Background
ရူပီးတန်ဖိုး ကျဆင်းမှုကြောင့် အိန္ဒိယနိုင်ငံရဲ့ စီးပွားရေးကို ထိခိုက်နိုင် လိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေက ဖြစ်သင့် ဖြစ်ထိုက်ကြောင်းနဲ့ ဒီလိုထိတ်လန့်မှု တွေက ရေတိုထိတ်လန့်မှုတွေ ဖြစ်နိုင် ပြီး ဒီအခြေအနေကို ရင်ဆိုင်ဖို့လို လိမ့် မယ်လို့ အိန္ဒိယဝန်ကြီးချုပ် ဒေါက်တာ မန်မိုဟန်ဆင်းက သြဂုတ် ၃၀ ရက်နေ့ ကအိန္ဒိယအထက်လွှတ်တော်မှာ ပြော ကြားခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ ရူပီးငွေကြေးတန်ဖိုး အကြီးအကျယ် ကျဆင်းမှုက လွန်ခဲ့တဲ့ မေလ နောက်ဆုံး ရက်သတ္တပတ်က စတင်ခဲ့တာဖြစ်ပါတယ်။ အိန္ဒိယငွေ ကြေးတန်ဖိုး ရုတ်တရက် တစ်ဟုန်ထိုး ကျဆင်းရတာဟာ ပြင်ပမှာ ဖြစ်နေတဲ့ ဖြစ်ပေါ် တိုးတက်မှု ပယောဂအပေါ် မူတည်ပြီးဈေးကွက်ရဲ့တုံ့ပြန်မှုကြောင့် ဖြစ်ပွားခဲ့ရတာ ဖြစ်တယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံသည် ဒုတိယကမ္ဘာစစ်မဖြစ်မီက ကမ္ဘာပေါ်တွင် ဆန်စပါးအများဆုံး ထုတ်လုပ်ပြီး ပြည်ပသို့ တင်ပို့ရောင်းချသော နိုင်ငံဖြစ်သည်။ ထို့ပြင် ဆန်စပါးမှာလည်း မြန်မာလူမျိုးတို့၏ အဓိကအစားအစာဖြစ်၏။ထို့ကြောင့်လည်း ပြည်ပ သို့ဆန်စပါးတင်ပို့ရောင်းချရာတွင်ထိုင်း၊ဗီယက်နမ် တို့နောက်သို့ ယနေ့ ရောက်ရှိသွားသော်လည်း ဆန်စပါး လုပ်ငန်းသည် တိုင်းပြည်၏ အရေးပါ သော အသက်သွေးကြောသဖွယ် ဖြစ်နေသေး သည်။
ယခု တလော အိမ်ရှင်မတွေ အထူးသဖြင့် နို့တိုက်မိခင်တွေကြားမှာ ရေပန်းစားနေတဲ့စကားလုံးကတော့ နို့ မှုန့်တွေ အရမ်းမတိုက်နဲ့၊ နို့မှုန့်တွေက အန္တရာယ်ရှိတယ်လို့ ဂျာနယ်တွေထဲမှာ ပါတယ်ဆိုတဲ့စကားတွေ၊ နယူးဇီလန်က ထုတ်တဲ့ ဒူးမက်စ်တဲ့။
မြန်မာနဲ့ ဂျီအက်စ်ပီမြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုများကြောင့် အနောက်နိုင်ငံများအနေဖြင့်အသိအမှတ်ပြု လေး စားလာကြပြီး ပိတ်ဆို့မှုတွေအားလုံးနီးပါး ရုပ်သိမ်း ပြီး မြန်မာနိုင်ငံ၏ ပြုပြင်တည်ဆောက်မှုများကို အထောက်အကူပြုစေ ရန်အတွက် ဆောင်ရွက် ပေးလျက် ရှိပါတယ်။
တစ်ချိန်က ဥရောပဒေသက အခြေတင့်အနေတင့်ခဲ့တဲ့ ဒေသတစ်ခု ဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် အနောက် ဥရောပဒေသက စီးပွားရေးဖွံ့ဖြိုးတိုး တက်တဲ့ ဒေသတစ်ခုဖြစ်ခဲ့ပါတယ်။ အထူးသဖြင့် ဂျာမနီ၊ ပြင်သစ်နဲ့ စပိန်စတဲ့ နိုင်ငံတွေက စက်မှုလုပ်ငန်း တွေရှေ့တန်းရောက်ခဲ့တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံ အုပ်စုတွေ ဖြစ်ခဲ့ပါတယ်။
ပဲလောကတို့အိမ်ရှေ့စံ
ဆယ်စုနှစ် နှစ်စုလောက်အတွင်းမှာ မြန်မာ ဟာ ကမ္ဘာမှာ ဒုတိယ(သို့) တတိယပဲ အများဆုံး တင်ပို့ တဲ့ နိုင်ငံဖြစ်လာသလို အာဆီယံ အဖွဲ့ အစည်းမှာတော့ ပဲအများဆုံးတင်ပို့တဲ့ ဦးဆောင် နိုင်ငံဖြစ်ခဲ့တာပါ။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်သွယ်မှု ကဏ္ဍက ပို့ကုန်မှာဆိုရင် သဘာဝဓာတ်ငွေ့ပြီးလျှင် လယ်ယာထွက်ကုန်ဟာ ဒုတိယအများဆုံးဖြစ်ပြီး လယ်ယာထွက်ကုန်ထဲမှာ ပဲဟာ အများဆုံး တင်ပို့ နိုင်ခဲ့တယ်ဆိုတာဖြစ်သလို ပုဂ္ဂလိကကဏ္ဍမှာတော့ ပြည်ပပို့ကုန်အများဆုံးရှာဖွေပေးတဲ့ပို့ကုန်ပစ္စည်း ဖြစ်ပါတယ်
