တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံသို့ လက်ဖက်ခြောက်တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဧပြီ ၂၂ ရက်မှ ၂၈ရက်အထိ သီတင်းပတ်အတွင်း အမေရိကန်ဒေါ်လာ ၂၃၉၄၄တန်ဖိုးရှိ လက်ဖက်ခြောက် ၇၆ တန်ခွဲကို တရုတ် နိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ် ပတ်က ၂၉ တန်ကျော်တင်ပို့ခဲ့ပြီး ဧပြီ တစ်လလုံးမှာတော့ မူဆယ်မှတစ်ဆင့် တရုတ်နိုင်ငံသို့ လက်ဖက်ခြောက် တန် ၁၅၀ခန့် တင်ပို့ခဲ့တယ်လို့ သိရပါတယ်။အလားတူ မြန်မာ-ထိုင်း နယ် စပ်ရှိ တာချီလိတ် ကုန်သွယ်ရေးစခန်း မှလည်း အမေရိကန်ဒေါ်လာ ၁၇၉၂၆ တန်ဖိုးရှိ လက်ဖက်ခြောက် ၄၆ တန်နီး ပါးကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က တင်ပို့မှုမရှိဘဲ ဧပြီလ အတွင်း တာချီလိတ်မှတစ်ဆင့် ထိုင်း နိုင်ငံသို့ လက်ဖက်ခြောက် တန