Main menu

Background

ကုန်သွယ်ရေးသတင်း

နယ်စပ်စခန်းများမှ သစ်သီးဝလံအပို့၊ အသွင်းစုံ

Tue, 09/27/2016 - 11:22 -- journal_editor

စက်တင်ဘာ ၁ ရက်မှ ၁၅ ရက်အတွင်း မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၁၁၃၅၀၇ တန်ဖိုးရှိ ဖရဲသီး ၈၉၈ တန်ခွဲနဲ့ အုန်းသီး ၁၀၂ တန်ကိုလည်းကောင်း၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၉၀၃ တန်ဖိုးရှိ ဖရဲသီး ၁၄ တန်ခွဲနဲ့ နာနတ်သီး သုံးတန်ခွဲကိုလည်းကောင်း၊ မြန်မာ-ထိုင်းနယ်စပ်ရှိ တာချီလိတ်ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၇၄၇၀၆ တန်ဖိုးရှိ နာနတ်သီးတန် ၂၀၀ နဲ့ ထောပတ်သီးတန် ၁၀၀ ကိုလည်းကောင်း၊ မြန်မာ-အိန္ဒိယနယ်စပ်ရှိ တမူးကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ ၁၀၀၉၄ တန်ဖိုးရှိ ပန်းသီး ၁၆ တန်၊ အုန်းသီး ၁၁ တန်နဲ့ သရက်သီးငါးတန်တို့ကိုလည်းကောင်း အသီးသီး တင်ပို့နိုင်ခဲ့ ပါ

ယခုတစ်ပတ် ဆန်တင်ပို့မှုလျော့ကျ

Mon, 09/19/2016 - 14:57 -- journal_editor

စက်တင်ဘာ ၃ ရက်မှ ၉ ရက်အထိ ကာလအတွင်း ကုန်သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၇၃၇ သန်းတန်ဖိုးရှိ ဆန် ၁၀၂၀၇ တန်ကျော် တင်ပို့ခဲ့ရာ မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန်ဆန် ၅၁၇၃ တန် ကျော်နဲ့ ဧည့်မထဆန် တန် ၁၁၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၀၂ တန်ကျော်၊ လွယ်ဂျယ် ကုန်သွယ်ရေး စခန်းမှ ငစိန်ဆန် ၃၆၃၂ တန်ခန့် တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ် တင်ပို့မှုနဲ့နှိုင်းယှဉ်ပါက ၁၉၁၄ တန် လျော့နည်းခဲ့ပါ တယ်။ဆန်ကွဲတင်ပို့မှုမှာ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ဆန်ကွဲ ၁၄၅၀ တန်နဲ့ လွယ်ဂျယ်မှ ၃၁၄ တန်ခန့်တင်ပို့ခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၅၇၃ သန်း တန်ဖိုးရှိ ဆန်ကွဲ၁၇၆၄တန်ခန့်တင်ပို့ခဲ့ပါတယ်။

ယခင်တစ်ပတ်ထက် မန်ကျည်း တန်ချိန် ၅၀ ကျော် ပိုမိုတင်ပို့

Mon, 09/19/2016 - 14:43 -- journal_editor

စက်တင်ဘာ၄ရက်မှ ၁၀ ရက် သီတင်းပတ်အတွင်း မန်ကျည်း ၉၁ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ စင်ကာပူ နိုင်ငံသို့ ၁၆ တန်နဲ့ ဘင်္ဂလားဒေ့ရှ်သို့ ၇၅ တန်တင်ပို့ခဲ့ပါ တယ်။
ဒီတစ်ပတ်မှာ ဘင်္ဂလားဒေရှ့်သို့ အများဆုံးတင်ပို့ခဲ့တယ်လို့ သိရပါ တယ်။ ယခင်သီတင်းပတ်က ၃၈ တန် ကျော်တင်ပို့ခဲ့တာကြောင့်  ဒီတစ်ပတ်တင်ပို့မှုနဲ့နှိုင်းယှဉ်ရင် ၅၂ တန်ကျော် ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။မန်ကျည်း တင်ပို့မှုမှ ကန်ဒေါ်လာ ၁၆၅၇၀ ဝင်ငွေရရှိခဲ့တယ်လို့ သိရပါတယ်။
သီတာဝင်း

 