ကုန်သွယ်မှု တိုးမြှင့်ဖို့
နိုင်ငံတော်ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုး တက်မှုအတွက် အဓိက ကျတဲ့နေရာမှာ ပါဝင်နေတာကတော့ ကုန်သွယ်မှုပဲဖြစ် ပါတယ်။ ဒါကြောင့် ကုန်သွယ်မှု လျင် မြန်ချောမွေ့စေရေး၊ ကုန်သွယ်မှုပမာဏ တိုးတက်စေရေး အတွက် စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဟာ မျက်ခြည်မပြတ်စောင့်ကြပ် ဆောင်ရွက် ခဲ့ပါတယ်။ဒီလိုဆောင်ရွက်ရာမှာ ကုန်သွယ်မှု နဲ့ပတ်သက်ပြီး အခက်အခဲ အတားအ ဆီးများ မရှိစေရေးအတွက် မူဝါဒစနစ် ပြောင်းလဲပြင်ဆင်သင့်တာတွေကို မျက် ခြည်မပြတ်အချိန်နဲ့တစ်ပြေးညီပြင် ဆင် ပြောင်းလဲပေးခဲ့တာ ကတော့ စီးပွားရေး လောကအသိုင်းအဝိုင်းတစ်ခုလုံးအသိ ပဲဖြစ်ပါတယ်။
စားသုံးသူ ဆိုတာဟာ ကုန်စည် နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြု နေတဲ့ စားသုံးသူတွေ ကိုယ်တိုင်ပါဝင် သလို ၎င်းတို့ကို ထုတ်လုပ် ရောင်းချ နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ ခြုံပြောရမယ် ဆိုရင် တော့ စားသုံးသူဆိုတာ လူ့အဖွဲ့ အစည်းအတွင်းက လူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဒါကြောင့် စားသုံးသူ အကာ အကွယ်ပေးရေး ဆိုတာဟာ ပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားကို ဥပဒေဘောင် အတွင်းက ကာကွယ် စောင့်ရှောက်ပေးတဲ့ လုပ်ငန်းဖြစ်လို့ အလွန်အရေးပါလှတဲ့ လုပ်ငန်း ဖြစ်ပါ တယ်။ စားသုံးသူ အကာအကွယ် ပေးရေးလုပ်ငန်းတွေကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ဖို့ အစိုးရမှ ဥပဒေများ၊ စည်းမျဉ်းများ ချမှတ်ပြီး ဆောင်ရွက်ပေးဖို့ လိုအပ်သလို စားသုံးသူတွေကလည်း မိမိတို့အခွင့် အလမ်းတွေကို အပြည့်အ၀ သိရှိဖို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ လည်း ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်း အလေ့အထတွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်းတွေကို စီးပွား ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ အဓိက ဆက်သွယ်ဆောင် ရွက်သည့် ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများပါဝင်တဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်း တည်ထောင်ပြီး ဆောင်ရွက် လျက်ရှိပါတယ်။ စားသုံးသူကာ ကွယ် ရေးလုပ် ငန်း ဆောင်ရွက်ရာမှာ စားသုံး သူတွေရဲ့ အကျိုးစီးပွားကို ဥပဒေ ဘောင်အတွင်းမှ အပြည့်အ၀ ကာ ကွယ်စောင့်ရှောက်နိုင်ဖို့အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးစီး၍ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်း ကော်မတီဝင် များနဲ့ ညှိနှိုင်းပြီး စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီး အတည်ပြုထုတ်ပြန်နိုင်ရေး