Main menu

Background

Monday, 8 Apr 2013

သတိပြုရမည့် အခြေအနေ ကုန်ထုတ်လုပ်မှု အားကောင်းနေ သောနိုင်ငံများနှင့် နယ်နမိတ်ချင်းထိ စပ်နေသော မြန်မာနိုင်ငံအဖို့ နယ် စပ်ကုန်သွယ်ရေးဖြစ်ထွန်းနေသည်မှာ အထူးအဆန်းမဟုတ်၊ အကျယ်ချဲ့ပြော စရာမလိုသော်လည်း  ထိုနယ်စပ်ကုန် သွယ်ရေးကြောင့် ဖြစ်လာသော တရား မဝင်ကုန်ပစ္စည်းများ နှင့် ပတ်သက်၍မူ အလေးပေး၊ အကျယ်တဝင့် ပြောဆို ကြ၊ စဉ်းစားကြရန်လိုလာသည်။ အထူး သဖြင့်နယ်စပ်များမှ ( တရားဝင်သည် ဖြစ်စေ၊ တရားမဝင်သည်ဖြစ်စေ) ဝင် ရောက်လာသည့်  တရားမဝင် စား သောက်ကုန်များနှင့် သက်ဆိုင်သည်။ တရားမဝင်ကုန်တင်သွင်းမှုများကြောင့် နိုင်ငံတော်မှ အခွန်အကောက်များ လျော့ကျလာရခြင်း၊ ပြည်တွင်းလုပ်ငန်း ရှင်များအခက်အခဲများ ကြုံလာရခြင်း တို့ကြောင့် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ် ကုန်သွယ်ရေး  ဦးစီးဌာနက  ထို ပြဿနာဖြေရှင်းရန်  ကြိုးစား အားထုတ်၏။  စားသုံး သူအကာ အကွယ် ပေးေ ရးနှင့် တရားမဝင် ကုန် သွယ်မှုများ တားဆီး ထိန်း ချုပ်ရေးဟု ခေါင်းစဉ်တပ်၍ အကောင် အထည်ဖော်ဆောင် ရွက်သည်။ ဤတွင် အပိုင်း (၂)ပိုင်း တွေ့ရသည်။ ဒုတိယ ပိုင်းဖြစ်သည့် တရားမဝင်ကုန်သွယ်မှု များ တားဆီး ထိန်းချုပ်ရေး ရည်ရွယ် ချက်ဖြစ်သည့် ပြည်တွင်းရှိ ကုန်ထုတ် လုပ်မှု လုပ်ငန်းများ ဈေးနှုန်း၊ အရည် အသွေးမယှဉ်ပြိုင်နိုင်သေးသည့် အခြေ အနေတွင် မမျှတသော ယှဉ်ပြိုင်မှုကို မခံရရေး၊ ယှဉ်ပြိုင်စွမ်းရည် ရရှိရေး အတွက် ပြင်ဆင်ချိန် ရရှိရေးနှင့် အာဖတာသို့ အပြည့်အ၀ မဝင်ရောက် ခင်တွင် နိုင်ငံအတွက် ရသင့်ရထိုက် သည့် အခွန်အခများ ရရှိရေးတို့ကို အတိုင်းအတာ တစ်ခုအထိ ဆောင် ရွက်နိုင်စွမ်း ရှိနေသည်ဟုပြောနိုင်သော် လည်း ပထမပိုင်းဖြစ်သည့် စားသုံးသူ အကာအကွယ်ပေးရေးကိုမူ ထိထိ ရောက်ရောက် ဆောင်ရွက်ပေးနိုင်ခြင်း မရှိဟု သုံးသပ်ရမည်။ အဘယ့်ကြောင့် ဤကဲ့သို့ ဖြစ်ရသနည်း။ စားသုံးသူ အကာအကွယ်ပေးရေးတွင် အဓိက ပါဝင်ဆောင်ရွက်ရန် လိုအပ်သည့် အဖွဲ့တစ်ဖွဲ့ဖြစ်သော အက်(ဖ်)ဒီအေ အဖွဲ့ ကျယ်ကျယ်ပြန့်ပြန့် မလှုပ်ရှားနိုင် သောကြောင့်ဖြစ်သည်။စားသုံးရန်မသင့် ဟု ဆိုနိုင်သော ကုန်ပစ္စည်းများသည် တရားမဝင် တင်သွင်းလာသော စား သောက်ကုန်များတွင်သာအများအပြား ပါဝင်နေသည်ဟု ယေဘုယျ အားဖြင့် ကောက် ချက်ချရ မည့်သာ ဖြစ်သော် လည်းတရားဝင်တင်သွင်းထားသည့် စား သောက်ကုန်များတွင် လည်းအက်(ဖ်)ဒီအေ မှ ထိထိရောက်ရောက် စစ်ဆေးနိုင်ခြင်း မရှိသေးသည့်အတွက် များစွာ ပါရှိနိုင် သည်။ ထိုသို့ ကြုံတွေ့နေရချိန်တွင် တရားမဝင် ကုန်ပစ္စည်း ပိုမိုများပြား လာခြင်းနှင့် ဖြေလျော့တင်သွင်းခွင့်ပြု သောကုန်ပစ္စည်းများ တဖြည်းဖြည်းချင်း များပြားလာသော အခြေအနေများ ကြောင့်ပြည်တွင်းစားသုံးသူများအတွက် ကျန်းမာရေးထိခိုက်မှုများ၊ အသက်ဘေး အန္တရာယ်ဖြစ်စေမှု များ ပိုမိုများပြားလာ နိုင်သည်ဟု  ခံစားရသည်။

Monday, 8 Apr 2013

သေချာသော ကိန်းရှင် ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းသည် သန့်ရှင်းသော အစိုးရ အလိုရှိကြ သည်ချည်းဖြစ်သည်။ သန့်ရှင်းသော အစိုးရဖြစ်ပေါ်လာရေး အား ထုတ်မှုများကိုလည်း တွေ့ရှိရသည်၊ သန့်ရှင်းသော အစိုးရဖြစ်ပေါ် လာစေရန် အချက်ပေါင်းများစွာရှိနိုင်သည်၊ မည်ကဲ့သို့ အချက်များ ဖြစ်သည်၊ မည်သည့်အချက်များက အရေးကြီးသည်ကို ပညာရှင်များ၊ သုတေသီများ ကောင်းစွာ သိနိုင်သော်လည်း သာမန်လူတစ်ယောက် အနေဖြင့် သိရှိရန်မလွယ် ကူပေ။ သို့သော် သန့်ရှင်းသော အစိုးရ အကြောင်း ပြောဆိုကြသည့်အခါတိုင်း  အခြားအကြောင်း များထက် လာဘ်ပေးလာဘ်ယူကိစ္စမှာ ပိုမိုပြောဆိုဆွေးနွေးကြရသည့် အခြေ အနေတွင်ရှိလာနေတော့သည်။ ၁၉၆၀ ခုနှစ်များမှ ၁၉၉၀ ခုနှစ်များ အထိ စင်္ကာပူနိုင်ငံကို တာဝန်ယူခဲ့သည့် စင်္ကာပူ ထိပ်တန်း ခေါင်း ဆောင်ကြီး လီကွမ်ယူးရေးသားသော From Third World to First စာအုပ်ထဲတွင်လည်း ဤအကြောင်းနှင့် ပတ်သက်၍ ရေးသား ထားသည်ကို တွေ့ရှိရသည်။ စင်္ကာပူနိုင်ငံ၏ သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာစေရန် အားထုတ်ရာတွင် လာဘ်ပေးလာဘ်ယူကိစ္စ လျော့ပါးရေး၊ ပပျောက်ရေးကို အဓိက ဦးတည်ချက်ထားတိုက်ဖျက် ခဲ့သည့်အကြောင်းအတွေ့အကြုံများကိုထိုစာအုပ်ထဲ၌ဖတ်ရှုခဲ့ရသည်။ နိုင်ငံများစွာ၏ အတွေ့အကြုံများအရလည်း သန့်ရှင်းသော အစိုးရ တစ်ရပ်ရရှိရေးအတွက် လာဘ်ပေးလာဘ်ယူကိစ္စသည်  အဓိကဆူး ညှောင့်ခလုပ်ဖြစ် သည်ကိုသိရှိနေရသည်။ အစိုးရယန္တရားအတွင်း ပိုမိုဖြစ်ပေါ်လာတတ်သဖြင့် အစိုးရယန္တရားအတွင်းရှိ အစိုးရဝန် ထမ်းတို့၏စားဝတ်နေမှုအပါအဝင် ၎င်း တို့၏ အခြေခံစီးပွားရေး အခြေအနေများ၊ ခံယူချက်သဘောထားများ ကိုလည်း ထည့်သွင်း စဉ်းစားပေးရန်လိုသည်။ ဂရုတစိုက်စောင့်ကြည့်ရန် လိုသည်၊ ထို့ကြောင့် သန့်ရှင်းသော အစိုးရ ဖြစ်ပေါ်လာရေး ဆက်စပ်မှုညီမျှ ခြင်းတစ်ကြောင်းကို စဉ်းစားခဲ့ပါ့လျှင်  အစိုးရဝန်ထမ်းတို့၏ လစာငွေ အပါအဝင် အခြားသော ရသင့်ရထိုက်ခွင့်များသည်  ထိုညီမျှခြင်းထဲ တွင် သန့်ရှင်းသောအစိုးရဟူသည့် မှီခိုကိန်းရှင်ကို သက်ရောက်မှု ရှိမည့် ကိန်းရှင်များဟုပင် ဆိုရနိုင်သည်။

Tuesday, 12 Mar 2013

လူဆိုတာ သေမျိုးပါ တစ်ချိန်ကဂစ်တာသမားများ သဘောကျတဲ့ တေးရေး၊ တေးဆို ဆလိုင်းသွအောင်ရဲ့ "လူဆိုတာ သေမျိုး" သီချင်းဟာ ကျွန်တော် အလွန်နှစ်သက် မြတ်နိုးတဲ့ သီချင်းတစ်ပုဒ်ဖြစ်ပါတယ်။ 'အခင် တွယ်ဆုံး လူ့ အသက် တစ်ချောင်း၊ ယနေ့တိုင်လှုပ် ရှားရုန်းကန်နေသော်လည်းတစ်ချိန်ချိန်မှာ အသက် ဆီမီးစာကုန်သွားရင် တမလွန်မှာ ဘယ်လိုဘဝမျိုး ရောက်မှာလဲ' ----- လို့ ---- ဒီသီချင်းစာသား လေးတွေနဲ့ ရူးခဲ့ဘူးပါတယ်။

