Background
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များက လျင်မြန်သောအရှိန်ဖြင့် ရွေ့နေသည်။ ယင်းတို့ထဲမှ ပထမဆုံးသတိပြု လိုက်မိသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး၊ ယခုတော့ လူထု ဗဟိုပြုဖွံ့ဖြိုးရေး(People Center Development) စသည်ဖြင့် ဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာအာရုံစိုက်၍ လူထု၏ အမှန်တကယ် အကျိုးကိုဦး တည်သည့် ပြောင်းလဲမှု လုပ်ငန်းများကို ဆောင်ရွက်ရန် ဟု ဆိုနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ အဓိက စီးပွားရေးမောင်းနှင်အား မှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ တစ်ဖန် ကမ္ဘာ့ရာသီဥတုပြောင်း လဲမှုနှင့် စားနပ်ရိက္ခာဖူလုံရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ တို့အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးတကြီးဆောင် ရွက်ရန်မှာ မိမိတို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ရန်သာရှိ သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ ပါဝင်ပေသည်။ မြန်မာနိုင်ငံ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေး လက်တွင် နေ ထိုင်ကြပြီး ထိုလူဦးရေ၏ အများစုမှာလည်း လယ် ယာစိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်နေသည့်သူများဖြစ်ကြသည်။
ယခု တလော ကုန်သည်လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ(AFTA)ကို စိုးရိမ် ပူပန်မှုတွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကြောင့် မိမိ တို့လုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်ပူပန်မှုတွေ၊ တရားမဝင် မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေနဲ့ တရားဝင်တင်သွင်းမှုဖြစ်သော်လည်း ဈေး ကွက် ပေါက်ဈေးအမှန်ထက်လျှော့ပြတင်သွင်းမှုေ တွကြောင့် ကောင်း ရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအဖို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှု တွေကို ပြောဆိုနေတာ ကြားသိရပါတယ်။
အသီးတို့ရဲ့ ဘုရင် ''အသီးမှာ သရက်၊ အရွက်မှာ လက်ဖက်"လို့ မြန်မာ့ဆိုရိုးရှိသလို သစ်သီး အမျိုးမျိုးထဲမှာ သရက်သီးက ''အသီးတို့ရဲ့ဘုရင်" အဖြစ်လည်း နိုင်ငံတကာက အသိအမှတ်ပြုကြပါတယ်။ ကမ္ဘာ့တစ်ဝန်းလုံးမှာ တစ်နှစ်ကို သရက်သီးတန်ချိန် သန်း ၄၀ ခန့်ထုတ်လုပ်တဲ့အနက် အိန္ဒိယက တန်ချိန် ၁၃ သန်းကျော်နဲ့ ကမ္ဘာမှာ အများဆုံးထုတ်လုပ်သူဖြစ်ပြီး တရုတ်က တန်ချိန် ၄ သန်းဝန်းကျင်နဲ့ ဒုတိယ ပါကစ္စတန်က တန်ချိန် ၂ သန်းကျော်နဲ့ တတိယအများဆုံး ထုတ်လုပ်ပါတယ်။ အဲဒီနောက်မှာ မက္ကစီကို၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်တို့ ကလည်း ကမ္ဘာ့သရက် သီးထုတ်လုပ်မှု အများဆုံး ၁၀ နိုင်ငံထဲမှာ အပါအဝင်ဖြစ်ပါတယ်။
