Background
သတင်းကောင်း နေပြည်တော်ရှိ ရွှေဧည့်သည်ဟိုတယ်တွင် ၂၇-၂-၂၀၁၄ ရက်နေ့မှ ၂၈-၂-၂၀၁၄ ရက်နေ့အထိနှစ်ရက်တာ ကျင်းပ ပြုလုပ်ခဲ့သည့် အပစ်အခတ် စောင့်ကြည့်ရေးဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို စာရေးသူ တက်ရောက်ခွင့်ရရှိခဲ့သည်။ မကြာ တော့မည့် အချိန်ကာလတစ်ခုတွင် နိုင်ငံတော်အစိုးရ(ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီ) နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများ တစ်နိုင်ငံလုံး အတိုင်းအတာအားဖြင့် အပစ်အခတ် ရပ်စဲရေး သဘော တူ ညီချက်ကို လက်မှတ်ရေးထိုးကြတော့မည်ဟု သိရသည်။
အမေရိကန်ပြည်ထောင်စုတွင် ယမန်နှစ် နိုဝင်ဘာလက မိမိသဘောအလျောက်အလုပ်မှနုတ်ထွက်သွားသူအရေအတွက် ၂ရာခိုင်နှုန်း နီးပါး မြင့်တက်ခဲ့သည်။ စီးပွားရေးကျဆင်းချိန် (Recession) ကျော်လွန်ခဲ့ပြီးနောက်တွင် အလုပ်ထွက်နှုန်း အမြင့် ဆုံးဖြစ်နေသည်။ အရေအတွက် ကိန်းဂဏန်းဖြင့် ဆိုလျှင် အလုပ်သမားပေါင်း ၂ဒဿမ၄သန်းအထိ လက်ရှိအလုပ်မှ နုတ်ထွက်ခဲ့ ခြင်းဖြစ်သည်ဟု ဝေါစထရိဂျာနယ်(Wall Street Journal)တွင် ဖော်ပြခဲ့သည်။ ထိုသို့ထွက်သွားကြ သူများထဲတွင် အလုပ်မှအငြိမ်းစားယူလိုက်သူ၊ အခြားတစ်နည်းနည်းဖြင့် ထွက် သွားသူများပါဝင်နိုင်မည် ဖြစ်သော်လည်း အလုပ်ထွက်သူအများ စုမှာ အခွင့်အရေးပိုကောင်းမည့် အလုပ်အကိုင်သစ်များသို့ ပြောင်းရွှေ့သွားကြခြင်းဖြစ်သည်။
ထိုင်းနိုင်ငံ၌ လွန်ခဲ့သော နှစ်ပေါင်း ၅၀-၈၀ တွင် စမွတ်ပရာခန် (Samut Prakan) ၊ ချွန်ဘူရိ (Chon Buri)၊ ရေယောင်း (Rayong) အပါအဝင် မြို့ ပြဧရိယာ၏ အပြင်ဘက်တွင်သာ စက် မှု ဇုန်များကို တည်ထောင်ခဲ့ကြပါသည်။ စက်ရုံများကို မြို့ပြင်သို့ ပြောင်းရွှေ့ကြ သောကြောင့် အလုပ်သမားများနေထိုင် နိုင်ရန် စက်မှုမြို့များကို တည်ဆောက်ခဲ့ ကြပါသည်။ နှစ်ပေါင်းရာပေါင်းများစွာ က မြို့ပြစီမံကိန်းရေးဆွဲသူများ၏ စီမံ ကိန်းများတွင် စက်ရုံများသည် မြို့ အ တွင်း၌ ရှိခဲ့ကြောင်း၊ သို့ဖြစ်ရာ မည်သို့ ပေါင်းစပ်မည်ကို စဉ်းစားရန် ဖြစ်လာခဲ့ ကြောင်း၊ သို့ရာတွင် ယခုအခါ၌ စက်မှု ဇုန်/နယ်မြေစီမံကိန်းရေးဆွဲသူများသည် ဒေသအသိုက်အဝန်းများကို ထည့်သွင်း စဉ်းစားခြင်း မရှိကြောင်း သိရှိရပါသည်။