အတွက်လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် လျက်ရှိပါတယ်။ သက်ဆိုင် ရာဝန်ကြီးဌာန အသီးသီးမှလည်း ကဏ္ဍ အလိုက်ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုံ ခြုံစိတ်ချရမှု ဆိုင်ရာဥပဒေများနဲ့တာဝန် ယူဆောင်ရွက်လျက် ရှိကြပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်တဲ့အတွက်၂၀၁၅ ခုနှစ် မတိုင်မီအပြည့်အဝအကောင် အထည် ဖော်ဆောင်ရွက်ရမည့် အာဆီယံစီးပွား ရေး အသိုက်အဝန်း လက်အောက်ရှိ စားသုံး သူအကာအ ကွယ်ပေးရေးကဏ္ဍ က လုပ်ငန်းတွေကို အာဆီယံနိုင်ငံ တွေနဲ့အတူ အကောင်အထည် ဖော် လျက်ရှိပါတယ်။ ကော်မတ်စ်ဂျာနယ်အနေဖြင့် စားသုံးကာကွယ်ပေးရေးနှင့်ပတ်သက် ပြီး ၂၀၁၀ ခုနှစ်လောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရေး သားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု လည်း စားသုံးသူနှင့် မပြည့်ဝသည့် ဝန် ဆောင်မှုဆိုင်ရာနဲ့ အပြစ်အနာအဆာ ပါသော ထုတ်ကုန်များနဲ့ စားသုံးသူ အခွင့်အလမ်းများ ကို လေ့လာ ဖော်ပြ ရ ပြန်ပါပြီ။စားသုံးသူနှင့် မပြည့်ဝသည့် ဝန်ဆောင်မှု စားသုံးသူဆိုတာ မိမိကိုယ်တိုင် သုံးစွဲရန်ဖြစ်စေ၊ မိသားစု သုံးစွဲရန် အတွက်ဖြစ်စေ၊ ပြည်တွင်း သုံးစွဲရန် အတွက်ဖြစ်စေ၊ ကိုယ်တိုင်စားသုံးရန် အတွက် ဖြစ်စေ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို ရယူ အသုံး ပြုနေသူများဖြစ်ပြီး ခရီးသွား ဧည့်သည် များ၊ မိမိတိုင်းပြည်မှ ထွက်ခွာပြီး အခြား မှာနေထိုင်သူများ၊ သံတမန်ဝန်ထမ်း များနဲ့အမြဲတမ်းနေထိုင်သူများ ပါဝင်ပါ တယ်။ စားသုံးကုန်ပစ္စည်းမှာဆိုရင် ဆန်၊ ဆီ၊ သား၊ ငါး အစရှိတဲ့ပစ္စည်းတွေနဲ့ စားသုံးဖို့ စားစရာများ ပါဝင်ပြီး အဝတ် အထည်၊ အသုံးအဆောင်ပစ္စည်းများ လည်း ပါဝင်ပါတယ်။ဝန်ဆောင်မှုများဆိုရင်တော့ နေအိမ်၊ အဆောက်အအုံ ငှားရမ်းတာ တွေ၊အိမ်ခြံမြေ အလှဆင်တဲ့ လုပ်ငန်း တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ် တည်းခိုနေထိုင်တာတွေ၊ ယာဉ်ငှားရမ်း အသုံးပြုတာတွေ ပါဝင်ပါတယ်။ စားသုံးသူရဲ့ အဓိပ္ပာယ် ဖွင့်ဆို ချက်မှာစားသုံးကုန်စည်နဲ့ ဝန်ဆောင် မှုတွေကို ရယူ အသုံးပြုတဲ့သူတွေ လို့ ရှေ့ပိုင်းမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ဝန်ဆောင်မှုမှာယာဉ်ရထား၊ လေယာဉ်၊ သင်္ဘော ငှားရမ်း စီးနင်းတာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ဝန် ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေ သတ် မှတ်တဲ့နှုန်းထားနဲ့ စီးနင်းခွင့်လက်မှတ် ဝယ်ယူပြီး ခရီးကို သွားကြရတာပါ။ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး လုံခြုံ စိတ်ချမှုမရှိတဲ့ ဖြစ်စဉ်လေးတစ်ခုကို တင်ပြချင်ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၂၅ရက်နေ့မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးပါ။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က သတ်မှတ်မိုင် နှုန်းနဲ့ ပိုပြီးမောင်းနှင်လို့ ဟောင်းနွမ်း