တာချီလိတ်ကုန်သွယ်ရေးစခန်းတွင် ပို့ကုန်တင်ပို့မှုတန်ဖိုး မြင့်တက်လာ
တာချီလိတ်ကုန်သွယ်ရေးစခန်း အနေဖြင့် ၂၀၁၉ ခုနှစ် ဧပြီလကုန်သွယ် မှုလျာထားချက် ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ သုည ဒသမ ၅ သန်းနှင့် သွင်းကုန်တန်ဖိုး ၄ ဒသမ ၁၅ သန်း စုစုပေါင်းကုန်သွယ်မှုပမာဏ လျာထားချက် ၄ ဒသမ ၆၅ သန်းအပေါ်မှာ စုစု ပေါင်းကုန်သွယ်မှုပမာဏအမှန်ဆောင် ရွက်နိုင်မှုသည် (ယာယီ) စာရင်းအရ အမေရိကန်ဒေါ်လာ ၄ ဒသမ ၈၁၇ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ် ၁၀၃ ဒသမ ၅၉ ရာခိုင် နှုန်း အကောင်အထည်ဖော် ဆောင်ရွက် နိုင်ခဲ့သည်။