Main menu

Background

ကုန်သွယ်ရေးသတင်း

ပရဆေးကုန်ကြမ်း ပိုမိုတင်ပို့

Thu, 05/26/2016 - 11:30 -- journal_editor

မူဆယ် (၁၀၅) ကုန်သွယ်ရေးဇုန်မှ  မေ ၇ ရက်မှ  ၁၃ ရက်တာ ကာလအတွင်း ကန်ဒေါ်လာ သုည ဒသမ ၇၃၅ သန်း တန်ဖိုးရှိ  ပရဆေး ကုန်ကြမ်း  ၈၁၃ တန်ကျော်  တင်ပို့နိုင်ခဲ့ပါတယ်။  ယခင်  သီတင်းပတ်က ပရဆေး ကုန်ကြမ်း  ရှစ်မျိုးကို တန် ၅၁၀ သာတင်ပို့ခဲ့လို့  ယခုသီတင်းပတ် ပရဆေးကုန်ကြမ်းတင်ပို့မှု ၃၀၃ တန်ကျော် ပိုမိုတင်ပို့လာနိုင်တာတွေ့ရပါ တယ်။ တင်ပို့ခဲ့တဲ့  ပရဆေးအမယ်တွေကေ တာ့  မိကျောင်းကွမ်းဖတ်စေ့၊ မာလာဥခေါင်း၊ ဝဥခြောက်၊ တောချင်း၊ ကွမ်းသီးခွံ၊ ဖန်ခါးသီးခြောက်၊ နေလဲစေ့၊  ချဉ်ပေါင်ဖာလာ (အခွံပါ) ၊  နနွင်းခေါင်း၊  မုတ်ခါး၊  ဒရင် ကောက်မြစ်၊ကွမ်းစားဂမုန်း၊ ကြောင်လျှာစေ့တို့ ဖြစ်ပါ တယ်။

မြင့်မြင့်မာ

ကရင်ပြည်နယ် ဖာပွန်မြို့တွင် စားသုံးသူအကာအကွယ်ပေးရေးအကြောင်း ဟောပြောဆွေးနွေး

Thu, 02/18/2016 - 10:31 -- journal_editor

         ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာန ကရင် ပြည်နယ်ဦးစီးမှူးရုံး၊ ပြည်နယ် ဦးစီးမှူးနှင့် တာဝန်ရှိသူများသည် ဖေဖော် ဝါ ရီ ၉ ရက်က ကရင်ပြည်နယ် ဖာပွန်မြို့ ယွန်းစလင်း ခန်းမတွင် စားသုံးသူ အကာ အကွယ်ပေးရေးအကြောင်း  ဟောပြောဆွေးနွေးခဲ့သည်။ ဟောပြောဆွေးနွေးပွဲတွင် ကရင်ပြည်နယ်ဦးစီးမှူး ဦးတင့်ဆန်းက စားသုံးသူအကာအကွယ်ပေးရေး ဥပဒေနှင့်   စားသုံးသူ၏အခွင့်အရေး၊ တာဝန်၊ စီးပွားရေးလုပ်ငန်းရှ င်၏ အခွင့်အရေး၊ တာဝန်နှင့်တားမြစ်ချက်များ၊ တာဝန်ယူဆောင်ရွက်နေသည့် ကော်မတီများနှင့် ဆောင်ရွက်ချက်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ်များ၊ တရားမဝင် ကုန်သွယ်မှုနှင့်ကုန်စည်များ ကြောင့် စားသုံးသူများအပေါ်ထိခိုက်မှု၊

တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမိုဘိုင်းအဖွဲ့များမှ အများဆုံးဖမ်းဆီးရမိကုန်ပစ္စည်းများ

Fri, 10/09/2015 - 21:10 -- journal_editor

        ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ မှ ၂၀၁၅ ခုနှစ် ဩဂုတ်လကုန်ထိ နှစ်နှစ်နဲ့ ကိုးလတာကာလအတွင်းမှာ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးဗဟိုကော်မတီမိုဘိုင်းတင်းမ်အဖွဲ့များမှ အများဆုံး ဖမ်းဆီးရမိ ကုန်ပစ္စည်းများမှာ တရားမဝင်ကုန်ပစ္စည်းများ တင်ဆောင်လာတဲ့ မော်တော်ယာဉ်၊ကျောက်စိမ်းဟု ယူဆရသော ကျောက်၊လိုင်စင်မဲ့မော်တော်ယာဉ်၊  မိုဘိုင်းဖုန်း ဟန်း ဆက်၊ တမလန်းသစ်၊ Ice ပုံဆောင်ခဲ၊ရွှေ၊ဘီယာ၊ အေးခဲအသား၊လျှပ်စစ်ဒီတိုေ နတာ တို့ဖြစ်ကြပါတယ်။အုပ်စုအလိုက် သိမ်းဆည်းရမိပစ္စည်းများနဲ့ ခန့် မှန်းတန်ဖိုးများကတော့ရွှေနဲ့ သတ္တုတွင်းထွက်အုပ်စုမှာ ကျောက်စိမ်းကျပ် ၅၁၀၇ သန်း၊ ရွှေကျပ်သန်း ၈၄၀၊ အင်ကြင်းကျောက် ကျပ် ၃၃၇ သန်း၊ သလင်းေ

