ပုသိမ်မြို့ပေါ်တွင် အရောင်းအဝယ်ဖြစ်နေသော ပြည်ပပို့ကုန် ဆံပင်ဈေးကွက်
ဧရာဝတီတိုင်းဒေသကြီး၏ ပြည်ပပို့ကုန်များ တွင် ပါဝင်သည့် ဆံပင်ဈေးကွက်မှာ တွင်ကျယ်လျက် ရှိသည်။ ပုသိမ်မြို့ပေါ်တွင် အဝယ်ဒိုင်များဖွင့်လှစ်၍ ဆံပင်ကုန်ကြမ်းများ ဝယ်ယူကာ ပြည်ပနိုင်ငံများသို့ တစ်ဆင့် ပြန်လည်ရောင်းချလျက်ရှိကြောင်း သိရ သည်၊
ဆံပင်အဝယ်ဒိုင်မှ ၁၂-၁၄လက်မ၊ ၁၅-၁၈ လက်မ၊ ၁၉-၂၀လက်မ၊ ၂၅-၂၈လက်မနှင့် ၃၀ လက်မ အထက် ဆံပင်အတို-အရှည် အမျိုးအစား ခွဲခြား၍ ဝယ်ယူလျက်ရှိပြီး ဈေးနှုန်းကွာခြားမှုရှိကြောင်း၊ ဆံပင်ဈေးနှုန်းမှာ တစ်ကျပ်သားလျှင် အနိမ့်ဆုံးကျပ် ၃၀ဝ၀-၄၀ဝ၀ မှ အမြင့်ဈေးနှုန်း ကျပ် ၄၀ဝ၀ဝ-၅၀ဝ၀ဝ ဈေးအတွင်း အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်၊
