Background
စားသုံးသူ ဆိုတာဟာ ကုန်စည် နဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူအသုံးပြု နေတဲ့ စားသုံးသူတွေ ကိုယ်တိုင်ပါဝင် သလို ၎င်းတို့ကို ထုတ်လုပ် ရောင်းချ နေတဲ့ စီးပွားရေးလုပ်ငန်းရှင်တွေလည်း ပါဝင်ပါတယ်။ ခြုံပြောရမယ် ဆိုရင် တော့ စားသုံးသူဆိုတာ လူ့အဖွဲ့ အစည်းအတွင်းက လူတွေအားလုံးနဲ့ သက်ဆိုင်ပါတယ်။
ဒါကြောင့် စားသုံးသူ အကာ အကွယ်ပေးရေး ဆိုတာဟာ ပြည်သူတွေအားလုံးရဲ့ အကျိုးစီးပွားကို ဥပဒေဘောင် အတွင်းက ကာကွယ် စောင့်ရှောက်ပေးတဲ့ လုပ်ငန်းဖြစ်လို့ အလွန်အရေးပါလှတဲ့ လုပ်ငန်း ဖြစ်ပါ တယ်။ စားသုံးသူ အကာအကွယ် ပေးရေးလုပ်ငန်းတွေကို ထိထိရောက် ရောက် ဆောင်ရွက်နိုင်ဖို့ အစိုးရမှ ဥပဒေများ၊ စည်းမျဉ်းများ ချမှတ်ပြီး ဆောင်ရွက်ပေးဖို့ လိုအပ်သလို စားသုံးသူတွေကလည်း မိမိတို့အခွင့် အလမ်းတွေကို အပြည့်အ၀ သိရှိဖို့နဲ့ စီးပွားရေး လုပ်ငန်းရှင်တွေ အနေနဲ့ လည်း ကောင်းမွန် တဲ့စီးပွားရေးလုပ်ငန်း အလေ့အထတွေကို လိုက်နာကျင့်သုံးဖို့ လိုအပ်ပါတယ်။ မြန်မာနိုင်ငံမှာ စားသုံးသူ အကာ အကွယ်ပေးရေးလုပ်ငန်းတွေကို စီးပွား ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန် ကြီးဌာနမှ အဓိက ဆက်သွယ်ဆောင် ရွက်သည့် ဌာနအဖြစ် တာဝန်ယူ ဆောင်ရွက်လျက် ရှိပါတယ်။ စားသုံးသူ အကာအကွယ်ပေးရေးလုပ်ငန်းတွေကို ထိရောက်အောင်မြင်စွာ ဆောင်ရွက်နိုင် ရေးအတွက် သက်ဆိုင်ရာ အစိုးရဌာန အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အဖွဲ့ အစည်းများပါဝင်တဲ့ စားသုံးသူ အကာအကွယ်ပေးရေး လုပ်ငန်း ကော်မတီကို ဖွဲ့စည်း တည်ထောင်ပြီး ဆောင်ရွက် လျက်ရှိပါတယ်။ စားသုံးသူကာ ကွယ် ရေးလုပ် ငန်း ဆောင်ရွက်ရာမှာ စားသုံး သူတွေရဲ့ အကျိုးစီးပွားကို ဥပဒေ ဘောင်အတွင်းမှ အပြည့်အ၀ ကာ ကွယ်စောင့်ရှောက်နိုင်ဖို့အတွက် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ဦးစီး၍ စားသုံးသူအကာ အကွယ်ပေးရေးလုပ်ငန်း ကော်မတီဝင် များနဲ့ ညှိနှိုင်းပြီး စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေ (မူကြမ်း) ကို ရေးဆွဲပြီး အတည်ပြုထုတ်ပြန်နိုင်ရေး အတွက်လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက် လျက်ရှိပါတယ်။ သက်ဆိုင် ရာဝန်ကြီးဌာန အသီးသီးမှလည်း ကဏ္ဍ အလိုက်ထုတ်ကုန်နှင့် ဝန်ဆောင်မှု လုံ ခြုံစိတ်ချရမှု ဆိုင်ရာဥပဒေများနဲ့တာဝန် ယူဆောင်ရွက်လျက် ရှိကြပါတယ်။ မြန်မာနိုင်ငံဟာ အာဆီယံအဖွဲ့ ဝင်နိုင်ငံဖြစ်တဲ့အတွက်၂၀၁၅ ခုနှစ် မတိုင်မီအပြည့်အဝအကောင် အထည် ဖော်ဆောင်ရွက်ရမည့် အာဆီယံစီးပွား ရေး အသိုက်အဝန်း လက်အောက်ရှိ စားသုံး သူအကာအ ကွယ်ပေးရေးကဏ္ဍ က လုပ်ငန်းတွေကို အာဆီယံနိုင်ငံ တွေနဲ့အတူ အကောင်အထည် ဖော် လျက်ရှိပါတယ်။ ကော်မတ်စ်ဂျာနယ်အနေဖြင့် စားသုံးကာကွယ်ပေးရေးနှင့်ပတ်သက် ပြီး ၂၀၁၀ ခုနှစ်လောက်ကတည်းက ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး ရေး သားဖော်ပြခဲ့ပြီး ဖြစ်ပါတယ်။ ယခု လည်း စားသုံးသူနှင့် မပြည့်ဝသည့် ဝန် ဆောင်မှုဆိုင်ရာနဲ့ အပြစ်အနာအဆာ ပါသော ထုတ်ကုန်များနဲ့ စားသုံးသူ အခွင့်အလမ်းများ ကို လေ့လာ ဖော်ပြ ရ ပြန်ပါပြီ။စားသုံးသူနှင့် မပြည့်ဝသည့် ဝန်ဆောင်မှု စားသုံးသူဆိုတာ မိမိကိုယ်တိုင် သုံးစွဲရန်ဖြစ်စေ၊ မိသားစု သုံးစွဲရန် အတွက်ဖြစ်စေ၊ ပြည်တွင်း သုံးစွဲရန် အတွက်ဖြစ်စေ၊ ကိုယ်တိုင်စားသုံးရန် အတွက် ဖြစ်စေ၊ ကုန်ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုလုပ်ငန်းများကို ရယူ အသုံး ပြုနေသူများဖြစ်ပြီး ခရီးသွား ဧည့်သည် များ၊ မိမိတိုင်းပြည်မှ ထွက်ခွာပြီး အခြား မှာနေထိုင်သူများ၊ သံတမန်ဝန်ထမ်း များနဲ့အမြဲတမ်းနေထိုင်သူများ ပါဝင်ပါ တယ်။ စားသုံးကုန်ပစ္စည်းမှာဆိုရင် ဆန်၊ ဆီ၊ သား၊ ငါး အစရှိတဲ့ပစ္စည်းတွေနဲ့ စားသုံးဖို့ စားစရာများ ပါဝင်ပြီး အဝတ် အထည်၊ အသုံးအဆောင်ပစ္စည်းများ လည်း ပါဝင်ပါတယ်။ဝန်ဆောင်မှုများဆိုရင်တော့ နေအိမ်၊ အဆောက်အအုံ ငှားရမ်းတာ တွေ၊အိမ်ခြံမြေ အလှဆင်တဲ့ လုပ်ငန်း တွေ၊ ခရီးသွားလုပ်ငန်းတွေ၊ ဟိုတယ် တည်းခိုနေထိုင်တာတွေ၊ ယာဉ်ငှားရမ်း အသုံးပြုတာတွေ ပါဝင်ပါတယ်။ စားသုံးသူရဲ့ အဓိပ္ပာယ် ဖွင့်ဆို ချက်မှာစားသုံးကုန်စည်နဲ့ ဝန်ဆောင် မှုတွေကို ရယူ အသုံးပြုတဲ့သူတွေ လို့ ရှေ့ပိုင်းမှာ တင်ပြခဲ့ပြီး ဖြစ်ပါတယ်။ဝန်ဆောင်မှုမှာယာဉ်ရထား၊ လေယာဉ်၊ သင်္ဘော ငှားရမ်း စီးနင်းတာလည်း တစ်ခု အပါအဝင် ဖြစ်ပါတယ်။ဝန် ဆောင်မှုပေးတဲ့ လုပ်ငန်းရှင်တွေ သတ် မှတ်တဲ့နှုန်းထားနဲ့ စီးနင်းခွင့်လက်မှတ် ဝယ်ယူပြီး ခရီးကို သွားကြရတာပါ။ ဝန်ဆောင်မှုနဲ့ပတ်သက်ပြီး လုံခြုံ စိတ်ချမှုမရှိတဲ့ ဖြစ်စဉ်လေးတစ်ခုကို တင်ပြချင်ပါတယ်။ ၂၀၁၃ ခုနှစ် မေလ ၂၅ရက်နေ့မှာဖြစ်ခဲ့တဲ့ ဖြစ်စဉ်လေးပါ။ ရန်ကုန်-နေပြည်တော် အမြန်လမ်းမှာ ခရီးသည်တင်ယာဉ်က သတ်မှတ်မိုင် နှုန်းနဲ့ ပိုပြီးမောင်းနှင်လို့ ဟောင်းနွမ်း နေတဲ့ ရှေ့တာယာဘီး ပွင့်ထွက်သွား တော့ အရှိန်မထိန်းနိုင်ဘဲ ကိုးဂွချောင်း တံတားနဲ့ အရှေ့ဘက်လက်ရမ်းတွေ ကို တိုက်မိပြီး ကိုးဂွချောင်းထဲကျ တိမ်း မှောက်သွား တာ ဖြစ်ပါတယ်။ အဲဒီ မတော်တဆမှုမှာ ၁၁ ဦးသေဆုံးပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။ နောက်ထပ်ေ သဆုံးတဲ့ သူတွေလည်း ရှိချင်ရှိနေဦးမှာပါ။ ဒါဟာ ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး ဖွင့်လှစ် ပြီးနောက်မှာ အများဆုံးသေဆုံး ဒဏ် ရာရတဲ့ ဖြစ်စဉ်ပါပဲ။ ဒီဖြစ်စဉ်ကို စားသုံးသူ အကာ အကွယ်ပေးရေးအမြင်နဲ့ ကြည့်မယ်ဆို လျှင် ယာဉ်လိုင်းဖွင့်ထားတဲ့ ပိုင်ရှင်က မိမိရဲ့ယာဉ်ကြံ့ခိုင်မှုကိုစစ်ဆေး ကြီးကြပ် ဖို့အားနည်းနေတာလား၊ယာဉ်မောင်းက ရောကိုယ် မောင်းနှင်နေတဲ့ ယာဉ်မှာ ကြံ့ခိုင်မှု မရှိတာကို တာဝန်ရှိသူအဆင့် ဆင့်ကို မတင်ပြလာလား၊ ယာဉ်မောင်း က တင်ပြပါလျက်နဲ့ ပိုင်ရှင်က ပြုပြင် မွမ်းမံမှုတွေကြံ့ခိုင်အောင်လုပ်မပေးတာ လား၊ ယာဉ်မောင်းကရော သတ်မှတ် မိုင်နှုန်းထက်ကျော် လွန် မောင်းနှင်တယ် ဆိုတော့ အရက်သေစာ သောက်စား ထားလို့ မဆင်မခြင်မောင်းနှင်တာလား၊ ဒါမှမဟုတ် နားချိန်မရှိဘဲ ဆက်တိုက် မောင်းနေရလို့ ပင်ပန်းနွမ်းနယ်ပြီး အိပ် ငိုက်လို့ ဖြစ်တာလား ဆိုတာကိုတော့ သက်ဆိုင်တဲ့ ယာဉ်နောက်လိုက်ရယ်၊ ယာဉ်မောင်းရယ်၊ ယာဉ်လိုင်းပိုင်ရှင်တွေ ပဲအသိဆုံးဖြစ်မှာပါ။ ယာဉ်လိုင်းတွေမှာလည်း ယာဉ် လုံလုံလောက်လောက် မရှိလို့၊ ယာဉ် မောင်း လုံလုံလောက်လောက်မရှိလို့၊ စစ်ဆေးချိန်၊ ပြုပြင်မွမ်းမံချိန် မပေးဘဲ တောက်လျှောက်မောင်းနှင်ခိုင်းတာမျိုး ကိုလည်း ကိုယ်တွေ့ကြုံဖူးပါ တယ်။ နေပြည်တော်ကနေ ရန်ကုန်ကိုပြန်တဲ့ ခရီးစဉ်မှာဖြစ်ပါတယ်။ ၁၁၅ မိုင်မှာ ခေတ္တရပ်နားပြီး ရန်ကုန်ကိုဦးတည် ထွက်ခွာလာတဲ့အချိန်မှာယာဉ်မောင်းရဲ့ လက်ကိုင် ဖုန်းမြည်လာပါတယ်။ ယာဉ် မောင်းကလည်း လက်ကိုင်ဖုန်းပြော ရင်းနဲ့ ကားကိုမောင်းနှင်နေပါတယ်။ ယာဉ်မောင်း ပြန်ဖြေတဲ့စကားတွေအရ ဂိတ်မှာကားမရှိ လို့ စာရေးသူတို့ စီးလာ တဲ့ကားကို မြန်မြန်မောင်းပြီး ဂိတ်ကို ပြန်ဝင်ဖို့ တစ်ဖက်က ပြောနေတာကို သိရပါတယ်။ စာရေးသူထိုင်တဲ့ ထိုင် ခုံက နံပါတ် ၇၊ သုံးတန်း မြောက်ခုံမှာ ဆိုတော့ ယာဉ်မောင်းပြန်ဖြေတဲ့ စကား တွေ ကိုကြားပြီး စာရေးသူ တော်တော် စိတ်ပူသွားပါတယ်။ တစ်ဖက်က မြန်မြန်မောင်းပြီး ပြန်လာဖို့ ပြောတာကို ယာဉ်မောင်း က နားထောင်ပြီး အရှိန်မြှင့်မောင်းရင် တော့ ကိုယ်ကျိုးနည်းပါပြီ ဆိုပြီး လမ်း တစ်လျှောက်လုံး သဗ္ဗုဒ္ဓေဂါထာ ကို ရွတ်လိုက်ရတာ ရန်ကုန်ရောက်မှပဲ သက်ပြင်း ချနိုင်ပါတော့တယ်။ ပြီး တော့ လမ်းမှာက မိုးသည်းသည်း ထန် ထန် ရွာနေတာပါ။ အဲဒါကို တစ်ဖက်က မသိဘဲ ဖုန်းငါးခါလောက် ဆက်ပါ တယ်။ ယာဉ်မောင်းပြန်ဖြေတဲ့ စကား အရ ဘယ်နေရာကို ရောက်နေပြီလဲ ဆိုတာကို မကြာခဏ မေးနေတာပါပဲ။ တစ်ခု ကျေးဇူးတင်ဖို့ ကောင်းတာက ယာဉ်မောင်းကပုံမှန်ပဲမောင်းပြီး မိုးတွေ ရွာနေလို့ဖြည်းဖြည်းလာနေရတာပါလို့ ပြန်ဖြေတာပါပဲ။ ပြီးတော့ရောက် တဲ့ နေရာမေးရင် ဘယ်နေရာလို့ အတိ အကျမဖြေဘဲ ရောက်ခါနီးပြီးလို့ပဲ ဖြေ ခဲ့ပါတယ်။ အဲဒီဖြစ်ရပ်ကို ကြည့်ရင် ဝိသမ လောဘသားတွေက စားသုံးသူ (ခရီး သည်) တွေရဲ့ ဘေးရန်ကင်းရှင်းမှုကို အဓိကမထားဘဲ သူတို့ဂိတ်မှာ ယာဉ်လို အပ်နေတာကို ချက်ခြင်းဖြေရှင်းနိုင်ဖို့ လုပ်လိုက်တာပါပဲ ယာဉ် လိုအပ်နေ တယ်ဆိုရင် အခြားနည်းလမ်းနဲ့ ဖြေ ရှင်းဖို့ ရှိမှာပါ။ ဒါပေမဲ့ စားသုံးသူ (ခရီး သည်) တွေရဲ့အသက် နဲ့ရင်းပြီး တော့ ဖြေရှင်းတာမျိုးတော့ မလုပ်သင့်ပါဘူး။ စားသုံးသူတွေက လုပ်ငန်းရှင်တွေ သတ်မှတ်တဲ့ နှုန်းထားအတိုင်း အပြည့် အဝငွေပေးချေပြီး လိုရာခရီးကို ရောက် ဖို့ ဝန်ဆောင်မှုကို ရယူ အသုံးပြုကြ ပေမဲ့ လုပ်ငန်းရှင်တွေဘက်က မပြည့်၀ တဲ့၊ စိတ်ချရမှု မရှိတဲ့ ဝန်ဆောင်မှု တွေပေးခဲ့လို့ မိသားစုတွေ အများကြီး ဝမ်းနည်းကြေကွဲရတဲ့ဖြစ်ရပ်တွေ မကြာ ခဏကြုံတွေ့နေကြရတာပါပဲ။ မိသားစု တွေ အများကြီး ဝမ်းနည်းကြေကွဲ ရ သလို နိုင်ငံတော်အတွက် အကျိုးရှိမဲ့ နိုင်ငံတော်ကိုအကျိုးပြုနေတဲ့ အင်အား တွေလည်း အကျိုးမဲ့ဆုံးရှုံး ကြရတာပါ ပဲ။ လုပ်ငန်းရှင်တွေ့ရဲ့ မပြည့်ဝတဲ့ ဝန်ဆောင်မှုနဲ့ လုံခြုံစိတ်ချရမှု မရှိတဲ့ ဝန်ဆောင်မှုတွေကြောင့် အပြစ်မဲ့တဲ့ စားသုံးသူတွေ ဝမ်းနည်း ကြေကွဲဖွယ် ဖြစ်ရပ်မျိုးတွေ နောက်ထပ် မကြုံတွေ့ ရစေဖို့ ဝန်ဆောင်မှုပေးနေတဲ့ လုပ်ငန်း ရှင်တွေ အနေနဲ့ကောင်းမွန်ပြည့်ဝတဲ့ ဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကြိုးစားလုပ် ဆောင် ကြဖို့ပါပဲ။အပြစ်အနာအဆာပါတဲ့ ထုတ်ကုန်များနဲ့ စားသုံးသူ အခွင့်အလမ်းများ ကုန်စည်များ ဝယ်ယူရာမှာ အပြစ် အနာအဆာပါလာပါက စားသုံး သူများအနေနဲ့ ပုံမှန် မေးလေ့ရှိ တဲ့ မေးခွန်းက မည်ကဲ့သို့သော ပြန်လည် ကုစားမှုတွေကို ခံစားရမည်နည်းဟူ တဲ့ မေးခွန်းပဲဖြစ်ပါတယ်။ မကြာခဏ ဆိုသလို ကုန်ပစ္စည်းတစ်ခု ပုံမှန် အလုပ်မလုပ်တော့ဘဲရပ်တန့်သွားတာ နဲ့အဲဒီပစ္စည်းဟာစီးပွားရေး အာမခံချက် နဲ့အကျုံးဝင်မဝင်ဆိုတာ ကို ပထမဦး စွာ စဉ်းစားကြသည်မှာ ဓမ္မတာပဲဖြစ် ပါတယ်။ စီးပွားရေး အာမခံချက်ဆိုရာ မှာအများအားဖြင့်ကုန်ပစ္စည်းထုတ်လုပ် သူ သို့မဟုတ်ကုန်သွယ်သူမှစားသုံးသူကို ပစ္စည်း ထုတ်လုပ်ရာမှာ အပြစ်အနာ အဆာပါရှိသွားမှုကြောင့် ပစ္စည်းနဲ့ ပတ်သက်လို့ တစ်စုံတစ်ရာ ပြဿ နာ ဖြစ်ပေါ်ပါကအခမဲ့ပြင်ဆင်ပေးခြင်း ဖြစ် ပါတယ်။ အချို့ နိုင်ငံတွေမှာ ကုန်သွယ်သူ များအနေနဲ့ စီးပွားရေး အာမခံချက် ပေးဖို့ ဥပဒေအရတာဝန်မရှိပေမယ့် လည်းဥရောပတောင်ပိုင်းနိုင်ငံ တစ်နိုင်ငံ ဖြစ်တဲ့မော်လ်တာနိုင်ငံမှာတော့ကုန်သွယ် သူတွေအနေ နဲ့စီးပွားရေး အာမခံချက် ပေးအပ်ဖို့ ဥပဒေအရတာဝန်ရှိပြီး စီးပွားရေးအာမခံချက်ကို ရိုးရှင်းတဲ့ အင်္ဂလိပ်စာ ဒါမှမဟုတ် မော်လ်တာ ဘာသာစကားနဲ့ ဖော်ပြရမှာဖြစ်လို့ စားသုံးသူများအနေနဲ့ မည်ကဲ့သို့ အရေး ဆိုနိုင်ကြောင်းကိုလည်း ရှင်းလင်း စွာဖော်ပြထားရမှာဖြစ်ပါတယ်။ဒါ့ပြင် သီးခြား သတင်းအချက်အလက်တွေ ကိုလည်း စည်းမျဉ်းစည်းကမ်းတွေမှာ ထည့်သွင်း ဖော်ပြရမှာ ဖြစ်ပြီး အာမခံသူရဲ့ အမည်နဲ့ လိပ်စာ၊ အာမခံရရှိတဲ့ ကာလနဲ့ အကျုံးဝင်တဲ့ ကုန်စည်နဲ့ ဝန်ဆောင်မှုတို့နဲ့ စပ်လျဉ်း တဲ့ ဖော်ပြချက်တို့လည်းပါ ရှိရမှာ ဖြစ်ပါတယ်။ မော်လ်တာ နိုင်ငံမှာ စားသုံးသူ တို့အနေနဲ့ စီးပွားရေးအာမခံချက်ပေး ထားတဲ့ ကုန်ပစ္စည်းတစ်ခုကို ဝယ်ယူ မိခဲ့ရင် လိုက်နာရမယ့် သီးခြား တာဝန် ဝတ္တရားတွေလည်း ရှိသလို စည်းကမ်း များလည်း ရှိပါတယ်။ ဒီလို မဟုတ်ပါက အာမခံမှုဟာ အကျုံးဝင် လိမ့်မှာမဟုတ် ပါ။ စီးပွားရေး အာမခံချက်က စားသုံး သူများကိုသာ အကာအကွယ် ပေး ထားခြင်းမဟုတ်ပါ။ မော်လ်တာ နိုင်ငံရဲ့ စားသုံးသူအရေး ကိစ္စများဆိုင်ရာဥပဒေ (Consumer Affairs Act) အရအချို့သောအခြေခံ အခွင့်အလမ်း များကို ဖော်ပြထားပြီး ဥပဒေအရ ကုန် သွယ်သူများဟာ စား သုံးသူတို့မှ ကုန်စည်များဝယ်ယူခဲ့လျှင် သင့်လျော် တဲ့ ကုန်စည်များ ဖြစ်ရမှာ ဖြစ်ပြီး အရောင်းအဝယ် စာချုပ်ပါ ဖော်ပြ ချက်များနဲ့ ကိုက်ညီတဲ့ စားသုံးသူ ကုန် စည်များကိုလည်း ရောင်းချဖို့ တာဝန် ရှိပါတယ်။ တကယ်လို့ အဲဒီ တာဝန် တွေကို မလိုက်နာခဲ့ရင် ကုန် သွယ်သူက ကုန်စည်တွေအခမဲ့ ပြင်ဆင်ပေးခြင်း ဒါမှမဟုတ် အစားထိုးပေးခြင်း တို့ကို ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ ၎င်း ဥပဒေအရ ကုန်သွယ်သူ အနေနဲ့ စားသုံးသူအတွက် သက်ဆိုင် ရာ ကုန်စည်ကို ပြင်ဆင်မှု ပြုလုပ်ပေးခဲ့ ရင်လည်းသင့်လျော်တဲ့ အချိန်ကာလ အတွင်းစားသုံးသူအတွက် အဆင်ပြေ ချောမွေ့စွာ လုပ်ဆောင်ပေးရပါမယ်။ အဲဒီလို့မလုပ်ဆောင်နိုင်ပါက စားသုံးသူ မှ ပြင်ဆင်ပေးမှုကို ငြင်းဆိုနိုင်ကာ အစား ထိုးပေးရန် တောင်းဆိုနိုင်ပါ တယ်။ ပြင်ဆင်မှု သို့မဟုတ် အစားထိုးမှု တို့ ပြုလုပ်ဆောင်ရွက်နိုင်ခြင်းမရှိပါက စားသုံးသူဟာ ကုန်စည်ရဲ့ တစ်စိတ် တစ်ပိုင်း တန်ဖိုးကို ငွေပြန်လည် အမ်း စေခြင်း သို့မဟုတ် စာချုပ်ကို ဖျက် သိမ်းခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ ၎င်းကဲ့သို့ သောကုစားမှုများကို စားသုံး သူ အနေနဲ့ တောင်းဆိုလိုပါက ကုန် စည် ရောင်းချတဲ့နေ့မှ ၂ နှစ်အတွင်း လုပ်ဆောင်နိုင်ပါတယ်။ စားသုံးသူဟာ ကုန်စည်မှာ အပြစ် အနာအဆာတွေ့ရှိ ပြီး ၂ လအတွင်းစာနဲ့ စာချုပ်မှာ ချုပ်ဆိုဖော်ပြထားတဲ့ ကုန်စည်နဲ့ မကိုက် ညီကြောင်းကို ကုန်သွယ်သူကို ရေးသား အကြောင်းကြားရမှာ ဖြစ်ကာ သတ် မှတ်ကာလ ကျော်လွန်ခဲ့ရင် အဲဒီ အခွင့် အလမ်းကို ရရှိမှာ မဟုတ်ပါဘူး။ ဒါ့ပြင် ယင်းဥပဒေအရ ပထမ ၆လ အတွင်း ကုန်စည်မှာ အပြစ် အနာ အဆာတွေ့ရှိရပါက ကုန်သွယ်သူဟာ ကုန်စည် ပြင်ဆင်မှု သို့မဟုတ် အစား ထိုးမှုတို့ကို လုပ်ဆောင်ပေးရမှာ ဖြစ်ပြီး သို့မဟုတ်ပါက ရောင်းချချိန်မှာ ကုန် စည်က အပြစ်အနာအဆာ မပါရှိ တာ သက်သေပြရမှာ ဖြစ်ပါတယ်။ အခြား တစ်ဖက်မှာလဲ စားသုံးသူအနေနဲ့ ကုန်စည်ကို ဝယ်ယူပြီး ၆ လကျော် ကြာမှအပြစ် အနာအဆာ တွေ့ရှိခဲ့ရင် ကုန်သွယ်သူရဲ့ ကုန်စည်ကို ပြင်ဆင်ပေး ဖို့ သို့မဟုတ် အစားထိုးပေးဖို့ တောင်း ဆို နိုင်ခွင့်ရှိပါတယ်။ သို့ရာတွင်စားသုံး သူ အနေနဲ့ ၎င်းကို အရေးဆိုနိုင်ဖို့ ကုန်စည် ဝယ်ယူကတည်းက ကုန်စည် မှာ အပြစ်အနာအဆာ ပါရှိကြောင်း သက်သေပြရမှာ ဖြစ်ပါတယ်။ အချုပ်ဆိုရရင်တော့ စားသုံးသူ တွေအနေနဲ့ မိမိရဲ့ ရပိုင်ခွင့်ခံစားပိုင်ခွင့် တွေကိုအမှန်တကယ် သိရှိခြင်းအားဖြင့် ဆုံးရှုံးမှု ထိခိုက်နစ်နာမှုတွေကနေ ကင်း ဝေးမှာ ဖြစ်ကြောင်းပါ။
ယှဉ်တွဲနေသော အခွင့်အလမ်းနှင့် စိန်ခေါ်ချက်
ရင်းနှီးမြှုပ်နှံသူများက ၎င်းတို့ အတွက်နောက်ဆုံး နယ်မြေသစ်ဟုဆို သည့်နေရာ အမှန်တကယ်တွင်လည်း အခြားအာရှနိုင်ငံများနှင့် နှိုင်းယှဉ် ကြည့်ပါက ရင်းနှီးမြှုပ်နှံနိုင်စရာ နယ်ပယ်များစွာရှိနေသေးသည့်အာရှ၏ တစ်ခုတည်းသော နယ်မြေ။ ဤ နေရာသည် မည်သည့်နေရာဟုထင် သနည်းဟု ပဟေဋ္ဌိမေးခွန်း ထုတ်စရာ မလိုသည့် အခြေအနေတွင် ရှိနေပြီဖြစ် ၏။ ညွှန်းဆိုနေသည့် အခြေအနေ အချိန်အခါနှင့် နေရာအခင်းအကျင်းမှာ ၂၀၁၁ ခုနှစ်အလွန်ကာလ မြန်မာနိုင်ငံ ၏ အနေအထားပင်။
ပထမ အကြိမ် တရုတ်-တောင် အာရှ ကုန်စည်ပြပွဲနှင့် (၂၁) ကြိမ် မြောက် ကူမင်း ပို့ကုန်၊ သွင်းကုန်ကုန်စည် ပြပွဲကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ယူနန်ပြည်နယ် ကူမင်းမြို့တွင်၂၀၁၃ ခုနှစ်၊ဇွန်လ ၆ ရက်နေ့မှ ၁၀ ရက်နေ့အထိ စည်ကား သိုက် မြိုက်စွာ ကျင်းပခဲ့ပါသည်။ အဆိုပါပြပွဲများ ဖွင့်ပွဲအခမ်း အနားအား ၂၀၁၃ ခုနှစ်၊ ဇွန်လ ၆ ရက် နေ့ နံနက်ပိုင်းတွင် ကျင်းပခဲ့ရာ စီးပွား ရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့် ဦးဆောင်၍ သမဝါယမဦးစီးဌာန မှ ကိုယ်စားလှယ် များ၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှု လက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)မှ တာဝန်ရှိသူများနှင့်အသင်း ဝင် ကုမ္ပဏီလုပ်ငန်းရှင် စုစုပေါင်း ၂၅၀ ကျော်က အဆိုပါကုန်စည်ပြပွဲတွင်ပါဝင် ဆင်နွှဲခဲ့ ကြကြောင်းသတင်းရရှိပါသည်။
အဆိုပါဖွင့်ပွဲ အခမ်းအနားတွင် တရုတ်နိုင်ငံ၊ နိုင်ငံတော် ကောင်စီ၊ ဒုတိယ ဝန်ကြီးချုပ် မစ္စတာမာခိုင်နှင့် ဖိတ်ကြားထားသည့် အဆိုပါ ဒေသတွင်း နိုင်ငံများမှ သမ္မတ၊ ဝန်ကြီးချုပ်၊ ဒုတိယဝန်ကြီးချုပ်များ၊ ဝန်ကြီးများနှင့် အတူ တက်ရောက် ခဲ့ပြီး၊ပြပွဲဖွင့်ပွဲအထိမ်းအမှတ် မီးလုံးများကို ပြိုင်တူထွန်းညှိ ဖွင့်လှစ် ပေးခဲ့ကြပြီးေ နာက် ပြခန်း များ အတွင်းသို့ လှည့်လည်ကြည့်ရှုလေ့လာခဲ့ကြပါသည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့ သည် ၂၀၁၃ ခုနှစ်၊ ဇွန်လ (၆)ရက်နေ့ နံနက် ၁၀း၁၅ နာရီအချိန်တွင် အဆိုပါပြပွဲ၏ အထူးဧည့်ခန်းမ၌ တရုတ်ကွန်မြူနစ် ပါတီ ယူနန်ပြည်နယ် ကော်မတီအထွေ ထွေအတွင်းရေးမှူး မစ္စတာချင်းကွမ်း ယုံ နှင့် တွေ့ဆုံခဲ့ပြီး၊နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ကုန်သွယ်မှုလျင်မြန်ချောမွေ့စေ ရေး၊ နှစ်ဖက်နယ်စပ်ကုန် သွယ်ရေးကို အခြေခံ၍ နှစ်နိုင်ငံကဏ္ဍစုံ ပူးပေါင်း ဆောင်ရွက်ရေးကိုပိုမိုတိုးမြှင့် ဆောင် ရွက် သွားရေး၊ စိုက်ပျိုးရေးနှင့်မွေးမြူရေး လုပ်ငန်းများ၊ အထူးစီးပွားရေးဇုန်များ တွင် ရင်းနှီးမြှုပ်နှံမှု ပြုရေးတို့နှင့် ပတ်သက် ၍ ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍ ညနေ ၁ရး၀၀ နာရီအချိန်တွင် ကူမင်းမြို့ Golden Dr-agon Hotel ၌ယူနန်ပြည်နယ်၊ ဒုတိယ အုပ်ချုပ်ရေးမှူး မစ္စတာကောင်ရှုရွှင် နှင့် တွေ့ဆုံခဲ့ရာ နှစ်နိုင်ငံကုန်သွယ်မှု တိုး မြှင့်ရေး၊ ကုန်သွယ်မှု လျင်မြန်ေ ချာမွေ့ စေရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေး၊ အထူး စီးပွားရေးဇုန်များ၌ ရင်းနှီးမြှုပ်နှံမှု များ ဆောင်ရွက်ေ ရးနှင့် နှစ်နိုင်ငံ ဌာနဆိုင် ရာနှင့် ကုန်သည်လုပ်ငန်းရှင်များအကြား ပိုမိုပူးပေါင်းဆောင်ရွက်ရေးတို့ ကို ဆွေး နွေးခဲ့ကြပါသည်။ ဆက်လက်၍ ၁၈း၀၀ နာရီ အချိန် တွင် တယ်ဟုန်ပြည်နယ်ခွဲ ဒုတိယပါတီ အတွင်းရေးမှူး မစ္စတာဝမ်းကျိချမ်းနှင့် ဒုတိယအုပ်ချုပ်ရေးမှူး မစ္စတာစူးဟုန် ထောင် နှင့်အဖွဲ့အား လက်ခံတွေ့ဆုံ၍ နယ်စပ်ဒေသဖွံ့ဖြိုး တိုးတက်ရေးနှင့် နယ်စပ်ကုန်သွယ်မှု မြှင့်တင်ရေးကိစ္စများ ကို ဆွေးနွေးခဲ့ပါသည်။ ၂၀၁၃ ခုနှစ်၊ ဇွန်လ ၇ ရက်နေ့ နံနက် ၀၈း၀၀ နာရီအချိန်တွင် လင်ချမ်း မြို့ ပါတီအတွင်းရေးမှူး မစ္စလီရှောင်ဖင်း နှင့်မြို့တော်ဝန်မစ္စတာဆိုဖေးတို့ဦးဆောင် သည့်အဖွဲ့အားလက်ခံတွေ့ဆုံ၍ နယ်စပ် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် နယ်စပ် ကုန်သွယ်မှုဆောင်ရွက်နိုင်မည့် အခြေ အနေ များကို ဆွေးနွေးခဲ့ကြပါသည်။ ဆက်လက်၍၁၀း၀၀ နာရီ အချိန် တွင်လော်စစ်ဝမ် အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု စင်တာသို့ သွားရောက် လေ့လာကြည့်ရှုခဲ့ပြီး အဆိုပါစင်တာမှ တာဝန်ရှိပုဂ္ဂိုလ်များနှင့် ကုန်သွယ်မှုဆိုင် ရာကိစ္စရပ်များ ကိုဆွေးနွေးခဲ့ကြပါသည်။ အဆိုပါ ကုန်စည်ပြပွဲတွင် မြန်မာ့ ပို့ကုန်ပစ္စည်းများကို UMFCCI မှ မြန်မာပြခန်းဆောင် (၁)ခန်း၊ မြန်မာ နိုင်ငံ သစ်လုပ်ငန်းရှင်များအသင်းမှ (၅)ခန်း၊ သမဝါယမဦးစီးဌာနမှ (၅)ခန်း၊ မူဆယ်-နမ့်ခမ်း နယ်စပ်ကုန်သွယ်ရေး အသင်းမှ (၄)ခန်း၊ Yathar Cho Co., Ltd. မှ (၁)ခန်း၊ Golden Key Coffee Mix မှ (၁)ခန်း၊ Asia Dragon Handicraft မှ (၁)ခန်း၊ Sin Phyu Daw & Htay Thit Sar မှ (၁)ခန်း၊ Thiri Myanmar Arts & Crafts မှ (၁)ခန်း၊ မြန်မာနိုင်ငံကျောက်မျက်လုပ် ငန်းရှင်များအသင်းမှ (၁၀)ခန်း စုစု ပေါင်းပြခန်း (၃၀)ခန်းတွင်ပါဝင် ပြသခဲ့ ကြောင်း၊ မြန်မာကုန်သည် လုပ်ငန်း ရှင်များမှ မြန်မာ့ပို့ကုန်ပစ္စည်းများဖြစ် သည့် လယ်ယာထွက်ကုန် ပစ္စည်းများ၊ သစ်တောထွက်ပစ္စည်းများနှင့် ကျောက် မျက် ရတနာပစ္စည်းများကိုခန့်ငြားထယ် ဝါစွာ ပြသခဲ့ကြကြောင်း သတင်းရရှိပါ သည်။ ကိုခိုင်
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ တော်၏စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် စီးပွားရေးအဖွဲ့ အစည်းအချင်း ချင်း တရားမျှတသော ယှဉ်ပြိုင်မှုများ ဆောင်ရွက်နိုင်စေရန်အတွက် စီးပွား ရေးနှင့်ကူး သန်းရောင်း ဝယ်ရေး ဝန်ကြီး ဌာနအောက်တွင်ယှဉ်ပြိုင်မှု မူဝါဒဌာနခွဲ ကို အသစ်တိုးချဲ့ဖွဲ့စည်းခဲ့ပြီး ယှဉ်ပြိုင်မှု ဥပဒေမူကြမ်း ကို ပြင်ဆင်ရေးဆွဲလျက် ရှိပါသည်။ အသွင်ကူးပြောင်းလျက် ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအနေဖြင့် ပြိုင် ဆိုင်မှုမူဝါဒကို စတင်ကျင့်သုံးခြင်းနှင့် အတူ ယှဉ်ပြိုင်မှုဥပဒေအတွက် စွမ်း ရည်တည်ဆောက်ရေး လွန်စွာအရေး ကြီးပါသည်။စွမ်းရည်တည်ဆောက်ရေး (သို့မ ဟုတ်) စွမ်းရည်ဖွံ့ဖြိုးတိုးတက်ရေးဆို သည်မှာ ပြည်သူလူထုများ၊ အစိုးရ အဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့ အစည်းများနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများကို ၎င်း တို့၏ ဖွံ့ဖြိုးတိုး တက်ရေး ရည်မှန်းချက် ပန်းတိုင်များ အား ကာဆီးနေသည့် အတားအဆီး များကိုနားလည်စေရန် အဓိက ရည်ရွယ် သည့် ဖွံ့ဖြိုးတိုးတက်ရေး နည်းလမ်း တစ်ခုဖြစ်ပါသည်။
အစိုးရသစ်လက်ထက် အပြောင်း အလဲများစွာထဲမှာ ကားတင်သွင်းခွင့် ပြုခဲ့တာလည်း အပါအဝင်ပါပဲ။ အရင် တုန်းကတော့ လမ်းမပေါ်မှာ ကား ဟောင်း၊ ကားစုတ်တွေခုတော့ ကား သစ်လေးတွေ အစီအရီဖြစ်လာတော့ မြို့လည်း ကျက်သရေရှိတာပေါ့။ ကား တင်သွင်းခွင့် ရပြီဆိုတာနဲ့ နိုင်ငံတော် အပိုင်းက ရည်ရွယ်ချက်ေ ကာင်းကောင်း နဲ့ ယာဉ်အို ယာဉ်ဟောင်းပိုင်ရှင်များ မနစ်နာစေဖို့၊ ယာဉ်အိုယာဉ်ဟောင်း အပ်ပြီးမှ ကားအသစ် တစ်စီးသွင်း ခွင့် ရခဲ့တာတင်၊ ပြည်သူအများ ဈေးသက် သာသာနဲ့ စီးရအောင် ရန်ကုန် ဆိပ် ကမ်းအရောက်ဈေး အမေရိကန် ဒေါ် လာ ၅၀၀၀ ကို အခြေခံပြီး ၁၉၉၅ မော်ဒယ်ကနေ ၂၀၀၂ မော်ဒယ်အထိ သွင်းခွင့်ပေးခဲ့တော့ အပြိုင်အဆိုင် သွင်း ပြီး ရောင်းလိုက်ကြတာ ကားတစ်စီး သိန်း လေးငါးဆယ်ကနေ တစ်ရာ၊ တစ် ရာငါးဆယ်အထိဖြစ်ခဲ့ကြတယ်။ ဝယ်သူ ကလဲ ကားကောင်းငတ်နေတဲ့ ပြည်သူ ဆိုတော့မစောင့်နိုင်လို့ ဆိပ်ကမ်းထဲ တောင်လိုက်ဝယ်တယ်။ ကားတင်သွင်း တဲ့သူတွေကလဲ ဂျပန်လေလံမှာ ကား ကောင်း၊ ကားသန့်ဈေးကောင်းပေးပြီး ဆွဲတယ်လေ။ အများသိတဲ့ မတ်ခ်တူး၊ ရွှေငါး 2002 Model ဆိုရင် ဂျပန်ယန်း ၁၀ သိန်းကျော်တောင် ပေးဆွဲတယ်။ အခုဘာရှိမလဲ ယန်း ၁ သိန်းခွဲ လွန် ရောပေါ့၊ Pajero 99 model အများ ခေါ် ဖားပြုတ်ပေါ့ဗျာ။ ဂျပန်ယန်း ၂၅ သိန်းကျော်ဆိုတော့ သိန်း ၆၀/၇၀ မြတ်သေးတာပဲလေ၊လုပ်စားလို့ကောင်း မှကောင်း၊ တိုက်ကားတို့ ရိုက်စားတို့ မလိုဘူးပေါ့ဗျာ။ အဲဒီတုန်းက ရွှေမြန်မာ တွေသွေးကြီးပုံက ဂျပန်လေလံမှာ Grade 4-B၊ အဲဗျာ...R တို့ RA တို့တောင် ရှောင်တယ်၊ တိုက်ကား တော့ဝေးရောပေါ့။ လုပ်စားလို့ကောင်း တော့ ယာဉ်အို/ယာဉ်ဟောင်းဈေး ကလဲကျပ်(၆၀) (၆၅) သိန်းကနေ သိန်း (၁၅၀) လောက် ထိ ဖြစ်လာတော့ တာ ပေါ့။ နောက်နိုင်ငံခြားရေးတို့၊ ပြည်ပ အလုပ်သမားတို့ကလဲ ဘဏ်စာအုပ် လေးနဲ့ 2007 model အထက်ကားသစ် လေးတွေသွင်းခွင့်ရတော့ အများခေါ် ကား တင်သွင်းခွင့်စလစ်ပေါက်ဈေးက- ကျပ်၆၀/၆၅သိန်း ကားသွင်းပြီး ရောင်း စားတော့သိန်း ၄၀ လောက်မြတ်၊ သူလဲ ကိုက်သေးတာပဲ။ ကဲလာပြီ... ကား လောက အလှည့်အပြောင်း၊ မည်သူ မဆို နိုင်ငံခြား ငွေစာရင်းရှိရင် 2007 model အထက် ကားတွေသွင်းခွင့်ပြု လိုက်တော့ သေပြီ ဆရာပေါ့ဗျာ၊ ယာဉ် အို/ယာဉ်ဟောင်း ဈေးက ၆၀/၆၅ သိန်း၊ နေရင်းထိုင်ရင်း စာရွက်တစ်စောင် သိန်း (၁၀၀) ကျော် ရှုံး၊ 2007 model စလစ်ဈေးက ZERO -သုညပေါ့ဗျာ။ ကားတင်သွင်း ရောင်းချသူတွေ မြတ် သမျှကုန်၊ အရင်းပြုတ် အသဲကွဲ၊ အင်း လုပ်စားလို့မကောင်းပါလား။ ကဲ... အခုတော့ ကားတင်သွင်း ပြုခဲ့တာကလဲ ၂ သိန်း နီးပါး၊ သွင်းပြီးသမျှ ကားကလဲ ၂သိန်းနီးပါး၊ မော်တော် ယာဉ်အရောင်း စင်တာပေါင်းက ၁၃၀ ကျော်၊ အပြင် က ကားသွင်းရောင်းရသူတွေက ဒုနဲ့ ဒေး၊ (ကားရောင်းသူ ဘဲအုပ်က ၂၀၀ ၃၀၀ ကားဝယ်သူ မဗေဒါက တစ်ပင်ထဲ ကိန်းဆိုက်ပြီ)ကားတစ်စင်းကျပ်(၅)သိန်း (၁၀) သိန်းမြတ်ဖို့ခက်တယ်။ ဝယ်သူ က ဈေးမပေးတော့ အရှုံးခံရောင်းရ၊ မြတ်တုန်းက သွေးကြီးတဲ့ရွှေမြန်မာ၊ ရှုံး ချက်ကနာတော့ သွေးမရှိ၊ ဂရိတ် (၃ ဒသမ ၅) ကနေ (သုည) ပေါ့ဗျာ။ အတွင်းဂရိတ် (B)ကနေ E မကလို့ Z ရောက်ရောက်ဗျာ၊ ကီလိုက (၂) သိန်း၊ (၃) သိန်း၊ ရောင်းကားပဲကိုယ်စီမှာမှ မဟုတ်ဘဲ၊ လုပ်စား လို့ မကောင်းတော့ ကောင်းသလို လုပ်စားရတော့တာပေါ့၊ ကားတွေက ရန်ကုန်ဆိပ်ကမ်းက ထုတ် ပြီး ဝယ်သူမပြခင်၊ ဆေးရုံတက်၊ ကား ဘော်ဒီရုံနဲ့ ဆေးမှုတ်ရုံ ပို့ရတာပေါ့ ဗျာ။ ဒါမှလဲ ရောင်းပန်းဝယ်ပန်းလှ မှာကို၊ ကဲဆရာတို့ရေ နောက်ဆုံးတော့ ဂရိတ် (သုည) ထက် ဆိုးတဲ့ (xxx) အရပ်ခေါ်တိုက်ကားပေါ့ဗျာ၊ တိုက် ကားနဲ့ ရိုက်စားလုပ်တဲ့ အဆင့်ရောက် ပြီဆိုတော့ ဘာဆက်လုပ်ကြမလဲ၊ တိုက် ကားကိုပြင်တာက အတိုင်းအတာရှိ တယ်။ သေချာတာကတော့ သူသူ ကိုယ်ကိုယ် တိုက်ကားကို ဈေးသက်သာ လို့သပ်သပ်မှာပြီး မစီးကြပါဘူး။ ရောင်း စားကြမှာပါပဲ၊ တိုက်ကားနဲ့ ရိုက်စား တို့ကိုထွက်ပေါက်ပေး လို့ကတော့ နိုင်ငံ တစ်ကာ တိုက်ကားအပုံကြီး မြန်မာ့ ဆိပ်ကမ်းထဲရောက်လာနိုင်တာမို့အများ ပြည်သူ ကိုယ်စား သက်ဆိုင်သူတို့ ပြတ် ပြတ် သားသားကာကွယ်ပေးတာဟာ အကောင်းဆုံးဖြစ်ကြောင်းပါလို့ တင်ပြ လိုက်ပါရစေဗျာ . . .။(ကြုံပြော)
ရေနစ်သူတစ်ဦး အတွက်ကောက်ရိုးတစ်မျှင်ဟာ အသက်ရှင် သန်မှုအတွက်အားအကိုးရ ဆုံးမျှော်လင့်ချက်ကြီးဖြစ်ပါတယ်။ ထိုနည်း တူစွာပဲ ကျွန်တော်တို့စားသုံးသူပြည်သူများအတွက် ဘေးအန္တရာယ် ကနေ ကယ်တင်ပေးနိုင်မဲ့ မျှော်လင့်ချက်ရောင်ခြည်ဟာ စားသုံးသူ ကာကွယ်ရေးဥပဒေပဲဖြစ်ပါတယ်။ ကျွန်တော် တို့ မြန်မာနိုင်ငံမှာ မရှိသေးတဲ့ဥပဒေထဲမှာ စားသုံးသူကာကွယ်ရေး ဥပဒေလည်းတစ်ခု အပါအဝင်ဖြစ်နေပါတယ်။ ယခုခေတ်ကြီးမှာ စားသောက်ကုန်ပစ္စည်း များနဲ့ လူသုံးကုန်ပစ္စည်းတွေမှာ အတုအပမှစပြီး အန္တရာယ်ရှိကုန် ပစ္စည်းတွေပြည့်နှက်နေခဲ့ပါတယ်။
ကျွန်တော်တို့စားသုံးသူများက လည်းမဖြစ်လို့သာဝယ်ယူစားသုံးတဲ့သဘောဖြစ်နေပါတယ်။ထုတ် လုပ်ရောင်းချ သူများနဲ့စားသုံးသူတွေအကြားတရားသဖြင့် ပေါင်းကူး ဆက်သွယ်ပေးမယ့် စားသုံးသူ ကာကွယ်ရေး ဥပဒေကိုသိစိတ်ရော မသိစိတ်ပါတမ်းတမ်းတတဖြစ်နေခဲ့ကြပါတယ်။ ဒါ့ကြောင့် စားသုံးသူ များရဲ့စိတ်ချလုံခြုံမှု အတွက် မျှော်လင့်ချက်ရောင်ခြည်ဟာ စားသုံး သူကာကွယ်ရေး ဥပဒေသက်ဝင်နိုင်ရေးပင်ဖြစ်ပါတယ်။ စားသုံးသူ ကိုကာကွယ်ပေးမည့် ဥပဒေတစ်ခုခုရဲ့ အကာအကွယ်ရယူလိုခြင်းပင် ဖြစ်ပါ တယ်။ ယနေ့ဈေးေ တွမှာ မြင်တွေ့နေကျကုန်ပစ္စည်းအချို့ဟာ လူကို တိုက်ရိုက်အသက်အန္တရာယ်ပေးနိုင်တယ်ဆိုတာကို အလွယ် တကူ သိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်အပါအဝင်လူအတော် များများ ဟာ လက်ညှိုးထိုးပြီး အများမြင် သာအောင်မပြောပြနိုင်ခဲ့ ဘူး။ အရေးမယူနိုင်ခဲ့ဘူး။ မျက်စိစုံမှိတ်ပြီးပြန်ထွက် လာတာ ချည်းပဲမဟုတ်ပါလား။