မြန်မာ့စီးပွားရေး ဦးမော့လာပြီ ဟု အများက သုံးသပ်ပြောဆိုနေကြချိန် တွင် အစုစပ်ကုမ္ပဏီများ ၊ အသင်းများ သည်မိုးဦးကျကာလမြေမှာပေါက်သော မှိုများကဲ့သို့ ဟိုတစ်စ သည်တစ်စ ပေါ် ပေါက်လျက်ရှိပေပြီ။ ယင်းကဲ့သို့ မှိုလိုပေါများနေသော် ငြားလည်း ပြည်သူများလက်ဝယ်သို့ အရောက်ပို့ပေးနေသည့် အများပိုင် ကုမ္ပဏီများကား ပေါ်မလာသေးချေ။သို့သော် ဖေဖော်ဝါရီလ ၂ရက် နေ့တွင်မတော့ မြန်မာ့ရွှေဖွံံ့ဖြိုးတိုးတက် ရေးအများပိုင်ကုမ္ပဏီက ရွှေပြားများကို စတင်ထုတ်လုပ်ရောင်းချသည့်အခမ်း အနားကို ကျင်းပခဲ့သည်။
မြန်မာပြည်မှာ နေသော်လည်း မြန်မာပြည်အနှံ့ရောက်ဖူးသူရှားပါ လိမ့်မည်။ တကယ်တော့ မြန်မာပြည် သည် အရှေ့တောင်အာရှကုန်းမြေပေါ် တွင် အကြီးမားဆုံး၊ အကျယ်ပြန့်ဆုံး နိုင်ငံကြီးဖြစ်ပါသည်။ ထို့ကြောင့် ကျယ် ပြန့်သော နိုင်ငံအနှံ့သို့ ရောက်ဖို့ဆိုတာ မလွယ်ပါ။ ထိုအထဲမှာ ကျွန်တော်လည်း ပါသည်။ ပြည်ပနိုင်ငံ အတော်များများ ရောက်ဖူးသော်လည်း မြန်မာပြည်အနှံ့ မရောက်ဘူးသေးပါ။ မရောက်သေး၍ ရောက်ချင်သော ဒေသတစ်ခုက ချင်း ပြည်နယ်၊ အခုတော့ စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီးရဲ့ခရီးစဉ်မှာ လိုက် ပါပြီး ချင်းပြည်နယ်တစ်ခွင် လေ့လာခွင့် ကြုံခဲ့ရသည်။
ခရစ်သက္ကရာဇ် ၂၀၁၄ ခုနှစ်ရဲ့ ဇန်နဝါရီလကုန်တော့မှာဖြစ်ပါတယ်။ ပြောချင်တာက စိုက်ပျိုးထုတ်လုပ်ထား တဲ့ သီးနှံအတော်များများ ထွက်ရှိသလို ဈေးကွက်ပေါ်မှာလည်း တင်ဆက်ကပြ အသုံးတော်ခံနေကြပြီ ဖြစ်ပါတယ်။ အဲဒီထဲက အခြားသီးနှံတွေ အကြောင်း တော့ထားပါ။ ကိုယ့်အကြောင်းကိုပဲ ပြောချင်တာပါ။
စားသုံးသူ အတော်များများဟာ မိမိတို့နေ့စဉ် ဝယ်ယူသုံးစွဲနေတဲ့ ထုတ် ကုန်ပစ္စည်းတွေမှာ လေးထောင့်ကွက်အ တွင်းမှာ ဒေါင်လိုက်မျဉ်းအထူအပါးများ နဲ့အောက်ခြေမှာ ဂဏန်းများပါဝင်တဲ့ သင်္ကေတ(Bar Code) ပါရှိနေတာ တွေ့မြင်ကြမှာပါ။ ဒါပေမဲ့လို့ ဒီသင်္ကေ တလေးတွေက ဘာကိုဖော်ပြတယ်။ စားသုံးသူတွေအတွက် ဘယ်လိုအရေး ပါတယ်ဆိုတာ သိရှိကြသူနည်းလိမ့်မယ် လို့ယူဆပါတယ်။
