တစ်ဦးချင်း ကုန်သွယ်မှုလုပ်ငန်းရှင် မှတ်ပုံတင်လက်မှတ်ITC ဖြင့် မော်တော်ဆိုင်ကယ်များအား စခန်းအသီးသီးမှ တင်သွင်းခွင့်ပြု
နယ်စပ်ဒေသများရှိ လုပ်ငန်းရှင်ငယ်များ တရားဝင် ကုန်သွယ်မှု ဆောင်ရွက်လာစေရေးအတွက် ပြည်တွင်းဝယ် လိုအားရှိတဲ့ တစ်ဖက်အိမ်နီးချင်းနိုင်ငံများ (အထူးသဖြင့် တရုတ်နယ်စပ်)မှ မော်တော်ဆိုင်ကယ်များကို ITC ကတ်နဲ့ တင်သွင်းခွင့်ပြုလိုက်တယ်လို့ ကုန်သွယ်ရေးဦးစီးဌာနမှ သိရ ပါတယ်။ တစ်ဦးချင်းကုန်သွယ်မှုလုပ်ငန်းရှင်မှတ်ပုံတင် ကတITC ရှိတဲ့ လုပ်ငန်းရှင်တစ်ဦးလျှင် တစ်ရက်ကို မော်တော် ဆိုင်ကယ် တစ်စီးနှု န်းဖြင့် တစ်ပတ်လျှင်ငါးစီးအထိ တစ်ကြိမ် တည်းစုဆောင်းတင်သွင်းလိုပါကလည်း လိုင်စင်ဆောင်ရွက် ခွင့်ပြုပေးမယ်လို့ သိရပါတယ်။