ပို့ကုန်သွင်းကုန်လုပ်ငန်းရှင် မှတ်ပုံတင်အမှတ်(ပသက)နှင့် တစ်ဦးချင်း ကုန်သွယ်မှုကတ် (ITC) အမှတ်များအား ၂၀၂၀ ဇန်နဝါရီ ၅ ရက်မှစတင်၍ DIGIT (၉)လုံးဖြင့် စတင်ပြောင်းလဲသုံးစွဲမည်
မြန်မာနိုင်ငံမှာ ကုန်သွယ်မှုလုပ်ထုံးလုပ်နည်းများအရ နိုင်ငံတကာနှင့်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက် ရာတွင် ပို့ကုန်သွင်းကုန်ကုမ္ပဏီမှတ်ပုံတင်(ပသက)ပြုလုပ်ပြီးမှသာလိုအပ်သည့်ပို့ကုန်သွင်းကုန်လိုင်စင်ပါမစ်များကို လျှောက်ထားနိုင်မည်ဖြစ်သည်။(ခြွင်းချက်အနေဖြင့်ကုန်သွယ်မှုပမာဏတိုးတက်စေဖို့နဲ့ကုန်သွယ်မှု လမ်းကြောင်းပေါ် ရောက်ရှိစေဖို့အတွက် နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ လူပုဂ္ဂိုလ်တစ်ဦးချင်းအတွက် (Individual Trading Card) စနစ်နဲ့ ကန့်သတ်ပမာဏတစ်ခုနဲ့ ခွင်ပြုချက်ပေးခြင်းမှလွဲပြီး) အဲဒီအတွက် လုပ်ငန်းရှင်တစ်ဦးသည် ရင်းနှီး/ ကုမ္ပဏီမှတ်ပုံတင်ဌာနမှာကနဦး ကုမ္ပဏီမှတ်ပုံတင်ရမည်ဖြစ်သည်။ ကုမ္ပဏီ