Wednesday, 6 Mar 2013

မိမိတို့ အစိုးရအနေဖြင့် နိုင်ငံ အုပ် ချုပ်ရေး တာဝန်ယူပြီး နိုင်ငံအကျိုး၊ ပြည်သူအကျိုး ထမ်းဆောင်ခဲ့ သည်မှာ နှစ်နှစ်နီးပါး ရှိနေပြီဖြစ်ပြီး တာဝန်ယူ စဉ် ကာလတစ်လျှောက် ခေတ်စနစ် အတွက် လိုက်လျောညီထွေမှု ရှိမယ့် ဥပဒေ၊ စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများ ကို ပြင်ဆင်ခြင်းအသစ် ရေးဆွဲခြင်းများ ကို ဆောင်ရွက်ပေးလျက် ရှိသလို ဆက် လက် ပြုပြင်ပြောင်းလဲရန် ကိစ္စများကို လည်း ဆောင်ရွက်သွား မှာဖြစ်ကြော င်း၊ ပြုပြင်  ပြောင်းလဲမှု များ အကောင် အထည်ဖော်စဉ် တစ်ချိန်တည်းမှာ ပြည် သူများ၏စားဝတ်ေ နရေးအလုပ် အကိုင် အခွင့်အလမ်း ရရှိနိုင်ရေး၊ ပြည်သူ့ဘ၀ လုံခြုံမှုနှင့် လူမှုစီးပွား တိုးတက်မှုများ အတွက် ပြည်သူဗဟိုပြုလူမှု စီးပွားရေး ပြုပြ င်ပြောင်းလဲမှုကို ချမှတ်ပေးခဲ့ပြီးဖြစ် ပါကြောင်း မတ်လ ၂ ရက်နေ့ နံနက် ပိုင်းတွင် ရန်ကုန်မြို့ MCC ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည့် မြန်မာ့ဆန်စက် နှင့် လယ်ယာထွက်ကုန်တန်ဖိုးမြှင့် စက် ကိရိယာပြပွဲ - ၂၀၁၃ ဖွင့်ပွဲ အခမ်း အနားတွင် နိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းမှ ပြောကြားခဲ့သည်။