myanauto Expo 2015 ပြပွဲ ပြသမည်

Fri, 10/09/2015 - 20:59 -- journal_editor

       မြန်မာနိုင်ငံမော်တော်ယာဉ်ထုတ် လုပ်သူများနှင့်ဖြန့်ဖြူးတင်သွင်းရောင်းချသူများအသင်းမှကြီးမှူး၍ myanauto Expo 2015 ပြပွဲကို ရန်ကုန်မြို့၊ ရှင်စောပုလမ်းရှိ Myanmar Event Park တွင် အောက်တိုဘာလ ၉ ရက်နေ့မှ ၁၁ ရက်နေ့အထိ ပြသမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါပြပွဲသို့ နိုင်ငံပေါင်း ၂၂ နိုင်ငံမှကုမ္ပဏီများနှင့်ပြပွဲပြသသူပေါင်း ၂၁၀ ကျော်တို့ ပါဝင်ပြသကြမည်ဖြစ် ကြောင်း သိရသည်။ ယင်းပြပွဲတွင် မော်တော်ယာဉ်နှင့် မော်တော် ယာဉ်အပိုပစ္စည်းများကိုပါ အမှတ်တံဆိပ်စုံလင်စွာ ပြသထားမည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါပြပွဲတွင် နစ်ဆန်းကားကုမ္ပဏီမှ ပြပွဲသို့လာရောက်လေ့ လာကြည့်ရှုဝယ်ယူသည့် ပြည်သူများ အား အထူးလျှော့ဈေ

ကိုရီးယားမြေယာအများအပြားကို ကုမ္ပဏီအုပ်စုကြီးများက ပိုင်ဆိုင်

Fri, 10/09/2015 - 19:37 -- journal_editor

      ကိုရီးယား  ထိပ်တန်းကုမ္ပဏီ အုပ်စုကြီး ၃၀ ခု၏ မြေယာ ပိုင်ဆိုင်မှု အချိုး အစားသည် ဆယ်စုနှစ်တစ်ခုအတွင်း ၃၄ ဆတက်လာခဲ့ရာ ဆိုးလ်မြို့တော်ရှိ Yeouido မြို့နယ်တစ်ခုစာ အကျယ် အဝန်းရှိလာခဲ့သည်။ မြေယာ များ၏ တန်ဖိုးသည်လည်း ဝမ် ၁၁၅ ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၁၅çဝဝဝ မီလီ ယံ) ခန့်ရှိလာပြီဖြစ်သည်။ ထိပ်တန်း ကုမ္ပဏီအုပ်စုကြီး ၃၀ နှင့် ၎င်းတို့၏ ကုမ္ပဏီခွဲပေါင်း ၁,ဝ၅၆ ခုတို့သည် နိုင်ငံ အဝန်း  မြေယာ ၈၂၄ စတုရန်းကီလို မီတာခန့် ဖြန့်ကျက်ပိုင် ဆိုင်ထား ကြောင်း၊ မြေယာ၊ အခြေခံ အဆောက် အအုံနှင့်ပို့ဆောင်ရေးဝန်ကြီးဌာနက ဇူလိုင်လအတွင်း ထုတ်ပြန်သည့် စာရင်းများအရ သိရှိရသည်။

မှန်လုံယာဉ် အံဝှက်အတွင်း သိုဝှက်တင်ဆောင်လာတဲ့ အရက်နဲ့ ဘီယာများအား လရ-၂ အဖွဲ့မှ စစ်ဆေးတွေ့ရှိ

Fri, 08/21/2015 - 19:06 -- journal_editor

    မြဝတီ-ရန်ကုန်လမ်းကြောင်း ပေါ်ရှိ တရားမဝင်ကုန်သွယ်မှုတားဆီးထိန်းချုပ်ရေးနဲ့ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ဆောင်ရွက်လျက် ရှိတဲ့ Mobile Team လရ-၂အဖွဲ့သည် သြဂုတ်လ ၅ ရက်နေ့တွင် ရန်ကုန် -ဘားအံ-မြဝတီ ပြေးဆွဲနေတဲ့ ပြည့် အားမာန်  ခရီးသည်တင်မှန်လုံယာဉ် အမှတ် 9B/xxxx  ယာဉ်ပေါ်တွင် လိုက်ပါလာသူများမှာ  ခရီးသည်၊ ခရီးသွား များအသွင်သဏ္ဌာန်မတူခြင်း၊ ခရီးသည် ပစ္စည်းတင် တန်းပေါ်တွင် ခရီးေ ဆာင်အိတ်များ တင်ဆောင်လာခြင်းမရှိဘဲ ရှင်းလင်းနေကြောင်း သံသယဖြစ်ဖွယ် တွေ့ရှိရသဖြင့် အသေးစိတ်ဖွင့်ဖောက် စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်းကြောင်းပေါ်သို့ ရောက်ရှိအောင်ဆောင်ရွက်နေ

