Background
စီးပွားရေးပြုပြင်ပြောင်းလဲမှုလုပ် ဆောင်နေသော မြန်မာနိုင်ငံ၏ ယနေ့ ကာလ အချိန်အခါသည် ၂၀၁၅ ခုနှစ် တွင် စတင်ပေါ်ထွန်းလာမည့် အာဆီ ယံအဖွဲ့ကြီး၏ အာဆီယံစီးပွားရေး အ သိုက်အဝန်း (ASEAN Economic Community-AEC) အတွက်ပြင်ဆင် ဆောင်ရွက်ရမည့် အချိန်ကာလဖြစ်နေ သည်။ အကောင်အထည်စတင်ဖော် သည့်ကာလမှာမူ အတွေ့အကြုံနုနယ် သေးသည့် ဒီမိုကရေစီ နိုင်ငံ ရေးနှင့်ကျင့် သားမရသေး သည့် ဈေးကွက် စီးပွား ရေးစနစ်တို့ကိုလက်တွေ့ကျင့်သုံး နေရ သည့် ဒီမိုကရေစီအခင်းအကျင်း ဒုတိယ သက်တမ်းကာလဖြစ် သည်။ ထိုနှစ်မှစ၍ အာဆီယံလွတ်လပ်သော ကုန်သွယ် ရေး နယ်မြေ (ASEAN Free Trade Area-AFTA) ကို အပြည့်အဝပါဝင် အကောင်အထည်ဖော်ရင်း တစ်ပြိုင် နက်ပါဝင်ပတ်သက်ရဦးမည့် အစီအစဉ် တစ်ခုလည်းရှိနေ သည်။ထိုအစီအစဉ် မှာ တရုတ်-အာဆီယံလွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီမှု( China-ASEAN Free Trade Area- CAFTA) ဖြစ်သည်။ ထို့ကြောင့် အစိုး ရသစ်၏၎င်းသက်တမ်း ကာလတစ် လျှောက်ပြုပြ င်ပြောင်းလဲမှု များသည် နိုင်ငံ၏ ပြည်တွင်းစီးပွားရေး အခြေ အနေများအတွက် သာမက ၂၀၁၅ ခုနှစ်တွင် ပါဝင်ပတ်သက်ရတော့မည့် ဒေသတွင်း စီးပွားရေးအထူးအစီအစဉ် များ အတွက်ပါပြင်ဆင်သည့် အနေ အထားဖြစ်လာသဖြင့် အတွင်း၊ အပြင် ရှုထောင့် နှစ်မျိုးစလုံးမှကျယ် ကျယ်ပြန့် ပြန့်ထည့်သွင်း စဉ်းစားလုပ်ဆောင် ထား နိုင်မှ အနာဂတ် ကာလတွင်နိုင်ငံ၏ ရင် ဆိုင်နိုင်စွမ်း၊ ယှဉ်ပြိုင်နိုင်စွမ်းမှာ အ တော်အသင့်အနေ အထား ဖြင့်ရှိနေ ပေလိမ့်မည်။
ဆက်ဆံရေးရောင်နီဦး ၂၀၁၁ ခုနှစ်မှစ၍ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲ ရေးလမ်းကြောင်း ကို လျှောက်လှမ်းလာ ခဲ့တာ မြန်မာနိုင်ငံသည် နိုင်ငံတကာ မီဒီယာများတွင် လူအလွန်စိတ်ဝင်စား၍ ရေပန်းစားနေခဲ့ သည်။ နိုင်ငံတကာ မှသာမက ကမ္ဘာ့အဖွဲ့အစည်းများ၊ ဒေသဆိုင် ရာအဖွဲ့အစည်းများနှင့် ပညာရှင်များ၊ သုတေသီများကပါ စိတ်ဝင် တစား စောင့်ကြည့်နေခဲ့ကြသည်။ တစ်နှစ်ကျော်ကြာချိန်တွင် လေ့ လာတွေ့ရှိချက်များ၊ သုံးသပ်ချက်များ အများအပြားထွက်ရှိလာကြ သည်။ ပြုပြင်ပြောင်းလဲမှုများ၏ အားသာချက်၊ အားနည်းချက်များ ကို ထောက်ပြကြသည်။ အလားအလာတို့ကို မှန်းဆကြသည်။ အာရှ ဒေသမှ အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) သည်လည်း စီးပွားရေးဖွံ့ဖြိုး မှုအလားအလာကောင်းများရှိနေသာ မြန်မာနိုင်ငံကို ယခင်ကာလ များကထက်ပို၍ စေ့စေ့စပ်စပ်လေ့လာနေခဲ့သည်ကို တွေ့နေရသည်။
ကျွန်တော်တို့နိုင်ငံဟာ စီးပွားရေးအင်အားကောင်းတဲ့ တရုတ်၊ အိန္ဒိယ၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နိမိတ်ထိစပ် လျက်ရှိတဲ့အတွက် အိမ်နီး ချင်းနိုင်ငံများရဲ့ ကုန်ပစ္စည်းများအလုံးအရင်း ဝင်ရောက်လာခြင်းပင် ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု နှေးကွေးခြင်းကို အခွင့်ကောင်းယူကာ အဝတ်အစားအလှကုန် ပစ္စည်းများမှအစ နေ့စဉ် အသုံးအဆောင်များ၊ မော်တော်ဆိုင်ကယ်များ၊ စာရေးကိရိယာများ၊ အီလက်ထရောနစ် ပစ္စည်းများ၊ ဆောက်လုပ်ရေးပစ္စည်းများနဲ့ စား သောက်ကုန်ပစ္စည်းများကို အိမ်နီးချင်း ၃ နိုင်ငံမှ အမြန်ဆုံးဝင်လျက် ရှိပါတယ်။ အစပထမမှာတော့ထုတ်လုပ်တဲ့ ကုန်ပစ္စည်းများရဲ့အရည် အသွေး အကောင်းဆုံးအခြေအနေနဲ့ ဝင်ရောက်လေ့ရှိပါတယ်။ ဒါပေမယ့် နောက်ပိုင်း ထုတ်ကုန်ပစ္စည်းများဟာ တဖြည်းဖြည်းခြင်း အရည်အသွေးများမှာ စိတ်ချမရနိုင်တော့ဘဲ တစ်ဖက်နိုင်ငံထုတ် ကျင်းထုံအမျိုးအစား ခြင်ဆေးခွေရှူရှိုက်မိသဖြင့် အသက်ဆုံးရှုံးမှု ဖြစ်ရခြင်း၊ လျှပ်စစ်မီး ကြိုးအရည်အသွေး မကောင်းသဖြင့် ဝါယာ ရှော့ဖြစ်ကာ အိမ်မီးလောင်ပြီးလူသေ၊ ငွေဆုံးဖြစ်ရခြင်း၊ အန္တရာယ် ရှိ စားသောက်ကုန်ပစ္စည်းများ စားမိကာရောဂါမျိုးစုံ ဖိစီးခြင်း ခံရ ခြင်းများမှာ ကျွန်တော်တို့နိုင်ငံသားများပင် ဖြစ်ကြပါတယ်။ ဒါ ကြောင့် ကျွန်တော်တို့ နိုင်ငံတွင်းသို့ နည်းလမ်းပေါင်းစုံနဲ့ ဝင်ရောက် လာတဲ့ အရည်အသွေးမမီ ကုန်ပစ္စည်းများ စိစစ်တားဆီးခြင်းမှာ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ တိုင်းပြည်ကာကွယ်ရေးလုပ်ငန်းကြီးဖြစ် လာပါတယ်။ အသိဉာဏ် ပညာရှိသူတိုင်း အရွယ်ရောက်ပြီးသူတိုင်း