ယနေ့ နိုင်ငံတော်အနေနဲ့ တောင် သူ လယ်သမားများရဲ့ ဘဝမြင့်တက်ဖို့ အတွက် လယ်ယာကဏ္ဍဖွံ့ဖြိုး တိုးတက် လာအောင်မူဝါဒများချမှတ်ပြီးကြိုးပမ်း ဆောင်ရွက်ပေးလျက် ရှိသည်ကို အသိ ပေး လိုကြော င်း၊ မြန်မြန် ဆန်ဆန် ဖြစ် ထွန်းအောင်မြင်ပြီး လူများစွာ ဝင်ငွေ တိုးတက်လာမဲ့ နယ်ပယ်ကလည်း လယ်ယာကဏ္ဍ ပဲ ဖြစ်တဲ့ အတွက် လယ် ယာကဏ္ဍကို လက်ရှိအခြေအနေထက် ပိုမိုတိုးတက် စိုက်ပျိုးထုတ်လုပ်နိုင်ရန် အတွက် လယ်ယာကဏ္ဍပြုပြင်ပြောင်း လဲမှုများကို မလွဲမသွေ ပြုလုပ်ရမှာဖြစ် ကြောင်း၊ မိမိပိုင်ဆိုင်တဲ့ လယ်ယာမြေကို  မိမိတို့ သားစဉ်မြေးဆက်အထိတိုးတက် လုပ်ကိုင်စားသောက်နိုင်အောင်ကြိုးပမ်း စီမံ အားထုတ်မယ်ဆိုတဲ့ ခံယူချက်နှင့် စိတ်ဓာတ်ကို ပြုပြင်ပြောင်းလဲရမှာ ဖြစ် ကြောင်း၊ ဈေးကွက်ဝင်အထွက်ကောင်း မျိုးကောင်း မျိုးသန့်များ ပြောင်းလဲစိုက် ပျိုးခြင်း၊ သွင်းအားစု အမျိုးအစားမှန် များ ဖြည့်ဆည်းခြင်း၊ ထွန်ယက် ရိတ် သိမ်းမှုများတွင် စက်ကိရိယာများ သုံး နိုင်အောင် စီစဉ်ပေးခြင်း၊ လယ်ကွင်း ပုံသဏ္ဌာန်များကို ၁ ဧက၊ ၂ ဧက ကွက် ပြင်ဆင်ပေးခြင်း၊ ကုန်ထုတ်လမ်းများပြု လုပ်ပေးခြင်း၊ လယ်ကွင်း အထိ ရေ ရောက်အောင် ရေမြောင်း ဖော က်ပေး ခြင်း၊ ဈေးကွက်နှင့် ချိတ်ဆက်ပေးခြင်း နှင့် ဈေးမှန်ရအောင် စီမံပေးခြင်းများကို ဆောင်ရွက်ပေးနိုင်ရင် သိသိသာသာ တိုးတက်လာမှာဖြစ်ပါကြောင်း၊ ဒါ့ အပြင် ထွက်ရှိလာတဲ့ လယ်ယာ ထွက် ကုန်သီးနှံများ ကိုကုန်ကြမ်းအတိုင်း တင် ပို့နေမည့်အစားခေတ်မီ စက်ကိရိယာ ဖြင့် အသုံးပြုပြီး တန်ဖိုးမြှင့် ထုတ်ကုန် များထုတ်လုပ်၍ ဈေးကွက် တင်ပို့နိုင်ပါ က လယ်ယာကဏ္ဍ သိသိသာသာ တိုးတက်လာ မှာဖြစ် သလို တောင်သူလယ် သမားများ၏ လူနေမှုဘဝလည်း မြင့် တက်လာမှာဖြစ်ကြောင်း ပြောကြား ခဲ့သည်။ ဒုတိယ သမ္မတမှ ဆက်လက်၍ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာအောင် နိုင်ငံတော်အပိုင်းမှ တောင်သူ လယ် သမားများအား အဓိက လိုအပ်နေတဲ့ စိုက်ပျိုး စရိတ်ချေးငွေကို ယခုအခါမှာ ဆန်စပါးနှင့် ကြံအတွက်တစ်ဧက ကျပ် တစ်သိန်းနှုန်းတိုးမြှင့်ထုတ်ချေးပေးသွား မှာဖြစ်ပြီး လယ်ယာမြေ ဥပဒေနဲ့ မြေ လွတ်မြေရိုင်း စီမံခန့်ခွဲမှု ဥပဒေတို့ကို အသစ်ပြဌာန်းပေးခဲ့ပြီးဖြစ်လို့ဥပဒေသစ် အရ လယ်သမားများအနေနဲ့ လယ်ယာ မြေပိုင်ဆိုင်ခွင့်ရရှိပြီဖြစ်ပြီး၊ စိုက်ပျိုးဖို့ အတွက် အရင်းအနှီး လိုအပ်ရင် မိမိ ပိုင်ဆိုင်တဲ့လယ်ယာမြေကို ရောင်းဝယ် ပေါင်နှံငှားရမ်းတာတွေ လုပ်နိုင်လာပြီ ဖြစ်တဲ့အတွက် လယ်ယာမြေ မှတ်ပုံ တင်ခြင်းနှင့် လယ်ယာမြေပိုင် ခွင့်ပြု လက်မှတ်ထုတ်ပေးခြင်း လုပ်ငန်း ကို စတင်ဆောင်ရွက်ပေးနေပြီဖြစ်ကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအပိုင်း  တိုးတက် အောင် ဆောင် ရွက်နေသလို တစ်ဖက် မှာလည်း ကြိတ်ခွဲထုတ်လုပ်မှု၊ တင်ပို့ မှုများကို တိုးတက်အောင် ဆောင်ရွက် သွားရမှာလည်း ဖြစ်တဲ့အတွက်  ကြိတ် ခွဲထုတ်လုပ်မှုအပိုင်းမှာ ခေတ်မီစက်ကိ ရိယာများကို အသုံးပြုပြီး ထုတ်ကုန်များ အရည်အသွေးမြင့်မားအောင်  ထုတ် လုပ်နိုင်ရေးအတွက် သာမက တန်ဖိုး မြှင့် ထုတ်ကုန်များ ထုတ်လုပ် တင်ပို့နိုင် ရေးအတွက်ပါ ကြိုးပမ်းဆောင်ရွက်သွား ရမှာဖြစ်ပါကြောင်း၊ တောင်သူလယ်သမားများ အများ ဆုံးစိုက်ပျိုးထုတ်လုပ်တဲ့ လယ်ယာထွက် ကုန်သီးနှံ ဖြစ်တဲ့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်းနှင့် ဆီထွက်သီးနှံ အများစုဟာ ပြည်တွင်းသုံးစွဲမှုထက် ပိုလျှံပြီး ပြည်ပ တင်ပို့ရတဲ့ သီးနှံများ ရဲ့ ပြည်တွင်း ဈေး နှုန်း ဖြစ်တည်မှုဟာ ပြည်ပတင်ပို့မှုနှင့် နိုင်ငံတကာ ပေါက်ဈေးနှုန်းများအပေါ် မူတည်နေ တာကြောင့် ဒီသီးနှံတွေဟာ ပြည်ပတင်ပို့မှု မူတည်သီးနှံံ (Export Oriented Crop) များဖြစ်တဲ့ အတွက် ပြည်တွင်း ကူးသန်းရောင်းဝယ်မှု လွယ် ကူ လျင်မြန်ချောမွေ့ရေးနှင့် ပြည်ပကို လွယ်ကူလျင်မြန်စွာ တင်ပို့နိုင်ရေးတို့ ဟာ အဓိကကျတဲ့အချက် ဖြစ်ကြောင်း ပြောကြားသည်။ ထို့နောက် ဒုတိယသမ္မတမှ လယ် ယာထွက်ကုန် သီးနှံများ ပြည်ပတင်ပို့ ရာမှာ ပိုမိုအဆင်ပြေစေဖို့ ကောက်ခံတဲ့ ကုန်သွယ် လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကို ၂၀၁၁ခုနှစ်၊ သြဂုတ်လ ၁၅ ရက်နေ့က စပြီး ကောက်ခံခြင်း မပြုတော့ဘဲ ဖြေ လျော့ တင်ပို့ခွင့်ပြုခဲ့ပြီး ဖြစ်ပါကြောင်း၊ လယ်ယာထွက်ကုန်ပစ္စည်းများရဲ့ ပြည်ပ တင်ပို့မှုကို ကြည့်မယ်ဆိုရင် ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှာ ဒေါ်လာ ၁၆၇၈ သန်းမှ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ ဒေါ် လာ၂၁၇၉ သန်းအထိ တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်လာတာကို တွေ့ရ မှာ ဖြစ်ကြောင်း၊ ဆန်၊ ဆန်ထွက်ပစ္စည်း တင်ပို့မှုကို ကြည့်မယ်ဆိုရင်  ၂၀၁၂-၁၃ ဘဏ္ဍာ နှစ်မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့အထိ တန်ချိန် ၁ဒသမ၂၆သန်း အထိတင်ပို့ပြီး ဖြစ်တဲ့အတွက် ၄၆ နှစ်အတွင်းမှာ စံချိန် တင်အများဆုံး တင်ပို့နိုင်ခဲ့တာကို တွေ့ ရမှာ ဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံဟာ လယ်ယာ ကဏ္ဍ ကို အခြေခံတဲ့ စက်မှုနိုင်ငံထူထောင် ရေးကို ရည်ရွယ်ပြီး ဆောင်ရွက်လျက် ရှိရာမှာ ဒီနေ့ ကျင်းပပြုလုပ်တဲ့ မြန်မာ့ ဆန်စက်နှင့်လယ်ယာထွက်ကုန် တန်ဖိုး မြှင့်စက်ကိရိယာပြပွဲ- ၂၀၁၃ဟာ လယ် ယာ ထွက်ကုန်စက်မှုကုန်ထုတ်လုပ်ငန်း များ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက်လိုအပ်တဲ့ အရင်းအနှီး ရရှိရေး၊ ခေတ်မီ စက် ကိရိယာ နည်းပညာများရရှိရေးနဲ့ ဈေး ကွက်ချိတ်ဆက်နိုင်ရေးတို့အတွက်  များ စွာ အထောက်အကူပေးမဲ့ ပြပွဲကြီး တစ်ခု ဖြစ်ပါကြောင်း၊ ဒီပြပွဲကြီးဖြစ်မြောက်ရေး အတွက် ဦးစီးဆောင်ရွက်ခဲ့တဲ့ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊တာဝန် ယူ ဆောင်ရွက်ခဲ့တဲ့ မြန်မာနိုင်ငံ ဆန် စပါးအသင်းချုပ်၊ မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း လီမိတက်နဲ့ အဖက်ဖက်က ဝိုင်းဝန်း ပံ့ပိုး ပေးကြတဲ့  UMFCCI အသင်းချုပ်နဲ့ ညီနောင် အသင်းများ၊ ဌာနဆိုင်ရာများ၊ အခမ်းအနားကို တက်ရောက်လာသော ဧည့်သည်တော်များ၊ တောင်သူလယ် သမားများ အားလုံးကို ကျေးဇူးတင်ရှိ ပါကြောင်းနှင့် တစ်နိုင်ငံလုံးမှာ ရှိတဲ့ တောင်သူလယ်သမားအားလုံးလယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ခြင်းဖြင့် မိမိတို့ မိသားစုရဲ့ လူမှု စီးပွားဘဝများ ဖွံ့ဖြိုး တိုး တက်အောင် ဆောင်ရွက်နိုင်ကြပါစေကြောင်း ပြော ကြားခဲ့သည်။    ဆက်လက်၍ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ ကြိုဆို နှုတ်ခွန်းဆက်စကား ပြောကြားရာတွင် ယနေ့ ပြပွဲ၏ အဓိက ရည်ရွယ်ချက်မှာ ပို့ကုန်မြှင့် တင်ရေးဖြစ်ပါကြောင်း၊ မိမိတို့ နိုင်ငံရဲ့ စီးပွားရေးဟာ လယ်ယာကဏ္ဍ ကိုသာ အဓိက မှီခိုနေရဆဲဖြစ်လို့ လယ် ယာ ပို့ကုန်များရဲ့တန်ဖိုး သိသိသာသာ တိုးမြှင့်နိုင်မှသာ လယ်ယာကဏ္ဍ ဖွံ့ဖြိုး မှာ ဖြစ်သလို လယ်ယာကဏ္ဍ အပေါ် မှာ မှီခိုနေရတဲ့ ၇၀ ရာခိုင်နှုန်း ခန့်သော မြန်မာနိုင်ငံ၏ ကျေးလက်နေ ပြည်သူ တို့ရဲ့ လူနေမှုဘ၀ မြင့်တက်လာမှာ ဖြစ် ပြီး၊ ဒီကတစ်ဆင့် ကျေးလက်ဒေသ ဆင်းရဲမှုကို လျှော့ချစေမှာဖြစ်ကြောင်း၊ ဒါကြောင့် နိုင်ငံတကာ ဆန်ဈေးကွက် မှာအရည်အသွေး မြင့်မားသော မြန်မာ့ ဆန်များနှင့် လယ်ယာထွက်ကုန် တန်ဖိုး မြှင့် ထုတ်ကုန်များရဲ့ ဈေးကွက်များပိုမို ရရှိလာစေရေး၊ ဒေသဆိုင်ရာ စက်မှု လက်မှု လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက် လာစေရန်နဲ့ အလုပ်အကိုင် အခွင့် အလမ်းနဲ့ ဝင်ငွေများ တိုးတက်စေဖို့စတဲ့ ရည်ရွယ်ချက်များဖြင့် ဒီပြပွဲကို ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးအတွက် စိုက်ပျိုး ထုတ်လုပ်ခြင်း၊ သိုလှောင် ထိန်းသိမ်းခြင်း၊ ကြိတ်ခွဲ ပြု ပြင်ခြင်း၊ ပြည်တွင်း ပြည်ပသို့တင်ပို့ ရောင်းချခြင်းစတဲ့ (Supply Chain Mechanism) တစ်ခုလုံး ဟန်ချက်ညီ တိုးတက် ခေတ်မီအောင် ဆောင်ရွက်ရ မှာဖြစ်ကြောင်း၊ ယနေ့ခေတ်ရဲ့ စားသုံးမှု ပုံစံများ ပြောင်းလဲ တိုးတက်လာတာနဲ့ အတူ ကမ္ဘာ့ အဆင့်အတန်းဝင် တန်းမြင့်ဆန် များကြိတ်ခွဲနိုင်ရေးအတွက် ခေတ်မီ ဆန်စက်များ  တည်ဆောက်ရေးဟာ အင်မတန်အရေးကြီးတဲ့အခန်းကဏ္ဍမှ ပါဝင်လာနေပြီဖြစ်ကြောင်း၊ လယ်ယာကဏ္ဍ ဖွံ့ဖြိုး တိုးတက် ရေးကို အထောက်အပံ့ ဖြစ်စေရန် အတွက် ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး နဲ့ လယ်ယာသုံး စက်ကိရိယာများ၊ လယ်ယာသုံး စက်ပစ္စည်းများကို ပြည်ပ မှတင်သွင်းခြင်းနှင့် ပြည်တွင်းမှ ထုတ် လုပ်ရောင်းချခြင်းတို့အပေါ် ကျသင့်တဲ့ ကုန်သွယ်လုပ်ငန်းခွန်ကို ကင်းလွတ်ခွင့် ပြုပေးထားပြီးဖြစ်ပါကြောင်း၊ ၂၀၁၁ ခုနှစ် မိုးစပါးများ ထွက် ပေါ်ချိန်မှာစပါးဈေးနှုန်းများ နိမ့်ကျနေ တဲ့အတွက် တောင်သူ လယ်သမားများ ထိုက်သင့်တဲ့ အကျိုးအမြတ် ရရှိစေရေး အတွက် အရန်ဆန်ထားရှိရေး ကြီးကြပ် မှု ကော်မတီကို ဖွဲ့စည်းပြီး မိုးစပါးနဲ့ နွေစပါးများကို ဝယ်ယူပေးခဲ့ပါကြောင်း၊ ယခု ၂၀၁၂ ခုနှစ် မိုးစပါးများ ထွက် ပေါ်လာချိန်မှာလည်း အရန်ဆန်အဖြစ် နဲ့ တင်ဒါခေါ် ဝယ်ယူပေးလျက် ရှိတဲ့ အပြင် စပါးရောင်းချရန် အခက်အခဲ ရှိ နေတဲ့ တောင်သူ လယ်သမားများထံက လည်း အရန်ဆန်ထားရှိရေး ကြီးကြပ်မှု ကော်မတီက စပါးများ တိုက်ရိုက်သွား ရောက် ဝယ်ယူမှုများ ပြုလုပ်ပေးခဲ့ပါ ကြောင်း၊ စပါး ဈေးနှုန်းများကို ကြည့်ရင် ၂၀၁၂ ခုနှစ် နိုဝင်ဘာလ မိုးစပါးများ ထွက်ပေါ်စအချိန်မှာ စပါးတင်း ၁၀၀ လျှင် ၃ သိန်းကျပ် အထက်ရှိခဲ့ရာက ၂၀၁၃ ခုနှစ် ဇန်နဝါရီလဆန်းမှာတော့ စပါးရဲ့အရည်အသွေးအလိုက် အချို့ ဒေသတွေမှာ ၃ သိန်းကျပ်အောက်သို့ ရောက်ရှိခဲ့တာကို တွေ့ရပါကြောင်း၊ ဒါပေမယ့် အရန်ဆန် ဝယ်ယူပေး တဲ့ အတွက် ယခုအခါ ဧရာဝတီ၊ ရန်ကုန်၊ ပဲခူးစပါးဈေးဟာ ၃သိန်း ၅ သောင်းနှင့် အထက်ပတ်ဝန်းကျင်မှာ တည်ငြိမ်နေ ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံရဲ့ ဆန် စပါးဈေးကွက် ဝေစုရရှိမှုနဲ့ ပတ်သက်လို့ တင်ပြရလျှင် လက်ရှိအချိန်မှာ အိမ်နီး ချင်းနိုင်ငံကိုတင်ပို့မှုဟာစုစုပေါင်း တင်ပို့ မှုရဲ့ ၆၀ ရာခိုင်နှုန်းနီးပါးရှိနေတာကို တွေ့ရှိရပြီး၊ အိုင်ဗရီကို့စ်နိုင်ငံကို ဒုတိယ အများဆုံးနဲ့ ၁၆ ရာခိုင်နှုန်း ကျော် တင်ပို့ထားတာ တွေ့ရှိ ရပါကြောင်း၊ စင်ကာပူနိုင်ငံ၊ ရုရှားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ အိန္ဒိယနိုင်ငံနဲ့ ဂျာမနီ နိုင်ငံများကိုလည်း ဆက်လက်၍ ဈေးကွက် ရှာဖွေ တင်ပို့ လျက်ရှိပါကြောင်း၊ လယ်ယာထွက် ပို့ကုန်သီးနှံများထဲ က အဓိကဖြစ်တဲ့ ပဲမျိုးစုံ ဈေးကွက်ရရှိ မှုကို ကြည့်ရင် အိန္ဒိယနိုင်ငံကို အများ ဆုံး တင်ပို့လျက်ရှိပြီး၊ တရုတ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ ထိုင်း နိုင်ငံ၊ မလေးရှားနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ နဲ့ ဂျပန်နိုင်ငံများကို တင်ပို့လျက်ရှိပါ ကြောင်း၊ ဂျပန်နိုင်ငံအနေနဲ့ အရည် အသွေးမြင့် လယ်ယာထွက်သီးနှံများကို အဓိကဝယ်ယူတာ ဖြစ်တဲ့အတွက် အဆင့်မီပဲခွဲစက်များ၊ အခွံချွတ်စက်များ တပ်ဆင်နိုင်အောင် ကြိုးပမ်းပြီး တန်ဖိုး မြှင့်ပို့ကုန်(Value Added)များ တင်ပို့ သွားနိုင်အောင် ဆောင်ရွက်ရမှာဖြစ်ပါ ကြောင်း၊ အလားတူ အခြားလယ်ယာ ထွက် ပို့ကုန်သီးနှံများကိုလည်း ပြည် တွင်းမှာ အဆင့်မြှင့်တင် ပြုပြင်တင်ပို့ သွားနိုင်ခြင်းအားဖြင့် နည်းနည်းပို့ပြီး၊ ဝင်ငွေများများ ရရှိလာနိုင်တဲ့ အခြေ အနေကို ရောက်ရှိနိုင်မှာ ဖြစ်ပါကြောင်း၊ လက်ရှိ တင်ပို့တဲ့ ဆန်အရည် အသွေးကို ကြည့်ရင် ဧည့်မထ ၂၅ ရာခိုင်နှုန်းတန်း နိမ့်ဆန်က ၈၀ ရာခိုင် နှုန်းခန့် ပါဝင်နေပြီး၊  Super Quality ဆန်အမျိုးအစားနဲ့ ပေါင်းဆန် (Parboiled Rice) တင်ပို့မှုက နည်းနေသေး တဲ့အတွက် ဝင်ငွေလည်း နည်းနေသည် ကို တွေ့ရှိရပါကြောင်း၊ ဒါကြောင့် အဆင့်မြင့် ဆန်များ တင်ပို့နိုင်ရေး အတွက် အရည်အသွေးကောင်း စပါး မျိုးများ စိုက်ပျိုး ထုတ်လုပ်နိုင်အောင် ဆောင်ရွက်ခြင်း၊ ခေတ်မီ သိုလှောင်ရုံ များ တည်ဆောက်ခြင်းများ အပြင် ခေတ်မီ ဆန်စက်များ တည်ဆောက်နိုင် အောင် ကြိုးပမ်း ဆောင်ရွက် သွားရမှာ ဖြစ်ကြောင်း ပြောကြားသည်။ ပြည်ထောင်စု ဝန်ကြီးမှ ဆက် လက်ပြောကြားရာတွင် ပုဂ္ဂလိကမှ ဆန်စပါးလုပ်ငန်း လုပ်ကိုင်ခွင့်ရရှိလာ ကြလို့ ဆန်စက်သစ်များ တည်ဆောက် ခြင်း၊ ဆန်စက် ပြုပြင် မွမ်းမံခြင်းများကို ပြန်လည်ဆောင်ရွက်ခဲ့ရာမှာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် (ဖေဖော်ဝါရီလ) အထိ ဆန်စက်သစ်ပေါင်း ၂၉၃ စက် တိုးချဲ့ ဆောင်ရွက်ခဲ့သော်လည်း အသစ် တည်ဆောက်တဲ့ စက်ထဲမှာ စူပါ ၅ ရာခိုင်နှုန်း၊ စူပါ ၁၀၀ ရာခိုင်နှုန်း ကြိတ်ခွဲနိုင်သောစက်မှာ ၂၅ စက်သာ ပါဝင်ပြီး၊ စက်စွမ်းအားအရ မှာလည်း တန် ၄၀ နှင့်အထက် ၃၃ စက်သာပါ ရှိခဲ့တာကို တွေ့ရကြောင်း၊ သမားရိုးကျစက်များနဲ့ကြိတ်ခွဲရာ မှာ စပါးတင်း ၁၀၀ ကို ၂၅ ရာခိုင်နှုန်း ဆန်အဆင့်ကြိတ်ခွဲရင် ၃၄-၃၅တင်း သာရရှိခဲ့ရာမှ ခေတ်မီဆန်စက်များ အသုံးပြုကြိတ်ခွဲတဲ့အခါ ၃၇-၃၈ တင်း အထိ တိုးမြှင့်ရရှိလာသည့်အပြင် ဆန် အရည်အသွေးမှာလည်း ဆန်မျက်နှာ ပြင် ချောမွေ့တောက်ပြောင်ပြီး၊ နိုင်ငံ တကာ ဈေးကွက်တွင် ဈေးနှုန်းနှင့် အရည်အသွေးပါ ယှဉ်ပြိုင်ရောင်းချလာ နိုင်မှာဖြစ်ကြောင်း၊ ဒါကြောင့်မို့ မြန်မာ့ဆန် အရည် အသွေး မြှင့်တင်ဖို့နဲ့ ဆန်ထွက်နှုန်းပိုမို ရရှိလာဖို့ ခေတ်မီ ဆန်စက်သစ်များ တည်ထောင်ခြင်း၊ ဆန်စက်ဟောင်းများ အဆင့်မြှင့်တင်ဖို့ကို မဖြစ်မနေ ဆောင် ရွက်သွားရမှာ ပဲ ဖြစ် ပါကြောင်း၊ ခေတ်မီ ဆန်စက်များနဲ့ တွဲဖက်ပြီး ခေတ်မီစပါး သိုလှောင်ရုံများ၊ စပါးအခြောက်ခံစက် များကိုလည်း ထည့်သွင်းတည်ဆောက် သွားဖို့ လိုအပ်ပါကြောင်း၊ ယခုအခါ ကမ္ဘာ့ဈေးကွက်မှာ ပေါင်းဆန် ဝယ်အား တက်နေတဲ့ အတွက် Parboiled Rice များကြိတ်ခွဲ ထုတ်လုပ်နိုင်တဲ့ ပေါင်းဆန်စက်များကို လည်း ခေတ်မီစက်များနည်းတူ တပြိုင် တည်း တိုးမြှင့်တည်ဆောက် သွားရမှာ ဖြစ်ပြီး၊ လက်ရှိ ပေါင်းဆန်စက် ၁၀ လုံးရှိနေရာက ယခုပြပွဲအပြီးမှာ ပေါင်း ဆန်စက် ၁၀ လုံး တိုးမြှင့် တည်ဆောက် သွားမှာဖြစ်ပြီး၊ ၂၀၁၃ ခုနှစ် အကုန်မှာ ပေါင်းဆန်စက်အလုံး ၃၀ အထိ လည် ပတ်နိုင်အောင်ေ ဆာင်ရွက်သွားဖို့ တိုက် တွန်း ပြောကြားလိုပါကြောင်း၊ အစိုးရသစ် လက်ထက်မှာ ပြည်ပ တင်ပို့မှုပိုင်းနဲ့ပတ်သက်လို့ ဖြေလျော့မှု များစွာ ဆောင်ရွက်ပေးခဲ့တဲ့ အတွက် ဆန်တင်ပို့မှု တိုးတက်လာသလို ပဲမျိုးစုံ တင်ပို့မှုအနေဖြင့်လည်း တိုးတက်လာ တာကိုတွေ့ရှိရမှာဖြစ်ကြောင်း၊ ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတန်ချိန် ၉ ဒသမ ၅၇ သိန်း တင်ပို့နိုင်ခဲ့ရာက နောက်ဘဏ္ဍာနှစ်မှာ တန်ချိန် ၄ ဒသမ ၈၇ သိန်းပိုမိုပြီး တန်ချိန် ၁ ဒသမ ၄၅၄ သန်းအထိ တင်ပို့နိုင်ခဲ့ပါကြောင်း၊ ယခု ဘဏ္ဍာနှစ်တော့ ၂၂.၂.၂၀၁၃ ရက် အထိ တန်ချိန် ၁ ဒသမ ၃ သန်း တင်ပို့ ထားပြီးဖြစ်လို့၊ ကုန်ကြမ်း အတိုင်း တင်ပို့ခြင်းထက် အရည်အသွေးမြင့်တဲ့ ပို့ကုန်တွေအဖြစ် Value Added  ပြုလုပ်တင်ပို့ရန်လိုကြောင်း တွေ့ရှိရတဲ့ အတွက် ယခုလို လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့်စက်ကိရိယာပြပွဲ ပြုလုပ်ရ ခြင်းဖြစ်သည်ကို ထပ်လောင်း ပြော ကြားလိုကြောင်း၊ အထူး မှာကြားလိုသည်မှာ လယ် ယာ ထွက်ကုန် သီးနှံများ၊ ဈေးကွက် တိုးမြှင့် ကုန်သွယ်နိုင်ရေး အတွက် အခြေခံ လိုအပ်ချက်ဖြစ်သည့် မျိုး ကောင်း မျိုးသန့်များ ရရှိအသုံးပြုရေး၊ ၎င်းင်းမျိုးများအတွက် ကျင့်သုံးရမည့် နည်း စနစ်များအတိုင်း စနစ်တကျပြုစုရေး၊ အသုံးပြုရမည့် သွင်းအားစုများ စနစ် တကျ အသုံးပြုရေး၊ ရိတ်သိမ်းရ မည့် ကာလအတွင်း တိကျစွာ လိုက်နာရိတ် သိမ်းရေး၊ အရည်အသွေးမပျက်စေရေး အတွက် စနစ်တကျ သိုလှောင်ရေး၊ အရည်အသွေးမြင့်စက်များဖြင့် ကြိတ်ခွဲ ထုတ်လုပ်၊ ထုပ်ပိုးရေးတို့ ဆောင်ရွက် မှသာ ရရှိပြီးဈေး ကွက်နှင့်  ဈေးကွက် သစ်များ ထိုးဖောက်နိုင်မှာ ဖြစ်လို့၊ ယခုပြပွဲကြီးကို စနစ်တကျလေ့လာ အသုံးချသွားကြပါရန် တိုက်တွန်းပါ ကြောင်း ပြောကြား ခဲ့သည်။ ထိုပြပွဲတွင် ပြည်ပ နိုင်ငံပေါင်း ၉ နိုင်ငံမှကုမ္ပဏီ  ၃၀ ခုမှ လယ်ယာထွက် ကုန်တန်ဖိုးမြှင့်စက်ပစ္စည်းပေါင်း ၁၀၀ ကျော်နှင့် ပြည်တွင်းမှ ထုတ်လုပ်သော စက် ပစ္စည်းများအပါအဝင်ပြသသွားမှာ ဖြစ်ပြီး၊ ပြည်ပ နိုင်ငံလုပ် အလတ်စား ဆန်စက် ၂ စက်ကိုလည်းကြိတ်ခွဲ လည် ပတ် ပြသနိုင်အောင် စီစဉ်ထားရှိ ကြောင်း သတင်းရရှိသည်။
 

