တရားမဝင်ကုန်ပစ္စည်းများ တားဆီးထိန်းချုပ်ရေး အထူးအဖွဲ့များ တရားမဝင် တင်သွင်းသူများကိုလည်း ဖမ်းပေးပါ
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် စီးပွားရေး လုပ်ငန်းရှင်များ ၃၁ ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲကို ရန်ကုန် မြို့ မင်းရဲကျော်စွာလမ်းရှိ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ရုံး၌ ဒီဇင်ဘာ ၈ ရက်ကပြုလုပ်သည်။ ဆွေးနွေးပွဲတွင် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတဦးမြင့်ဆွေ တက်ရောက်အမှာစကားပြောသည်။ ဆွေးနွေးပွဲသို့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်း၊ ဒုတိယဝန်ကြီးများဖြစ်သော ဦးအောင်ထူး၊ ဦးဝင်းမော်ထွန်းနှင့် ဦးမောင်မောင်ဝင်း၊ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ လုပ်ငန်း ကော်မတီငါးရပ်မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌမ