ITC ကတ်နဲ့ ကုန်သွယ်ရေး စခန်းများမှ ကျပ်သန်းပေါင်း ၂၀၀၀ ကျော် ကုန်သွယ်ပြီးဖြစ်
တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ် (ITC)ဖြင့်ကုန်သွယ်မှုကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလမှ စပြီး တမူး ကုန်သွယ်ရေးစခန်းမှ စတင်၍ ခွင့်ပြုခဲ့ပါတယ်။ ကျန် ကုန်သွယ်ရေး စခန်းများတွင်လည်း ITC ကတ်နဲ့ ကုန်သွယ်မှု ဆောင်ရွက်ခဲ့ရာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဧပြီလမှ စက်တင် ဘာ ၉ ရက်အထိ ITC ကတ် ၅၅ ကတ်ထုတ်ပေးခဲ့ပါ တယ်။ ကုန်သွယ်ရေးစခန်းများ၌ ITCကတ်ကို ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တွင် ၂၉၂ ကတ်၊၂၀၁၃ -၂၀၁၄ ဘဏ္ဍာနှစ်တွင် ၂၆၁ ကတ်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် ၃၁၅ ကတ် ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၄၆ကတ် စုစုပေါင်း ITC ၁၀၇၀ ကတ် ခွင့်ပြု ထုတ်ပေးခဲ့ပြီး ဖြစ်ပါတယ်။