Monday, 25 Feb 2013

နိုင်ငံခြားသို့ ရောက်ဖူးသူကဲ့သို့ ကျွန်တော်နိုင်ငံခြားသို့ ပညာတော်သင် မသွားဘူးပါ။ အစည်း အဝေးလည်း မတက်ရောက်ဘူးပါ။ Seminar  လည်း မတက်ရောက် ဘူးပါ။ လေ့လာရေးခရီးလည်း မသွားဖူးပါ။ ဒါပေမယ့် ခပ်ငယ်ငယ် ကတည်းက ရေဒီယို လိုင်းပေါင်းစုံ နားထောင်တယ်။ ခပ်ငယ်ငယ် ကတည်းက ဗိုလ်တထောင်သတင်းစာ၊ နိုင်ငံတကာရေးရာစာစောင် တို့ကို အာသာငမ်းငမ်း ဖတ်ခဲ့ဖူးတယ်။ ဆောင်းပါးရှင် အောင်ဝင့်နဲ့ ဆွေလတ်တို့ရေး တဲ့ နိုင်ငံတကာ ဆောင်းပါး များဟာ ကျွန်တော့် အတွက် အကြိုက်ဆုံးကဏ္ဍ ဖြစ်သွားရတယ်။ ယခုချိန်ထိ သတင်းစာ များ၊ ဂျာနယ်များဖတ် ရင် နိုင်ငံတကာ သတင်းများ လက်မလွတ်တမ်း ဖတ်နေဆဲဖြစ်ပါတယ်။ တီဗွီကြည့်ရင်တောင်မှ သတင်းနဲ့ နိုင် ငံခြား ဇာတ်ကားကို အချိန်ရသလိုကြည့်တတ်ပါတယ်။ နိုင်ငံတော်မှတာဝန်ရှိ ပုဂ္ဂိုလ်များနိုင်ငံခြားသို့ သွားရောက် တဲ့အခါတိုင်း ကျွန်တော်ရဲ့ အလုပ်က သူတို့နိုင်ငံအကြောင်း သိရသလောက်၊ မြင်ရသလောက် ရုပ်/သံမှတစ်ဆင့် မှတ်သားရခြင်းပဲဖြစ်တယ်။ အကျိုးကျေးဇူး ကတော့ နိုင်ငံခြားသို့ကိုယ်တိုင်သွားရသလိုပဲလေ့လာခွင့် ရခြင်းဖြစ်ပါ တယ်။ ၁၉၉၇ ခုနှစ်ခန့်က ကျွန်တော်ရဲ့သူငယ်ချင်းတစ်ယောက် နိုင်ငံခြားကို တာဝန်နဲ့ သွားဖို့အတွက် ကျွန်တော့်ထံ အပြေးအလွှားနဲ့ ရောက်လာပါတယ်။ အကြောင်းကတော့ သူသွားရမဲ့အစ္စရေးနိုင်ငံ အကြောင်း ရှာဖွေ လေ့လာချိန်နည်းတဲ့အတွက် လိုရင်းတိုရှင်းနဲ့ပြည့် ပြည့်စုံစုံ ပြောပြပေးရန် အကူအညီတောင်းခံ လာတာဖြစ်ပါတယ်။ တိုက်ဆိုင်နေလို့လား မပြောတတ်၊ ကျွန်တော်ဟာ အစ္စရေးနိုင်ငံ အကြောင်း အလွန် စိတ်ဝင်စားတဲ့သူ တစ်ဦးဖြစ်ပြီး သူသိလိုတဲ့ အကြောင်းအရာတွေလည်း ကြိုတင်လေ့ လာပြီး ဖြစ်နေတဲ့အတွက် ချက်ချင်း အဆင်ပြေသွားပါတယ်။

ကမ္ဘာ့နိုင်ငံများရဲ့ စားသုံးသူအကာအကွယ်ပေးရေး လုပ်ငန်း အကြောင်းကို နိုင်ငံခြားသို့ မသွားရဘဲ သွားတဲ့လူ များပြောတဲ့ အကြောင်းအရာတွေကို မှတ်သားခဲ့ရပါတယ်။ နိုင်ငံရပ်ခြားမှာနေတဲ့ အသိ မိတ်ဆွေများ ကို မေးမြန်းခဲ့ပါတယ်။ အဲဒီလိုမေးတဲ့မြန်းတဲ့အခါ မှာတော့ ကိုယ့်နိုင်ငံက စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း ဆောင်ရွက်ဖို့တော်တော်လေးလိုနေသေးပါလားဆိုတာ မျက်စိထဲမှာ မြင်ယောင်လာပါတယ်။ ရန်ကုန်မြို့ မှာ ဖွဲ့စည်းထားတဲ့ စားသုံးသူ အကာအကွယ်ပေးရေးအဖွဲ့ရဲ့ လှုပ်ရှားမှုကိုလည်း မျက်ခြည်မပြတ် လေ့လာခဲ့တယ်။ ဒါကြောင့် ကျွန်တော်တို့နိုင်ငံမှာလည်း နိုင်ငံခြား တိုင်းပြည်များလို စားသုံးသူ အကာအကွယ်ပေးရေး လုပ်ကိုင် ဆောင် ရွက် နေတဲ့လူများရှိနေသေးပါလားဆိုတာ သိတဲ့အချိန်မှာအားတက် မိပါတယ်။ ကြိုဆိုတယ်ပေါ့ ဗျာ၊ ဒီထက်အရေးကြီးတာက စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းကို လူအများသိရှိပြီးအလေးအနက် ထား လိုက်နာတတ်ဖို့ ဆိုတာပါပဲ၊ ကျွန်တော်တို့ ဌာနက နိုင်ငံခြား ပြန်ဝန်ထမ်းတွေကိုမေးမြန်းလိုက်၊ သူတို့ပြုစုတဲ့ စာစောင်တွေ ဖတ် လိုက်နဲ့ မိမိဘာသာသုံးသပ်ပြီးဆောင်းပါးတစ်ပုဒ်ရေးရင် ကောင်းမှာပဲ ဆိုပြီး အကြံရလာတဲ့ အတွက် ရေးဖြစ်သွားတာဖြစ်ပါတယ်။ ဂျပန်မှာ ဆေးလိပ် သောက်မိလို့ အချုပ်ထဲဝင်ရတဲ့ အဖြစ်အပျက် တစ်ခု၊ ဆေးလိပ်ကြောင့် လူရဲ့အဆုတ်ကို ဒုက္ခပေးတယ်ဆိုတာ လူအများ သိကြပါတယ်။ ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီ လ ၁၄ ရက်နေ့ထုတ် ကြေးမုံ သတင်းစာပါသတင်းအရ ဥရောပတိုက်မှာ ဆေးလိပ်သောက်တဲ့ အမျိုးသမီးများ ကင်ဆာဖြစ်ပွားမှုအကြောင်း သတင်းတစ်ပုဒ်ဖတ် လိုက်ရပါတယ်။ သတင်းအရ အမျိုးသမီးများ ကင်ဆာရော ဂါဖြင့် သေဆုံးနှုန်း များပြားလာကြောင်း၊ ရင်သားကင်ဆာထက် အဆုတ် ကင်ဆာဖြင့်သေဆုံးမှုပိုမို များပြားလာကြောင်း၊ ဆေးလိပ် သောက်တဲ့ အတွက် အဆုတ်ကင်ဆာဖြစ်ပွားရခြင်းအကြောင်း ပါရှိလာပါ တယ်။  ဆေးလိပ်သောက်တဲ့အတွက် သောက်တဲ့လူတွေတင်မကဘူး၊ မီးခိုး ရှူရှိုက်မိသူလည်း ရောဂါခံစားရ တာ ဖြစ်တယ်လို့ဆိုပါတယ်။ ဂျပန် နိုင်ငံမှာတော့ဆေးလိပ်သောက်တဲ့နေရာကို သတ်သတ်မှတ်မှတ် လုပ် ပေးတယ်လို့ဆိုပါတယ်။ သူတို့နိုင်ငံတွေက အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေမှာ ကူးစက်လွယ်တဲ့ကိစ္စများ မှာအတော်ကို အကာအကွယ် လုပ်ထားကြတယ်ဆိုပဲ။ ဒါကြောင့်သူတို့နိုင်ငံ တွေမှာ ကိုယ့်နိုင်ငံ လို ဆေးလိပ်ကိုကြုံသလိုသောက်မိရင်စောင့်ကြည့်တဲ့ ကင်မရာက တစ် ဆင့် သိသွားတဲ့လုံခြုံရေး အစောင့်တွေ ရောက်လာပြီး လာရောက် အဖမ်းခံရဖို့များနေပါတယ်။ ဒီအခြေအနေကို မသိတဲ့ကျွန်တော်ရဲ့ ညီဝမ်းကွဲတော်သူတစ်ဦး ဂျပန်မှာ အဖမ်းခံရပြီး အချုပ်ထဲ ဝင်ခဲ့ရပါ တယ်။ အများကျန်းမာရေးအတွက် လုပ်သင့် လုပ်ထိုက်တဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်းတစ်ခုပဲဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း ယခုအခါ ဆေးလိပ် မသောက်ရတဲ့နေရာသတ်မှတ် လာတာတွေ့နေရပါတယ်။ အများနဲ့ဆိုင်တဲ့ နေရာတွေ၊ ရုံးခန်းတွေ၊ စာသင်ကျောင်းတွေ၊ ဘုရားကျောင်းကန်တွေ၊ ခရီးသည်တင် ဘတ်စ် ကားတွေပေါ်မှာ ဆေးလိပ် မသောက်ရ သတ်မှတ်ထားတာ လိုက်နာ ဖို့က ပြည်သူတွေရဲ့တာဝန်ဖြစ်ပါတယ်။
 