မူဆယ်မှ နနွင်းတက်တန် ၁၀၀ နီးပါးတင်ပို့

Mon, 09/19/2016 - 14:32 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ စက်တင်ဘာ ၃ ရက်မှ ၉ ရက် သီတင်းပတ်တွင် အမေရိကန်ဒေါ်လာ ၆၉၉၉၇ တန်ဖိုးရှိ နနွင်း တက်(ရှမ်းစ) ၉၂ တန် တင်ပို့ခဲ့ပါတယ်။ယခင်ရက်သတ္တပတ်က မူဆယ် မှ ၆၄ တန်၊ မောင်တောမှ ၃၂ တန်ကျော်နဲ့ စစ်တွေမှ ခုနစ်တန်  တင်ပို့ခဲ့ပါတယ်။ မူဆယ်ကုန် စည်ဒိုင်မှာ နနွင်းတက်တစ်တန်ရဲ့ မိမိဘက်ပေါက်ဈေးမှာငွေလဲနှုန်းအရ  ၉၂၆၃၈၅-၉၃၈၆၅၅ ကျပ်ရှိတယ်လို့ သိရပါတယ်။ တစ်ဖက်တရုတ်နိုင်ငံမှာ နနွင်းကို ဆေးဝါး ကုန်ကြမ်းအဖြစ် အသုံးပြုကြတာလို့ သိရပါတယ်။                       

 မော်မော်အောင်

မြိတ်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်းထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် များပိုမိုတင်ပို့

Thu, 09/15/2016 - 13:18 -- journal_editor

သြဂုတ်လ ၂၇ ရက်မှ စက်တင် ဘာလ ၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဦသ ဒေါ်လာ ၃ ဒသမ ၈၉၅ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၂၅၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ရေထွက်ကုန်ပစ္စည်းများကို မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ငါးရှဉ့်နဲ့အခြားရေထွက် ကုန် တန်ချိန် ၉၀ ကျော် ကိုလည်းကောင်း၊ ကော့ သောင်းကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၅၅၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ကင်းမွန်နဲ့ အခြား ရေထွက်ကုန် တန်ချိန် ၆၀၀ ကျော်၊ မြိတ် ကုန်သွယ် ရေးစခန်းမှ အမေရိ ကန် ဒေါ်လာ

တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့

Thu, 09/15/2016 - 11:37 -- journal_editor

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၄၁၉၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၁၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၄၆တန် နီးပါး တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီ လိတ်မှ လက်ဖက်ခြောက် ပိုမို တင်ပို့ လာတာ တွေ့ရ ပါတယ်။

မောင်တော ကုန်သွယ်ရေးစခန်းမှ သြဂုတ်လကုန်သွယ်မှု ဆောင်ရွက်ချက် လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်

Thu, 09/15/2016 - 11:36 -- journal_editor

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၃သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅သန်း၊ စုစု ပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၈သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၀သန်း ဖြစ်၍ လျာထားချက်အပေါ် ၈၁ ရာခိုင် နှုန်းကျော် အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

မောင်တော ကုန်သွယ်ရေးစခန်းမှ သြဂုတ်လကုန်သွယ်မှု ဆောင်ရွက်ချက် လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်

Thu, 09/15/2016 - 11:21 -- journal_editor

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၃သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅သန်း၊ စုစု ပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၈သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၀သန်း ဖြစ်၍ လျာထားချက်အပေါ် ၈၁ ရာခိုင် နှုန်းကျော် အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

ချင်းရွှေဟော်မှ သကြား ပိုမိုတင်ပို့

Fri, 09/09/2016 - 14:07 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၀ ရက်မှ ၂၆ရက် သီတင်းပတ်တွင် အမေရိ ကန်ဒေါ်လာ ၃၄၃၈၀၀ တန်ဖိုးရှိ သကြား ၅၉၀ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆တန်ခွဲသာ တင်ပို့ခဲ့လို့ ယခု တစ်ပတ် ချင်းရွှေဟော်မှ သကြား ၅၇၄တန် ပိုမို တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ အမေရိကန် ဒေါ်လာ ၈ဒသမ ၅၄၉သန်း တန်ဖိုးရှိ သကြား ၁၅၅၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုန်မှ ယခင်တစ်ပတ်က ၂၀၉၁၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု သီတင်းပတ်တွင်လည်း ပြည်တွင်း ၌ သကြားဈေး တစ်တန်လျှင် ခုနစ်သိန်း လေးသောင်းကျ

ရော်ဘာဈေးနှုန်းအတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်လျက်ရှိ

Fri, 09/09/2016 - 13:38 -- journal_editor

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ရော်ဘာ ၁၃၁၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅) မိုင်မRSS-3 ၈၇၉ တန်ကျော်၊MSR -50  ၃၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ MSR-20၃၃၂ တန်ကျော်နဲ့RSS-3 ၆၉ တန်တင်ပို့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ ချင်းရွှေဟော်မှ ရော်ဘာ ၉၁၈ တန်ကျော်သာ တင်ပို့ခဲ့ ပြီး ယခုတစ်ပတ်မှာ ၄၀၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာRSS-3 တစ်တန်ကို ၁၅၀၄၄၈၈ ကျပ်ဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်တန်ကို ၁၃၄၉ ကျပ်ပိုမိ

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း