ဖျာပုံမြို့နယ်တွင် ငါးရှဉ့်အဝယ်လိုက်ပြီး အရောင်းအဝယ်သွက်နေ
ဖျာပုံမြို့နယ် ငါးရှဉ့်အရောင်းအဝယ်ဒိုင်များမှာ ယခု ဇူလိုင်လဆန်း ပိုင်းအတွင်း ရန်ကုန်မြို့မှ ငါးရှဉ့်ဝယ်လက်များ အဝယ်လိုက်သဖြင့် အရောင်းအဝယ်သွက်လျက်ရှိကြောင်း ငါးရှဉ့်ဈေးကွက်မှ သိရပါတယ်။''အခု တလော ငါးရှဉ့် အဝယ်လိုက်တယ်ဆိုတာ ငါးရှဉ့်တွေမှာနာတဲ့ ရောဂါဖြစ်နေလို့ပါ။ အထားမခံဘူး။ သေကုန်တာများတယ်။ သေကုန်တဲ့ ငါးရှဉ့်က ဈေးကွက်ကို ပို့လု့ိမရဘူး။ ဒါကြောင့် ရန်ကုန်ဈေးကွက်မှာအဝယ်နည်းလာပြီး နယ်ဖက်တွေ မှာ အဝယ်လိုက်လာတဲ့ သဘောပါ။ ရန်ကုန်ဈေးကွက်က တရုတ်ပြည်ကို တိုက်ရိုက်တင်ပို့ကြပါတယ်။ ကျွန်တော်ကတော့ လှိုင်သာယာအဝယ်ဒိုင်ကိုပဲ ပို့ပါတယ်။ ဈေးနှုန်းအနေနဲ့ကတော့ မနှစ်က တစ်ပိဿာကို အရွယ်အစားအလိုက် ၃၈၀၀ကျပ်ကနေ ၄၀၀၀ကျပ်