နိုင်ငံသားတိုင်းရဲ့ သမိုင်းပေးတာဝန်ကြီးတစ်ရပ် ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံဟာ ပထဝီနိုင်ငံရေး ရှုထောင့်အရ ပတ်ဝန်း ကျင်နိုင်ငံများမှ မျက်စိကျတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ ပြည် တွင်းနိုင်ငံရေး မပြေလည်မှုကြောင့်သာ စီးပွားရေးတိုးတက်သင့် သလောက် မတိုးတက်သော်လည်းသင်ပေးပါက တက်မြောက်ကျွမ်း ကျင်လွယ်သော လူ့စွမ်းအားအရင်းအမြစ် ပေါများခြင်း၊ တွင်းထွက် သတ္တုစုံလင်စွာထွက်ရှိခြင်း၊ အခြားအဖိုးတန် သဘာဝသယံဇာတ ပစ္စည်းပေါများခြင်း၊ မြစ်ချောင်းအင်းအိုင်ပေါများခြင်း၊ ရေအရင်း အမြစ်ပေါများခြင်း၊ လမ်းပန်းဆက်သွယ်ရေးေ ကာင်းမွန်ရန် အခြေခံ လိုအပ်ချက်ပြည့်စုံခြင်းစတဲ့ အင်္ဂါရပ်များနှင့် ပြည့်စုံတဲ့နိုင်ငံဖြစ်ပါ တယ်။ အဲဒီအချက်တွေကြောင့် ကျွန်တော်တို့နိုင်ငံသို့ စီးပွားရေးနှင့် စစ်ရေးအရ ဝင်ရောက်နိုင်ဖို့ ကြိုးစားကြတာဖြစ် ပါတယ်။ ခေတ် အဆက်ဆက် ပြည်ပကျူးကျော်စစ်ပွဲများ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါ ပေမယ့် မြန်မာတိုင်းရင်းသားတို့ရဲ့ စစ်ရေးအမြင် ကောင်းမွန်တဲ့ အတွက် ယနေ့ထိတိုင် မြန်မာ့မြေကို ကာကွယ်နိုင်ခဲ့ပါတယ်။ ကမ္ဘာ့ စစ်အေးတိုက်ပွဲကာလ လွန်မြောက်လာတဲ့အခါ အရင်းရှင်စနစ်နှင့် ကွန်မြူနစ်စနစ်အားပြိုင်မှုမှာလည်း သိသိသာသာ ပြောင်းလဲလာခဲ့တဲ့ အတွက် မြန်မာနိုင်ငံရဲ့စီးပွားရေးစနစ်မှာလည်း ဈေးကွက်စီးပွားရေး စနစ်သို့ ဦးတည်စေခဲ့ခြင်း ဖြစ်ပါတယ်။ဈေးကွက်စီးပွားရေးစနစ် ကျင့်သုံးပြီးနောက်ပိုင်းမှာအိမ်နီးချင်းနိုင်ငံများမှ ကုန်ပစ္စည်းများ အလုံး အရင်းဖြင့် ဝင်ရောက်လာပြီး အရည်အသွေးမှာလည်း အကောင်း နဲ့အဆိုးဒွန်တွဲလာ ပါတယ်။ ၁၉၉၆ ခုနှစ်တွင် နယ်စပ်ကုန်သွယ်ရေးကို စတင်ဖွင့်လှစ်ခဲ့ပြီး တရားဝင်ကုန်သွယ်ရေး အဖြစ် ဆောင်ရွက်လာ ခဲ့ရာ ယနေ့အထိတိုင် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။ နယ်စပ်ကုန်သွယ်ရေးဦးစီး ဌာနဟာ ကုန်သွယ်မှုကို ဥပဒေ၊ လုပ်ထုံး လုပ်နည်းများဖြင့် စနစ်တကျဆောင်ရွက်လာတဲ့အခါ နည်း