Background
ပဲသမားနှင့်ကျောက်သမားဆွေးနွေး ခန်း ပဲသမားနှင့် ကျောက်သမား မိတ် ဆွေ နှစ်ဦး တွေ့ကြသည်။ ကျောက် သမားက "ခင်ဗျားတို့ ပဲလောက က လူ တွေက တစ်ယောက်အိပ်ကပ်ထဲက ပိုက်ဆံကို တစ်ယောက်က ဘယ်လို ယူ ရမလဲဆိုတာဘဲ စဉ်းစားနေတဲ့လူတွေ ပဲဗျ။"အချင်းချင်းအပေါ် သစ္စာမရှိဘူး" ဟုပြောသည်။ ပဲသမားကလည်း အား ကျမခံ "ကျွန်တော်တို့က ပိုက်ဆံပဲယူ တာပါဗျာ၊ ခင်ဗျားတို့ ကျောက်သမား လို လူမသတ်ဘူး"ဟု ပြန်ပြောခဲ့သည်။ စီးပွားရေးနယ်ပယ်နှစ်ခုမှ ပုဂ္ဂိုလ် နှစ်ဦး၏ ဆွေးနွေးချက်များအတိုင်း သက်ဆိုင်ရာနယ်ပယ်တွင် ဖြစ်နေသည် ဟု မဆိုနိုင်သော်လည်း ဖြစ်ခဲ့သည့် သာဓကများရှိခဲ့သည်ကိုတော့ ငြင်း၍ ရမည်မထင်ပါ။
အထက်အညာမှရေဟာ အောက်အကြေအရပ်ကို မြစ်ကြောင်း အတိုင်းစီးဆင်းသွားရာမှာ ရေနဲ့အတူ နှုန်းမြေ အနယ်အနှစ်များ၊ သဘာဝမြေသြဇာများ၊ သဲနှုန်းများ၊အမှိုက်သရိုက်များပါ တစ်ပါတည်း စီးမျှောသွားတတ်ပါတယ်။ ဒီလိုစီးမျောတတ်တဲ့ ပစ္စည်းတွေကို ရေစီးအဟုန်နဲ့ အတားအဆီးရှိခဲ့မယ်ဆိုရင်လဲ သောင်ထွန်းခြင်း၊ မြစ်ကြောင်း တိမ်ကောခြင်း၊ မြစ်ကြောင်းကွေ့ကောက်ပြောင်းလဲ ခြင်းစသည်ဖြင့် မလိုလားအပ်တဲ့ အပိုအလုပ်တွေ ဖြစ်ပေါ်လာ တတ်ပါတယ်။ ဒီလိုပါပဲကျွန်တော်တို့ဟာခေတ်ရေစီးကြောင်းမှာမျောပါ နေသူ ပါ။ ယခုခေတ်ဟာ ပညာခေတ်နဲ့အတူ တီထွင်မှုတွေဟာလဲ မရပ်မနားတစ်တပ်တစ်အားဆိုသလိုပါပဲ။ ခေတ်အဆက်ဆက် ကြည့်ရင် သိပ်ဝေးနေမှာမို့ နှစ်အဆက်ဆက်ပဲ ကြည့်ကြရအောင်ပါ။ ကျွန်တော်တို့ တစ်သက်လက်လှမ်းမီသရွေ့ပေါ့။ ကျွန်တော်တို့ မူလတန်းကျောင်းနေစဉ်က ကျောက်သင်ပုန်းနဲ့ ကျောက်တံတွေကိုင်ခဲ့ရတယ်။ တစ်ဖက်မှာ ဝလုံးအခြေခံ ကကြီး၊ ခခွေးတွေရေးရင် တစ်သက်လုံး လက်ရေးလှအောင် ဆရာမတွေက သံချွန်နဲ့မျဉ်းတားပေးတတ်ကြတယ်။ ကျောက်တံသွေးစရာ ကျောက် တုံးတွေက ကျောင်းမြောက်ဘက်က မန်ကျည်းပင်ရိပ်မှာပေါ့။ ဒီ ကျောက်သင်ပုန်းနဲ့ ကျောက်တံရဲ့ ကျေးဇူးနဲ့ပဲ မူလတန်းပညာတွေ ရခဲ့တယ်။ ဒီလိုနဲ့ပဲ တိုင်းပြည်ခေါင်းဆောင်တွေ ပညာတတ်တွေဖြစ် ခဲ့တယ်။ ၁၉၆၇ ခုနှစ်၊ ငါးတန်းရောက်တော့ အထက်တန်းကျောင်း ကိုသွားတက်ရမှာဆိုတော့ ဖောင်တိန်တွေကိုင်ခဲ့ကြရတယ်။ Youth, Kinsin, Parker စတဲ့ ဖောင်တိန်တွေကိုင်ရတယ်။ မင်အိုးထဲက မင်ကိုပိုက်နဲ့ စုပ်ထည့်ကြရတယ်။ ဝီရိယမရှိရင် အတန်းထဲမှာစာလိုက် နေရင်း မင်ကုန်သွားတတ်တယ်။ မင်ခြောက်ထည့်ထားတဲ့ ဘောပင် ဆိုတာမပေါ်သေးတော့ မမြင်ဘူး။ မသုံးဘူးသေးဘူး။ ခုခေတ်ကလေး တွေ ဖောင်တိန်ကို မမြင်ဖူးကြတော့ဘူး။ ၁၉၇၀ ခုနှစ်လောက်ကျမှ BIC ဆိုတဲ့ ဘောပင်ကလေးတွေ ပေါ်လာလို့ စာရေးကိရိယာတစ်ခေတ်ပြောင်း ခဲ့တယ်။ Refill ဆိုတဲ့ မင်ချောင်းအစားထိုးနိုင်တာကနေ တစ်ခါသုံး၊ ကုန်ရင်လွှင့်ပစ်ရတဲ့ တစ်ခါသုံးဘောပင်တွေ ဖြစ်လာကြတယ်။ သူလဲ ခေတ်ရေစီးမှာ ဘယ်လောက်ခံပါ့မလဲ။ ခေတ်သစ်ဆက်သွယ်ရေးနည်းပညာခေတ် ထဲမှာ Paperless ဖြစ်အောင် လုပ်ကြမယ်လို့ ကြုံးဝါးနေကြပြီ။ တစ်ယောက်နဲ့တစ်ယောက် စာရွက်နဲ့ဘောပင်သုံးပြီးစာ မရေးတော့ ဘူး။ ကွန်ပျူတာနက်ဝပ်ကနေ စာတွေပို့မယ်။ ဂျီမေးလ်၊ အီးမေးလ် တွေ ပေးပို့မယ်။ ဓါတ်ပုံတွေသတင်းတွေ ပို့မယ်။ နောင်တစ်ချိန်မှာ စက္ကူစာရွက်ဆိုတာပြတိုက်ထဲမှာခေတ်ဟောင်းကလူ့အသုံးအဆောင် ပစ္စည်းပြခန်းမှာ နေရာယူရတော့မယ်။ ဒီလိုပါပဲ လူ့အသုံးအဆောင်တွေဟာ တီထွင်မှုလှေကြီးတွေ ပေါ်မှာ ခေတ်ရေစီးနဲ့အတူ စီးမျောလာလိုက်တာ- ဖြေဖျော်ရေးပစ္စည်းမှာ - ဓာတ်ပြားခေတ်၊ ရေဒီယို၊ ကက်ဆက်၊ CD, DVD, EVD နဲ့ ယခု အင်တာနက်ခေတ်မှာ ကမ္ဘာကြီးမှာ ဘာတွေဖြစ်နေသလဲဆိုတာ ထိုင်ရာမထကြည့်လို့ရပြီ။ ဆက်သွယ်ရေး ပစ္စည်းမှာ လက်လှည့်စကားပြောစက်၊ ဒီဂျစ်တယ်ဖုန်း၊ ယခု မိုဘိုင်းဖုန်း၊ အဲဒီမိုဘိုင်ဖုန်းထဲမှာ ဖန်ရှင်က အမျိုးမျိုး၊ ခလုပ်နှိပ်စရာ၊ အချို့ တို့ထိရုံ၊ အချို့အာရုံခံကိရိယာစသည်ဖြင့် တိုးတက်လာလိုက် ကြတာ။ဓာတ်ပုံပစ္စည်းမှာလဲကြည့်ပါအုံး သုံးချောင်းထောက် ကင်မရာ ကြီးတွေနောက်မှာ ခြုံထည်အဝတ်မဲကြီးထဲကနေချိန်ဆပြီး ရိုက်ရာက အဖြူအမဲဖလင်ကင်မရာ၊ ရောင်စုံဓါတ်ပုံကင်မရာ၊ နောက်ဒီဂျစ်တယ် ရောင်စုံကင်မရာ၊ ရုပ်ငြိမ်လှုပ်ရှား ဗွီဒီယိုရိုက်လို့ရတဲ့ ကင်မရာတွေ အမျိုးမျိုးတီထွင်လာခဲ့ကြတယ်။ ခရီးသွားလာရေးမှာလဲ လှည်းခေတ်၊ လှေခေတ်၊မြင်းခေတ်ကနေ ရေနွေးငွေ့ အကြောင်းသိလာရာမှ စက်မှု တော်လှန်ရေးဖြစ်ပြီး၊ အင်ဂျင်အမျိုးမျိုးနဲ့ ကား၊ ရထား၊ လေယာဉ်များ အမျိုးမျိုးအဖုံဖုံ တီထွင်လာကြပါတယ်။ တီထွင်မှု အမျိုးမျိုးကိုပြောရရင် ကုန်အံ့မထင်ပါ။ သူတို့ရဲ့ ရည်ရွယ်ချက်ကတော့ ရှေ့ကထွင်ထားသူထက် ပိုပြီးသစ်ဆန်းရေး၊ သူမတူရေး၊ ဖောက်ထွက်ရေးတို့ကို ထည့်သွင်းစဉ်းစားတီထွင်ရင်းနဲ့ လူတွေမှာ အချိန်ကုန်သက်သာစေတယ်။ ကိုယ်တိုင်ထလုပ်စရာ မလိ့ုတော့တဲ့အတွက်ကာယအားစိုက်ထုတ်မှုလျော့ကျစေတယ်။ တစ်နည်းအားဖြင့်ခေတ်ရဲ့တောင်းဆိုမှုကြောင့်ခေတ်နဲ့အညီလိုက် လျောညီထွေပြောင်းလဲလာခြင်းလို့မြင်ပါတယ်။ဒါမှလဲတိုးတက်မှု သရုပ်ကို ဖော်နိုင်မှာပါ။ မလွဲမသွေ ကြိုဆိုရမဲ့ တီထွင်မှုများပါ။ ဥပမာ- မင်အိုးစက်ရုံတို့၊ ဖောင်တိန်စက်ရုံတို့က သူတို့လုပ်သား တွေ ဒုက္ခရောက်ပါတော့မယ်ဆိုပြီး ဘောပင်တီထွင်တဲ့စက်ရုံကို အရေးယူပေးပါလို့ ဆန္ဒပြတိုင်ကြားရင်ဖြစ်ပါ့မလား။ ဒီလိုပါဘဲ ဆိုက်ကား၊မြင်းလှည်းဆရာတွေကကျွန်တော်တို့လည်းဒီမြို့မှာတစ်သက် လုံးနင်းခဲ့ မောင်းခဲ့ပါတယ်ဆိုပြီး၊ ဆိုင်ကယ် ကယ်ရီတွေ သုံးဘီး ဆိုင်ကယ်တွေကို အလိုမရှိဆိုပြီး အပြစ်ရှာနေရင်တော့ ဒီမြို့တိုးတက် ပါ့မလား။ ဖြစ်ရမှာက ဖောင်တိန်စက်ရုံက ဘောပင်ထုတ် နိုင်အောင် တီထွင်ဖို့နဲ့ ဆိုက်ကား၊မြင်းလှည်းသမားတွေက