို တင်ပို့လျက်ရှိသည်။