ပဲသမားနှင့်ကျောက်သမားဆွေးနွေး ခန်း ပဲသမားနှင့် ကျောက်သမား မိတ် ဆွေ နှစ်ဦး တွေ့ကြသည်။ ကျောက် သမားက "ခင်ဗျားတို့ ပဲလောက က လူ တွေက တစ်ယောက်အိပ်ကပ်ထဲက ပိုက်ဆံကို တစ်ယောက်က ဘယ်လို ယူ ရမလဲဆိုတာဘဲ စဉ်းစားနေတဲ့လူတွေ ပဲဗျ။"အချင်းချင်းအပေါ် သစ္စာမရှိဘူး" ဟုပြောသည်။ ပဲသမားကလည်း အား ကျမခံ "ကျွန်တော်တို့က ပိုက်ဆံပဲယူ တာပါဗျာ၊ ခင်ဗျားတို့ ကျောက်သမား လို လူမသတ်ဘူး"ဟု ပြန်ပြောခဲ့သည်။ စီးပွားရေးနယ်ပယ်နှစ်ခုမှ ပုဂ္ဂိုလ် နှစ်ဦး၏ ဆွေးနွေးချက်များအတိုင်း သက်ဆိုင်ရာနယ်ပယ်တွင် ဖြစ်နေသည် ဟု မဆိုနိုင်သော်လည်း ဖြစ်ခဲ့သည့် သာဓကများရှိခဲ့သည်ကိုတော့ ငြင်း၍ ရမည်မထင်ပါ။
အထက်အညာမှရေဟာ အောက်အကြေအရပ်ကို မြစ်ကြောင်း အတိုင်းစီးဆင်းသွားရာမှာ ရေနဲ့အတူ နှုန်းမြေ အနယ်အနှစ်များ၊ သဘာဝမြေသြဇာများ၊ သဲနှုန်းများ၊အမှိုက်သရိုက်များပါ တစ်ပါတည်း စီးမျှောသွားတတ်ပါတယ်။ ဒီလိုစီးမျောတတ်တဲ့ ပစ္စည်းတွေကို ရေစီးအဟုန်နဲ့ အတားအဆီးရှိခဲ့မယ်ဆိုရင်လဲ သောင်ထွန်းခြင်း၊ မြစ်ကြောင်း တိမ်ကောခြင်း၊ မြစ်ကြောင်းကွေ့ကောက်ပြောင်းလဲ ခြင်းစသည်ဖြင့် မလိုလားအပ်တဲ့ အပိုအလုပ်တွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ ဒီလိုပါပဲကျွန်တော်တို့ဟာခေတ်ရေစီးကြောင်းမှာမျောပါ နေသူ ပါ။ ယခုခေတ်ဟာ ပညာခေတ်နဲ့အတူ တီထွင်မှုတွေဟာလဲ မရပ်မနားတစ်တပ်တစ်အားဆိုသလိုပါပဲ။ ခေတ်အဆက်ဆက် ကြည့်ရင် သိပ်ဝေးနေမှာမို့ နှစ်အဆက်ဆက်ပဲ ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ တစ်သက်လက်လှမ်းမီသရွေ့ပေါ့။ ကျွန်တော်တို့ မူလတန်းကျောင်းနေစဉ်က ကျောက်သင်ပုန်းနဲ့ ကျောက်တံတွေကိုင်ခဲ့ရတယ်။ တစ်ဖက်မှာ ဝလုံးအခြေခံ ကကြီး၊ ခခွေးတွေရေးရင် တစ်သက်လုံး လက်ရေးလှအောင် ဆရာမတွေက သံချွန်နဲ့မျဉ်းတားပေးတတ်ကြတယ်။ ကျောက်တံသွေးစရာ ကျောက် တုံးတွေက ကျောင်းမြောက်ဘက်က မန်ကျည်းပင်ရိပ်မှာပေါ့။ ဒီ ကျောက်သင်ပုန်းနဲ့ ကျောက်တံရဲ့ ကျေးဇူးနဲ့ပဲ မူလတန်းပညာတွေ ရခဲ့တယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်ခေါင်းဆောင်တွေ ပညာတတ်တွေဖြစ် ခဲ့တယ်။ ၁၉၆၇ ခုနှစ်၊ ငါးတန်းရောက်တော့ အထက်တန်းကျောင်း ကိုသွားတက်ရမှာဆိုတော့ ဖောင်တိန်တွေကိုင်ခဲ့ကြရတယ်။ Youth, Kinsin, Parker စတဲ့ ဖောင်တိန်တွေကိုင်ရတယ်။ မင်အိုးထဲက မင်ကိုပိုက်နဲ့ စုပ်ထည့်ကြရတယ်။ ဝီရိယမရှိရင် အတန်းထဲမှာစာလိုက် နေရင်း မင်ကုန်သွားတတ်တယ်။ မင်ခြောက်ထည့်ထားတဲ့ ဘောပင် ဆိုတာမပေါ်သေးတော့ မမြင်ဘူး။ မသုံးဘူးသေးဘူး။ ခုခေတ်ကလေး တွေ ဖောင်တိန်ကို မမြင်ဖူးကြတော့ဘူး။ ၁၉၇၀ ခုနှစ်လောက်ကျမှ BIC ဆိုတဲ့ ဘောပင်ကလေးတွေ ပေါ်လာလို့ စာရေးကိရိယာတစ်ခေတ်ပြောင်း ခဲ့တယ်။ Refill ဆိုတဲ့ မင်ချောင်းအစားထိုးနိုင်တာကနေ တစ်ခါသုံး၊ ကုန်ရင်လွှင့်ပစ်ရတဲ့ တစ်ခါသုံးဘောပင်တွေ ဖြစ်လာကြတယ်။ သူလဲ ခေတ်ရေစီးမှာ ဘယ်လောက်ခံပါ့မလဲ။ ခေတ်သစ်ဆက်သွယ်ရေးနည်းပညာခေတ် ထဲမှာ Paperless ဖြစ်အောင် လုပ်ကြမယ်လို့ ကြုံးဝါးနေကြပြီ။ တစ်ယောက်နဲ့တစ်ယောက် စာရွက်နဲ့ဘောပင်သုံးပြီးစာ မရေးတော့ ဘူး။ ကွန်ပျူတာနက်ဝပ်ကနေ စာတွေပို့မယ်။ ဂျီမေးလ်၊ အီးမေးလ် တွေ ပေးပို့မယ်။ ဓါတ်ပုံတွေသတင်းတွေ ပို့မယ်။ နောင်တစ်ချိန်မှာ စက္ကူစာရွက်ဆိုတာပြတိုက်ထဲမှာခေတ်ဟောင်းကလူ့အသုံးအဆောင် ပစ္စည်းပြခန်းမှာ နေရာယူရတော့မယ်။ ဒီလိုပါပဲ လူ့အသုံးအဆောင်တွေဟာ တီထွင်မှုလှေကြီးတွေ ပေါ်မှာ ခေတ်ရေစီးနဲ့အတူ စီးမျောလာလိုက်တာ- ဖြေဖျော်ရေးပစ္စည်းမှာ - ဓာတ်ပြားခေတ်၊ ရေဒီယို၊ ကက်ဆက်၊ CD, DVD, EVD နဲ့ ယခု အင်တာနက်ခေတ်မှာ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ ထိုင်ရာမထကြည့်လို့ရပြီ။ ဆက်သွယ်ရေး ပစ္စည်းမှာ လက်လှည့်စကားပြောစက်၊ ဒီဂျစ်တယ်ဖုန်း၊ ယခု မိုဘိုင်းဖုန်း၊ အဲဒီမိုဘိုင်ဖုန်းထဲမှာ ဖန်ရှင်က အမျိုးမျိုး၊ ခလုပ်နှိပ်စရာ၊ အချို့ တို့ထိရုံ၊ အချို့အာရုံခံကိရိယာစသည်ဖြင့် တိုးတက်လာလိုက် ကြတာ။ဓာတ်ပုံပစ္စည်းမှာလဲကြည့်ပါအုံး သုံးချောင်းထောက် ကင်မရာ ကြီးတွေနောက်မှာ ခြုံထည်အဝတ်မဲကြီးထဲကနေချိန်ဆပြီး ရိုက်ရာက အဖြူအမဲဖလင်ကင်မရာ၊ ရောင်စုံဓါတ်ပုံကင်မရာ၊ နောက်ဒီဂျစ်တယ် ရောင်စုံကင်မရာ၊ ရုပ်ငြိမ်လှုပ်ရှား ဗွီဒီယိုရိုက်လို့ရတဲ့ ကင်မရာတွေ အမျိုးမျိုးတီထွင်လာခဲ့ကြတယ်။ ခရီးသွားလာရေးမှာလဲ လှည်းခေတ်၊ လှေခေတ်၊မြင်းခေတ်ကနေ ရေနွေးငွေ့ အကြောင်းသိလာရာမှ စက်မှု တော်လှန်ရေးဖြစ်ပြီး၊ အင်ဂျင်အမျိုးမျိုးနဲ့ ကား၊ ရထား၊ လေယာဉ်များ အမျိုးမျိုးအဖုံဖုံ တီထွင်လာကြပါတယ်။ တီထွင်မှု အမျိုးမျိုးကိုပြောရရင် ကုန်အံ့မထင်ပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှေ့ကထွင်ထားသူထက် ပိုပြီးသစ်ဆန်းရေး၊ သူမတူရေး၊ ဖောက်ထွက်ရေးတို့ကို ထည့်သွင်းစဉ်းစားတီထွင်ရင်းနဲ့ လူတွေမှာ အချိန်ကုန်သက်သာစေတယ်။ ကိုယ်တိုင်ထလုပ်စရာ မလိ့ုတော့တဲ့အတွက်ကာယအားစိုက်ထုတ်မှုလျော့ကျစေတယ်။ တစ်နည်းအားဖြင့်ခေတ်ရဲ့တောင်းဆိုမှုကြောင့်ခေတ်နဲ့အညီလိုက် လျောညီထွေပြောင်းလဲလာခြင်းလို့မြင်ပါတယ်။ဒါမှလဲတိုးတက်မှု သရုပ်ကို ဖော်နိုင်မှာပါ။ မလွဲမသွေ ကြိုဆိုရမဲ့ တီထွင်မှုများပါ။ ဥပမာ- မင်အိုးစက်ရုံတို့၊ ဖောင်တိန်စက်ရုံတို့က သူတို့လုပ်သား တွေ ဒုက္ခရောက်ပါတော့မယ်ဆိုပြီး ဘောပင်တီထွင်တဲ့စက်ရုံကို အရေးယူပေးပါလို့ ဆန္ဒပြတိုင်ကြားရင်ဖြစ်ပါ့မလား။ ဒီလိုပါဘဲ ဆိုက်ကား၊မြင်းလှည်းဆရာတွေကကျွန်တော်တို့လည်းဒီမြို့မှာတစ်သက် လုံးနင်းခဲ့ မောင်းခဲ့ပါတယ်ဆိုပြီး၊ ဆိုင်ကယ် ကယ်ရီတွေ သုံးဘီး ဆိုင်ကယ်တွေကို အလိုမရှိဆိုပြီး အပြစ်ရှာနေရင်တော့ ဒီမြို့တိုးတက် ပါ့မလား။ ဖြစ်ရမှာက ဖောင်တိန်စက်ရုံက ဘောပင်ထုတ် နိုင်အောင် တီထွင်ဖို့နဲ့ ဆိုက်ကား၊မြင်းလှည်းသမားတွေက ဆိုင်ကယ်ပေါ်တက် နိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ မြင်းလှည်းသမားတွေ ဆိုင်ကယ်ပေါ်တက်နိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ဖြစ်အောင်လဲ တာဝန်ရှိသူ တွေက သူတို့လိုအပ်တာ အားပေးကူညီရ မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ ဒီအမြင်မျိုးကိုလည်း ရှုမြင်အသုံးချပေးရမှာဖြစ်ပါတယ်။ နိုင်ငံတကာက အစိုးရများ၊ ကုမ္ပဏီကြီးများ၊ တီထွင်ပညာရှင် များ၊ သိပ္ပံပညာရှင်များရဲ့ သမိုင်းမှာ ကျွန်တော်တို့ ဘယ်ကဏ္ဍက နေပါဝင်နေပါသလဲ၊ ကျွန်တော်တို့ဟာ တစ်သက်လုံး ပွဲကြည့်ပရိတ် သတ်လား၊ သူတို့ တီထွင်ဆန်းသစ်ထားတဲ့ ပစ္စည်းအသစ်အဆန်းတွေ ကို ပြည်မထဲတင်သွင်း၊ အမြတ်တင်ရောင်းချ၊ ဒါနဲ့ဘဲ ကျေနပ်နေကြ မှာလား။တီထွင်မှုလှေကြီး ခေတ်ရေစီးနဲ့ စုန်ဆင်းလာတာကို ကျွန်တော်တို့ကမ်းပါးညွှတ်မျှအုတ်အော်သောင်းနင်းဝိုင်းအုံရှုမျှော်ရင်း၊ လက်ခုပ်လက်ဝါးတီးရင်း၊ ဝယ်ယူအားပေးရင်းနဲ့ အသက်တွေအကြီးခံ ရမှာလား။ တီထွင်ဖန်တီးစရာ သယံဇာတတွေ ရှားပါးနေလို့လား ...? နည်းပညာရှင်တွေကဘဲ လက်လှမ်းမမီနိုင်ဘဲ တရားလွန် မြင့်မားနေလိ့ုလား ...? လူ့စွမ်းအားအရင်းအမြစ်တွေကပဲ ဝယ်ပြီးရင်ရောင်းမယ်။ ရောင်းပြီးရင်ထပ်ဝယ်မယ်။ ဒီလိုနဲ့ကြီးပွားတာကို တိုးတက်တယ်ဆိုပြီး ရောင့်ရဲတင်းတိမ်နေကြလို့လား ... ? ငွေကြေးအရင်းအနှီးမရှိလိ့ုလား ... ? သစ်ပင်ကြီးတစ်ပင်ကို ပုဆိန်နဲ့ ခုတ်လှဲတဲ့အခါ ပထမပုဆိန်ချက် ကြောင့်လဲတာမဟုတ်ပါဘူး။ နောက်ဆုံး ပုဆိန်ချက်ကြောင့်လဲတာ လည်းမဟုတ်ပါဘူး။ပထမ၊ဒုတိယ၊ တတိယစတဲ့ ပုဆိန်ချက်ပေါင်းများ စွာကြောင့် သစ်ပင်ကြီးပြိုလဲနိုင်တာပါ။ ဒါ့ကြောင့် ကျွန်တော်တိ့ုလည်း နိုင်ငံတကာ တီထွင်မှုစံနှုန်းတွေနဲ့ အညီ သူတိ့ုလို အသစ်အဆန်းတွေတီထွင် ထုတ်လုပ်သုံးစွဲရောင်းချ လိုတယ်ဆိုရင်ဖြင့် ဌာနတိုင်းအဖွဲ့အစည်းတိုင်းမှာ R & D ဆိုတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ဌာနခွဲတွေကို မလွဲမသွေဖွဲ့စည်းပြီး၊ အဖက်ဖက်ကနေ သုတေသနပြု၊ တီထွင်မှုပြု၊ ပညာရှင်၊ ပညာတတ် တွေကို နေရာပေး၊ အားပေးအားမြှောက်ပြုပေးကြရင်းဖြင့်ခေတ်ရေ စီးကြောင်းထဲမှာ မြန်မာပြည်မှာ လုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်အမှတ် အသားလေးတွေ ပျံ့နှံ့သွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အိန္ဒိယနိုင်ငံ၏ အတန်းပညာရေး အား အောက်ပါအတိုင်း ခွဲခြားထားပါ သည်-(က) မူကြိုအဆင့်။ Pre-primary/ Lower Kindergarten/Upper Kinder garten စသည့်ကျောင်း များဖြစ်ပြီးအသက် (၃)နှစ်မှ (၅) နှစ်အထိ (၂)နှစ် သင်ကြားလေ့ ရှိပါသည်။(ခ) မူလတန်းအဆင့်။ (၄)တန်း သို့မ ဟုတ် (၅)တန်းအထိ သင်ကြား သော Primary ကျောင်းများဖြစ် ပါသည်။(ဂ) အလယ်တန်းအဆင့်။ (၇) တန်း သို့မဟုတ်(၈)တန်းအထိ သင် ကြားသော Upper Primary ကျောင်းများ ဖြစ်ပါသည်။