အရှေ့အာရှမှာရှိတဲ့ ကျွန်းနိုင်ငံတစ်ခုဖြစ်တဲ့ ဂျပန်နိုင်ငံဟာ ပစိဖိတ်သမုဒ္ဒရာထဲမှာတည်ရှိပါတယ်။ ဂျပန် နိုင်ငံဟာ အရှေ့တောင် အာရှနိုင်ငံများအဖွဲ့ (အာဆီယံ) နှင့် ပုံမှန်ဆက်သွယ်ဆောင်ရွက်မှု များ ၁၉၇၃ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပြီးနောက် ၁၉၇၇ ခုနှစ်မှာ အာဆီယံ-ဂျပန် ဖိုရမ်ကျင်းပခြင်းဖြင့် အာဆီယံနိုင်ငံများနှင့် ဂျပန် နိုင်ငံတို့အကြား ဆက်သွယ်ဆောင်ရွက်မှုများ ပိုမိုတိုးတက်လာတယ် လို့ သိရှိရပါတယ်။ အဲဒီအချိန်မှစ၍ အာဆီယံ-ဂျပန် ဆက်သွယ် ဆောင်ရွက်မှုများ၊ နိုင်ငံရေး-လုံခြုံရေး၊ စီးပွားရေး- ဘဏ္ဍာရေးမှစ၍ လူမှု-ယဉ်ကျေးမှု စသည့်ကဏ္ဍများတွင် သိသာထင်ရှားသော တိုး တက်မှုများရရှိလာခဲ့တာ ဖြစ်ပါတယ်။
မြေသျှိုးမိုးပျံ သမိုင်းအစဉ်အလာနှင့်ယဉ်ကျေး မှုအပြုအမူများကိုကြည့်၍ ရှေးကာလ များကတည်းက နဂါးဟု အတင်စားခံရ သော တရုတ်နိုင်ငံသည် ပညတ်သွားရာ ဓာတ်သက်ပါသကဲ့သို့ ဖြစ်လာနေပေ သည်။ နဂါးဆိုသည်ကား တွားသွား သတ္တဝါတစ်မျိုးဖြစ်သည့် မြွေအမျိုး အစားထဲတွင် ပါဝင်သည်ကို ဖတ်ဖူး၏။ မြွေသည် တွင်းအောင်းသတ္တဝါတစ်မျိုး ဖြစ်ပြီး လူတို့အတွက် အလွန်အန္တရာယ် ရှိသော၊ အလွန်အသုံးဝင်သော အဆိုး၊ အကောင်း အရည်အချင်းနှစ်မျိုးစလုံး ပိုင်ဆိုင်ထားသည့် သတ္တဝါဖြစ်သည်။ ယခု တရုတ်တို့ကို တင်စားထားသည့် မြွေအမျိုးအနွယ်အဝင် တင်စားခံ နဂါး သတ္တဝါသည် မြွေကဲ့သို့ တွင်းသာ အောင်းသည့် မြေသျှိုးသတ္တဝါသာ မဟုတ်။ ဒဏ္ဍာရီလာ နဂါးတို့၏ စွမ်း ရည်အတိုင်း မိုးကောင်းကင်သို့ ပျံတက် နိုင် သည်။ မြေအောက်သယံဇာတများ ကို မည်သို့ ထုတ်လုပ်သုံးစွဲမည်၊ ကမ္ဘာ ပတ်လည်ခြေရာချင်းထပ်အောင်လျှောက် ၍ ဈေးကွက် များ မည်သို့ဖော်ဆောင် ရမည်၊ အာကာသသို့တက်၍ စူးစမ်း လေ့လာမှုများ မည်သို့ပြုလုပ်မည် စသဖြင့် ရေ၊ မြေ၊ လေ၊ အာကာသ နယ်ပယ်ပေါင်းစုံရှိ တရုတ်တို့၏ လှုပ်ရှား မှုများက နဂါးတို့၏ သရုပ်လဏ္ခာများ ကို ဖော်ပြနေသည်။ ထို့ကြောင့် တရုတ် နဂါးတို့ မြေသျှိုးမိုးပံျနိုင် စွမ်းရည်များပြ သနေပြီလောဟု စဉ်းစားမိသည်။