ဆိုင်ကယ်ပေါ်တက် နိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ မြင်းလှည်းသမားတွေ ဆိုင်ကယ်ပေါ်တက်နိုင်အောင် ကြိုးစားကြရမှာဖြစ်ပါတယ်။ ဒီလို ဖြစ်အောင်လဲ တာဝန်ရှိသူ တွေက သူတို့လိုအပ်တာ အားပေးကူညီရ မှာဖြစ်ပါတယ်။ ဆင်းရဲနွမ်းပါးမှု လျှော့ချရေးမှာ ဒီအမြင်မျိုးကိုလည်း ရှုမြင်အသုံးချပေးရမှာဖြစ်ပါတယ်။ နိုင်ငံတကာက အစိုးရများ၊ ကုမ္ပဏီကြီးများ၊ တီထွင်ပညာရှင် များ၊ သိပ္ပံပညာရှင်များရဲ့ သမိုင်းမှာ ကျွန်တော်တို့ ဘယ်ကဏ္ဍက နေပါဝင်နေပါသလဲ၊ ကျွန်တော်တို့ဟာ တစ်သက်လုံး ပွဲကြည့်ပရိတ် သတ်လား၊ သူတို့ တီထွင်ဆန်းသစ်ထားတဲ့ ပစ္စည်းအသစ်အဆန်းတွေ ကို ပြည်မထဲတင်သွင်း၊ အမြတ်တင်ရောင်းချ၊ ဒါနဲ့ဘဲ ကျေနပ်နေကြ မှာလား။တီထွင်မှုလှေကြီး ခေတ်ရေစီးနဲ့ စုန်ဆင်းလာတာကို ကျွန်တော်တို့ကမ်းပါးညွှတ်မျှအုတ်အော်သောင်းနင်းဝိုင်းအုံရှုမျှော်ရင်း၊ လက်ခုပ်လက်ဝါးတီးရင်း၊ ဝယ်ယူအားပေးရင်းနဲ့ အသက်တွေအကြီးခံ ရမှာလား။ တီထွင်ဖန်တီးစရာ သယံဇာတတွေ ရှားပါးနေလို့လား ...? နည်းပညာရှင်တွေကဘဲ လက်လှမ်းမမီနိုင်ဘဲ တရားလွန် မြင့်မားနေလိ့ုလား ...? လူ့စွမ်းအားအရင်းအမြစ်တွေကပဲ ဝယ်ပြီးရင်ရောင်းမယ်။ ရောင်းပြီးရင်ထပ်ဝယ်မယ်။ ဒီလိုနဲ့ကြီးပွားတာကို တိုးတက်တယ်ဆိုပြီး ရောင့်ရဲတင်းတိမ်နေကြလို့လား ... ? ငွေကြေးအရင်းအနှီးမရှိလိ့ုလား ... ? သစ်ပင်ကြီးတစ်ပင်ကို ပုဆိန်နဲ့ ခုတ်လှဲတဲ့အခါ ပထမပုဆိန်ချက် ကြောင့်လဲတာမဟုတ်ပါဘူး။ နောက်ဆုံး ပုဆိန်ချက်ကြောင့်လဲတာ လည်းမဟုတ်ပါဘူး။ပထမ၊ဒုတိယ၊ တတိယစတဲ့ ပုဆိန်ချက်ပေါင်းများ စွာကြောင့် သစ်ပင်ကြီးပြိုလဲနိုင်တာပါ။ ဒါ့ကြောင့် ကျွန်တော်တိ့ုလည်း နိုင်ငံတကာ တီထွင်မှုစံနှုန်းတွေနဲ့ အညီ သူတိ့ုလို အသစ်အဆန်းတွေတီထွင် ထုတ်လုပ်သုံးစွဲရောင်းချ လိုတယ်ဆိုရင်ဖြင့် ဌာနတိုင်းအဖွဲ့အစည်းတိုင်းမှာ R & D ဆိုတဲ့ သုတေသနနဲ့ ဖွံ့ဖြိုးရေးဆိုတဲ့ ဌာနခွဲတွေကို မလွဲမသွေဖွဲ့စည်းပြီး၊ အဖက်ဖက်ကနေ သုတေသနပြု၊ တီထွင်မှုပြု၊ ပညာရှင်၊ ပညာတတ် တွေကို နေရာပေး၊ အားပေးအားမြှောက်ပြုပေးကြရင်းဖြင့်ခေတ်ရေ စီးကြောင်းထဲမှာ မြန်မာပြည်မှာ လုပ်သည်ဆိုတဲ့ ဆိုင်းဘုတ်အမှတ် အသားလေးတွေ ပျံ့နှံ့သွားမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
အိန္ဒိယနိုင်ငံ၏ အတန်းပညာရေး အား အောက်ပါအတိုင်း ခွဲခြားထားပါ သည်-(က) မူကြိုအဆင့်။ Pre-primary/ Lower Kindergarten/Upper Kinder garten စသည့်ကျောင်း များဖြစ်ပြီးအသက် (၃)နှစ်မှ (၅) နှစ်အထိ (၂)နှစ် သင်ကြားလေ့ ရှိပါသည်။(ခ) မူလတန်းအဆင့်။ (၄)တန်း သို့မ ဟုတ် (၅)တန်းအထိ သင်ကြား သော Primary ကျောင်းများဖြစ် ပါသည်။(ဂ) အလယ်တန်းအဆင့်။ (၇) တန်း သို့မဟုတ်(၈)တန်းအထိ သင် ကြားသော Upper Primary ကျောင်းများ ဖြစ်ပါသည်။
ဇူလိုင်လ ၁၇ ရက်နေ့က အိန္ဒိယ နိုင်ငံ၏ နောက်ဆုံးဆင်းရဲနွမ်းပါးမှုဆိုင် ရာကိန်းဂဏန်းများကိုထုတ်ပြန်ခဲ့သည်။ ထိုစာရင်းအင်းများကအားရစရာကောင်း သောအခြေအနေတွေကိုညွှန်းပြနေသည်။ (၂၀၀၄-၂၀၀၅) ခုနှစ်က အိန္ဒိယလူမျိုး ၃၇ ရာခိုင်နှုန်း ဆင်းရဲကြရာမှ ယခုအခါ (၂၀၁၁-၂၀၁၂)တွင်ဆင်းရဲမျဉ်းအောက် ရောက်နေသူ အိန္ဒိယလူမျိုးတွေ ၂၂ ရာခိုင်နှုန်းသာ ကျန်တော့သည်။ ရွေး ကောက်ပွဲနီးနေသောယခုလိုအချိန်မျိုးတွင် ထိုစာရင်းအင်းတွေကိုမေးခွန်းမထုတ်ဘဲ နေကြမည်မဟုတ်။ အစိုးရကို အထင် ကြီးစေရန် ရည်ရွယ်ပြီး စာရင်းအင်းများ ထုတ်ပြန်ခြင်း ဖြစ်သည်ဟု မကောင်း မြင်သူတွေကဆိုကြသည်။
SME များ၏ အရေးပါမှု ကမ္ဘာပေါ်ရှိ နိုင်ငံတိုင်းတွင် အသေးစားနှင့် အလတ်စားလုပ်ငန်းများ (SMEs) အများစု ဖြစ်သောကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုကို အဓိက မောင်းနှင်နေသူများဖြစ်ပြီး တိုင်းပြည် ဝင်ငွေ အများစုကို ဖော်ဆောင်ပေးခြင်း၊ အလုပ်အကိုင် အများဆုံးဖန်တီးပေးနိုင် ခြင်း၊ ထို့အပြင် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် စုစုပေါင်း ပို့ကုန်အများစုကို SME များ က တင်ပို့နေသည်။SME များသည် စီးပွားရေးအရ လှုပ်ရှားသက်ဝင် ရှင် သန် တိုးတက်ရေးတွင်လည်း အရေးပါ သည့်အလျာက် တီထွင်ကြံဆမှု၊ အသစ် ဖန်တီးပြုလုပ်မှုအများဆုံးလုပ်ဆောင် နေသည့်အပြင် လုပ်သားစုစိုက်သုံး လုပ် ငန်း (Labour Intensive) များ ဖြစ်၍ အလုပ်အကိုင်သစ်များကိုလည်း အများ ဆုံး ဖန်တီးပေးသည်။ ယေဘုယျအားဖြင့် SMEs များ၏ အားသာချက်အနေဖြင့် လုပ်ငန်း စတင် ရန်လွယ်ကူခြင်း၊ဈေးကွက်အခြေအနေ အရ ပြောင်းလဲရန် လိုအပ်ပါက အမြန် ဆုံးပြောင်းလဲနိုင်ခြင်း၊ မိမိ၏ ကြိုးစား အားထုတ်မှုနှင့် အရည်အချင်း အပေါ် မူတည်၍ ကြီးပွား တိုးတက်နိုင်ခြင်း၊ အသစ်တီထွင်မှုနှင့်ဆန်းသစ်မှုများ စဉ် ဆက်မပြတ် လုပ်ဆောင်နိုင်ခြင်း စသည့် အားသာချက်များရှိသလို အများစုတွေ့ ရသည့် အားနည်းချက်များ အနေဖြင့် အရင်းအနှီး လုံလုံလောက်လောက် မရှိ ခြင်း၊ စီမံအုပ်ချုပ်မှု စွမ်းရည် နိမ့်ကျ ခြင်း၊ ပြိုင်ဘက်များအကြား ယှဉ်ပြိုင် ရန်ခက်ခဲခြင်း၊ဈေးကွက်သတင်းအချက် အလက် ရယူမှုနှင့် ဈေးကွက်ရရှိမှု အား နည်းခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှုလုပ် ဆောင်ရန် အားနည်းခြင်း၊ လုပ်ငန်းကို စနစ်တကျ ဖွဲ့စည်းမှု အားနည်းခြင်း စသည့် အခက်အခဲများ ရှိနေဆဲဖြစ် သည်။