မြန်မာနိုင်ငံ၏စားသုံးသူပြည်သူများ မြန်မာနိုင်ငံရဲ့ခန့်မှန်းခြေလူဦးရေဟာ ၂၀၁၃ ခုနှစ် ဧပြီလအထိ သန်းပေါင်း ၆၀ ခန့်ရှိနေပြီဖြစ်ပါတယ်။ အဲဒီထဲမှာအမျိုးသားဦးရေ ဟာ ၂၉ ဒသမ ၀၃ သန်းကျော်နဲ့ အမျိုးသမီးဦးရေဟာ ၂၉ ဒသမ ၃၅ သန်း ကျော်ရှိတယ်လို့ ပညာရှင်များက ခန့်မှန်းတွက်ချက်ထား ကြပါတယ်။ အသက်အရွယ်အလိုက်အုပ်စုနဲ့ ကြည့်မယ်ဆိုလျှင် အသက် (၄) နှစ်အထိ ကလေးငယ်ပေါင်း ၆ ဒသမ ၈ သန်း၊ (လူဦး ရေအားလုံးရဲ့ ၁၂ ရာခိုင်နှုန်း) ရှိတယ်လို့ဆိုပါတယ်။ အသက် (၅ မှ ၉) နှစ်အထိ ၆ ဒသမ ၂ သန်း၊ (၁၁ ရာခိုင်နှုန်း)၊ အသက် (၁၀ မှ ၁၉) နှစ်အထိ ၁၁ သန်း၊ (၁၉ ရာခိုင်နှုန်း)၊ အသက် (၂၀ မှ ၂၉) နှစ်အထိ ၉ ဒသမ ၅ သန်း၊ (၁၆ ရာခိုင်နှုန်း)၊ အသက် (၃၀ မှ ၃၉) နှစ်အထိ ၈ ဒသမ ၂ သန်း၊ (၁၄ ရာခိုင်နှုန်း)၊ အသက် (၄၀ မှ ၄၉) နှစ်အထိ ၆ ဒသမ ၅ သန်း၊ (၁၁ ရာခိုင်နှုန်း)၊ အသက် (၅၀ မှ ၆၀) နှစ်အထိ ၆ ဒသမ ၂ သန်း၊ (၁၁ ရာခိုင်နှုန်း )နဲ့ အသက် (၆၀) နှစ်အထက် ၃ ဒသမ ၄၃ သန်း၊ (၆ ရာခိုင်နှုန်း) အသီးသီးရှိကြောင်း တွက်ချက်ထားကြ ပါတယ်။ မြန်မာနိုင်ငံ ရဲ့ လူဦးရေဟာအမျိုးသား နဲ့အမျိုးသမီးအချိုးညီမျှ နေတာမြင်တွေ့ရပါတယ်။ အသက်အရွယ် အလိုက်လူဦးရေ ရာခိုင်နှုန်း အချိုးဟာ အသက် ၆၀ နှစ်အထိ အချိုး ကွာခြားမှုမများပေမယ့် အသက် ၆၀ အထက်အချိုးဟာ (၆ ရာခိုင် နှုန်း)သာရှိတဲ့အတွက် အင်မတန်နည်းတာ မြင်တွေ့ရမှာဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ မြန်မာနိုင်ငံမှာ သက်ကြီးဝါကြီးပုဂ္ဂိုလ်တွေ အသက် မရှည်ဘူးဆိုတဲ့ အဖြေဖြစ်ပါတယ်။ ဒါနဲ့ဆက်စပ်ပြီး စဉ်းစား ကြည့်တဲ့အခါမှာ မြန်မာနိုင်ငံမှာအသက်ကြီးလာလျှင်ရောဂါအမျိုးမျိုး ခံစားနေကြရပြီး အဲဒီရောဂါတွေ နဲ့အသက်ဆုံးပါးနေကြ ရတယ် ဆိုတဲ့ နောက်ထပ်အဖြေတစ်ခုရရှိမှာဖြစ်ပါတယ်။ နောက်တစ်ဆင့် တက် ပြီးစဉ်းစားလိုက်တဲ့အခါမှာ အသက် ၆၀ ကျော်အရွယ်ဟာ ပင်စင်ယူပြီးတဲ့အရွယ် အစစအရာရာမှာ စိတ်ရောလူရော တစ်ထစ် လျှော့ချတဲ့ အချိန်မှာတစ်ချိန်က စားခဲ့တဲ့အစားအသောက် ကနေရ လာတဲ့ ရောဂါက အနိုင်ယူလေ့ ရှိလို့အသက်တို နေရခြင်းဖြစ်ပါတယ် လို့ဆိုချင်ပါတယ်။ ဒါ့ကြောင့်သန်တုန်းမြန်တုန်းက စားခဲ့တဲ့အစား အစာများဟာ စိတ်ဓာတ် လျှော့ချတဲ့အချိန်မှာ ရောဂါအဖြစ်ပိုမိုစေပြီး လူကိုနှိပ်ကွပ် အနိုင်ယူလေ့ ရှိပါတယ်။ အဲဒီအတွက်ကြောင့်မို့လို့ဒီ ရောဂါကနေ ကာကွယ်ရေးအတွက် ဥပဒေတစ်ခုခုနဲ့ကာကွယ်ပေး ဖို့ဆိုတာ မရှိရင်မဖြစ်တော့တဲ့အခြေအနေကို ဆိုက်ရောက်စေပါ တော့တယ်။
စားသုံးသူပြည်သူများရဲ့သဘောထားများ မြန်မာနိုင်ငံရှိစားသုံးသူပြည်သူများထဲမှ အလွှာအသီးသီးကို လေ့လာဆန်းစစ်ထားတဲ့ စားသုံးသူကာကွယ်ရေး ဥပဒေနဲ့ ပတ်သက် တဲ့တွေ့ရှိချက်များကိုခေါင်းစဉ်တစ်ခုချင်းအနေနဲ့ဆက်လက် ဆွေးနွေး တင်ပြ သွားမှာဖြစ်ပါ တယ်။ မြန်မာနိုင်ငံမှာရှိတဲ့ လူအားလုံးကိုမေး မြန်းဆန်းစစ်ခြင်းမဟုတ်ပေမဲ့ အနီးစပ်ဆုံးဖြစ်အောင် သုတေသီများ ကဆန်းစစ်ခဲ့ပါတယ်။
မိမိပေးရတဲ့ငွေနဲ့ထိုက်တန်တဲ့ပမာဏအရည်အသွေးကိုရယူလိုခြင်း ကျွန်တော်တို့ဈေးဝယ်တဲ့အခါမှာများသောအားဖြင့် ထုတ်လုပ် ရောင်းချတဲ့သူတွေရဲ့ သတ်မှတ်ပေးလိုက်တဲ့ အလေးချိန်၊ အတိုင်း အတာ၊ ပုံစံ၊ အရည်အသွေးအတိုင်းဝယ်ယူကြရပါတယ်။ ဝယ်သူရဲ့ ချိန်ခွင်၊ အတိုင်း ကိရိယာတွေနဲ့ဝယ်ယူရတာမဟုတ်ဘူး၊ ထုတ်လုပ် ရောင်းချသူကမသမာတဲ့နည်းလမ်းနဲ့လှည့်ဖျားပြီးရောင်းမယ် ဆိုရင် စားသုံးသူဘက် ကခံရတာချည်းပဲဖြစ်ပါတယ်။တစ်ခါတလေဈေး ကဝယ်လာတဲ့ကုန်ပစ္စည်းအိမ်ရောက်လို့ ကိုယ့်ချိန်ခွင်နဲ့ ချိန်ကြည့် လိုက်တဲ့အခါ အတော်လေးလျော့နည်းတာ ကြုံဖူးကြမယ် ထင်ပါ တယ်။ အဲဒီလိုကြုံတွေ့ တဲ့ သူတိုင်း ဘယ်သူမှစိတ်မချမ်းသာတတ် ကြဘူး။ အားလုံးရဲ့တူညီတဲ့အသံက ယုံကြည်စိတ်ချရမဲ့ အလေးချိန်၊ အတိုင်းအတာနဲ့ဝယ်ယူနိုင်ရေးဆိုတဲ့ စားသုံးသူများ ရဲ့အခြေခံအခွင့် အရေး အပြည့်အဝရရှိရေးပင်ဖြစ်ပါတယ်။ ဒီထက်အရေးကြီးတဲ့ အချက်က မိမိဝယ်ယူတဲ့ကုန်ပစ္စည်း အရည်အသွေးအဆင့်မီရေးဟာ စားသုံးသူပြည်သူများရဲ့ အပြင်းပြဆုံးဆန္ဒတစ်ခုပဲ ဖြစ်ပါတယ်။ ဈေးတွေမှာရောင်းတဲ့စားသောက်ကုန်ပစ္စည်းတွေမှာ အရောင်ဆိုး ဆေးတွေ ကြာရှည်ခံထားနိုင်ရေး ဆေးစိမ်ပြီးရောင်းချခဲ့တာ တွေအ တွက် အရေးယူဆောင်ရွက်ပေးစေလိုကြပါတယ်။ ဒါတွေ ဟာ ထိုက် သင့်တဲ့ပမာဏနဲ့ အရည်အသွေးပိုင်းဆိုင်ရာကို ဖော်ညွှန်းတဲ့အ ချက်တွေ ဖြစ်ပါတယ်။
ပေးထားတဲ့အာမခံအတိုင်းရယူလိုခြင်း ရွှေဆိုင်တွေမှာရွှေထည်ပစ္စည်းသွားဝယ်တဲ့အခါမှာ ရွှေရဲ့အရည် အသွေးပေါ်မူတည်ပြီး ၁၅ ပဲရည်၊ ၁၆ ပဲရည်စသဖြင့် အာမခံပြီး ရောင်းပေးကြပါတယ်။ ဝယ်သူအနေနဲ့လည်းသူ့ရဲ့ ငွေကြေးပေါ်မူ တည်ပြီးပြေစာနဲ့ တကွဝယ်ယူတတ်ကြပါတယ်။ ဒီရွှေကိုပဲနောက် ဆိုင်တစ်ဆိုင် မှာမှတ်ကျောက်တင်တဲ့ အခါမှာစောစောက ဝယ်ယူတဲ့ ပဲရည်အဆင့်မရှိတော့တဲ့အဖြစ်မျိုးမကြာခဏကြားဖူးပါတယ်။ ဒီလိုပြဿနာမျိုးကိုပြတ်ပြတ်သား သား ဖြေရှင်းပေးနိုင်မဲ့ စားသုံးသူ ကာကွယ် ရေးဥပဒေကသာ ငြိမ်းချမ်းလျင်မြန်စွာနဲ့ ဖြေရှင်းပေးနိုင် မှာ ဖြစ်ပါ တယ်။ စားသုံးသူတွေရဲ့အမြင်သဘောထားမှာလည်း ဥပဒေ နဲ့သာဖြေရှင်းစေလိုမှာ အမှန်ပဲဖြစ်ပါလိမ့် မယ်။ ယဉ်ကျေးတဲ့လူ့ အသိုက်အဝန်းမှာလည်း အာမခံတာ၊ ကတိပေးတာ၊ သဘောတူညီ တာတွေဖောက်ဖျက်လေ့ မရှိကြဘူး။ ကိုယ်ပြောတဲ့အတိုင်း အဆုံးတိုင် တာဝန်ယူကြပါတယ်။ ကျွန်တော်တို့မြန်မာ့သမိုင်းမှာလည်း ကတိတွေမတည်တာ၊ အာမခံချက်ပေးပြီး ဆောင်ရွက်မပေးခဲ့တာ တွေ ခေတ်အဆက်ဆက်မှာမြင်တွေ့နိုင်ပါတယ်။ ဖက်ဆစ်ဂျပန် တွေ ကဗြိတိသျှတပ်ကို တွန်းလှန်တိုက်ထုတ်နိုင်ဖို့ မြန်မာ့မျိုးချစ်ခေါင်း ဆောင်တွေကို အာမခံ ချက်တွေ၊ ကတိတွေပေးပြီး အသုံးပြုခဲ့ပါ တယ်။ နောက်ဆုံးဗြိတိသျှတပ်တွေလည်းဆုတ်ရော ကတိက ဝတ် တွေကို ပြောင်ပြောင်တင်းတင်း ပဲချိုးဖောက်ခဲ့ကြပါတယ်။နောက် ဆုံးမြန်မာတိုင်းရင်းသားတွေ ပဲအသက် အိုးအိမ်စည်းစိမ် တွေဆုံးရှုံးခဲ့ရ ပါတယ်။ ယခုလည်း မည်သည့်လူမျိုးနဲ့မဆိုအရောင်းအဝယ် လုပ်တဲ့ အခါမှာ မူလသဘောတူ ညီချက်အတိုင်းတိတိကျကျ ရယူလိုတဲ့ဆန္ဒ ဟာ စားသုံးသူပြည်သူများရဲ့ ရင်ထဲအသဲထဲ ကနေထွက် ပေါ်လာခဲ့ရ ပါတယ်။
မိမိတို့အား ဘေးဥပဒ်မပေးတဲ့ အရာများကိုသာ ရယူလိုခြင်း ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၂၇၂ နဲ့ ၂၇၃ တို့မှာ " ရောင်းရန် ကြံရွယ်သော စားသောက်ဖွယ်ရာပစ္စည်းတွင် ယုတ်ညံ့သောအရာနှင့် ရောနှောခြင်း၊ အန္တရာယ်ဖြစ်စေသောစားသောက်ဖွယ်ကို ရောင်းချ ပါက'' လို့ပါရှိပြီး ပြစ်မှုအနည်းအများအလိုက် စီရင်နိုင်ပါတယ်။ စားသုံးသူပြည်သူများအနေနဲ့လည်း ဒီဥပဒေကိုသဘော ကျမှာ အမှန် ဖြစ်ပါတယ်။ယခုတလောသတင်းထွက်တဲ့ငါးပိရည်ကျိုပြုလုပ်ဖို့ ဓာတ်မြေသြဇာကိုအသုံးပြုတာေ တွ၊မျှစ်ကိုဓာတုဗေဒဆေးဆိုးထားတာ တွေ၊ ကြာရှည်အထားခံဖို့ လူသေများမပုတ်မသိုးဖို့ သုံးတဲ့ဆေးကို အသုံးပြုခဲ့တာတွေဟာ ဒီဥပဒေနဲ့တရားစွဲရမှာဖြစ်ပါတယ်။ စားသုံး သူများ အနေနဲ့ဘေးဥပဒ်မရှိတဲ့ ကုန်ပစ္စည်း များကိုသာ အသုံးပြု လိုကြပါတယ်။ တချို့ ပြည်သူများအနေနဲ့ အန္တရာယ်ရှိမှန်း သိသိ ကြီးနဲ့ဇွတ်စားခဲ့တဲ့ သတင်းများလည်း ကြားနေရပါတယ်။ ထုတ်လုပ် ရောင်းချသူများ အနေနဲ့ အများပြည်သူ အတွက် ဘေးဥပဒ်ေ ပးနိုင် တဲ့ ကုန်ပစ္စည်းများ ရှောင်ကြဉ်ထုတ်လုပ်သင့်ပါတယ်။ စားသုံးသူများ အနေနဲ့အန္တရာယ်ရှိတဲ့ကုန်ပစ္စည်း များရှောင်ရှားလိုကြတာအမှန်ပဲဖြစ် ပါတယ်။