ကမ္ဘာ့မြေပဲထက်ဝက်ခန့်ကိုသာ ဆီအတွက်အသုံးပြုကမ္ဘာမှာ အသုံးများတဲ့ဆီ ၁၀ မျိုးခန့်မှာ အပါအဝင်ဖြစ်တဲ့ မြေပဲဆီကို တစ်နှစ်ကမ္ဘာ့စားသုံးမှုက တန်ချိန် ၄ ဒသမ ၈၂ သန်း ခန့်ရှိပါတယ်။ အသုံးအများဆုံး စားအုန်းဆီနဲ့ပဲပုပ်ဆီတွေကို ဟင်း ချက်ဆီ၊ အလှကုန်မှအစ ဇီဝလောင်စာဆီအထိ အသုံးများပေမဲ့ မြေပဲ ဆီကိုတော့ စားသုံးဖို့သာအသုံးများပါတယ်။ မြေပဲအနေနဲ့ပြောရရင် တော့ မြေပဲအစိုအတောင့် အပြုတ်စားသလို၊ အတောင့်အခြောက်ကို လှော်ခြင်း၊ မြေပဲအဆန်ကို သွားရေစာမုန့်အမျိုးမျိုးအဖြစ် စားသုံး ကြတဲ့အတွက် စုစုပေါင်း မြေပဲထုတ်လုပ်မှုရဲ့ ထက်ဝက်နီးပါးခန့်ကို မုန့်အမျိုးမျိုးနဲ့ သွားရေစာအဖြစ် မြေပဲဆန်ကိုအသုံးပြုပြီး မြေပဲထက် ဝက်ကျော်သာ မြေပဲဆီအဖြစ် အသုံးပြုတယ်လို့သိရပါတယ်။
ခေတ်မီစက်မှုနိုင်ငံ ထူထောင်ရန်နှင့် လူမှုစီးပွားရေးဆိုင်ရာ အခြေခံအဆောက်အဦများ၊ စက်မှုကုန်ထုတ်လုပ်ငန်းများဖွံဖြိုးတိုးတက်ရန် အတွက် လျှပ်စစ်ဓာတ်အားသည် မရှိမဖြစ် လိုအပ်သည်။ ပြည်သူတို့၏ နေ့စဉ် လူနေမှုဘ၀ ပြောင်းလဲလာ သော အခြေအနေများအရ လျှပ်စစ်စွမ်းအား လိုအပ်ချက်သည်လည်း နေ့စဉ်နှင့် အမျှ တိုးတက်လျက်ရှိပါသည်။ ထို့အပြင် ဆင်းရဲနွမ်းပါးမှု လျှော့ချရေးနှင့် ကုလ သမဂ္ဂ၏ထောင်စုနှစ်ရည်မှန်းချက်များတွင်လည်း လူနေမှုအဆင့်အတန်း မြင့်မား ရေးအတွက် လျှပ်စစ်စွမ်းအား အသုံးပြုမှုနှင့်ပတ်သက်၍ ရည်မှန်းချက်များကို ညွှန်းကိန်းများဖြင့် သတ်မှတ်ထားပါသည်။
ပုံမှန်တင်သွင်းသူများ လိုင်စင်လျှောက်ထားမှု လျှော့လာ ၂၀၁၁ မေ ကနေ စပြီး၊ လုပ်ငန်း ရှင်တွေကို ပြည်ပက စားအုန်းဆီများ လွတ်လွတ်လပ်လပ် တင်သွင်းခွင့် ပြုပြီးတဲ့နောက် တင်သွင်းကုမ္ပဏီများမှ အလှည့်ကျစနစ်နဲ့ ရန်ကုန်ဆိပ်ကမ်း ဆီလှောင်ကန်တွေကို တင်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီလို တင်သွင်းခဲ့စဉ်က မိမိတို့ အလှည့်နောက်မကျရေး လိုင်စင် လျှောက်ထားမှုကို မြန်နိုင်သမျှမြန် အောင်ကုမ္ပဏီတွေတန်းစီလျှောက်ထား ခဲ့တာဆိုရင် တစ်လကို ကုမ္ပဏီ ၉ ခုမှ ၁၅ ခု၊ တန်ချိန် နှစ်သောင်းကနေ တန် ၅ သောင်းနီးပါးအထိ လျှောက်ထားမှုရှိ တယ်လို့ သက်ဆိုင်ရာ ဌာနက ထုတ် ပြန်တဲ့ စာရင်းတွေအရ သိရပါတယ်။ ဒါပေမယ့် ဒီဘက် ၂၀၁၂-၁၃ ဘဏ္ဍာ နှစ် အစပိုင်းကနေစပြီး၊ စားအုန်းဆီ တင်သွင်းခွင့် လိုင်စင်လျှောက် ထားမှု က တဖြည်းဖြည်းပါး လာခဲ့ပါတယ်။ ဧပြီလမှာ ကုမ္ပဏီ ၆ ခုက တန်ချိန် ၂ သောင်းကျော် လျှောက်ထားမှု ရှိခဲ့ပေ မယ့် မေလအတွင်းမှာတော့ ကုမ္ပဏီ ၄ ခုက တန် ၃၀၀၀ ကျော်သာ တင်သွင်း ခွင့် လျှောက်ထားလာတာ တွေ့ရပါ တယ်။
ဥရောပသမဂ္ဂနှင့်အမေရိကန်တို့ ၏စီးပွားရေးပိတ်ဆို့မှု(Sanction)သည် မြန်မာ့အထည်ချုပ်လုပ်ငန်းကို နှစ်ပေါင်း များစွာ အထီးကျန်စေခဲ့သည်။ ထိုကဲ့သို့ အထီးကျန်စေခဲ့သည့်မြန်မာ့အထည်ချုပ် လုပ်ငန်းသည် နိုင်ငံတော်အစိုးရသစ် ၏ ပြောင်းလဲ ကျင့်သုံးခဲ့သည့်မူဝါဒအသစ် နှင့်အတူ ပြန်လည်ရှင်သန်နိုးထတော့ မည်ဖြစ်သည်။