နေတဲ့ ရှေ့တာယာဘီး ပွင့်ထွက်သွား တော့ အရှိန်မထိန်းနိုင်ဘဲ ကိုးဂွချောင်း တံတားနဲ့ အရှေ့ဘက်လက်ရမ်းတွေ ကို တိုက်မိပြီး ကိုးဂွချောင်းထဲကျ တိမ်း မှောက်သွား တာ ဖြစ်ပါတယ်။ အဲဒီ မတော်တဆမှုမှာ ၁၁ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ နောက်ထပ်ေ သဆုံးတဲ့ သူတွေလည်း ရှိချင်ရှိနေဦးမှာပါ။ ဒါဟာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ဖွင့်လှစ် ပြီးနောက်မှာ အများဆုံးသေဆုံး ဒဏ် ရာရတဲ့ ဖြစ်စဉ်ပါပဲ။ ဒီဖြစ်စဉ်ကို စားသုံးသူ အကာ အကွယ်ပေးရေးအမြင်နဲ့ ကြည့်မယ်ဆို လျှင် ယာဉ်လိုင်းဖွင့်ထားတဲ့ ပိုင်ရှင်က မိမိရဲ့ယာဉ်ကြံ့ခိုင်မှုကိုစစ်ဆေး ကြီးကြပ် ဖို့အားနည်းနေတာလား၊ယာဉ်မောင်းက ရောကိုယ် မောင်းနှင်နေတဲ့ ယာဉ်မှာ ကြံ့ခိုင်မှု မရှိတာကို တာဝန်ရှိသူအဆင့် ဆင့်ကို မတင်ပြလာလား၊ ယာဉ်မောင်း က တင်ပြပါလျက်နဲ့ ပိုင်ရှင်က ပြုပြင် မွမ်းမံမှုတွေကြံ့ခိုင်အောင်လုပ်မပေးတာ လား၊ ယာဉ်မောင်းကရော သတ်မှတ် မိုင်နှုန်းထက်ကျော် လွန် မောင်းနှင်တယ် ဆိုတော့ အရက်သေစာ သောက်စား ထားလို့ မဆင်မခြင်မောင်းနှင်တာလား၊ ဒါမှမဟုတ် နားချိန်မရှိဘဲ ဆက်တိုက် မောင်းနေရလို့ ပင်ပန်းနွမ်းနယ်ပြီး အိပ် ငိုက်လို့ ဖြစ်တာလား ဆိုတာကိုတော့ သက်ဆိုင်တဲ့ ယာဉ်နောက်လိုက်ရယ်၊ ယာဉ်မောင်းရယ်၊ ယာဉ်လိုင်းပိုင်ရှင်တွေ ပဲအသိဆုံးဖြစ်မှာပါ။ ယာဉ်လိုင်းတွေမှာလည်း ယာဉ် လုံလုံလောက်လောက် မရှိလို့၊ ယာဉ် မောင်း လုံလုံလောက်လောက်မရှိလို့၊ စစ်ဆေးချိန်၊ ပြုပြင်မွမ်းမံချိန် မပေးဘဲ တောက်လျှောက်မောင်းနှင်ခိုင်းတာမျိုး ကိုလည်း ကိုယ်တွေ့ကြုံဖူးပါ တယ်။ နေပြည်တော်ကနေ ရန်ကုန်ကိုပြန်တဲ့ ခရီးစဉ်မှာဖြစ်ပါတယ်။ ၁၁၅ မိုင်မှာ ခေတ္တရပ်နားပြီး ရန်ကုန်ကိုဦးတည် ထွက်ခွာလာတဲ့အချိန်မှာယာဉ်မောင်းရဲ့ လက်ကိုင် ဖုန်းမြည်လာပါတယ်။ ယာဉ် မောင်းကလည်း လက်ကိုင်ဖုန်းပြော ရင်းနဲ့ ကားကိုမောင်းနှင်နေပါတယ်။ ယာဉ်မောင်း ပြန်ဖြေတဲ့စကားတွေအရ ဂိတ်မှာကားမရှိ လို့ စာရေးသူတို့ စီးလာ တဲ့ကားကို မြန်မြန်မောင်းပြီး ဂိတ်ကို ပြန်ဝင်ဖို့ တစ်ဖက်က ပြောနေတာကို သိရပါတယ်။ စာရေးသူထိုင်တဲ့ ထိုင် ခုံက နံပါတ် ၇၊ သုံးတန်း မြောက်ခုံမှာ ဆိုတော့ ယာဉ်မောင်းပြန်ဖြေတဲ့ စကား တွေ ကိုကြားပြီး စာရေးသူ တော်တော် စိတ်ပူသွားပါတယ်။ တစ်ဖက်က မြန်မြန်မောင်းပြီး ပြန်လာဖို့ ပြောတာကို ယာဉ်မောင်း က နားထောင်ပြီး အရှိန်မြှင့်မောင်းရင် တော့ ကိုယ်ကျိုးနည်းပါပြီ ဆိုပြီး လမ်း တစ်လျှောက်လုံး သဗ္ဗုဒ္ဓေဂါထာ ကို ရွတ်လိုက်ရတာ ရန်ကုန်ရောက်မှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။ ပြီး တော့ လမ်းမှာက မိုးသည်းသည်း ထန် ထန် ရွာနေတာပါ။ အဲဒါကို တစ်ဖက်က မသိဘဲ ဖုန်းငါးခါလောက် ဆက်ပါ တယ်။ ယာဉ်မောင်းပြန်ဖြေတဲ့ စကား အရ ဘယ်နေရာကို ရောက်နေပြီလဲ ဆိုတာကို မကြာခဏ မေးနေတာပါပဲ။ တစ်ခု ကျေးဇူးတင်ဖို့ ကောင်းတာက ယာဉ်မောင်းကပုံမှန်ပဲမောင်းပြီး မိုးတွေ ရွာနေလို့ဖြည်းဖြည်းလာနေရတာပါလို့ ပြန်ဖြေတာပါပဲ။ ပြီးတော့ရောက် တဲ့ နေရာမေးရင် ဘယ်နေရာလို့ အတိ အကျမဖြေဘဲ ရောက်ခါနီးပြီးလို့ပဲ ဖြေ ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ကြည့်ရင် ဝိသမ လောဘသားတွေက စားသုံးသူ (ခရီး သည်) တွေရဲ့ ဘေးရန်ကင်းရှင်းမှုကို အဓိကမထားဘဲ သူတို့ဂိတ်မှာ ယာဉ်လို အပ်နေတာကို ချက်ခြင်းဖြေရှင်းနိုင်ဖို့ လုပ်လိုက်တာပါပဲ ယာဉ် လိုအပ်နေ တယ်ဆိုရင် အခြားနည်းလမ်းနဲ့ ဖြေ ရှင်းဖို့ ရှိမှာပါ။ ဒါပေမဲ့ စားသုံးသူ (ခရီး သည်) တွေရဲ့အသက် နဲ့ရင်းပြီး တော့ ဖြေရှင်းတာမျိုးတော့ မလုပ်သင့်ပါဘူး။ စားသုံးသူတွေက လုပ်ငန်းရှင်တွေ သတ်မှတ်တဲ့ နှုန်းထားအတိုင်း အပြည့် အဝငွေပေးချေပြီး လိုရာခရီးကို ရောက် ဖို့ ဝန်ဆောင်မှုကို ရယူ အသုံးပြုကြ ပေမဲ့ လုပ်ငန်းရှင်တွေဘက်က မပြည့်၀ တဲ့၊ စိတ်ချရမှု မရှိတဲ့ ဝန်ဆောင်မှု တွေပေးခဲ့လို့ မိသားစုတွေ အများကြီး ဝမ်းနည်းကြေကွဲရတဲ့ဖြစ်ရပ်တွေ မကြာ ခဏကြုံတွေ့နေကြရတာပါပဲ။ မိသားစု တွေ အများကြီး ဝမ်းနည်းကြေကွဲ ရ သလို နိုင်ငံတော်အတွက် အကျိုးရှိမဲ့ နိုင်ငံတော်ကိုအကျိုးပြုနေတဲ့ အင်အား တွေလည်း အကျိုးမဲ့ဆုံးရှုံး ကြရတာပါ ပဲ။ လုပ်ငန်းရှင်တွေ့ရဲ့ မပြည့်ဝတဲ့ ဝန်ဆောင်မှုနဲ့ လုံခြုံစိတ်ချရမှု မရှိတဲ့ ဝန်ဆောင်မှုတွေကြောင့် အပြစ်မဲ့တဲ့ စားသုံးသူတွေ ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မကြုံတွေ့ ရစေဖို့ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း ရှင်တွေ အနေနဲ့ကောင်းမွန်ပြည့်ဝတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားလုပ် ဆောင် ကြဖို့ပါပဲ။အပြစ်အနာအဆာပါတဲ့ ထုတ်ကုန်များနဲ့ စားသုံးသူ အခွင့်အလမ်းများ ကုန်စည်များ ဝယ်ယူရာမှာ အပြစ် အနာအဆာပါလာပါက စားသုံး သူများအနေနဲ့ ပုံမှန် မေးလေ့ရှိ တဲ့ မေးခွန်းက မည်ကဲ့သို့သော ပြန်လည် ကုစားမှုတွေကို ခံစားရမည်နည်းဟူ တဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ကုန်ပစ္စည်းတစ်ခု ပုံမှန် အလုပ်မလုပ်တော့ဘဲရပ်တန့်သွားတာ နဲ့အဲဒီပစ္စည်းဟာစီးပွားရေး အာမခံချက် နဲ့အကျုံးဝင်မဝင်ဆိုတာ ကို ပထမဦး စွာ စဉ်းစားကြသည်မှာ ဓမ္မတာပဲဖြစ် ပါတယ်။ စီးပွားရေး အာမခံချက်ဆိုရာ မှာအများအားဖြင့်ကုန်ပစ္စည်းထုတ်လုပ် သူ သို့မဟုတ်ကုန်သွယ်သူမှစားသုံးသူကို ပစ္စည်း ထုတ်လုပ်ရာမှာ အပြစ်အနာ အဆာပါရှိသွားမှုကြောင့် ပစ္စည်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြဿ နာ ဖြစ်ပေါ်ပါကအခမဲ့ပြင်ဆင်ပေးခြင်း ဖြစ် ပါတယ်။ အချို့ နိုင်ငံတွေမှာ ကုန်သွယ်သူ များအနေနဲ့ စီးပွားရေး အာမခံချက် ပေးဖို့ ဥပဒေအရတာဝန်မရှိပေမယ့် လည်းဥရောပတောင်ပိုင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့မော်လ်တာနိုင်ငံမှာတော့ကုန်သွယ် သူတွေအနေ နဲ့စီးပွားရေး အာမခံချက် ပေးအပ်ဖို့ ဥပဒေအရတာဝန်ရှိပြီး စီးပွားရေးအာမခံချက်ကို ရိုးရှင်းတဲ့ အင်္ဂလိပ်စာ ဒါမှမဟုတ် မော်လ်တာ ဘာသာစကားနဲ့ ဖော်ပြရမှာဖြစ်လို့ စားသုံးသူများအနေနဲ့ မည်ကဲ့သို့ အရေး ဆိုနိုင်ကြောင်းကိုလည်း ရှင်းလင်း စွာဖော်ပြထားရမှာဖြစ်ပါတယ်။ဒါ့ပြင် သီးခြား သတင်းအချက်အလက်တွေ ကိုလည်း စည်းမျဉ်းစည်းကမ်းတွေမှာ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပြီး အာမခံသူရဲ့ အမည်နဲ့ လိပ်စာ၊ အာမခံရရှိတဲ့ ကာလနဲ့ အကျုံးဝင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတို့နဲ့ စပ်လျဉ်း တဲ့ ဖော်ပြချက်တို့လည်းပါ ရှိရမှာ ဖြစ်ပါတယ်။ မော်လ်တာ နိုင်ငံမှာ စားသုံးသူ တို့အနေနဲ့ စီးပွားရေးအာမခံချက်ပေး ထားတဲ့ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူ မိခဲ့ရင် လိုက်နာရမယ့် သီးခြား တာဝန် ဝတ္တရားတွေလည်း ရှိသလို စည်းကမ်း များလည်း ရှိပါတယ်။ ဒီလို မဟုတ်ပါက အာမခံမှုဟာ အကျုံးဝင် လိမ့်မှာမဟုတ် ပါ။ စီးပွားရေး အာမခံချက်က စားသုံး သူများကိုသာ အကာအကွယ် ပေး ထားခြင်းမဟုတ်ပါ။ မော်လ်တာ နိုင်ငံရဲ့ စားသုံးသူအရေး ကိစ္စများဆိုင်ရာဥပဒေ (Consumer Affairs Act) အရအချို့သောအခြေခံ အခွင့်အလမ်း များကို ဖော်ပြထားပြီး ဥပဒေအရ ကုန် သွယ်သူများဟာ စား သုံးသူတို့မှ ကုန်စည်များဝယ်ယူခဲ့လျှင် သင့်လျော် တဲ့ ကုန်စည်များ ဖြစ်ရမှာ ဖြစ်ပြီး အရောင်းအဝယ် စာချုပ်ပါ ဖော်ပြ ချက်များနဲ့ ကိုက်ညီတဲ့ စားသုံးသူ ကုန် စည်များကိုလည်း ရောင်းချဖို့ တာဝန် ရှိပါတယ်။ တကယ်လို့ အဲဒီ တာဝန် တွေကို မလိုက်နာခဲ့ရင် ကုန် သွယ်သူက ကုန်စည်တွေအခမဲ့ ပြင်ဆင်ပေးခြင်း ဒါမှမဟုတ် အစားထိုးပေးခြင်း တို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ၎င်း ဥပဒေအရ ကုန်သွယ်သူ အနေနဲ့ စားသုံးသူအတွက် သက်ဆိုင် ရာ ကုန်စည်ကို ပြင်ဆင်မှု ပြုလုပ်ပေးခဲ့ ရင်လည်းသင့်လျော်တဲ့ အချိန်ကာလ အတွင်းစားသုံးသူအတွက် အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်ပေးရပါမယ်။ အဲဒီလို့မလုပ်ဆောင်နိုင်ပါက စားသုံးသူ မှ ပြင်ဆင်ပေးမှုကို ငြင်းဆိုနိုင်ကာ အစား ထိုးပေးရန် တောင်းဆိုနိုင်ပါ တယ်။ ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှု တို့ ပြုလုပ်ဆောင်ရွက်နိုင်ခြင်းမရှိပါက စားသုံးသူဟာ ကုန်စည်ရဲ့ တစ်စိတ် တစ်ပိုင်း တန်ဖိုးကို ငွေပြန်လည် အမ်း စေခြင်း သို့မဟုတ် စာချုပ်ကို ဖျက် သိမ်းခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ ၎င်းကဲ့သို့ သောကုစားမှုများကို စားသုံး သူ အနေနဲ့ တောင်းဆိုလိုပါက ကုန် စည် ရောင်းချတဲ့နေ့မှ ၂ နှစ်အတွင်း လုပ်ဆောင်နိုင်ပါတယ်။ စားသုံးသူဟာ ကုန်စည်မှာ အပြစ် အနာအဆာတွေ့ရှိ ပြီး ၂ လအတွင်းစာနဲ့ စာချုပ်မှာ ချုပ်ဆိုဖော်ပြထားတဲ့ ကုန်စည်နဲ့ မကိုက် ညီကြောင်းကို ကုန်သွယ်သူကို ရေးသား အကြောင်းကြားရမှာ ဖြစ်ကာ သတ် မှတ်ကာလ ကျော်လွန်ခဲ့ရင် အဲဒီ အခွင့် အလမ်းကို ရရှိမှာ မဟုတ်ပါဘူး။ ဒါ့ပြင် ယင်းဥပဒေအရ ပထမ ၆လ အတွင်း ကုန်စည်မှာ အပြစ် အနာ အဆာတွေ့ရှိရပါက ကုန်သွယ်သူဟာ ကုန်စည် ပြင်ဆင်မှု သို့မဟုတ် အစား ထိုးမှုတို့ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပြီး သို့မဟုတ်ပါက ရောင်းချချိန်မှာ ကုန် စည်က အပြစ်အနာအဆာ မပါရှိ တာ သက်သေပြရမှာ ဖြစ်ပါတယ်။ အခြား တစ်ဖက်မှာလဲ စားသုံးသူအနေနဲ့ ကုန်စည်ကို ဝယ်ယူပြီး ၆ လကျော် ကြာမှအပြစ် အနာအဆာ တွေ့ရှိခဲ့ရင် ကုန်သွယ်သူရဲ့ ကုန်စည်ကို ပြင်ဆင်ပေး ဖို့ သို့မဟုတ် အစားထိုးပေးဖို့ တောင်း ဆို နိုင်ခွင့်ရှိပါတယ်။ သို့ရာတွင်စားသုံး သူ အနေနဲ့ ၎င်းကို အရေးဆိုနိုင်ဖို့ ကုန်စည် ဝယ်ယူကတည်းက ကုန်စည် မှာ အပြစ်အနာအဆာ ပါရှိကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ စားသုံးသူ တွေအနေနဲ့ မိမိရဲ့ ရပိုင်ခွင့်ခံစားပိုင်ခွင့် တွေကိုအမှန်တကယ် သိရှိခြင်းအားဖြင့် ဆုံးရှုံးမှု ထိခိုက်နစ်နာမှုတွေကနေ ကင်း ဝေးမှာ ဖြစ်ကြောင်းပါ။
ယှဉ်တွဲနေသော အခွင့်အလမ်းနှင့် စိန်ခေါ်ချက်
ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ အတွက်နောက်ဆုံး နယ်မြေသစ်ဟုဆို သည့်နေရာ အမှန်တကယ်တွင်လည်း အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ် ကြည့်ပါက ရင်းနှီးမြှုပ်နှံနိုင်စရာ နယ်ပယ်များစွာရှိနေသေးသည့်အာရှ၏ တစ်ခုတည်းသော နယ်မြေ။ ဤ နေရာသည် မည်သည့်နေရာဟုထင် သနည်းဟု ပဟေဋ္ဌိမေးခွန်း ထုတ်စရာ မလိုသည့် အခြေအနေတွင် ရှိနေပြီဖြစ် ၏။ ညွှန်းဆိုနေသည့် အခြေအနေ အချိန်အခါနှင့် နေရာအခင်းအကျင်းမှာ ၂၀၁၁ ခုနှစ်အလွန်ကာလ မြန်မာနိုင်ငံ ၏ အနေအထားပင်။
ပထမ အကြိမ် တရုတ်-တောင် အာရှ ကုန်စည်ပြပွဲနှင့် (၂၁) ကြိမ် မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန်ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင်၂၀၁၃ ခုနှစ်၊ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကား သိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲများ ဖွင့်ပွဲအခမ်း အနားအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ သမဝါယမဦးစီးဌာန မှ ကိုယ်စားလှယ် များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့်အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၂၅၀ ကျော်က အဆိုပါကုန်စည်ပြပွဲတွင်ပါဝင် ဆင်နွှဲခဲ့ ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီ၊ ဒုတိယ ဝန်ကြီးချုပ် မစ္စတာမာခိုင်နှင့် ဖိတ်ကြားထားသည့် အဆိုပါ ဒေသတွင်း နိုင်ငံများမှ သမ္မတ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အတူ တက်ရောက် ခဲ့ပြီး၊ပြပွဲဖွင့်ပွဲအထိမ်းအမှတ် မီးလုံးများကို ပြိုင်တူထွန်းညှိ ဖွင့်လှစ် ပေးခဲ့ကြပြီးေ နာက် ပြခန်း များ အတွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် အဆိုပါပြပွဲ၏ အထူးဧည့်ခန်းမ၌ တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ် ကော်မတီအထွေ ထွေအတွင်းရေးမှူး မစ္စတာချင်းကွမ်း ယုံ နှင့် တွေ့ဆုံခဲ့ပြီး၊နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေး၊ နှစ်ဖက်နယ်စပ်ကုန် သွယ်ရေးကို အခြေခံ၍ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးကိုပိုမိုတိုးမြှင့် ဆောင် ရွက် သွားရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များ တွင် ရင်းနှီးမြှုပ်နှံမှု ပြုရေးတို့နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ညနေ ၁ရး၀၀ နာရီအချိန်တွင် ကူမင်းမြို့ Golden Dr-agon Hotel ၌ယူနန်ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာကောင်ရှုရွှင် နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ ကုန်သွယ်မှု လျင်မြန်ေ ချာမွေ့ စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထူး စီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ေ ရးနှင့် နှစ်နိုင်ငံ ဌာနဆိုင် ရာနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ ကို ဆွေး နွေးခဲ့ကြပါသည်။ ဆက်လက်၍ ၁၈း၀၀ နာရီ အချိန် တွင် တယ်ဟုန်ပြည်နယ်ခွဲ ဒုတိယပါတီ အတွင်းရေးမှူး မစ္စတာဝမ်းကျိချမ်းနှင့် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာစူးဟုန် ထောင် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စများ ကို ဆွေးနွေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၀၈း၀၀ နာရီအချိန်တွင် လင်ချမ်း မြို့ ပါတီအတွင်းရေးမှူး မစ္စလီရှောင်ဖင်း နှင့်မြို့တော်ဝန်မစ္စတာဆိုဖေးတို့ဦးဆောင် သည့်အဖွဲ့အားလက်ခံတွေ့ဆုံ၍ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်နိုင်မည့် အခြေ အနေ များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍၁၀း၀၀ နာရီ အချိန် တွင်လော်စစ်ဝမ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်တာသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး အဆိုပါစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုန်သွယ်မှုဆိုင် ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာ့ ပို့ကုန်ပစ္စည်းများကို UMFCCI မှ မြန်မာပြခန်းဆောင် (၁)ခန်း၊ မြန်မာ နိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ (၅)ခန်း၊ သမဝါယမဦးစီးဌာနမှ (၅)ခန်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းမှ (၄)ခန်း၊ Yathar Cho Co., Ltd. မှ (၁)ခန်း၊ Golden Key Coffee Mix မှ (၁)ခန်း၊ Asia Dragon Handicraft မှ (၁)ခန်း၊ Sin Phyu Daw & Htay Thit Sar မှ (၁)ခန်း၊ Thiri Myanmar Arts & Crafts မှ (၁)ခန်း၊ မြန်မာနိုင်ငံကျောက်မျက်လုပ် ငန်းရှင်များအသင်းမှ (၁၀)ခန်း စုစု ပေါင်းပြခန်း (၃၀)ခန်းတွင်ပါဝင် ပြသခဲ့ ကြောင်း၊ မြန်မာကုန်သည် လုပ်ငန်း ရှင်များမှ မြန်မာ့ပို့ကုန်ပစ္စည်းများဖြစ် သည့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် ကျောက် မျက် ရတနာပစ္စည်းများကိုခန့်ငြားထယ် ဝါစွာ ပြသခဲ့ကြကြောင်း သတင်းရရှိပါ သည်။ ကိုခိုင်
