ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကြောင့် နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှုများ တိုးမြင့်လာမည်
ထိုင်း-မြန်မာချစ်ကြည်ရေးတံတား အမှတ် (၂) ကို အောက်တိုဘာ ၃၀ ရက်မှစတင်၍ အပြည့် အဝဖြတ်သန်းခွင့်ပြုပြီးနောက် ထိုင်းနိုင်ငံနှင့် မြန်မာ နိုင်ငံတို့အကြား နှစ်နိုင်ငံနယ်စပ်ကုန်သွယ်မှု တိုးမြင့်လာမည်ဟု ခန့်မှန်းထားကြောင်း သိရသည်။ ထိုင်းကုန်သည်ကြီးများအသင်း ဒုတိယဥက္ကဋ္ဌ Niyom Wairatpanich ကနှစ်နိုင်ငံကြား နယ်စပ် ကုန်သွယ်မှုတိုးမြှင့်ရေးသည် အရေးကြီးကြောင်း မဲဆောက်မှတစ်ဆင့် ကုန်သွယ်ရေးစီးဆင်းမှုနှင့် ထောက်ပံ့ပို့ဆောင်ရေးဝန်ဆောင်မှုများ တိုးတက် လျက်ရှိကြောင်း၊ မြန်မာနိုင်ငံနှင့်ထိုင်းနယ်စပ် ကုန်သွယ်ရေးသည် ယမန်နှစ်က ဘတ် ၁၉၃ ဘီလီယံရှိခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် မဲဆောက်မှ နယ်စပ် ကုန်သွယ်ရေးသည် ဘတ် ၈၀ ဘီ