Fri, 08/21/2015 - 18:47 -- journal_editor

     မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်မှ ကုန်သွယ်မှု မြှင့်တင်နိုင်ရန် တရားမဝင်အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ တရားဝင်လမ်း ကြောင်းမှန်ပေါ်သို့ ရောက်ရှိအောင် ဆောင်ရွက်နိုင်ရန်အတွက် အုပ်ချုပ်ရေး အဖွဲ့အစ ည်းများ၊ OSS အဖွဲ့ဝင်ဌာနများ၊ မိတ်ဖက်ဌာနများ၊ ဒေသခံကုန်သည်လုပ်ငန်းရှင်များနဲ့ ဇူလိုင်လ ၂၇ ရက်နေ့ ၁၃း၀၀ နာရီအချိန်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမှာ  ညှိနှိုင်းဆောင်ရွက်ခဲ့ပါတယ်။

စပယ်ယာဘီးခွက်အတွင်းသို့ ဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများတွေ့ရှိ

Thu, 08/13/2015 - 16:54 -- journal_editor

  မူဆယ်-မန္တလေး လမ်းကြောင်းတစ်လျှောက်ရှိ Mobile Team လရ-၁ အဖွဲ့ သည် ဇူလိုင် ၂၃ ရက် နေ့တွင်  မန္တလေး-မူဆယ် လမ်းကြောင်းအတိုင်း ဝင်ရောက် စစ်ဆေးခံတဲ့ Honda CR-V ယာဉ်အမှတ် IE/xxxx  အားစစ်ဆေးရာ ယာဉ်ပေါ်မှ စပယ်ယာဘီးခွက်အတွင်း တရားမဝင်သိုဝှက်တင်ဆောင်လာတဲ့ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးအသေး ၁၈ တုံးအား ဖမ်းဆီးသိမ်းဆည်းရမိခဲ့ပါတယ်။ ယာဉ်အား အဖွဲ့စုံဖြင့် အသေးစိတ်စစ်ဆေးစဉ် ယာဉ်မောင်း မှာ ထွက်ပြေးတိမ်း ရှောင်သွားခဲ့တယ်လို့သိရပါတယ်။ ယာဉ်ပေါ်မှ သိမ်းဆည်းရမိ ကျောက်စိမ်းဟုယူဆရတဲ့ ကျောက်တုံးများနဲ့ မော်တော်ယာဉ်အား အကောက်ခွန်အမှုတွဲ ဖွင့်လှစ်ပြီး လုပ်ထုံးလုပ်နည်းနဲ့အညီ ဆက်လက်ဆောင် ရွက်သွားမယ်လို့သိရပါတယ်။

မူဆယ်စခန်းတစ်ခုတည်းမှသာ ပြောင်းတင်ပို့

Wed, 08/12/2015 - 21:12 -- journal_editor

     ဇူလိုင်လ နောက်ဆုံးပတ်တွင် မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တစ်ခုတည်းမှသာ ကန်ဒေါ်လာ ၃ ဒသမ ၈၀၁ သန်း တန်ဖိုး ရှိတဲ့ ပြောင်းဖူးစေ့ ၁၂၆၇၀ တန်သာ တင်ပို့မှုရှိခဲ့တာတွေ့ရပါတယ်။ ယခင်ရက်သတ္တပတ် က မူဆယ်မှ ၁၉၂၄၀ တန်၊ လွယ်ဂျယ်မှ တန် ၂၀၀၀ နဲ့ ကန် ပိုက်တီးမှ ၅ တန်ကျော် တင်ပို့နိုင်ခဲ့လို့ ယခုတစ်ပတ် ပြောင်းတင်ပို့မှု ၈၅၇၅ တန်ကျော်လျော့နည်းသွားပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ ပြောင်းတစ် တန်ကို ယခင်တစ်ပတ်က ၂၇၅၀၂၁ ကျပ် ရှိရာမှ ယခုတစ်ပတ်တွင် ၃၇၄၈၀၄ ကျပ်သို့ ဈေးပြန်လည်မြင့်တက်လာတာ တွေ့ရ ပါတယ်။ နေရာအနှံ့ မိုးဆက် တိုက်ရွာသွန်းမှုကြောင့် ပြောင်းသီးနှံကို တရုတ်ဘက်မှ ဝယ်လိုအား

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း