သတင်းအချက်အလက်များကိုအမှန်အတိုင်းအသိပေးစေချင်တယ် ကမ္ဘာ့နိုင်ငံအတော်များများရဲ့ စားသုံးသူဥပဒေမှာ စားသုံးသူ များဟာ သတင်းအချက်အလက်များ အမှန်အတိုင်းရယူနိုင်ခွင့်ကို ပြဌာန်းပြီး လိုက်နာကျင့်သုံးနေကြပါတယ်။ စားသုံးသူများ ရဲ့ အခွင့် အရေးတစ်ရပ်အနေနဲ့ ပေးအပ်ထားတာမြင်တွေ့ရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းပြဌာန်းနိုင်ဖို့ရေးဆွဲ တင်ပြထားဆဲ ဖြစ်ပါတယ်။ ပြင်သစ်နိုင်ငံရှိ စားသောက်ကုန်ပစ္စည်းတင်သွင်းတဲ့ ကုမ္ပဏီတစ်ခုကအမဲသား တင်သွင်းရာမှာ အမဲသားမဟုတ်ဘဲ မြင်း သားတွေ ဖြစ်နေတဲ့အတွက် စားသုံးသူတွေကိုသတင်းအမှန်ချပြရှင်း လင်းနေရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်းယနေ့ ဆိုးဆေးတွေ သုံးပါတယ်လို့ သတင်းထွက်တဲ့ စားသောက် ကုန်ပစ္စည်းတွေရဲ့ အသေးစိတ်အကြောင်းအရာတွေသိလိုတဲ့အကြောင်း အသံတွေကြား နေရပါတယ်။ ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ခင်ဗျားတို့ဂျာနယ် တွေ၊ သတင်းစာတွေမှာအန္တရာယ်ရှိတဲ့ အစားအသောက်ေ တွ၊ အဲဒီ အထဲမှာဘာတွေကိုထည့်သွင်းအသုံးပြုထားတယ်ဆိုတာတွေကို အမြဲ တမ်းရေးပေးပါလို့တောင်းဆိုဖူးပါ တယ်။နောက်တစ်ယောက်က လည်း ကုန်ပစ္စည်းရောင်းချတဲ့သူတွေဟာသူတို့ရောင်းတဲ့ ကုန်ပစ္စည်း တွေရဲ့ သတင်းအချက်အလက်ကိုဖော်ပြပြီး အာမခံပါပေးနိုင်တဲ့ အစီအစဉ်တွေလုပ်ပေးပါလို့တောင်းဆိုခဲ့ဖူးပါတယ်။ ခြုံပြီး လေ့လာ တဲ့အခါမှာ စားသုံးသူများဟာ ကုန်ပစ္စည်းများရဲ့ သတင်းအချက် အလက်တွေကို သိလိုကြေ ကြာင်း ကောက်ချက်ချနိုင်ပါတယ်။
မိမိတို့အား ထိရောက်စွာကာကွယ်စောင့်ရှောက်မှုပေးစေချင်တယ် ကျွန်တော်ရဲ့ ငယ်သူငယ်ချင်းတစ်ယောက် အရက်သေစာစွဲပြီး နောက်ဆုံးအသည်းခြောက်ပြီး အသည်းကင် ဆာရောဂါနဲ့ဆုံးပါးတဲ့အချိန် မှာ သူ့အမေကဒီအရည်ကို တစ်နိုင်ငံလုံး မထုတ်လုပ်ဖို့၊ မရောင်းချဖို့ တားဆီးပေးကြပါ လားလို့အော်ငိုရင်းညည်းညူပြောဆိုသံကို ကြားခဲ့ဖူး ပါတယ်။တောအရက်က အလွယ်တကူရတဲ့ ကုန်ကြမ်းတွေ စုစည်းပြီး အန္တရာယ်ရှိတဲ့ရော်ဘာတွေကို တဆေးအဖြစ်သုံးလာကြပါတယ်။ဒါ့ကြောင့် လည်းတောအရက်နဲ့ အသက်ဆုံးပါးသွားကြပါတယ်။ အခြား စားသောက်ကုန် ပစ္စည်းတွေမှာလည်း အန္တရာယ်ရှိပစ္စည်းနဲ့ရောနှော ပြီး ရောင်းချတတ်ကြပါတယ်။အခြားလူသုံးကုန်ပစ္စည်းတွေမှာလည်း လူကိုဘေးဥပဒ်ဖြစ်စေနိုင်တဲ့ ပစ္စည်းတွေ ရော ပါလာတာကိုကြား နေရပါတယ်။ နိုင်ငံခြားကလာတဲ့ ကုန်ပစ္စည်းအချို့လည်းလူကို သေ စေနိုင်တဲ့ အထိအန္တရာယ်တွေ ပါရှိလာတတ်တာကို ကျွန်တော်တို့ရဲ့ စားသုံးသူများ အတော်အတန် သိရှိထားကြပါတယ်။ ဥပမာ တစ်ဖက် နိုင်ငံကလာတဲ့ပြောင်းဆီဆိုလျှင်အရောင်လှတယ်။ ဈေးနှုန်းချိုသာမှုရှိ တယ်၊ကြာရှည်အကြော် အလှော်ခံတယ်။ ဒါပေမဲ့ လူကိုအသည်း ရောဂါနဲ့ ကင်ဆာရောဂါတွေ ရရှိစေပါတယ်။ ယခုအခါ တောရောမြို့ ပါဒီဆီကိုအတော်များများက မစားရဲကြတော့ဘူး။ အဲဒါကြောင့်ကျွန် တော်တို့ စားသုံးသူပြည်သူများဟာ အန္တရာယ်ပေးနိုင်တဲ့ ကုန်ပစ္စည်း များ ထုတ်လုပ်တာ၊ ပြည်ပကနေ ကုန်ကူးတာတွေကို ပပျောက်စေလို ကြပါတယ်။ ထိရောက်စွာအကာအကွယ်ပေးစေလိုကြပါတယ်။ ဒီ အချက်ဟာလည်း စားသုံးသူများရဲ့ သဘောထား ပင်ဖြစ်ပါတယ်။
လိုအပ်တဲ့ သတင်းအချက်အလက်များကို လုံလောက်စွာရရှိနိုင်မဲ့ အခွင့်အလမ်းများရရှိစေရေး ကျွန်တော်တို့နိုင်ငံမှာ သတင်းလွတ်လပ်ခွင့် အတော်ကလေး ရရှိနေချိန် စားသုံးသူများအကျိုး အတွက် ရေးသားတင်ပြတာ အလွန် နည်းလှပါတယ်။ တစ်ခါတလေ မြဝတီရုပ်မြင်သံကြားအစီအစဉ်မှာ စားသုံးဆီများ အကြောင်း ပညာပေးကဏ္ဍတွေ ထုတ်လွှင့်တတ်ပေမယ့် အများပြည်သူ ကြည့်ဖို့ အခြေအနေ မပေးတဲ့ အချိန် ဖြစ်နေပါတယ်။ ကြည့်မဲ့ပရိသတ် အလွန်နည်းပါလိမ့်မယ်။ ဒီလို တန်ဖိုးရှိတဲ့ ပညာပေးအစီအစဉ်တွေကို အများကြည့်ရှု့နိုင်မဲ့ အချိန်ကိုရွေးပြီး ထုတ်လွှင့်သင့်တာပေါ့ဗျာ။ တစ်ခုခုတော့လွဲချော်နေတာကို မြင်တွေ့ ရပါတယ်။အဲဒီလိုပဲနေ့စဉ် ထုတ်သတင်းစာတွေ မှာလည်း ဖော်ပြတာအလွန်နည်းပါသေးတယ်။ ဂျာနယ်တွေမှာလည်း မကြာမကြာရေးသား ဖော်ပြ သင့်ပါ တယ်။ နေ့စဉ်ထုတ် သတင်းစာကြီး တစ်စောင်မှာ အချစ်ဝတ္တုကို နေ့စဉ်ရက်ဆက် စာမျက်နှာ အများကြီး အကုန် ကျခံမဲ့အစား စားသုံးသူများအတွက် ပညာဗဟုသုတ ရရှိစေ နိုင်တဲ့ အကြောင်းအရာများ အသားပေး ပြီး ဖော်ပြသင့်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာ စားသုံးသူ ကာကွယ်ရေးဥပေ ဒပေါ်ထွက်မလာသေး တဲ့အတွက် သတင်း အချက်အလက်များ ရယူနိုင်ရေး အခွင့်အလမ်းမှာ နစ်နာခဲ့ရပါတယ်။ စားသုံး သူများရဲ့သဘောထားကတော့ သတင်းအချက်အလက်များအချိန်မီ လက်ဝယ်ကို ရောက်ရှိနိုင်ရေးပဲဖြစ်ပါတယ်။
နည်းဥပဒေများကို လွယ်ကူရှင်းလင်းစွာ သိရှိနားလည်နိုင်ဖို့ သာမန်အားဖြင့် ဥပဒေဝေါဟာရများ ဖတ်ရတာ အဆင်မပြေလှဘူး။ဝါကျ အရှည်ကြီးတွေ၊စကားဆက်တွေ ထပ်ကာထပ်ကာ အသုံးပြုခဲ့တာတွေကြောင့် ဖတ်ရခက်ပါတယ်။ မှတ်ရလည်းခက်ပါတယ်။ တစ်ခုတော့ရှိပါတယ်။ စားသုံး သူပြည်သူများဟာအထက်တန်းရှေ့နေ စာမေးပွဲ ဖြေဆိုတာမဟုတ်တဲ့အတွက် ဥပဒေရဲ့ ကျောရိုးက ဘာလဲ၊ ပုဒ်မဘယ်လောက်လဲ၊ ပြစ်ဒဏ်ကဘယ်လောက်လဲ ဆိုတာလောက်ကို မှတ်သားထားကြမယ်ဆိုရင် အလုပ်ဖြစ်နိုင်ပါတယ်။ ကျွန်တော် တို့ ဥပဒေဆရာတွေပို့ချခဲ့ဘူးသလိုပဲ "လက်ရောက်မှု ဆိုတာ လက် မရောက် သေးတဲ့အမှုတွေကိုခေါ်တာ'' လို့မှတ်ရတာ လွယ်ကူတတ်ပါတယ်။ အခုလည်း စားသုံးသူတွေအတွက် အန္တရာယ်ရှိနိုင်တဲ့ ကုန်ပစ္စည်းအားလုံးကို ဥပဒေနဲ့ လွတ် ကင်းလို့မရနိုင်ဖူးဆိုတဲ့ စကားက မှတ်ရ လွယ်ကူပါလိမ့်မယ်။နောက်မှဥပဒေ ပုဒ်မနဲ့ပြစ်ဒဏ်ကို ရှာတတ်ရင် ရှင်းလင်းလွယ်ကူသွားမှာဖြစ်ပါတယ်။
မိမိမှာကြုံတွေ့လာရတဲ့နစ်နာမှုကို တိုင်ကြားနိုင်ဖို့ ခက်ခဲမှုမရှိ စေချင်ကြပါ ဈေးတွေမှာ မြင်တွေ့ရတတ်တဲ့ ရောင်းသူနဲ့ဝယ်သူ စကား များကြတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ဘယ်သူပဲ နစ်နာနစ်နာ ခုံရုံးနဲ့ ဥပဒေသာ အလွယ်တကူအသုံးပြုနိုင် မယ်ဆိုရင် တုတ်ဆွဲ၊ ဓားဆွဲပြဿနာတွေ လျော့နည်း သွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာက အားနာတတ်တာ၊ မရှုပ်ချင်တာ၊ ဘယ်ကိုတိုင်ရမှန်း မသိတာနဲ့ဘဲ ကိုယ့်ရဲ့နစ်နာမှုများရှိတဲ့တိုင် မကျေမနပ်မျိုသိပ်ပြီးကြိတ်ခံစား ကြပါ တယ်။ ယခုတိုင်အောင်လည်း အလေ့အကျင့် က တချို့နေရာ ဌာနတွေမှာရှိနေ ဆဲပဲ ဖြစ်ပါတယ်။ တချို့သောနေရာ/လုပ်ငန်းတွေမှာလဲ နစ်နာချက်ကို သတင်း ပေးပို့တဲ့သူဟာ စောင့်ကြည့်ခံရတာတွေ လုပ်ခံရတတ်ပါတယ်။ ဒါဟာနိုင်ငံတော် တိုးတက်ရေးကိုပါ ထိခိုက်စေပါတယ်။ ဒါ့အပြင် စားသုံးသူရေးရာကဲ့သို့သော ကိစ္စ ရပ်များမှာလည်း နည်းလမ်းတကျ တိုင်ကြားနိုင်ဖို့ကို အကြောက်တရားနဲ့ ဖိထား သလို ဖြစ်နေပါတယ်။ဒါ့ကြောင့် ပွင့်လင်းမြင်သာတဲ့ ခေတ်ကြီးမှာ ကိုယ်လည်း မှန်မှန်ကန်ကန်နေ၊ ကိုယ့်နစ်နာချက်ကိုလည်း နည်းလမ်းတကျ တိုင်တန်းနိုင်ဖို့ အလေ့အကျင့်ကောင်းများရှိဖို့ စားသုံးသူများဖက်မှလည်း လိုက်နာတတ်ဖို့ လွန် စွာမှအရေးကြီးလှပါတယ်။ အားတိုင်း တိုင်ကြားစာရေးပြီးနေမယ် ဆိုပြန်ရင်လည်း တာဝန်ရှိသူရဲ့ အလုပ်ဟာရှေ့ကို မရွေ့ဘဲ ဖြေရှင်းနေရတာနဲ့ နောက်မှာ တန့်နေ မှာဖြစ်ပါတယ်။ လူတိုင်း တောင့်တလိုချင်တာက ဘာပြဿနာမှမတက်ပဲ အေး ချမ်းစွာနဲ့ နေထိုင်လိုကြပါတယ်။ ဒါပေမဲ့ လူအမျိုးမျိုး စိတ်အထွေထွေဆိုသလို ပဲ လူတိုင်းတော့ မဖြူစင်နိုင်ဘူးပေါ့။ ပြဿနာဆိုတာတော့ အနည်းနဲ့ အများရှိ တော့ရှိကြမှာပဲ။ ပြဿနာအကြီးကနေအသေး၊ အသေးကနေ ပျောက်ကင်းသွားဖို့ လိုအပ်မှာဖြစ် ပါတယ်။ ဒီပြဿနာတွေကို တစ်ဆင့်ပြီးတစ်ဆင့် ထုခွဲချေဖျက် ပေးမယ့် စားသုံးသူ ခုံသမာဓိရှိ ဖို့ တော့လိုအပ်နေ ပါတယ်။ဒီခုံသမာဓိထံ အလွယ် တကူသွားရောက်ဖြေ ရှင်းနိုင်ဖို့ စားသုံးသူများ ရဲ့လိုလားချက်တစ်ခုဖြစ်တယ် ဆိုတာ ထင်ရှားလှပါတယ်။