အမေရိကန်ပြည်ထောင်စုရဲ့ စားသုံးသူ အခွင့်အရေးများလေ့လာမိသမျှ အမေရိကန်ပြည်ထောင်စုဟာ ၁၉၆၂ ခုနှစ်က သမ္မတ ဂျွန်အက်ဖ် ကနေဒီလက်မှတ်ရေးထိုးတဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေ ကိုထုတ်ပြန်ခဲ့ပါတယ်။ အဓိက (၄) ချက်ကို ထုတ်နုတ်ပြီးတင်ပြလိုပါ တယ်။ ပထမ အချက်ကတော့ လုံခြုံစိတ်ချမှုကိုရရှိစေမဲ့အခွင့်အရေး (The right to safety) ၊ ဒုတိယအချက်ကတော့ သတင်း အချက် အလက်များအားပြည့်စုံစွာ ရရှိနိုင်မဲ့ အခွင့်အရေး (The right to be informed) ၊ တတိယအချက်အနေနဲ့ ရွေးချယ်ပိုင်ခွင့်အခွင့်အရေး (The right to choose) ၊ စတုတ္ထအချက်ဖြစ်တဲ့ တိုင်ကြားနိုင်ပြီးစီရင် ဆုံးဖြတ်မှုကိုခံယူနိုင်တဲ့ အခွင့်အရေး(The right to be heard)  တို့ပဲဖြစ်ပါတယ်။ သူတို့နိုင်ငံရဲ့ နှစ်ပေါင်း ၅၀ ကျော်က ဥပဒေဟာ ကျွန်တော်တို့နိုင်ငံကို စားသုံးသူကာကွယ်ရေး ဥပဒေမပြဌာန်းရသေးတဲ့ နိုင်ငံများအတွက်ကိုးကားလို့ ရနိုင်တယ်ဆိုတာ သွားတွေ့ရပါတယ်။
လုံခြုံစိတ်ချရမှု အခွင့်အရေး လုံခြုံစိတ်ချရမှု ရရှိစေမဲ့ အခွင့်အရေးဆိုတာ ကျွန်တော်တို့လို စီးပွားရေးအင်အားကြီးတဲ့နိုင်ငံများက ဝန်းရံထားတဲ့တိုင်းပြည်ငယ်များ အတွက် သူတို့ထုတ်ကုန်ပစ္စည်းများထဲက အန္တရာယ်ပေးနိုင်တဲ့ ကုန် ပစ္စည်းများကို ကာကွယ်ပေးနိုင်တာဖြစ်တယ်။ ဥပမာ ထိုင်းနိုင်ငံကနေ ထုတ်လုပ်တဲ့ မုန့်ပုံးကိုဝယ်ယူလာတယ် ဆိုပါစို့၊ အိမ်ရောက်လို့ ဖွင့် ဖောက်တဲ့အခါမှာ မုန့်ဟာမှိုတက်နေပြီး စားဖို့မသင့်တာမြင်နေရ တယ်ဆိုရင် "လုံခြုံစိတ်ချမှုရရှိစေမဲ့ အခွင့်အရေး-ဥပဒေ" ရဲ့ ပုဒ်မနဲ့ ဝယ်ယူလာတဲ့ဆိုင်ကို တရားစွဲလို့ရတာဖြစ် တယ်။ ရောင်းတဲ့ဆိုင်က လည်း တာဝန်ယူ ဖြေရှင်းပေးရမဲ့ တာဝန်ကို ဥပဒေက ပေးထားတာ ဖြစ်ပါတယ်။
သတင်းအချက်အလက်များ ရရှိနိုင်မည့် အခွင့်အရေး ကျွန်တော်တို့မြန်မာနိုင်ငံရဲ့ စားသုံးသူအကာအကွယ်ပေးရေး ဥပဒေမှာ စဉ်းစားလို့သင့်တဲ့အချက် တစ်ချက်ကတော့ စားသုံးသူများ ဟာ ကိုယ်ဝယ်ယူမဲ့ ကုန်ပစ္စည်းအကြောင်းသိရှိနိုင်တဲ့ အခွင့်အရေးပဲ ဖြစ်ပါတယ်။ အမေရိကန်ပြည်ထောင်စုမှာထင်ရှားတဲ့ ဥပဒေထဲက တစ်ခုဖြစ်ပါတယ်။ သူတို့နိုင်ငံကို အကြောင်းအမျိုး မျိုးနဲ့ ရောက်သွား တဲ့အာရှတိုက်သားများရောက်ရောက်ချင်းသိကြတဲ့သူတို့ရဲ့ ဥပဒေ ပဲ ဖြစ်ပါတယ်။ ကျွန်တော် တို့ နိုင်ငံသားတစ်ယောက်အမေရိကန် ခရီးစဉ်ကပြန်လာခါနီးမှာ စတိုးဆိုင်ကြီးတစ်ဆိုင် ရဲ့ ဈေးအကြီး ဆုံး ကင်မရာ တစ်လုံးကိုဝယ်ဖို့မေးကြည့်လိုက်သတဲ့။ စတိုးဆိုင်မန်နေဂျာ ရောက်ရှိလာပြီး ၎င်း ကင်မရာနဲ့ဆိုင်တဲ့ စာရွက်တစ်ခု ထုတ်ပေးလိုက် တယ်တဲ့။ သေသေချာချာဖတ်ကြည့်တဲ့အခါမှာ " တရုတ်ပြည်တွင် တပ်ဆင် ထုတ်လုပ်သည်"ဆိုတဲ့ စာတန်းလေး တွေ့သွားသတဲ့။ နဂိုက တရုတ်ပြည်က ထုတ်တဲ့ကုန်ပစ္စည်းကိုမှ အထင်မကြီးတတ်တဲ့ မြန်မာ ပြည်သားတစ်ယောက်တော့ အခက်တွေ့နေရပြီ။ နောက်ဆုံး မန်နေဂျာ က "ကမ္ဘာမှာအကောင်းဆုံး အီလက်ထရွန်နစ်ပစ္စည်းဟာ တရုတ်ပြည် က ထုတ်တာပါ"တဲ့ ---- ကျွန်တော်တို့နိုင်ငံမှာ ကိုယ်ဝယ်မဲ့ ကုန် ပစ္စည်းအကြောင်း သိနိုင်ဖို့ ဥပဒေပြဌာန်းချက်မရှိသေးတဲ့ အတွက် ရောင်းတဲ့လူ ပြောချင်ရာပြော တဲ့ ကုန်ပစ္စည်းအညွှန်းနဲ့ပဲ ဝယ်လိုက် ကြရတာဖြစ်တယ်။ တကယ်လို့ ရောင်းတဲ့လူ ပြောတဲ့အတိုင်း မဟုတ်ရင် စားသုံးသူကိုကာကွယ်ပေးမဲ့ ဥပဒေမရှိသေးတဲ့ အတွက် ရောင်းသူနဲ့ ဝယ်သူစကားများကြရ၊ ရန်ဖြစ်ကြရဦးမယ်။
ရွေးချယ်ပိုင်ခွင့် ကျွန်တော်တို့နောက်လေ့လာရမဲ့သူတို့ရဲ့ စားသုံးသူဥပဒေက ရွေးချယ်ပိုင်ခွင့်အခွင့်အရေးပဲ ဖြစ်ပါတယ်။ ကျွန်တော်လွန်ခဲ့တဲ့ (၂၅) နှစ်လောက်တုံးက ရန်ကုန်မြို့လယ်၊ လမ်း (၃၀) နဲ့အနော်ရထာ လမ်းမကြီး တစ်ဝိုက်ရှိ အထည်ရောင်းတဲ့ဆိုင်တွေမှာ ဂျင်းဘောင်းဘီ ဝယ်ဖို့ ဈေးမေးခဲ့ဖူးပါတယ်။ မကြိုက်သေးတာနဲ့အနားက ဆိုင် တစ်ဆိုင် ကို သွားမေးပါတယ်။ စောစောက ဆိုင်မှရောင်းတဲ့သူလာပြီး ကျွန်တော့်ကို ပြဿနာစရှာလေတော့တယ်။ သူ့ဆိုင်မှာမေးပြီး မဝယ်ဘဲ နောက်တစ်ဆိုင်သွားမေးတဲ့အတွက် ပြဿနာလုပ်လာတာ ဖြစ်တဲ့ အတွက် " နောက်ကျတဲ့ခြေထောက်၊ သစ္စာဖောက်" သီအိုရီ အရအမြန်ဆုံးပြေးရတော့တယ်။ တကယ်လို့သာအမေရိ ကန် ပြည်ထောင်စုလို စားသုံးသူမှ ရွေးချယ်ပိုင်ခွင့်ဥပဒေသာ ပြဌာန်းပြီး သားဆိုရင် ကျွန်တော် ထွက်ပြေးစရာ မလိုတော့ဘူးပေါ့။
တိုင်ကြား၍ စီရင်ဆုံးဖြတ်မှု ခံယူနိုင်သည့် အခွင့်အရေး အမေရိကန်ပြည်ထောင်စုရှိ အော်စလိုမြို့က မြန်မာနိုင်ငံသား မိတ်ဆွေတစ်ဦး ရဲ့ ပြောပြဖူးတဲ့အဖြစ်အပျက် တစ်ခုယနေ့တိုင် အမှတ် ရနေဆဲဖြစ်ပါတယ်။ အော်စလိုမြို့ စားသောက်ဆိုင်တစ်ဆိုင်မှာ ဆိုင်ရှင်ရဲ့သားက သူတို့ဆိုင်က ရောင်းတဲ့ အစားအသောက်တွေ စားပြီး ဝမ်းပျက်သွားတယ်တဲ့။ လာရောက်စားသောက်တဲ့ သူတွေထဲက နှစ်ဦးသုံးဦးလည်း ၎င်း တို့ဆိုင်မှာစားသောက်ပြီးဝမ်းတွေ မကောင်း ကြဘူး။ ဒါနဲ့သားဖြစ်သူက သူ့အဖေဆိုင်ရှင်ကို တရားစွဲသတဲ့၊ အဖေ ဖြစ်တဲ့သူကလည်း ကျေကျေနပ်နပ်နဲ့တရားရုံးမှာ သွားရောက် အစစ် ဆေးခံပြီး စားသုံးသူတွေကိုနစ်နာကြေးပေး၊ မြူနီစပယ်ဥပဒေအရ ဒဏ်ငွေ ပေးဆောင်ခဲ့တယ်ဆိုပဲ။ စိတ်ဝင်စားစရာကောင်းတဲ့ သူတို့ရဲ့ စားသုံးသူအကာအကွယ်ပေးရေးဥပဒေတစ်စိတ်တစ်ဒေသဖြစ်ပါတယ်။
ကုလသမဂ္ဂရဲ့ စားသုံးသူ အကာအကွယ်ပေးရေးဆိုင်ရာ အခွင့်အရေးများ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေနဲ့ပတ်သက်လို့ အရှေ့ တောင်အာရှနိုင်ငံများရဲ့ဥပဒေ၊ အခွင့်အရေးတွေ၊ လုပ်ထုံးလုပ်နည်း တွေ မလေ့လာမီ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ချုပ်ရဲ့ စားသုံးသူအကာ အကွယ်ပေးရေး၊ အခွင့်အရေးအကြောင်း ဆွေးနွေးတင်ပြလိုပါတယ်။ ၁၉၈၅ ခုနှစ်ကထုတ်ပြန်အတည်ပြုလိုက်တဲ့ စားသုံးသူ အခွင့်အရေး (၄) ချက်ရှိပါတယ်။ အဲဒါတွေကတော့ အခြေခံလိုအပ်ချက်များ (စား၊ ဝတ်၊ နေရေး၊ ကျန်းမာရေး၊ ပညာရေး) ရရှိပိုင်နိုင်တဲ့အခွင့်အရေး (The right to satisfy basic needs) ၊ ကျေနပ်မှုမရှိတဲ့ကုန်စည်နဲ့ ဝန်ဆောင်မှုများအပေါ် နစ်နာကြေးတောင်းခံနိုင်တဲ့အခွင့်အရေး (The right to redress) ၊ ကုန်စည်နဲ့ဝန်ဆောင်မှုများ အပေါ် မေးမြန်းခွင့်၊ သတင်းအချက်အလက်များရယူပိုင်ခွင့်၊ စားသုံးသူ အခွင့် အရေးများအပေါ် သိရှိခွင့်၊ ၎င်း တို့ကိုဘယ်လို ဆောင်ရွက်နေတယ် ဆိုတာ မေးမြန်းခွင့်  (The right to consumer education)၊ ကျန်း မာရေးနှင့်ညီညွှတ်သော ပတ်ဝန်းကျင်တွင်နေထိုင်လုပ်ကိုင်ခွင့် (The right to access healthy environment) တို့ပဲဖြစ်ပါတယ်။ ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တဲ့ ဒီအခွင့်အရေးများဟာ ကမ္ဘာ့နိုင်ငံ အသီး သီးကို ပြဌာန်းစေချင်လို့၊ လိုက်နာစေချင်လို့ဖြစ်တယ်ဆိုတာ သိသာလှပါတယ်။ ကမ္ဘာ့နိုင်ငံ တော်တော်များများက လိုက်နာမှုအားနည်းေ နတာ တွေ့ရှိရပါတယ်။ အကြောင်းကတော့ ကုလသမဂ္ဂက ထုတ်ပြန်တဲ့အချိန်မှာ "ဝါဆော" စစ်အုပ်စုနဲ့  "နေတိုး"စစ်အုပ်စုတို့ရဲ့ ပြိုင်ဆိုင်မှုများကြောင့် အသက်မဝင်ဘူးလို့ မှတ်ချက်ပေး ရမှာဖြစ်ပါတယ်။ ကုလသမဂ္ဂကို နေတိုးအုပ်စုက ချယ်လှယ်စိုးမိုးတယ်လို့ 'ဝါဆော' အုပ်စုကမြင်နေတဲ့အချိန်ဖြစ်ပါတယ်။ ဝါဆောအုပ်စုက ဆိုဗီယက် ပြည်ထောင်စု အပါအဝင် ကွန်မြူနစ်နိုင်ငံများဖြစ်ပြီးတော့ နေတိုးအုပ်စုကတော့ အရင်းရှင်နိုင်ငံ များဖြစ်ကြပါတယ်။ ဒါပေမယ့် အရှေ့အုပ်စုနဲ့ အနောက်အုပ်စုဆိုတာတွေ မရှိ တော့ တဲ့ နောက်ပိုင်းမှာ ကုလသမဂ္ဂရဲ့ ဒီအခွင့်အရေးတွေ စိတ်ဝင်စားမှုတွေ ရှိလာကြပြီး စားသုံးသူ ကာကွယ်ရေးဥပဒေအနေနဲ့ ပြဌာန်းလာတာတွေတော့ မြင်နေရတာ ဖြစ်ပါတယ်။
မျက်စိမှိတ်၍ ဈေးဝယ်လိုက်ချင်ပြီ နိုင်ငံတော်တော်များများဟာ သူတို့ရဲ့စားသုံးသူပြည်သူတွေ လုံခြုံစွာ ဝယ်ယူစားသောက်နိုင်ရေးကို အလေးထားဆောင်ရွက်တာ ကြားနေရ၊ မြင်နေ ရတာဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ ပို့ကုန်တွေ သူတို့ဆီ ရောက်သွားတဲ့အခါ ဟိုစစ်ဒီစစ်လုပ်တာဟာ တကယ်တမ်းကျတော့ သူတို့ရဲ့စားသုံးသူ အကာ အကွယ်ပေးရေးဥပဒေအရ ဆောင် ရွက်နေကြတာသာဖြစ်ပါတယ်။ တလောက ဟိုးလေးတကျော် ဖြစ်ခဲ့တဲ့ တရုတ်နိုင်ငံထုတ် 'ချယ်ရီ' ကားကို သြစတြေးလျ နိုင်ငံရဲ့ စားသုံးသူ အကာအကွယ်ပေးရေး ဥပဒေအရ စစ်ဆေး တဲ့အခါ ကင်ဆာ ရောဂါ ဖြစ်စေနိုင်တဲ့  ပစ္စည်းပါဝင်တယ်ဆိုပြီး သတင်းထွက်တာဖြစ်ပါတယ်။ ဒီနိုင်ငံတွေကနေ တင်သွင်းခွင့်ပြုလိုက်တဲ့ ကုန်ပစ္စည်းများဟာ ဥပဒေ နဲ့ အညီ စစ်ဆေးထားတဲ့အတွက် စားသုံးသူများက စိတ်ချ လက်ချ ဝယ်ယူနိုင်တာဖြစ်ပါ တယ်။ အခုတော့ ကျွန်တော်တို့ဆီမှာ ဘာကုန်ပစ္စည်းပဲဝယ်ဝယ်  မျက်စိ နှစ်လုံး၊ နားနှစ်ဖက်ကိုဖွင့်ဝယ်ယူပြီးရင် ချက်ချင်းမစားသုံးဘဲ သတင်းနားစွင့်နေရ သေးတာ ဖြစ်ပါတယ်။ ကိုယ်ဝယ်သုံးတဲ့ ပစ္စည်းဟာ အန္တရာယ် ရှိ/မရှိ ဆိုတာ တွေပေါ့။ တကယ်လို့ စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေထွက်ပေါ် လာခဲ့ရင် စားသောက်ကုန် ပစ္စည်းပဲ ဝယ်ဝယ်၊ လူသုံးကုန်ပစ္စည်းပဲဝယ်ဝယ် အနည်းဆုံးတော့ ဈေးသည်ကို အားနာတာ တို့၊ ကြောက်ရွံ့ တာတို့မရှိတော့ဘူး ပေါ့။ ရဲရဲတင်းတင်း ဝယ်လို့ရမှာဖြစ်တယ်။ လာမဲ့ ၂၀၁၅ ခုနှစ် အာဆီယံ နိုင်ငံတွေဟာ စီးပွားရေးအသိုက်အဝန်းထဲကို ဝင်ရောက်ကြတော့မှာ ဖြစ်တဲ့ အတွက် အခြားအာဆီယံနိုင်ငံများနည်းတူ စားသုံးသူအကာအကွယ်ပေး ရေး ဥပဒေရှိကိုရှိလာတော့မှာ ဖြစ်ပါတယ်။ အဲဒီအချိန်ကျရင် ဘာဝယ်ဝယ် မျက်စိ မှိတ်ပြီး ဈေးဝယ်လို့ရတော့မယ်ဆိုတဲ့အကြောင်း ဆွေးနွေးတင်ပြလိုက်ရပါတယ်။

Monday, 18 Feb 2013

ယနေ့ခေတ်ဟာ တိုးတက်မှုအလွန်မြန်ဆန်တဲ့ ခေတ်ကြီးဖြစ်ပါ တယ်။ မနေ့ကထက် ယနေ့ဟာ ပိုမိုတိုးတက်ပြီး ယနေ့ထက် မနက်ဖြန်ဟာပိုမိုတိုးတက်မှာဖြစ်ပါတယ်။ အထူးသဖြင့် အီလက် ထရောနစ်ပညာရဲ့ တိုးတက်မှုမှာ အံ့သြဖွယ်ကောင်းလှပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်က ထုတ်လုပ်တဲ့ အီလက်ထရော နစ်ပစ္စည်းတစ်ခုဟာ ယနေ့အချိန်မှာခေတ်မမီနိုင်တော့ခြင်းက တိုးတက်မှုရဲ့ ပြယုဂ်တစ်ခု ပင်ဖြစ်ပါတယ်။ ရုပ်ဝတ္ထု ပိုင်းမှာ မည်သည့်ခေတ်ကာလနဲ့မတုူ အရာရာမှာ လျင်လျင်မြန်မြန်ပြောင်းလဲသွားတာကို မြင်တွေ့နေရပါ တယ်။ တိုးတက်ခြင်းဟာလူအများကို အကျိုးပြုနေတယ်လို့ ယေဘုယျအားဖြင့်ပြောနိုင်သော်လည်း အနုတ်လက္ခ ဏာဆောင်တဲ့ တိုးတက်ခြင်းဟာ ကျွန်တော်တို့ကိုသေချာပေါက် အန္တရာယ်ပေး တော့မှာဖြစ်ပါတယ်။

Monday, 4 Feb 2013

အာဂအာရှ ရှေးဟောင်း မာယာလူမျိုးတို့ ရေးဆွဲခဲ့တဲ့ ပြက္ခဒိန်မှာ ၂၀၁၂ ခုနှစ် ဒီဇင်ဘာက နောက်ဆုံး အဖြစ်တွေ့ရှိရပါတယ်။ မာယာလူမျိုးတို့ရဲ့ ပြက္ခဒိန် နောက်ဆုံးရက်က ကမ္ဘာကြီး ပျက်သုဉ်းတော့မဲ့ ပုဗ္ဗနိမိတ်လို တချို့က ခြောက်အိမ်မက်တွေ မက်ခဲ့ ကြပါတယ်။ ဒါပေမဲ့ ဒီနေ့ဒီရက်ကို ကျော်လွန်တဲ့ အထိ ကမ္ဘာကြီးက အလုံးအထည်မပျက် ဆက် လက်တည်တံ့ခဲ့သလို ကမ္ဘာ့လူသားတွေကလည်း ဆက်လက်ပြီးရှင်သန်နေထိုင်ခွင့်ရ ခဲ့ပြီ ဖြစ်ပါတယ်။ ခြောက်အိမ်မက်က နိုးထလာတဲ့ လူသားတို့က ၂၀၁၂ ခုနှစ်က အဖြစ်အပျက်တွေ ပြန်ကြည့်ရင် ၂၀၁၃ ခုနှစ်ကို ဘေးအန္တရာယ် ကင်းရှင်းစွာ မြင် မက်ခွင့်ရခဲ့ပြီ ဖြစ်ပါတယ်။

Friday, 1 Feb 2013

ဆင်ခြင်မိသော မှောင်ခို မှောင်ခိုဆိုသည်မှာ ရောင်းဝယ်ရန် ပိတ်ပင်ထားသော ကုန်ပစ္စည်းကို အ ရောင်းအဝယ်ပြုလုပ်ခြင်းဖြစ်သည်။ ပွင့် လင်းလွတ်လပ်မှုများ ရရှိလာသော ဈေးကွက်စီးပွားရေးစနစ်ကျင့်သုံးလာ သည့် ယနေ့အချိန် အခါတွင်မှု မှောင်ခို ဟုခေါ်ဝေါ်သည်ထက် အများအားဖြင့် တရားမဝင် ကုန်သွယ်မှုဟုသာ ခေါ် လာခဲ့ကြသည်။ သို့သော် သဘောသ ဘာဝအားဖြင့် အတူတူသာဖြစ်သည်။မှောင်ခို(သို့မဟုတ်) တရားမဝင်ကုန် သွယ်မှုနှင့်ပတ်သက်၍ လေ့လာဖတ်ရှုခဲ့ ရသော နိုင်ငံရပ်ခြား အတွေ့အကြုံများ တွင် မူးယစ်ဆေးဝါး၊ လက်နက်နှင့်ရှေး ဟောင်းယဉ်ကျေးမှုဆိုင်ရာ ပစ္စည်းများ ကဲ့သို့ လူအဖွဲ့အစည်းတစ်ရပ်၊နိုင်ငံတစ် နိုင်ငံကို အန္တရာယ်ရှိစေသော ပစ္စည်း များနှင့်  ထိုနိုင်ငံ  လူ့အဖွဲ့အစည်းမှ တန်ဖိုထားသောအရာများ၊ ကာကွယ် စောင့်ရှောက်ရန် လိုသော အရာများ ကိုသာ ဥပဒေများ ထုတ်ပြန်၍ ရောင်း ခြင်းဝယ်ခြင်းတို့ကို  ပိတ်ပင်ဟန့်တား မှုများပြုလုပ်ကြသည်။ ထိုပစ္စည်းများကို အရောင်းအ ဝယ်ပြုလုပ်မှသာ တရားမ ဝင်မှောင်ခို ပြုလုပ်ခြင်းဆိုလျက် ဖမ်းဆီး စစ်ဆေးခြင်း၊ သိမ်းဆည်းခြင်း၊ပြစ် ဒဏ် ပေးခြင်း တို့ကိုပြုလုပ်ကြခြင်းဖြစ်သည်။ တစ်ခါတစ်ရံတွင်မူ လူအဖွဲ့အစည်း အ တွက် သာမန် စားသုံးကုန်၊ လူသုံးကုန် ပစ္စည်းမျိုးဖြစ်သော်လည်း နိုင်ငံအစိုးရ၏ မူဝါဒ လိုအပ်ချက်အရ အခိုက်အတန့် အားဖြင့် ကုန်သွယ်မှု မပြုလုပ်နိုင်ရေး ဟန့်တားကာကွယ်မှုများပြုလုပ်ရသည် မျိုးလည်းရှိသည်။

Monday, 21 Jan 2013

၂၀၁၃ ခုနှစ်ရဲ့နောက်ခံ ၂၀၀၈-၂၀၀၉ ခုနှစ်က ဖြစ်ပွားခဲ့ တဲ့ ကမ္ဘာ့စီးပွားရေး အကျပ်အတည်း ကြောင့်ဖြစ်ရတဲ့ ဒုက္ခသုက္ခတွေကို ကမ္ဘာ့ စီးပွားရေးက အပြီးတိုင် ခွာချနိုင်ခြင်း မရှိ သေးပါဘူး။ ကမ္ဘာ့စီးပွားရေး ဖွံ့ဖြိုးမှု က ၂၀၁၂ ခုနှစ် မှာ ၃ ရာခိုင်နှုန်း နီးပါး ထိ ကျဆင်းခဲ့ပါ တယ်။ ဒါကို ကြည့်ပြီး ငွေကြေးအကျပ် အတည်းဖြစ်ချိန် က စပြီး အခြေအနေအရ ပြန်တွက်ရင် ဒီအောက်ကို ဆက်ကျနိုင်တာကို တွေ့ရ ပါတယ်။ ဒီတိုးတက်မှုနှုန်း ကျဆင်းတာ ကဆက်ပြီး ဖြစ်နေဦးမယ့် သဘောရှိပါ တယ်။ ရင့်ကျက်ပြီး စီးပွားရေးနိုင်ငံတွေ တစ်နည်းအားဖြင့် ဖွံ့ဖြိုးပြီး စီးပွားရေး နိုင်ငံတွေက ၂၀၀၈-၂၀၀၉ ခုနှစ် အကျပ်အတည်းရဲ့ ဒဏ်ရာဒဏ်ချက် တွေကို ကုသနေရဆဲဖြစ်ပါတယ်။ ထွန်း သစ်စ စီးပွားရေးတွေကလည်း ၂၀၁၀ ခုနှစ်နဲ့၂၀၁၁ ခုနှစ်ကလို မဟုတ်ဘဲ ၂၀၁၂ ခုနှစ်မှာ နာလန်မထူနိုင်ဘဲ ရှိနေ ပြီး ၂၀၁၃ ခုနှစ်မှာလည်း ထိုနည်း လည်းကောင်းပဲ ဖြစ်ဖို့ရှိနေပါတယ်။

Monday, 21 Jan 2013

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (Small and Medium Enterprises- SMEs)သည် စီးပွားရေး အသွင် ကူးပြောင်းလျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပါသည်။ ယေဘု ယျအားဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ လယ်ယာမဟုတ်သော စီးပွားရေး ကဏ္ဍများတွင် အလုပ်အကိုင်ဖန်တီးမှုနှင့် ပြည်ပပို့ကုန်တင်ပို့မှုမှ ရရှိသောဝင်ငွေအများစုသည် ှSMEs ကဏ္ဍမှ ပါဝင်လျက်ရှိပါ သည်။ ထု့ိအပြင် နိုင်ငံအများစု၏ ဆင်းရဲနွမ်းပါးမှုလျှော့ချရေး ကြိုး ပမ်းအားထုတ်မှုတွင်လည်း အသေးစားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်မှုသည် အဓိကကျလျက်ရှိပါသည်။  ထို့ ကြောင့် ဈေးကွက် စီးပွားရေးသို့ အသွင်ကူးပြောင်းလျက်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံတစ်ခုဖြစ် သည့် မြန်မာနိုင်ငံ အနေဖြင့်လည်း တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဒေါင့်စုံဘက်စုံမှ ကြိုးပမ်းဆောင်ရွက် နေချိန်တွင် အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်မှုသည် အရေးပါသော မောင်းနှင် အားတစ်ခုဖြစ်ပါသည်။

Pages