အိန္ဒိယနယ်စပ်သို့ ကွမ်းသီးပိုမိုတင်ပို့
မြန်မာ -အိန္ဒိယနယ်စပ်ရှိ ကုန် သွယ်ရေးစခန်းများမှ ဖေဖော်ဝါရီလ ၁၈ ရက်မှ ၂၄ ရက်အထိ သီတင်းပတ် အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၂၈ သန်းတန်ဖိုးရှိ ကွမ်းသီး ၆၄၈ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင် တစ်ပတ်က ၅၃၃ တန် တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ်မှာ ၁၁၅ တန်ပိုမိုတင်ပို့နိုင် တယ်လို့ သိရပါတယ်။
တင်ပို့မှုကိုကြည့်ပါက တမူးကုန် သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၁၁ သန်းတန်ဖိုးရှိ ကွမ်း သီး ၁၂ တန်နဲ့ရိဒ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၅၁၇ သန်းတန်ဖိုးရှိ ကွမ်းသီး ၆၃၆ တန်ကို တင်ပို့နိုင်တယ်လို့ သိရပါတယ်။