စားသုံးသူကာကွယ်ရေးဥပဒေသာ လူ့ဘောင်လောကမှာ ဝိရောဓိသဘောရှိတဲ့ ဖြစ်ပျက်မှုတွေဒွန်တွဲနေ လေ့ရှိပါတယ်။ ဥပမာအပူရှိရင် အအေးရှိတာမျိုးလို၊ ကောင်းတာပြီးရင် သိပ်ဆိုး တာ ရောက်လာတတ်တာတွေဟာ လောကနိယာမ တစ်ခုပ င်ဖြစ်နေပါတယ်။ ဘယ်အရာမှပုံသေကောင်းတယ်၊ ဆိုးတယ်လို့ အပြတ်ပြောလို့မရဘူး။ အရာရာကို နည်းလမ်း တကျနဲ့မျှမျှတတ ခံယူတတ်မှ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေမှုရှိ ပြီးအရာရာအောင်မြင်မှု ရရှိနိုင်မှာ ဖြစ်ပါ တယ်။ စားသုံးသူပြည်သူများရဲ့ အရေးမှာလည်း မြင့်မြတ်တဲ့အမြင်နဲ့ မျှတတဲ့ အမြင် မျိုးရှိဖို့ လိုအပ်ပါတယ်။ ဘာကြောင့်ပြဿနာတွေ ဖြစ်ကြရတယ်၊ ဘယ်လို ဖြေရှင်း ကြရင်ကောင်းမယ်၊ ဘယ်သူတွေက ဘယ်အရာတွေ လိုအပ်နေတယ်ဆိုတာ တွေ သိရှိပြီး ကြည်လင်မှုရှိတဲ့ သဘောထားတွေကို ခံယူတတ်ဖို့လိုအပ်လိမ့်မယ်လို့ ထင်မြင်ပါတယ်။ စားသုံးသူများဖက်မှ လိုက်နာသင့်တဲ့ နည်းနာများကိုလည်း သိရှိ လိုက်နာဖို့ လိုအပ်နေ မှာ ဖြစ်ပါတယ်။ နောက်မှ စားသုံးသူအခွင့် အရေးဆိုတာကို တောင်းဆိုဖို့လိုမှာဖြစ်ပါတယ်။ စားသုံးသူများအနေနဲ့ ထုတ်လုပ် ရောင်းချသူနဲ့ မျှမျှတတ၊ မှန်မှန် ကန် ကန် ဆက်ဆံတတ်ဖို့၊ ကုန်ပစ္စည်းတွေရဲ့ သတင်းအချက် အလက် သိရှိနိုင်ဖို့၊ မတော်တဆအငြင်းပွားစရာ ဖြစ်လာ ပါက ဖြေရှင်းရင် လွယ်ကူရှင်းလင်းစွာ နဲ့ ဖြေရှင်းသွားနိုင်ဖို့ဆိုတာ လိုလားတဲ့ သဘောထား ရှိကြပါတယ်။ ဒါ့ကြောင့် စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေတစ်ရပ် အမြန် ဆုံး ပေါ်ပေါက်လာရေးဟာ အလွန် အရေးကြီးတယ်ဆိုတာ ဒီနေရာမှာ ပိုမို ထင်ရှားလာပါတယ်။ ဒီဥပဒေ ပေါ် ပေါက်လာတဲ့အခါ နစ်နာမှုတွေကို နည်းလမ်းတကျ ဖြေရှင်းနိုင်ပြီး စားသုံး သူများရဲ့ အခွင့်အရေးတွေကိုလည်း အပြည့်အ၀ အကာ အကွယ် ပေးနိုင် တော့မယ်ဆိုတာ စားသုံးသူများရဲ့ သဘောထား အမှန်ဖြစ်လိမ့်မယ်လို့ သုံး သပ် တင်ပြလိုက် ပါတယ်။
ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်က ကျင်းပသည့် နိုင်ငံ့ စွမ်းဆောင်ရည်ဆုချီး မြှင့်ပွဲအခမ်းအနား၌ အစိုးရ ၏ ပြုပြင် ပြောင်းလဲရေး စတုတ္ထအဆင့် လုပ် ငန်းစဉ် အဖြစ် ပုဂ္ဂလိက ကဏ္ဍပြောင်း လဲတိုးတက်ဖွံ့ဖြိုးရေး ကြိုးပမ်း ဆောင် ရွက်သွားမည်ဟု နိုင်ငံတော်သမ္မတ က ကြေညာခဲ့သည်။
သမ္မတဦးသိန်းစိန် အစိုးရ၏ သက် တမ်း ( ၂ ) နှစ်အတွင်း ပထမအဆင့် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဖြစ် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှု၊ ဒုတိယ အဆင့်ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် အဖြစ် စီးပွားေ ရးပြုပြင် ပြောင်းလဲမှု၊ တတိယအဆင့် ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်အဖြစ်ကောင်းမွန်သော အုပ်ချုပ် မှုစနစ် ဖြစ်ေ ပါ်ရေးနှင့် ယခုတစ်ခါ ပုဂ္ဂလိက ကဏ္ဍ ပြောင်းလဲတိုးတက်ဖွံ့ဖြိုး ရေးလုပ်ငန်းစဉ်ကိုစတုတ္ထ အဆင့်ပြုပြင် ပြောင်းလဲ မှုလုပ်ငန်းစဉ်အဖြစ်သတ်မှတ် ဆောင်ရွက်မှုအပေါ် မိတ်ဆွေများက စိတ်ဝင်စားကြသဖြင့် မြန်မာနှင့်ကမ္ဘာ့ နိုင်ငံရေး၊ စီးပွားရေး အခြေအနေများကို သုံးသပ်လေ့လာနေသော ကျွန်တော့် အား မိတ်ဆွေများက - "စတုတ္ထ အဆင့်ပြီးလျှင် နောက် ထပ်အဆင့်တွေ ရှိနိုင်သေးသလား၊ ဒီအစိုးရ ပြုပြင်ပြောင်းလဲမှု စီစဉ်ရင်း နဲ့အချိန်ကုန်သွားနိုင်တယ်။ လက်တွေ့ အောင်မြင်အောင် အကောင်အထည် ဖော်ဖို့ လုပ်ငန်းတွေ ဦးစားပေးသင့် တယ် '' "( ၂ ) နှစ်အတွင်း ပြုပြင်ပြောင်း လဲမှု( ၄ )ခုကို ရှေ့ဆင့်နောက်ဆင့် တစ်ပြိုင်တည်း လုပ်သွားတော့ နိုင်ပါ့မ လား၊ တစ်ခုပြီး တစ်ခုလုပ်ရင် ပိုမထိ ရောက်ဖူးလား '' "ဒီပြုပြင်ပြောင်းလဲမှု အဆင့်တွေ ကို ဘယ်လို စဉ်းစားချမှတ်တာလဲ'' စသည်ဖြင့် သိလို၍ မေးကြသည်။ သမ္မတကြီး ဦးသိန်းစိန်၏ စိတ် ထဲတွင် ရည်မှန်းဆောင်ရွက်နေမှု များကိုတော့ ကျွန်တော်မသိနိုင်သော် လည်း အတိတ်နှင့် ပစ္စုပ္ပန် နိုင်ငံရေး စီးပွားရေး အခင်းအကျင်းများကို အခြေခံ၍ ကျွန်တော်၏ သုံးသပ်လေ့ လာချက်များ ကို ဆွေးနွေးတင်ပြခြင်း သာဖြစ်ပါသည်။ အစိုးရနှင့် နီးစပ်သော အသိုင်း အဝိုင်းမှ ကြားသိရသည်မှာ သမ္မတကြီး အနေဖြင့် အစိုးရ သက်တမ်း (၂) နှစ် အတွင်း အစိုးရဌာနအားလုံး၏ ကဏ္ဍ အလိုက် မူဝါဒ လုပ်ငန်းစဉ်များရေး ဆွဲပြီးနောက် ကျန် (၃)နှစ်တာကာလ ကို ချမှတ်ထားပြီးခဲ့သော လုပ်ငန်းစဉ် များအားလက်တွေ့ အကောင်အထည် ဖော်သည့် ကာလဟု သတ်မှတ်၍ ဆောင်ရွက်သွားမည်ဟု ကြားသိရပါ သည်။ အစိုးရ၏ ပြုပြင်ပြောင်းလဲမှုလုပ် ငန်းစဉ်(၄)ရပ်ကို ရိုးစင်းစွာဖြင့် ခွဲခြမ်း စိတ်ဖြာစဉ်းစားကြည့်မိပါသည်။ နိုင်ငံ တစ်နိုင်ငံ၏အရေးကြီးဆုံးနယ်ပယ်ကြီး (၃)ရပ်မှာ နိုင်ငံရေးနယ်ပယ်၊ စီးပွား ရေးနယ်ပယ်၊ လူမှုရေးနယ်ပယ် ဟုဆို လျှင် ခြုံငုံမိနိုင်ပါသည်။ ဒီ နယ်ပယ်ကြီး (၃)ရပ် အနက် နိုင်ငံရေးနယ်ပယ်ကိုလေ့လာလျှင်ယခင် တစ်ပါတီ စနစ်ဖြင့် စစ်အစိုးရ အုပ်ချုပ် သည့် နိုင်ငံရေးကို တွေ့ရှိရမည်။ ယခင် အစိုးရက ပြည်သူတွေ တောင်းဆိုနေ သော ပါတီစုံ ဒီမိုကရေစီ စနစ် ပေါ် ပေါက်လာအောင် အခြေခံ ဥပဒေ ရေး ဆွဲပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေသစ်နှင့် အညီ "နိုင်ငံရေး ပြုပြ င်ပြောင်းလဲမှု တာဝန်ကြီး'' ကို သမ္မတ ဦးသိန်းစိန် အစိုးရထံ လွှဲပေးခဲ့ပါသည်။ သမ္မတကြီး ၏ မိန့်ခွန်းထဲမှာ ပါသကဲ့သို့ နိုင်ငံရေး ပြုပြင် ပြောင်းလဲရေး တာဝန်ကြီးကို ပြည်သူများနဲ့အတူ လက်တွဲ ပူးပေါင်း ဆောင်ရွက်ခဲ့ သဖြင့် ကမ္ဘာ့ နိုင်ငံများ က မြန်မာကိုအသိအမှတ်ပြု လေးစား ဆက်ဆံလာကြပြီး ကမ္ဘာ့ မျက်နှာစာ မှာ မြန်မာတို့ရဲ့ ဂုဏ်သိက္ခာ မြှင့်တင် နိုင်ပြီ ဖြစ်ပါသည်။ ဒုတိယအဆင့် ပြုပြင် ပြောင်းလဲ ရေးဖြစ်သည့်စီးပွားရေးပြုပြင်ပြောင်း လဲမှုဟု ဆိုသော် လည်း ခေတ်သစ် တွင် ပြည်သူတို့၏ လူမှုစီးပွား ဘ၀ အလုံးစုံ ပါဝင်လာသည့်အတွက် စီးပွားရေးနှင့် လူမှုရေး ပြုပြင်ပြောင်းလဲမှု ဟု ဆိုပါမှ ပြည့်စုံပါသည်။ ထို့ကြောင့်လဲ အစိုးရ က "စီးပွားရေး