SMEs ဖွံ့ဖြိုးတိုးတက်မှုပုံစံ (SMEs Growth Pattern) နိုင်ငံ တစ်နိုင်ငံ၏ ဖွံ့ဖြိုးမှုအဆင့် အတန်းကို သိရှိလိုပါက ၎င်းနိုင်ငံ၏ SMEs လုပ်ငန်းများ ရှင်သန်တိုးတက် နေမှုကို ကြည့်ရုံဖြင့် သိနိုင်သည်။ တကယ့် လက်တွေ့တွင် စီးပွားရေး အဆောက်အဦတွင် SMEs လုပ်ငန်း များသာမက အသေးစား လုပ်ငန်းများ ထက် ပိုမိုသေးငယ်သည့် မိသားစုလုပ် ငန်းကိုသာ အဓိကအခြေပြုသော လုပ်ငန်းငယ်လေးများ (Micro Busi-ness) များသည်လည်း အရေးပါသည့် အနေအထားဖြစ်သည်။ထို့အတွက်လုပ် ငန်းများတိုးတက် လာမှုကိုကြည့်မည်ဆို လျှင် အစဉ်အလာအားဖြင့် နည်းလမ်း နှစ်သွယ် ဖြစ်သည့် ဒေါင်လိုက်တိုးတက် မှုဖြစ်စဉ် (Vertical Growth Proc-ess နှင့် အလျားလိုက် တိုးတက်မှု ဖြစ်စဉ် (Horizontal Growth Proc-ess) ဟူ၍ရှိပြီး ဒေါင်လိုက်တိုးတက်မှု ဖြစ်စဉ်သည် လုပ်ငန်းစတင်သည်မှ ကြီးပွားတိုးတက်လာမှုကို အရွယ်အစား (size of firm) ဖြင့် တိုင်းတာလေ့ရှိပြီး၊ လုပ်ငန်းငယ်လေး (Micro Busin-ess) မှအသေးစားလုပ်ငန်း (Small Business) ၎င်းမှတစ်ဆင့် အလတ်စားလုပ် ငန်းများ (Medium Business)၊နောက် တစ်ဆင့်အနေဖြင့် လုပ်ငန်းကြီးများ (Large Firm) နှင့် အများပိုင် ကုမ္ပဏီ (Public Company) အဖြစ် အဆင့် ဆင့် ကြီးပွားတိုးတက်လာခြင်းကို ဆိုလို သည်။ ထို့အတူ အလျားလိုက် တိုး တက်မှု ဖြစ်စဉ်တွင်မူ လုပ်ငန်း၏ ထုတ် လုပ်မှု စွမ်းအား (Productivity) တိုး တက်လာမှုအပေါ် အခြေပြုပြီး ယေ ဘုယျအားဖြင့် အသုံးပြုသည့် နည်း ပညာနှင့် တီထွင်ကြံဆမှု (Innovation) တို့အပေါ် မူတည်သည်။ ဆိုလိုသည်မှာ လုပ်ငန်းတစ်ခုသည် လုပ်သားစူးစိုက်သုံး ထုတ်လုပ်မှုမှ အရင်းအနှီးစု စိုက်သုံး ထုတ်လုပ်မှု (Capital Intensive Firm) ၎င်းမှ တစ်ဆင့် အသိပညာ အခြေခံ ထုတ်လုပ်မှု (Knowledge Based Firm)သို့ ကူးပြောင်းလာခြင်း ဖြစ်ပြီး လုပ်ငန်း၏ ထုတ်လုပ်မှုစွမ်းအား မြင့်မားလာမှုကို အခြေပြုသည်။ တစ် နည်းအားဖြင့် ဆိုသော် လုပ်ငန်း၏ ထုတ်လုပ်မှုစွမ်းအား တိုးတက်မှုသည် လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးမှု အပေါ်တွင် အဓိက မူတည်နေသည်။ ဖွံ့ဖြိုးပြီး နိုင်ငံတိုင်း၏ (SMEs) အများ စုသည် ဤပုံစံဖြင့် အကျုံးဝင်လေ့ ရှိ သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံ၏ (SMEs) များကိုကြည့်လျှင် အတော် များများသည် အရွယ်အစားအားဖြင့် သေးငယ်သော်လည်း အဆင့်မြင့်လေ ယာဉ်ပျံ၊ ကျည်ဆန်ရထား စသည်တို့၏ အစိတ်အပိုင်းတစ်ခုခုကို ထုတ်လုပ်နိုင် သည်အထိ ထုတ်လုပ်မှု စွမ်းအား မြင့် မားကြောင်းတွေ့ရသည်။ ထို့အတွက် (SMEs) များ၏ ဖွံ့ဖြိုး တိုးတက်မှုကို ပြဋ္ဌာန်းသောအကြောင်းများအနက် အရေးပါဆုံးမှာ နည်းပညာအသုံးပြုမှု နှင့် ဈေးကွက်ရရှိမှုတို့ဖြစ်သည်။ နည်း ပညာအသုံးပြုမှုနှင့်ပတ်သက်၍ ရိုးရာ အစဉ်အလာနည်းပညာ (Traditional Technology)၊ ကြား အဆင့်နည်း ပညာ (Intermediate Technology) နှင့် ခေတ်မီ နည်းပညာ(Modern Technology) ဟူ၍ ခွဲခြားနိုင်သည်။ ဈေးကွက်ကိုလည်း မိမိပတ် ဝန်းကျင် ဈေးကွက် (Local Market)၊ ပြည် တွင်းဈေးကွက် (Domestic Market) နှင့် အပြည်ပြည်ဆိုင်ရာ ဈေးကွက် (International Market) ဟူ၍ ခွဲခြားလေ့ရှိသည်။ ထို့အတွက် ရိုးရာ အစဉ်အလာနည်းပညာကို သုံးစွဲထုတ် လုပ်ပြီး မိမိ အနီးနား ဝန်းကျင်ကိုပါ ရောင်းချသော(SMEs) များကို ရိုးရာ အစဉ်အလာ SME (Traditional SMEs) ဟုခေါ်ဆိုပြီး၊ကြားအဆင့် နည်း ပညာ (Intermediate Techono-logy)သုံးစွဲပြီး ပြည်တွင်းဈေးကွက် (Domestic Market) သို့ ဦးတည် ရောင်းချသော SMEs များကို တက်ကြွ သည့် SMEs (Active SMEs) ဟု ခေါ်ကာ ခေတ်မီနည်းပညာ သုံးစွဲပြီး ပြည်ပဈေးကွက်ကို ဦးတည် ထုတ် လုပ်သည့် SMEs များကိုမူ ခေတ်သစ် SMEs (Modern SMEs)ဟုခေါ် ဆိုလေ့ရှိသည်။ ဖွံ့ဖြိုးဆဲ နိုင်ငံများ၌မူ ရိုးရာအစဉ်အလာ ှနြျ များ အများ စု ဖြစ်ပြီး တက်ကြွသည့် SMEs (Active SMEs) တချို့နှင့် ခေတ်သစ် SMEs အနည်းငယ်ကိုသာ တွေ့ရလေ့ ရှိသော်လည်း ဖွံ့ဖြိုးပြီး နိုင်ငံများတွင်မူ ပြောင်းပြန်အနေအထား ဖြစ်ပြီး အများ စုမှာ ခေတ်မီသည့် SMEs များဖြစ်ပြီး တက်ကြွသည့် SMEs တချို့နှင့် ရိုးရာအစဉ်အလာSMEs အနည်းငယ် သာ တွေ့ရလေ့ရှိသည်။
မြန်မာ့SMEs လက်ရှိအခြေအနေ မြန်မာနိုင်ငံတွင်လည်း အသေး စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်း များသည် အရေအတွက် အားဖြင့် ၁၂၆၂၃၇ ရှိပြီး စုစုပေါင်းအရေအတွက် ၏ ၉၉ ဒသမ ၄ ရာခိုင်နှုန်း ဖြစ် သောကြောင့် မြန်မာ့စီးပွားရေးတွင် အထူး အရေးပါကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ မြန်မာနိုင်ငံ၏ စီးပွားရေး လုပ်ငန်းအားလုံးနီးပါးမှာ အသေးစား နှင့် အလတ်စားလုပ်ငန်းများသာ ရှိနေ သေးပြီးမိသားစုလုပ်အားကိုသာ အခြေ ပြုသည့် လုပ်ငန်းငယ်လေးများ (Micro Business)များလည်းများစွာ ရှိသေး ကြောင်းတွေ့ရသည်။ ထို့အတွက်လည်း မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက် မှုအတွက် အဓိက မောင်းနှင်မည့်သူ များမှာ(SMEs) များပင်ဖြစ်၍ အဆို ပါ လုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးလာမှသာ တိုင်းပြည်၏ ထုတ်လုပ်မှု တိုးတက်လာ မည် ဖြစ်သလို အလုပ်အကိုင်သစ်များ ဖန်တီးပေးမှု တည်ရှိနေသည့် သွင်းအား စုများ အပြည့်အ၀ အသုံးချ လာနိုင်မှုတို့ ကြောင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုသာမက ဆင်းရဲမှုလျှော့ချ ရေးကိုပါ လုပ်ဆောင်နိုင်မည်ဖြစ်သည်။
လိုအပ်နေသည့်ဆီလျော်သည့် SMEs အဓိပ္ပါယ်သတ်မှတ်ချက်၊ ဥပဒေနှင့် စီးပွားရေး ပတ်ဝန်းကျင်ကောင်း မြန်မာနိုင်ငံ၏ SMEs အဓိပ္ပာယ် ကို ၁၉၉၀ ခုနှစ် ပုဂ္ဂလိကစက်မှုလုပ်ငန်း ဥပဒေအရ သတ်မှတ်ရာတွင် အဓိက စံများအရ လုပ်သား အရေအတွက် ထည့်ဝင်အရင်းအနှီး၊ နှစ်စဉ်ရောင်းရငွေ၊ လျှပ်စစ်စွမ်းအား အသုံးပြုမှုတို့အရ ခွဲ ခြားထားသည်။၎င်းတို့အနက် လုပ်သား အရေအတွက်ဖြစ်သည့် အသေးစား လုပ်ငန်းဆိုလျှင်လုပ်သားအရေအတွက် ၅၀ အထိလည်းကောင်း၊ အလတ်စား ဆိုလျှင် ၅၀ ကျော်မှ ၁၀၀အထိ လည်း ကောင်း၊ အကြီးစားဆိုလျှင် လုပ်သား အရေအတွက် ၁၀၀ အထက်ဟူ၍ သတ်မှတ်ချက် တစ်ခုတည်းသာ နိုင်ငံ တကာ စံနှုန်းများဖြင့် လိုက်လျောညီ ထွေရှိသော်လည်း၊ ငွေကြေးအရင်းအနှီး ဖြင့် ကျပ် ၁၀ သိန်းအထိကို အသေး စား၊ ကျပ် ၁၀ သိန်းမှ ကျပ်သိန်း ၅၀ ကို အလတ်စားနှင့် ကျပ်သိန်း ၅၀ အထက်ကို အကြီးစား လုပ်ငန်းဟူ၍ သတ်မှတ်ခြင်းနှင့် လျှပ်စစ် အသုံးပြုမှု အရ ခွဲခြားထားခြင်းမှာ ဆီလျော်မှု မရှိ တော့သည့်အတွက် ပြန်လည် ပြင်ဆင် နိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။ မြန်မာနိုင်ငံ၏ စီးပွားရေး ကဏ္ဍ တိုင်းတွင် SMEs များသာ လွှမ်းမိုး နေ ဆဲ ဖြစ်သည့်အပြင်လုပ်သားအများစုကို သုံး စွဲသည့်လုပ်ငန်းများဖြစ်ပြီး အလုပ် အကိုင်သစ်များဖန်တီးရေးအတွက်အထူး အရေးပါသည်။ ထုတ်လုပ်မှု လုပ်ငန်း များသာမက ဝန်ဆောင်မှု လုပ်ငန်းများ ပါ အကျုံးဝင်သည့်အတွက် ကျယ်ပြန့် ကြောင်း တွေ့ရသည်။ ဆိုလိုသည်မှာ စက်မှုလက်မှု အခြေခံ အသေးစား နှင့် အလတ်စားလုပ်ငန်းများ (Small and Medium Industries-SMI) သာ မကဘဲ ကူးသန်းရောင်းဝယ်ရေး၊သယ် ယူပို့ဆောင်ရေး၊ငွေရေးကြေးရေး၊ဘဏ် လုပ်ငန်းများ၊ အာမခံလုပ်ငန်းများ၊ ခရီး သွားလုပ်ငန်းများ၊ ပညာရေးနှင့် ကျန်း မာရေး စသည့် ဝန်ဆောင်မှု အဓိက လုပ်ငန်းများပါ အကျုံးဝင်ပါသည်။ SMEs များ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အရေးကြီးဆုံး လိုအပ်ချက်မှာ(Legal Framework) ဖြစ်သည့် ထိ ရောက်သည့် SMEs ဥပဒေရှိရမည် ဖြစ်သည်။ သို့မှသာ SMEs များ လုပ် ငန်းစတင်ခြင်း၊ ရပ်တည်နိုင်ရေးနှင့် ရှင်သန် တိုးတက်နိုင်ရေး စသည်တို့ကို ဥပဒေကြောင်းအရအကာအကွယ် ပေး မှုများ၊ ထိရောက်သော ပံ့ပိုးမှုများနှင့် အားပေးမှုများ ရရှိနိုင်မည် ဖြစ်သည်။မြန်မာနိုင်ငံတွင် ယခင်ကမရှိခဲ့သည့် SMEs ဥပဒေ မကြာမီ ပေါ်ထွက်လာ တော့မည်ဖြစ်ရာ မြန်မာ့ SMEs များ ဖွံ့ဖြိုး တိုးတက်ရေး အလားအလာ ကောင်းများ ပိုမိုရှိလာမည်ဖြစ်သည်။ပို၍ အရေးကြီးသည်မှာ ယခုအခါ SMEs များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံ တော် အကြီးအကဲကိုယ်တိုင် ဥက္ကဌ အဖြစ် ဆောင်ရွက်ပြီး သက်ဆိုင်ရာ ဝန်ကြီးများပါဝင်သည့် အသေးစားနှင့် အလတ်စားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် ရေး ဗဟိုကော်မတီ ဖွဲ့စည်းပြီး SMEs များဖွံ့ဖြိုးရေး လုပ်ငန်းအစီအမံများ အသေးစိတ်ရေးဆွဲပြီး ကျယ်ကျယ် ပြန့် ပြန့် ဆောင်ရွက် နေပြီဖြစ်၍ ယခင်က ထက်စာလျှင် SMEs ဖွံ့ဖြိုးတိုးတက်မှု အတွက်အခွင့်အလမ်းကောင်းများယခင် ကထက် ရှိလာပြီဖြစ်သည်။ ယေဘုယျအားဖြင့် SMEs လုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အတွက် အောက်ပါအချက်များဖြင့် ပြည့်စုံရန် လိုအပ်ကြောင်း ပညာရှင်များက ဆိုပါ သည်။ ၎င်းတို့မှာ SMEs များအတွက် လုပ်သာကိုင်သာရှိသည့် Business ပတ်ဝန်းကျင်ကောင်းရှိရန် လိုအပ်ခြင်း၊ ဘဏ္ဍာ ငွေကြေးပံ့ပိုးမှုများ လိုအပ်ခြင်း၊ နည်းပညာ တိုးတက်မှုနှင့် ပျံ့နှံ့မှု လို အပ်ခြင်း၊ စီမံအုပ်ချုပ်မှုစွမ်းဆောင်ရည် ရှိခြင်း၊ သုတေသနနှင့် ဖွံ့ဖြိုးမှု (Re-search and Development) ၊ ဈေးကွက်များ ရရှိနိုင်မှု (Access to Markets)၊ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု စသည်တို့လိုအပ်ပါ သည်။ အဆိုပါ အချက်များသည် နိုင်ငံ တိုင်းအတွက် SMEs ဖွံ့ဖြိုးတိုးတက်ရန် ယေဘုယျ ကျသည့် လိုအပ်ချက်များ ဖြစ်သလို မြန်မာနိုင်ငံအတွက်လည်း အကျုံးဝင်နေကြောင်း တွေ့ရသည်။
ယခုခေတ် SMEs များ၏ ဖွံ့ဖြိုး တိုး တက်မှု လမ်းကြောင်း ၁၉ ရာစု ကမ္ဘာပေါ်ရှိ ဈေးကွက်စီး ပွားရေးစနစ် ကျင့်သုံးသည့်နိုင်ငံများနှင့် ဆိုရှယ်လစ်(သို့) ကွန်မြူနစ်စနစ် ကျင့် သုံးသည့် နိုင်ငံများအကြား ယှဉ်ပြိုင်မှု၊ စစ်အေးတိုက်ပွဲ (Cold War) များ ပြီး ဆုံးခဲ့သည့်နောက်ပိုင်း ှုဃွှ ထွန်းကား လာမှုနှင့်အတူ စီးပွားရေးအရ ကမ္ဘာ လုံးဆိုင်ရာ ပေါင်းစည်းခြင်း (Econo-mic Globalization) ပိုမိုမြန်ဆန်ခဲ့ သလို နိုင်ငံတိုင်း၏ ဖွံ့ဖြိုးတိုးတက်မှု သည် တစ်ကမ္ဘာလုံးနှင့် မည်မျှ ပေါင်း စည်း ဆောင်ရွက်နိုင်သည် ဟူသည့် အချက်မှာ အထူးအရေးပါလာပြီဖြစ် သည်။ အထူးသဖြင့် ကမ္ဘာ့ထုတ်လုပ်မှု ပုံစံသည်လည်း ဖွံ့ဖြိုးပြီးနိုင်ငံတိုင်း မိမိ နိုင်ငံအတွင်း ထုတ်လုပ်နေမှုမှ နှိုင်းယှဉ် အကျိုးကျေးဇူးရှိပြီး အခွင့်အရေးသာ သည့်ကမ္ဘာအရပ်ရပ်သို့ ပြောင်းလဲထုတ် လုပ်လာခြင်း၊ ထုတ်လုပ်မှုအဆင့်များပိုမို များပြားလာခြင်း၊ ပြည်ပ ထုတ်လုပ်မှု သွင်းအားစုများ Outsourcing ပိုမို အသုံးပြုလာခြင်း၊ ကမ်းလွန်ထုတ်လုပ်မှု များတိုးလာခြင်း Offsourcing စသည် တို့ တစ်နေ့တခြား တိုးပွားလာသည့် အလျောက် အပြည်ပြည်ဆိုင်ရာ လုပ် ငန်းကြီးများအနေဖြင့် ဖွံ့ဖြိုးဆဲ နိုင်ငံ များသို့ သွားရောက် ရင်းနှီးမြှုပ်နှံပြီး ကမ္ဘာ့ဈေးကွက်သို့ ရောင်းချလာသည့် အတွက် အဆိုပါ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးများ အကျိုးကျေးဇူးရှိသလို ၎င်း တို့ကို လက်ခံသည့် နိုင်ငံများမှာ ဖွံ့ဖြိုး တိုးတက်မှုကို ဖော်ဆောင်နိုင်ခဲ့ကြ သည်။ ထို့အတွက် SMEs များ၏ ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် ကမ္ဘာ လုံးဆိုင်ရာ ထုတ်လုပ်မှု လမ်းကြောင်း (Global Supply Chain) တွင် ပိုမို ဝင် ရောက်နိုင်ရေး၊ SMEs လုပ်ငန်းများ၏ ထုတ်ကုန်များ ပြည်ပဈေးကွက်သို့ ပိုမို ဝင်ရောက်နိုင်ရေး၊ SMEs များ အနေ ဖြင့် ဝင်ရောက်လာသည့် FDI လုပ်ငန်း များဖြင့် ပိုမိုပေါင်းစပ်လုပ်ကိုင်ခြင်း၊ FDI လုပ်ငန်းများသို့ သွင်းအားစု ကုန်ကြမ်း များ၊တစ်ဝက်တစ်ပျက်ပြီး ကုန်ချောပံ့ပိုး ပေးခြင်း၊တစ်ဆင့်ခံစာချုပ် Sub-Contract စနစ်ဖြင့် ဖြည့်စွမ်းခြင်း စသည့် လုပ်ငန်း များ ကျယ်ကျယ်ပြန့်ပြန့်ထွန်းကား လာ စေခြင်းဖြင့် ပြည်တွင်း SMEs များ တိုး တက်လာစေမည်ဖြစ်သည်။ ဆိုလိုသည် မှာ ဝင်ရောက်လာမည့် FDI လုပ်ငန်း များနှင့်ပေါင်းစပ်ကာ SMEs လုပ်ငန်း များ၏ ပို့ကုန်လုပ်ငန်း နှင့် ဆက်စပ်နေ သည့် လုပ်ငန်းများ တိုးချဲ့ထုတ်လုပ်မှုမှ တစ်ဆင့် SMEs များ တိုးတက်ဖွံ့ဖြိုး လာမည် ဖြစ်သည်။
မြန်မာ့ SMEsများ တိုးတက်ဖွံ့ဖြိုး ရေး SMEs များဖွံ့ဖြိုးတိုးတက်စေဖို့ မဖြစ်မနေ ဖြည့်စွမ်းပေးရမည့် လိုအပ် ချက်များအနက် အချို့ အပိုင်းကို နိုင်ငံ တော်မှလည်းကောင်း၊ အချို့အပိုင်းကို Public Private Partnership-PPPအရလည်းကောင်း၊အချို့အပိုင်းကို ပုဂ္ဂလိက လူမှု အသင်းအဖွဲ့များ၊ မီဒီယာ များကပါ ဝိုင်းဝန်းလုပ်ဆောင်ရမည်ဖြစ် သည်။ အရေးကြီးဆုံးဖြစ်သည့် စီးပွား ရေး လုပ်ငန်းများ လုပ်သာကိုင်သာရှိ မည့် ပတ်ဝန်းကျင် Business En-ablingEnvironment ဖြစ်ပေါ်စေရေး နှင့် ထိရောက်မှုရှိသည့် Policies များ နှင့် ဥပဒေနိုင်ငံတော် အပိုင်းမှ ဆောင် ရွက်ရမည်ဖြစ်သလို SMEs လုပ်ငန်း များ ဖြစ်ထွန်းစေဖို့ အထောက်အကူပြု သည့် လုပ်ငန်းများဖြစ်သည့် ဘဏ္ဍာ ရေး အထောက်အကူ၊ စီးပွားရေး လုပ် ငန်းများစတင်ရန် အထောက်အကူပေး ခြင်း၊ ကုန်သွယ်မှု လွယ်ကူချောမွေ့စေ ရေးနှင့်ဈေးကွက်ချဲ့ ထွင်ရေး၊ နည်း ပညာသစ်များရရှိစေရေး နှင့်လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေး သင်တန်းများ၊ ကျောင်းများ ဆောင်ရွက် ပေးခြင်း၊ သတင်းအချက်အလက်များ အခမဲ့အချိန်မီရရှိရန် ဆောင်ရွက် ပေးခြင်း၊ SMEs များ R&D ပိုမိုလုပ် ဆောင်စေရန်အားပေးခြင်း၊တီထွင်ဆန်း သစ်မှု Innovation ကို ပိုမိုလုပ်ဆောင် စေခြင်းနှင့် ဉာဏဆိုင်ရာ ပိုင်ဆိုင်မှု အကာအကွယ်ပေးခြင်း (Intellectual Property Rights Protection)၊ SMEs မျိုးတူအုပ်စုလိုက် ဖွဲ့စည်းခြင်း (Industrial Clusters) နှင့်ဒေသ အလိုက် ဖွဲ့စည်းခြင်းတို့ကို ဆောင်ရွက် ရမည်ဖြစ်သည်။ အထူးသဖြင့် စီး ပွားရေး လုပ်ငန်းများအတွက် အခွင့် သာသည့်ပတ်ဝန်းကျင်ကောင်းနှင့်ပတ် သက်ပြီး၊ ကမ္ဘာလုံးဆိုင်ရာ စံချိန် စံညွှန်းများဖြစ်သည့် ကမ္ဘာ့ ဘဏ်၏Ease of Doing Business Index ၏ The Fraser Institute ၏ Economic Freedom Index ၊ Transparency International ၏ Corruption Perception Index ? World Economic Forum ၏ Global Competitive Index ၊ကမ္ဘာ့ ဘဏ်၏ Logistics Performance Index စသည့်ညွှန်ကိန်းများ အားနည်း နေမှုကိုလည်း စနစ်တကျလေ့လာဖြေ ရှင်းပေးမှသာ SMEs များရှင်သန်တိုးတက် ရေးသာမက နိုင်ငံခြားတိုက်ရိုက်ရင်းနှီး မြှုပ်နှံမှုလုပ်ငန်းကြီးများ ဝင်ရောက်လာ မှုကိုလည်း ပိုမိုအားပေးမည်ဖြစ်သည်။
SMEs လုပ်ငန်းရှင်များ၏အခန်းကဏ္ဍ တံခါးဖွင့်စီးပွားရေးမူဝါဒနှင့် ဈေး ကွက်စီးပွားရေးစနစ်ကျင့်သုံးနေသည့် အတွက် ပုဂ္ဂလိကလုပ်ငန်းရှင်များသာ တိုင်းပြည်၏စီးပွားရေးကို အဓိကလုပ် ဆောင်နေသူများဖြစ်၍ ၎င်းတို့၏မှန် ကန်သောအတွေးအခေါ်၊ ကြိုးစားအား ထုတ်မှုနှင့်အမြင်ကျယ်မှု၊ အရည်အချင်း နှင့်စွမ်းဆောင်ရည်ပြည့်ဝမှု၊ လက်ရှိဖြစ် ပေါ် တိုးတက်နေသည့် Global Supply Chain နှင့် Global Value Chain တို့တွင်ပေါင်းစပ်ပါဝင် ဆောင် ရွက်လိုမှုစသည့်များအပေါ် မူတည်ပေ သည်။ ယခုအခါ နိုင်ငံတိုင်း၏ဖွံ့ဖြိုးတိုး တက်မှုသည် အပြင်ကိုရှုမျှော်သည့် မူဝါဒ Outward Looking Policy ကို လက်ကိုင်ထား ကျင့်သုံးနေကြပြီး၊ ကမ္ဘာ့ နိုင်ငံများနှင့် ပေါင်းစည်းမှုများလေ တိုးတက်မှု မြန်လေဖြစ်သည်။ သို့ဖြစ်၍ ယခင် တံခါးပိတ်ဝါဒ ကျင့်သုံးစဉ်ကရှိခဲ့ သော ပြည်တွင်းလုပ်ငန်းများ အကာ အကွယ်ပေးရေး မူဝါဒကို အတတ်နိုင် ဆုံး လျှော့ချရမည်ဖြစ်သည်။ နိုင်ငံ တကာ စီးပွားရေး လုပ်ငန်းများ လာ ရောက် လုပ်ကိုင်ရန် အထူးဖိတ်ခေါ်ရ မည့်ကာလ ဖြစ်သည်။ ထို့အတွက် လုပ် ငန်းရှင်တိုင်း အဆိုပါလုပ်ငန်းများ ဝင် ရောက်လာမှုကို နားလည်သဘော ပေါက် လက်ခံကာ ၎င်းတို့နှင့်ပေါင်း စည်း လုပ်ကိုင်ရေးကို အထူးကြိုးစားရ မည် ဖြစ်သည်။ လက်ရှိအခြေအနေတွင် မြန်မာ့ SMEs အများစု၏ထုတ်လုပ်မှုသည် ဒေသတွင်းနှင့်ပြည်တွင်းဈေးကွက်ကိုသာ ရည်ရွယ်ထုတ်လုပ်နေမှုကြောင့် အသုံး ပြုသည့်နည်းပညာ၊ စီမံအုပ်ချုပ်မှုစွမ်း ရည်၊ R&D ၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှု၊ ဈေးကွက်ရရှိမှုစသည်တို့ အဖက် ဖက်မှ အားနည်းနေမှုကြောင့် ထွက် လာသည့်ထုတ်ကုန်များ၏အရည်အသွေး နိမ့်ကျသလို ထုတ်လုပ်နိုင်မှုစွမ်းအား Productivity လည်းနိမ့်ကျနေဆဲဖြစ် သည်။ ထို့အတွက် လက်ရှိ SMEs များ ၏ထုတ်ကုန်အရည်အသွေးတိုးတက်ရေး နှင့် ထုတ် လုပ်မှု စွမ်း အား မြှင့် တင်နိုင် ရေး၊ တန်ဖိုး မြှင့် ပို့ကုန် များ ကမ္ဘာ့ ဈေး ကွက် သို့ ပိုမို ရောင်းချနိုင် ရေး၊ ပြည်ပ နှင့် ပိုမို ဆက်သွယ် ဆောင်ရွက် သည့် SMEs လုပ်ငန်းများ ထွန်းကား လာရေး (Internationalization of Firm) ဖြစ်ပေါ်လာရေးအတွက် အထူးဇောင်း ပေး ဆောင်ရွက်ရတော့မည်ဖြစ်သည်။SMEs ထုတ်ကုန်တန်ဖိုး ပိုမို မြင့် တက်စေဖို့ SMEs လုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုး တက်ရန် အထူးဦးစားပေးဆောင်ရွက် ရမည့်အချက်မှာ ထုတ်လုပ်သော ထုတ် ကုန်များ၏တန်ဖိုး ယခင်ကထက် သိသိ သာသာ မြှင့်တင်နိုင်ရေးပင်ဖြစ်သည်။ ထုတ်လုပ်မှုလုပ်ငန်း မစတင်မီ အပိုင်း(Upstream) တွင် တီထွင်မှုများနှင့် ဆန်းသစ်မှုများဖြစ်ပေါ်စေမည့် သုတေ သနနှင့် ဖွံ့ဖြိုးမှု R&D ပိုမိုဆောင်ရွက် ရေး၊ မိမိထုတ်ကုန်များ၏ ဒီဇိုင်း အသွင်အပြင်ကိုလည်း ပိုမိုဆန်းသစ် လှပစေရန်ကြိုးစားလုပ်ဆောင်ခြင်း၊ ထုတ်လုပ်မှုလုပ်ငန်းများအတွက် လို အပ်သောသွင်းအားစု များရယူရာတွင် လည်း သယ်ယူပို့ဆောင် သိုလှောင် စရိတ် (Logistics Cost) အနည်းဆုံး ဖြစ်အောင် လုပ်ရမည်ဖြစ်သလို ထုတ် လုပ်မှုအပိုင်းတွင်လည်း စရိတ် အနည်း ဆုံးဖြင့် ထုတ်လုပ်နိုင်သည့်အဆင့် ရောက်အောင် ထုတ်လုပ်မှုပမာဏ တိုး ချဲ့လေ စရိတ်ကျလေ ဖြစ်သည့်အဆင့် Economies of Scale ရသည်အထိ ကြိုးစားလုပ် ဆောင်ရမည်။ ထို့အတူ ထုတ်လုပ်ပြီးမှု နောက်ပိုင်း အဆင့်များ (Down-stream) ဖြစ်သည့် မိမိထုတ် ကုန်များဈေးကွက်အရောက် ဖြန့်ဖြူးရာ တွင် Logistics Cost အနည်းဆုံးဖြင့် ရောက်ရှိစေရေး၊ မိမိထုတ်ကုန်များ စား သုံးသူနှင့် ဈေးကွက်အတွင်း ပိုမို ပျံ့နှံ့ နိုင်ရေးအတွက် Marketing ကျယ် ကျယ်ပြန့်ပြန့် လုပ်ဆောင်ခြင်းနှင့် ရောင်းချပြီး မိမိထုတ်ကုန်များနှင့် ပတ် သက်သည့်အခမဲ့ပြင်ဆင်ပေးခြင်း၊တာဝန် ယူခြင်း၊ လိုအပ်သော ဝန်ဆောင်မှုများ ပေးခြင်းများ ပါဝင်သည့် After Sale Services များ လုပ်ဆောင်ပေးမှသာ မိမိထုတ်ကုန်များ၏ တန်ဖိုး သိသာစွာ မြှင့်တင်လာနိုင်မည် ဖြစ်သည်။ အဆိုပါ အချက်များကို ပုံစံကားချပ်ဖြင့် ပညာရှင် Gary Gereffi က အောက်ပါအတိုင်း ဖော်ပြခဲ့ပါသည်။ တန်ဖိုးမြှင့် ထုတ်ကုန် တန်ဖိုး သိသာစွာ မြင့်တက်လာမှုကို ယခင် (၁၉၇၀ ခုနှစ်များမတိုင်မီ) နှင့် ယခု (၁၉၇၀ ခုနှစ်များ နောက်ပိုင်း) ထုတ် လုပ်မှုတန်ဖိုးချင်း နှိုင်းယှဉ်မည်ဆိုလျှင် ထင်ရှားသည့် တိုးတက်မှုကြောင့် Smile Curve of Value Added ဟု ခေါ်ဆိုကြသည်။ ယခုအထိ မြန်မာ့ SMEs လုပ်ငန်းအများစု သုတေသန နှင့် ဖွံ့ဖြိုးမှု၏ အရေးပါခြင်းအသိ နည်း ပါးနေသေးသည့်အတွက်အဆိုပါအသုံး စရိတ် မရှိသလောက် နည်းပါးနေသေး သည်။ သို့သော် ဖွံ့ဖြိုးပြီးနိုင်ငံများ၌မူ လုပ်ငန်းတိုင်း R&D ပိုမိုပြုလုပ်စေရေး တွန်းအားပေးမှုများ ဖြစ်သည့် အခွန် အတွက် စည်းကြပ်သော ဝင်ငွေမှ ဖယ် ထုတ်ပေးခြင်း၊ အခွန်သက်သာခွင့် ပေး ခြင်း၊အဆိုပါလုပ်ငန်းအတွက်အထောက် အပံ့ပေးခြင်း စသည်တို့ကို တွေ့ရ သည်။ ပိုမိုဆန်းသစ်တီထွင်ခြင်း(Inno-vation) လုပ်ဆောင်နိုင်ရန် နည်းပညာ နှင့် ပတ်သက်သော သင်တန်းများ ပိုမို လုပ်ဆောင်ရမည် ဖြစ်သလို ဉာဏ ဆိုင်ရာပစ္စည်း မူပိုင်ခွင့်ကာကွယ် ပေး ရေးကိုလည်း အလေးထား ဆောင်ရွက် မှသာ တီထွင်မှုကို အားပေးမည်ဖြစ် သည်။ ထို့အတူ ထုတ်ကုန် ဒီဇိုင်းများ ဆန်းသစ်မှု၊ သေသပ်သည့် ထုပ်ပိုးမှု (Packaging) တို့သည် ဝယ်ယူသူများ ကို ဆွဲဆောင်နိုင်သောကြောင့် လုပ်ငန်း ရှင်များ ဦးစားပေးရမည့်အချက် ဖြစ် သည်။ နိုင်ငံတကာ၏ ဒီဇိုင်းများ သိရှိ အောင်လေ့လာရန် အဆက်မပြတ်သင် ယူခြင်းတို့ကို ပြုလုပ်ပြီး အသုံးချရမည် ဖြစ်သည်။ လုပ်ငန်းရှင်တိုင်းသည် မိမိ ထုတ်လုပ်သည့် ထုတ်ကုန်များ တန်ဖိုး မြင့်တက်လာစေရန် ကောင်းမွန်သည့် အရည်အသွေး၊ နှိုင်းယှဉ် ဈေးနှုန်း သက် သာမှု၊ ဆွဲဆောင်မှုရှိသည့် ဒီဇိုင်း နှင့် ထုပ်ပိုးမှု၊ လူအများ သိရှိအောင် လုပ် ဆောင်မှု၊ နောက်ဆုံးဈေးကွက် သတင်း အချက်အလက်များ ရရှိစေမှု၊ ရောင်းချ ပြီးထုတ်ကုန်များအတွက် ဝန်ဆောင်မှု ပေးခြင်းနှင့် မိမိထုတ်ကုန် Brand Name ရရှိအောင် ဆောင်ရွက်ခြင်း စသည်တို့ မဖြစ်မနေလုပ်ဆောင်ရမည် ဖြစ်သည်။ ထို့အတူ မိမိလုပ်ငန်းနှင့်ပတ်သက် သော သတင်းအချက်အလက်များကို လည်း အချိန်နှင့်တစ်ပြေးညီ သိရှိစေရန် အလေးထားရမည်ဖြစ်သည်။ ဆိုလို သည်မှာ မိမိထုတ်ကုန်များနှင့် ပတ် သက်၍ ဈေးကွက်၏ တုံ့ပြန်မှုအခြေ အနေ၊ မိမိ၏ပြိုင်ဘက်လုပ်ငန်းများ၏ ယှဉ်ပြိုင်နိုင်မှုအခြေအနေ၊ ၎င်းတို့၏ အားနည်းချက်၊ အားသာချက်များ၊ မိမိ တင်ပို့လိုသည့် နိုင်ငံများ၏ ဥပဒေနှင့် နည်းဥပဒေများ၊အရည်အသွေး စံသတ် မှတ်ချက်များ စသည့်အချက်အလက် များ အစဉ်လေ့လာပြီး ဈေးကွက်လိုအပ် ချက်ကို အမြန်တုံ့ပြန်နိုင်မှသာ အကျိုး ရှိမည်ဖြစ်သည်။ SMEs လုပ်ငန်းများ အတွက် မိမိထုတ်ကုန်များ တန်ဖိုးမြင့် စေရေး လိုက်နာ ဆောင်ရွက်ရမည့် ဆောင်ပုဒ်မှာ"ပိုမိုလေ့လာ ပိုကောင်း အောင်လုပ် Learn More, Serve Better' ဖြစ်၍ SMEs လုပ်ငန်း တိုင်း လက်တွေ့ကျင့်သုံးမည်ဆိုလျှင် အတိုင်း အတာတစ်ခုအထိ ဧကန် အကျိုးရှိမည် ဖြစ်သည်။ ဆိုလိုသည်မှာ ဒီဇိုင်းလှပပြီး ဆန်းသစ်တီထွင်မှုများပါဝင်သည့် ထုတ် ကုန်များထုတ်လုပ်ပြီး Marketing နှင့် After Sale Services များပါ လုပ် ဆောင်နိုင်မည်ဆိုလျှင် SMEs များ အတွက် ယခင်ရောင်းနေကျပြည်တွင်း ဈေးကွင်သာမကဘဲ ပြည်ပဈေးကွက် ကိုပါ ချိတ်ဆက်ရောင်းချနိုင်မည်ဖြစ်၍ များစွာ အကျိုးရှိမည်ဖြစ်သည်။
ကမ္ဘာ့ထုတ်လုပ်မှုလမ်းကြောင်းထဲသို့ ဝင်ရောက်ရေး ကမ္ဘာကြီးနှင့် ပေါင်းစည်းမှု တိုး တက်နေသည့် ယခုအချိန်တွင် SMEs လုပ်ငန်းများ Global Supply Chain နှင့် Value Chain ကမ္ဘာ့ထုတ်လုပ်မှု လမ်းကြောင်းနှင့် တန်ဖိုးမြှင့် ထုတ်လုပ် မှု လမ်းကြောင်းထဲသို့ တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ တစ်နည်းနည်းဖြင့် ဝင်ရောက်နိုင်မှသာ ရေရှည်တိုးတက် မှုကို ဖော်ဆောင်နိုင်မည်ဖြစ်သည်။ယခုအခါ ပွင့်လင်းလာသည့် မြန်မာနိုင်ငံ သို့ နိုင်ငံခြား တိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ယခင်ကထက် ပိုမိုဝင် ရောက်လာနေပြီဖြစ်သည်။ အဆိုပါ လုပ်ငန်းအားလုံးနီးပါးမှာ ကမ္ဘာ့ဈေး ကွက်သို့ ရည်ရွယ်ပြီး ထုတ်လုပ်မှု လုပ် ငန်းများ ထုတ်လုပ် တင်ပို့တော့မည် ဖြစ်ရာ အဆိုပါလုပ်ငန်းများနှင့် ပေါင်း စည်းလုပ်ကိုင်နိုင်ရေး SMEs များ အတွက်အထူးအရေးပါနေပြီဖြစ်သည်။ ဆိုလိုသည်မှာ ပို့ကုန်လုပ်ငန်း များနှင့် ဆက်စပ်သည့် ထုတ်လုပ်မှု လုပ်ငန်းများ တွင် ပြည်တွင်း SMEs များပါဝင်နိုင် လေ အကျိုးရှိလေဖြစ်သည်။ တရုတ် နိုင်ငံ၏ မြန်ဆန်သည့် စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအတွေ့အကြုံတွင် အဆိုပါ ကာလအတွင်း တရုတ်နိုင်ငံသို့ နိုင်ငံ ခြား တိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း များ အများဆုံးဝင်ရောက်လာမှု ကြောင့် ဖြစ်သည်။ အထူး စီးပွားရေးဇုန်များ၊ ပြည်တွင်းလုပ်ငန်းများဖြင့် ဖက်စပ်ပြု လုပ်သည့် လုပ်ငန်းများ တစ်ဟုန်ထိုး ထွန်းကားလာမှုနှင့်အတူ အဆိုပါလုပ် ငန်းများသည် ပို့ကုန်ဦးစားပေး လုပ်ငန်း များဖြစ်သောကြောင့် ပို့ ကုန်လုပ်ငန်း အချိန်တိုအတွင်း အမြန်ထွန်းကားလာ ခဲ့ကြသည်။ ဖက်စပ်လုပ်ကိုင်ခွင့်ရသည့် ပြည် တွင်း လုပ်ငန်းများအနေဖြင့်လည်း အရင်း အနှီးရရှိခြင်း၊ နည်းပညာသစ် များ၊ စီမံခန့်ခွဲမှု နည်းလမ်းများ ပိုမို လက်ခံရရှိလာသလိုအလုပ်အကိုင်သစ် များ ဖန်တီးပေးခြင်းနှင့် ဈေးကွက်သစ် များ ပိုမိုရရှိလာခြင်းစသည့် အကျိုး ကျေးဇူးများရရှိခဲ့သည်။ သို့ဖြစ်၍ ယခုမြန်မာနိုင်ငံသို့ ဝင် ရောက်လာသည့် နိုင်ငံခြား လုပ်ငန်းရှင် များအနေဖြင့် ဖက်စပ်လုပ်ငန်းများ လုပ် ကိုင်မည့် လုပ်ငန်းများရှိသလို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်း များလည်းရှိသည်။ မြန်မာ့ SMEs များ အနေဖြင့် နိုင်ငံခြားလုပ်ငန်းများနှင့် ဖက်စပ်လုပ်ကိုင်ဆောင်ရွက်ရန် ကြိုး စားရမည်ဖြစ်သလို ၁၀၀ ရာခိုင်နှုန်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင်လည်း ပြည်တွင်းသွင်းအားစု အသုံးပြုရမည့် အပိုင်း(Local Content) ပါရှိသည့် အတွက် အဆိုပါ ပို့ကုန်ဦးစားပေး လုပ် ငန်းကြီးများအတွက် ပြည်တွင်း SMEs ထံများမှ သတ်မှတ်ထားသည့် အချိုး အစားတစ်ခုကိုအသုံးပြုရမည်ဖြစ်သည်။ သို့ဖြစ်ရာ ပြည်တွင်း SMEs များမှ အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီး များ သို့သွင်းအားစုများ တိုက်ရိုက် တင်သွင်း ခြင်း၊ တစ်ဆင့်ခံ ကန်ထရိုက်စနစ်ဖြင့် ပေါင်းစပ်လုပ်ကိုင်ခြင်းမျိုး ရရှိအောင် ဆောင်ရွက်ရမည် ဖြစ်သည်။ ဥပမာ အားဖြင့် နိုင်ငံခြား ကုမ္ပဏီကြီးများ ထိုင်းနိုင်ငံ၏ Auto mobile ပြည်တွင်း ထုတ်လုပ်မှု လုပ်ငန်းများအတွက် ပြည် တွင်းပါဝင်မှု အချိုးအစား Local Content မှာ ၅၀ ရာခိုင်နှုန်းကျော် ဖြစ် သည့်အတွက် မော်တော်ကား လုပ်ငန်း နှင့် ဆက်စပ်နေသော ပြည်တွင်း မှန် ထုတ်လုပ်သည့် လုပ်ငန်းများ၊ ရော်ဘာ အခြေခံထုတ်ကုန်လုပ်ငန်းများ၊ သားရေ ထုတ်လုပ်မှု၊ ဝါယာကြိုးထုတ်လုပ်သည့် လုပ်ငန်းများစသည်တို့ ထုတ်လုပ်သည့် ပြည်တွင်းလုပ်ငန်းများ ထွန်းကားလာ ကြသည်။ ဆိုလိုသည်မှာ သက်ဆိုင်ရာ ကဏ္ဍများအလိုက် ပါဝင်ရမည့်ပြည် တွင်းသွင်းအားစု အသုံးချမှုအပိုင်းကို SMEs များ ရရှိမည်ဖြစ်၍ SMEs တိုင်း နိုင်ငံတကာ စံချိန်စံညွှန်းနှင့် အရည် အသွေးသတ်မှတ်ချက်များ ပြည့်မီရေး အထူးကြိုးစားရမည်ဖြစ်သည်။ ကမ္ဘာ့ထုတ်လုပ်မှု လမ်းကြောင်း Gobal Supply Chain သို့ SMEs များအနေဖြင့် အပြည်ပြည်ဆိုင်ရာ ကုမ္ပဏီကြီးများနှင့် မည်မျှချိတ်ဆက်ဝင် ရောက်နိုင်သည်ကို ပါမောက္ခ Fuku-nari Kimura ကအောက်ပါပုံဖြင့် ဖော် ပြထားသည်။ ထို့အပြင် ၂၀၁၅ ခုနှစ်၊ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု နယ်မြေ တည်ထောင်ခြင်းနှင့် အခြားသော ကုန်သွယ်မှုဆိုင်ရာ သဘောတူညီချက် များ တိုးချဲ့လာမည်ဖြစ်၍ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍအထူးတိုးတက်လာ မည်ဖြစ်သလို စီးပွားရေးပိတ်ဆို့မှု ကင်း လွတ်လာပြီး ဥရောပ၏ GSP အခွင့် အရေး၊မကြာမီ US ၏ အခွင့်အရေး များ ပြန်လည် ရရှိလာမည်ဆိုလျှင် တစ် ကမ္ဘာလုံးနှင့် ပြန်လည် ကုန်သွယ်မှု ရှိ လာမည်ဖြစ်၍ မြန်မာ့ပို့ကုန် ကဏ္ဍ ယခုထက် အဆများစွာ တိုးတက်လာ မည် ဖြစ်သည်။ ၎င်းအပြင် SMEs တိုင်း မိမိ၏ ထုတ်ကုန်များကို ပြည်ပဈေး ကွက်သို့ စတင်ထိုးဖောက်နိုင်ရေး အထူး စောင်းပေးရမည်ဖြစ်သည်။ ထိုသို့ လုပ်ဆောင်နိုင်ရန် စံချိန် စံညွှန်း သိရှိ နားလည်ရေး၊ ပြိုင်ဆိုင်မှု ပိုမိုမြင့်တက် လာစေရန် လုပ်ငန်းတူများ ပူးပေါင်း ဆောင်ရွက်ရေး၊ လုပ်ငန်းနှင့် ပတ်သက် သည့် အသိပညာ ဗဟုသုတ ပိုမိုရရှိရေး မိမိ အပါအဝင် မိမိ လုပ်ငန်းတွင် လုပ် ကိုင်ကြသည့် လုပ်ဖော် ကိုင်ဖက်များ ၏ လူ့စွမ်းအား အရင်းအမြစ် ဖွံ့ဖြိုး ရေး ပိုမို ဦးစားပေး ဆောင်ရွက်ရမည် ဖြစ်သည်။SMEs လုပ်ငန်းများ ပြည်ပ ဈေးကွက် ဝင်ရောက်နိုင်မှ သာ တီထွင် ဆန်းသစ်မှု (Innovation) ပိုမိုဆောင် ရွက်မှုကို အားပေးမည်ဖြစ်သည်။ ထို့အပြင် ပို့ကုန်လုပ်ငန်း အဓိက လုပ်ဆောင်နေသည့် ပြည်တွင်း ကုမ္ပဏီ များနှင့်လည်းကောင်း၊ ပြည်ပ ကုမ္ပဏီ များနှင့်လည်းကောင်း ပေါင်းစပ်၍ သွင်းအားစု ကုန်ကြမ်းဖြစ်စေ၊ တစ်ဝက် တစ်ပျက်ပြီး ကုန်ချော ပံ့ပိုးမှု ဖြစ်စေ ပေါင်းစပ်လုပ်ကိုင်ခြင်း၊ တစ်ဆင့်ခံ ကန် ထရိုက် (Sub-Contract) ဖြင့်ဖြစ် စေ၊ လယ်ယာကဏ္ဍတွင်လည်း ပြည် တွင်း ပြည်ပ လုပ်ငန်းရှင်များနှင့် ပေါင်းစပ်ပြီး အကျိုးတူလယ်ယာစနစ် (Contract Farming) စနစ်ဖြင့်ဖြစ်စေ ပေါင်းစည်း လုပ်ကိုင်ခြင်းသည်လည်း မြန်မာ့ပို့ကုန် ဖွံ့ဖြိုးတိုးတက်မှုတွင် တနည်းတလမ်း အားဖြင့် ပါဝင်နေခြင်းပင်ဖြစ်သည်။ ထို့ အတူ မိမိထုတ်လုပ် သော ထုတ်ကုန် များကို တန်ဖိုး သိသိသာသာမြင့်တက် စေရန် အဓိက လုပ်ဆောင်ရမည့် တီထွင်ဆန်းသစ်မှု၊ သုတေသနနှင့်ဖွံ့ဖြိုး မှု၊လှပသည့် ဒီဇိုင်း၊ သေသပ်သည့် ထုပ် ပိုးမှု၊ ထုတ်လုပ်မှု အတွက် သွင်းအားစု ရယူခြင်းနှင့် ထုတ်လုပ်ပြီး ထုတ်ကုန်များ ဈေးကွက်အရောက် ဖြန့်ဖြူးမှုတို့ အတွက် စရိတ် အနည်းဆုံး ဖြစ်ပေါ် ရေး၊ ထုတ်လုပ်ရာတွင်လည်း စရိတ် အနည်းဆုံးဖြစ်ပေါ်နိုင်သည့် ှScale Economies ဖြစ်ပေါ် ရေး၊ လူအများ သိရှိစေရန် Marketing ရောင်းချပြီး ဝန်ဆောင်မှုပေးသည့် After scales services နှင့် မိမိ ထုတ်ကုန် Brand Name ရရှိအောင် ကြိုးစားခြင်းတို့ဖြင့် မိမိထုတ်ကုန်တန်ဖိုး သိသိသာသာ မြင့် တက်လာမည်ဖြစ်သလို ပြည်တွင်းဈေး ကွက်သာ မကဘဲ ပြည်ပဈေးကွက်ကို လည်း ယှဉ်ပြိုင်ထိုးဖောက် ဝင်ရောက် နိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ မြန်မာ့ SMEs များအနေဖြင့် ကမ္ဘာ့ထုတ်လုပ် မှု ကွန်ယက်ထဲသို့ လာရောက်ရင်းနှီး မြှုပ်နှံသည့် နိုင်ငံခြား ကုမ္ပဏီကြီးများ မှ တစ်ဆင့် ဝင်ရောက်နိုင်ရေး၊ မိမိ ထုတ်ကုန်များ တန်ဖိုး မြင့်လာစေရန် အထူး ဦးစားပေး ဆောင်ရွက်ရေးနှင့် ကမ္ဘာ့ဈေးကွက်မှတောင်းဆိုသည့် ထုတ် ကုန်များ ပိုမို ထုတ်လုပ်တင်ပို့နိုင်မည် ဆိုလျှင် ပို့ကုန်ဖွံ့ဖြိုးမှုမှ SMEs များ ဖွံ့ ဖြိုး တိုးတက်မှုကို လည်းကောင်း၊ ၎င်းမှ တစ်ဆင့် တိုင်းပြည်၏ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှု မလွဲဧကန် ဖော်ဆောင်နိုင် မည် ဖြစ်သည်။ကျမ်းကိုးစာရင်း1. ESCAP Policy Guidebook for SMEs Development in Asia and Pacific, UN,20122. Gary Gereffi Global Value Chain and Development in emerging Economies, Global Value Chain Dialogue, Singapore, 20123. James Love&Roper, White SMEsInnovation Exporting and Growth,ERC Stephen Paper no.5,ERC,20134. J.H Khan&A.K.Nazmul, Perception of SMEs Growth Constraints in Bangladesh, European Journal of Business & Management, Vol.4,No.7,20125. UN, Small Scale Enterprises Development and Foreign Direct Investment in Africa; Challenges & Opportunities, May,20096. U San Thein, SMEs Financing (Power Point), Yangon, Feb, 2013
၂၀၁၀ ခုနှစ်မှစ၍ ကမ္ဘာ့ရွှေဈေးသည် သိသိသာသာ ဈေးမြင့်လာခဲ့သည်။ အဓိကအကြောင်းရင်း မှာ၊ အမေရိကန်ဒေါ်လာတန်ဖိုး ခိုင်မာမှုအားပျော့လာသောကြေင့် ဖြစ်သည်။ ၂၀၁၀ခုနှစ်မှ ၂၀၁၂ခုနှစ်ထိ ဆက်တိုက်အားပျော့လာသဖြင့် ရင်းနှီးမြှုပ်နှံသူများသည် ရွှေကို ပိုမိုရင်းနှီးမြှုပ်နှံလာသောကြောင့် ကမ္ဘာ့ ရွှေဈေးကို မြင့်တက်စေခဲ့သည်။
ကမ္ဘာ့ စီးပွားရေးအခင်းအကျင်းနှင့် မြန်မာ့ အနေအထား ယနေ့ခေတ်အခါသည် ICT (Information and Communication Technology) ထွန်းကားလာမှုကြောင့် Globalization အရှိန်အဟုန် ပိုမို မြင့်မားခဲ့ပြီး၊ လျင်မြန်သည့် သတင်း ဆက်သွယ်မှုကွန်ယက်ကြောင့် နိုင်ငံ တိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ် ကမ္ဘာလုံးနှင့် ပေါင်းစည်းဆက်သွယ် ဆောင်ရွက်ရေး တစ်နေ့တခြား ပိုမို အရေးပါလာပေသည်။
ယနေ့နိုင်ငံတိုင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ကြိုးပမ်းလုပ်ဆောင်ရာ တွင် ကုန်သွယ်မှုကဏ္ဍသည် ဦးဆောင် ကဏ္ဍ (Leading sector) ဖြစ်သည့် အတွက် ကုန်သွယ်မှုသည် တိုးတက်မှု ၏ မောင်းနှင်အား (Trade is engine of growth) ဟု စီးပွားရေးပညာရှင် များက ခံယူသတ်မှတ်ထားသည်။ ယခု အခါ မြန်မာနိုင်ငံအနေဖြင့်လည်း တစ် ကမ္ဘာလုံးနှင့် ပြန်လည်ကုန်သွယ်ခွင့် ရရှိ လာမှုနှင့်အတူ ယခင်စီးပွားရေးပိတ်ဆို့ မှုများ ပြန်လည်ကင်းလွတ်လာခြင်း၊ ထုတ်ယူ မသုံးစွဲရသေးသော အရင်း အမြစ်များ (သဘာဝအရင်းအမြစ်နှင့် လုပ်သားအရင်းအမြစ်) ရှိနေသေးခြင်း၊ မဟာဗျူဟာကျသည့် တည်နေရာရှိနေ ခြင်းတို့ကြောင့် အာရှ၏ထွန်းတောက် လာမည့် အလားအလာ အကောင်းဆုံး ထဲတွင် မြန်မာနိုင်ငံကိုလည်း ကမ္ဘာက အသိအမှတ်ပြုလာခြင်းသည် ဖွံ့ဖြိုးတိုး တက်မှုအတွက် ထူးကဲသည့် အခွင့် အရေးတစ်ရပ်ပင်ဖြစ်သည်။
ဖြေလျှော့တာတွေအများကြီး နိုင်ငံတော်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများစွာကို ဆောင်ရွက် နေတာကိုတော့ မည်သူမျှ မငြင်းနိုင်ပါ။ ထိုသို့ ပြုပြင်ပြောင်းလဲမှုများစွာတွင် စီးပွားရေးနှင့် ပတ်သက်ပြီး၊ ပြုပြင် ပြောင်းလဲခဲ့မှုမှာ ကုန်သည်များအလိုကျ ဆောင်ရွက်ပေးထားတယ်လို့ပင် ပြော ရင်မမှားနိုင်ပါဘူး။ မလိုက်လျှောတာ ဆိုလို့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်နွယ် လိုက်လိုက်နာရတာရယ် အမျိုးသား အကျိုးစီးပွားတွက် ကာကွယ်ရမှာတွေ ကိုဘဲ ကန့်သတ်ထားခဲ့တာ ပါလို့ ပြော ရမှာပါဘဲ။ တချို့လဲ အချိန်မကျသေး တာရယ်၊ မည်သူတစ်ဦး တစ်ယောက်ကို မှ မထိခိုက်ရအောင် ဆောင်ရွက်ရတာ တွေကြောင့် ကျန်နေတာတွေတော့ရှိ တာပေါ့။
ရပ်နိုင်ပေ့ ဗဟိုဘဏ် အတိုးနှုန်း အကြောင်း၊ ဗဟိုဘဏ် အကြောင်းစဉ်းစားရင်း နမူနာယူစရာ ဖြစ်ရပ်လေးတစ်ခုခေါင်းထဲရောက်လာ ခဲ့သည်။ သူငယ်ချင်းဖြစ်သူက သား အရွယ် သူ့သမီးလေးမတ်တပ်ရပ်တပ် နိုင်နေပြီဖြစ်ကြောင်းပြောရင်း လက် လွှတ်လျက်ကလေးငယ်ကို မတ်တပ်ရပ် စေသည်။ လက်လွှတ်၍ ''ရပ်နိုင်ပေ့ ရပ် နိုင်ပေ့" ဟု အားပေးနေသော်လည်း လက်နှစ်ဖက်က ကလေးနှင့်အနီးဆုံး နေရာတွင် အဆင်သင့်အနေအထား ဖြင့်ရှိနေသည်။