နှင့် လူမှုရေး ပြောင်းလဲမှု အတွက်အခြေခံ မူဘောင်''ကို ရေးဆွဲ ချမှတ် အကောင်အထည်ဖော်ခြင်း ဖြစ် ပေသည်။ စီးပွားရေးနှင့်လူမှုရေးတွင် လက်ရှိ အခြေအနေမှနိုင်ငံတကာနှင့်ရင်ဘောင် တန်းနိုင်အောင် ပြုပြင်ပြောင်းလဲ တိုး တက်အောင် ဆောင်ရွက်ရမည်ဆိုပါက လူမှုစီးပွားရေး နယ်ပယ်ကို တွန်းတင် စွမ်းဆောင်မည့်သူ များစွာ လိုသည်။ငွေကြေးအရင်းအနှီးများစွာ ထည့်သွင်း ရင်းနှီးမြှုပ်နှံရန် လိုသည်။ နည်းပညာ လိုသည်။ မိမိနိုင်ငံ ကုန်စည်များဈေး ကွက်ဝင်နိုင်ရန်လိုသည်။Input သွင်း အားစုတွေ များများထည့်မှ Out put များများပြန်ရမည်။ တိုးတက်ဖွံ့ဖြိုးမည်။ တတိယ အဆင့် ဖြစ်သည့် ကောင်းမွန်သော အုပ်ချုပ်မှု စနစ် အတွက် အစိုးရ အုပ်ချုပ်မှု ယန္တရား ပြုပြင် ပြောင်းလဲမှု လုပ်ငန်းစဉ် တွင် အရာထမ်း ဝန်ထမ်းများ၏ စိတ်ဓာတ်၊ စိတ်ထား(Mind Set) ပြောင်းရေး၊ စီမံ ခန့်ခွဲမှုကောင်းရေး၊ ဥပဒေစည်းမျဉ်းများ ကို ခေတ်နှင့်အညီ ပြင်ဆင် ရေးဆွဲပြီး စည်းမျဉ်းဥပဒေနှင့်အညီ အုပ်ချုပ်ရေး (Rule of law) ပြည်သူ့အသံ၊ ပြည်သူ့ ဆန္ဒသိအောင် ဆောင်ရွက်၍ တာဝန် သိမှု၊ တာဝန်ယူမှုဖြင့် ပွင့်လင်းမြင်သာ အောင် ဆောင်ရွက်ရေး၊ လာဘ်ပေး လာဘ်ယူနှင့် အဂတိလိုက်စားမှု လျော့ နည်းပပျောက်ရေးတွေ ဆောင်ရွက် ကြ ရမည်ဖြစ်သည်။ အစိုးရယန္တရားသည် နိုင်ငံရေးနယ်ပယ်၊ စီးပွားရေး နယ်ပယ်၊ လူမှုရေးနယ်ပယ် ပြောင်းလဲ တိုးတက် ကောင်းမွန်ရေး ကိုင်တွယ် စီမံရသည့် အချက် အချာ ဖြစ်သည်။ ထို့ကြောင့်အရည်အချင်းရှိပြီး စိတ် ဓာတ်ကောင်းသော ပြည်သူ့အကျိုး သယ်ပိုးလိုသော ပုဂ္ဂိုလ်များ၊ လူ့စွမ်း အား အရင်းအမြစ်များ ဖြစ်ရန် လေ့ ကျင့်ပျိုးထောင်ပြောင်းလဲရန်လိုသည်။ ယခု စတုတ္ထအဆင့် ဖြစ်သော ပုဂ္ဂလိက ကဏ္ဍပြောင်းလဲ တိုးတက်ဖွံ့ ဖြိုးရေးသည် နိုင်ငံအတွက် ပိုအရေး ကြီးသည်။နိုင်ငံ၏စီးပွားရေးယန္တရား ကြီးတွင် ပုဂ္ဂလိက အခန်းက ၉၁ ဒသမ ၇ ရာခိုင်နှုန်းပါဝင်သဖြင့် ဤ စီးပွားရေးယန္တရားကိုအစိုးရကဏ္ဍက မောင်းနှင် တွန်းပို့နိုင်မည်မဟုတ်၊ ပုဂ္ဂလိက ကဏ္ဍကသာနိုင်ငံ့စီးပွားရေး တိုး တက်အောင် တွန်းတင်နိုင်မည် ဖြစ်သည်။ ပုဂ္ဂလိက ကဏ္ဍ တွန်းတင် နိုင်အောင် အစိုးရက အားပေးကူညီရ မည် ဖြစ်ပေသည်။ ကျွန်တော့်ကို မေးမြန်းဆွေးနွေး သော မိတ်ဆွေများကို စာရွက်တစ် ရွက် ပေါ်တွင်တစ်ဖက်ပါ Model ပုံစံ (၂)ခု ကို ဆွဲပြခဲ့သည်- နိဂုံးချုပ်ရသော် စီးပွားရေးလုပ် ငန်းရှင်တစ်ဦးသည် စက်ရုံကုန်ထုတ် လုပ်မှုလုပ်ငန်းတစ်ခု ထူထောင်သည် ဆိုပါစို့။ လုပ်ငန်းရှင် ကိုယ်တိုင်၏ အောင်မြင်အောင် ဆောင်ရွက်မည်ဟူ သောဆန္ဒနှင့်စိတ်ဓာတ်ပြင်းပြမှု(Political Will ) ရှိရသလို၊ ငွေကြေးအရင်း အနှီး၊ စက်ကိရိယာများ ရင်းနှီးမြှုပ်နှံစွန့် စားရသည်။ စက်ရုံအတွက် စီမံခန့်ခွဲ အုပ်ချုပ်သူ မန်နေဂျာကောင်း ရရန်၊ စက်ရုံလုပ်သားများ ကျွမ်းကျင်ရန် စီမံ ရသည်။ အားလုံးကို တစ်ပြိုင်တည်း တွက်ချက်စီမံလုပ်ကိုင်ရသည်။ တစ်ခု ပြီးမှ တစ်ခုလုပ်၍မရ။ ထိုသို့ လုပ် ဆောင် အကောင်အထည်ဖော်သော် လည်း တစ်နှစ်၊ နှစ်နှစ်အတွင်း အကျိုး အမြတ်ရမည်မှာ မသေချာ၊ ကိုယ်က ကြိုးစား လုပ်သော်လည်း ဈေးကွက် အခြေအနေကို ကိုယ်မဖန်တီးနိုင်သေး။ စီးပွားရေးပိတ်ဆို့မှုခံထားရလျှင်ခက်သည်။စီးပွားရေးပိတ်ဆို့မှုဖွင့်လျှင် ထုတ်လုပ် မှုစရိတ်သက်သာပြီး အရည်အသွေး ကောင်းသည့်ပစ္စည်းများသာဈေးကွက်ဝင် နိုင်မည်ဖြစ်၍ ထုတ်လုပ် မှုနည်းစဉ် ခေတ်မီအောင် ပြုပြင်ပြောင်းလဲလုပ် ရဦးမည်။ အလားတူ သမ္မတကြီး ဦးသိန်းစိန် အစိုးရသည် ပြုပြင် ပြောင်းလဲမှုကို တစ်ခုပြီးမှတစ်ခု လုပ်၍မရ၊ နိုင်ငံနှင့် ပြည်သူတို့၏ လိုအပ်ချက်တွေက များ ပြားလှသည်။ နိုင်ငံရေးနယ်ပယ်၊ စီး ပွားရေးနယ်ပယ်၊ လူမှုရေး နယ်ပယ် တို့ တစ်ပြိုင်တည်း ပြုပြင်ပြောင်းလဲ တိုးတက်အောင် စီမံလုပ်ကိုင်ရသည်။ ဒီနယ်ပယ်တွေ တိုးတက်အောင် တွန်း တင်မည့် လူ့စွမ်းအား အရင်းအမြစ် များမှာ အစိုးရဌာနနှင့် ပုဂ္ဂလိက ကဏ္ဍက ပြည်သူ အားလုံးပင် ဖြစ် သည်။ အစိုးရဌာနများနှင့် ပုဂ္ဂလိက ကဏ္ဍတို့မှ လူ့စွမ်းအား အရင်းအမြစ် ၏စွမ်းဆောင် ရည်မြင့်မားလာအောင် ပြုပြင်ပြောင်းလဲ တိုးတက်အောင် စီမံ ရသည်။ Input သွင်းအားစုများ အဖြစ် ဘတ်ဂျတ်ငွေကြေး၊ နိုင်ငံခြားအကူ အညီ ထောက်ပံ့ငွေ၊ ချေးငွေ များ နှင့် ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ကို ရရှိအောင် ကြိုးစား၍ ရလာလျှင် နယ် ပယ်အားလုံး၌ထိ ထိရောက်ရောက် အသုံး ပြုပြီးနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာရေး အတွက်အစိုးရ၊ ပုဂ္ဂလိက ပူးပေါင်း၍ ပြည်သူ အားလုံးပါဝင်သော ပြည်သူ့ စွမ်းအားဖြင့် နိုင်ငံတိုးတက်အောင် တည်ဆောက်သွားနိုင်မည်ဟု သမ္မတ ဦးသိန်းစိန် အစိုးရ၏ ပြုပြင် ပြောင်းလဲ မှု လုပ်ငန်းစဉ်များကို လေ့လာသုံးသပ်မိ ပါသည်။
သြော်-ဗီယက်နမ် ငယ်စဉ်အခါက ကြည့်ခဲ့ရသည့် ဗီယက်နမ်စစ်ပွဲ ရုပ်ရှင်များကြောင့် ဗီယက်နမ်ဆိုသည်မှာ ထိုကဲ့သို့ဖြစ် သည်၊ ထိုကဲ့သို့သောအခြေအနေရှိသည် စသဖြင့် ဗီယက်နမ်ဆိုသည့်အရာနှင့် ပတ်သက်သည်တို့ကို စတင်သိရှိခဲ့ ရခြင်း ဖြစ်သည်။ စစ်၏ အနိဌာရုံ များရှိသော၊ ခမောက်များဆောင်းတတ်သည့် လူများ လယ်ယာစိုက်ပျိုးရေး လုပ်ငန်းများဖြင့် အသက်မွေးဝမ်းကြောင်းပြုနေသော၊ လူဆင်းရဲ အများအပြားရှိသည့် နိုင်ငံ တစ်နိုင်ငံဟူသာ နားလည်ထားခဲ့၏။ လူမှန်းသိတတ်စအရွယ် အချိန်မှစ၍ အရွယ်ရလာသည့်ကာလတစ်လျှောက် ဗီယက်နမ်နှင့် ပတ်သက်သည့် ဗဟုသုတ များမှာ တိုး၍သာတိုး၍ သိရှိလာခဲ့ရ သည်။ မိမိတို့၏ ဇာတိချက်ကြွေ အမိ မြန်မာနိုင် ငံနှင့် ရေမြေအနေအထား၊ နိုင်ငံ ရေး၊ စီးပွားရေး အခြေအနေ တူ၊ဘဝတူ နိုင်ငံ တစ်နိုင်ငံဖြစ်မှန်း၊ နောက်ပိုင်းတွင် စီအယ်လ်အမ်ဗွီ (CLMV) ဟုခေါ်သည့် အာဆီယံနိုင်ငံသစ်လေးနိုင်ငံထဲတွင် အတူတကွ ပါဝင်လာရသည့် အဆင့် အတန်းတူနိုင်ငံ၊ မဲခေါင်မြစ်ကြော တစ် လျှောက်က အိမ်နီးချင်းမိတ်ဆွေနိုင်ငံ တစ်နိုင်ငံ စသဖြင့် စသဖြင့် ဗီယက်နမ် အကြောင်းသည်ကားပို၍ပို၍ပင်သိရှိခွင့် ရလာခဲ့၏။
စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူအများစုရဲ့ ပညာရေး အရေးကြီးတယ်ဆိုတဲ့ အကြောင်းကို အပြောများကြ၊ အမြင်များ ကြပြီးသားပါ။ စီးပွားရေးပညာရှင်တွေကတော့ ပညာရေးက စီးပွား ရေးကို နည်းလမ်းသုံးသွယ်နဲ့ အထောက်အကူပြုတယ်လို့ ပြောကြ ပါတယ်။
မြန်မာမှုနယ်ပယ်မှာဆိုရိုးစကားနဲ့ စကားပုံတွေသူ့နေရာနဲ့သူ အသုံးပြုနိုင်ဖို့ ရှေးမြန်မာပညာရှင် များ နောင်လာနောက်သားတွေ အတွက် တီထွင်ထားပေးကြပါတယ်။ ကမ္ဘာကျော်ထင်ရှားတဲ့ အဆို အမိန့်တွေ၊ စကားပုံတွေ၊ ဆိုရိုးစကားတွေဟာ မြန်မာစကားမှာ ရှိနှင့် ပြီးသားဖြစ်နေပါတယ်။ မိမိအသုံးပြုလိုတဲ့ကိစ္စအတွက် မိမိလက်ထဲမှာ ရှိတဲ့အရာနဲ့ အဆင်ပြေအောင် ဆောင်ရွက်လုပ်ကိုင်တဲ့အခါမှာ "သစ် မရှိခင်ဝါးပေါင်းကွပ်" လို့ ဆိုစမှတ်ပြုကြပါတယ်။