ဥပဒေ အတိုင်း လိုက်နာဆောင်ရွက်ခြင်းမရှိသော လူပုဂ္ဂိုလ် တချို့ကြောင့် တရားမဝင်ရောင်းဝယ်မှုမှာ ရှင်သန်လာခဲ့ရပါတယ်။ တစ်ဖက်နိုင်ငံမှ မြန်မာနိုင်ငံရဲ့ အခြေအနေအရပ်ရပ်ကိုအသုံးချပြီး ၎င်းင်းတို့ထုတ်ကုန် ပစ္စည်းများ လက်တည့်စမ်းသပ်လာခြင်း၊ အရင်းအနှီးအနည်း ငယ်နှင့် အမြတ်အစွန်းများများရနိုင်သော ကုန်ပစ္စည်းများအမြန်ထုတ်လုပ်လာ ခြင်း၊ မြန်မာပြည်မှာအဖိုးတန် ကျောက်မျက်များ၊ သစ်များ၊ တွင်း ထွက်များနှင့်တိရစ္ဆာန်အရှင်များ ဈေးကောင်းပေး၍ဆွဲဆောင်ခြင်း စသည့်တရားမဝင်ရောင်းဝယ်မှု သွက်လက်လာစေရန် နည်းပေး လမ်းပြလုပ်ခဲ့ကြပါတယ်။ တရားမဝင်လမ်းကြောင်းဖြင့် အန္တရာယ်ရှိ ကုန်ပစ္စည်း များနှင့် အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်း များဝင်ရောက်လာေ သာကြောင့် မြန်မာနိုင်ငံ သားများဆုံးရှုံး နစ်နာမှု များနှင့် ကြုံတွေ့နေရခြင်းဖြစ်ပါတယ်။ မိုင်ပေါင်းထောင်နှင့်ချီသော နယ်စပ်တစ်လျှောက်ဝင်ပေါက်များပိတ်ပစ်ရန်မှာ လွယ်ကူမှာမဟုတ် တဲ့အတွက် နိုင်ငံသားတိုင်းရဲ့ တိုင်းပြည်ချစ်သော အသိ စိတ်ဓာတ် အားဖြင့်သာလျှင် ပိတ်ပင်နိုင်ပါလိမ့်မယ်။ ကျွန်တော်တို့နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်နိုင်မှုမှာ အခြေအနေ အရပ်ရပ်ကြောင့် အိမ်နီးချင်း (၃) နိုင်ငံကိုယှဉ်ပြိုင်နိုင်ခြင်းမရှိသေးတဲ့ အတွက် ကုန်စည်များ တစ်ဖက်နိုင်ငံများမှ စီးဆင်းလာရခြင်းဖြစ်ပါ တယ်။ အရည်အသွေးကောင်းမွန်ပြီးအန္တရာယ်ကင်းတဲ့ ကုန်ပစ္စည်းများ ဝင်ရောက်လာမှုအလွန်နည်းပါးလာပါတယ်။ ရေပူနှင့်မရမ်းချောင်းကုန် ပစ္စည်းစစ်ဆေးရေးဂိတ်များရုပ်သိမ်းပြီးသည့်နောက်ပိုင်းမှာအန္တရာယ် ရှိကုန်ပစ္စည်းများ ပိုမိုဝင်ရောက်သွားကြောင်း ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရသိရှိရပါတယ်။ တရားမဝင်ကုန်သွယ်မှု နှင့်ပတ်သက် ပြီး ပမာဏအလွန်ကြီးမားသည့်အကြောင်းကို တစ်ဖက်နိုင်ငံရဲ့ထုတ် ပြန်သော စာရင်းနဲ့နှိုင်းယှဉ်ပါက ပိုမိုသိသာနိုင်မှာဖြစ်ပါတယ်။ ၂၀၁၂ ခုနှစ်၊ သြဂုတ်လ ၂၈ ရက်နေ့ မူဆယ်မြို့ကုန်သည်များ အသင်းမှ ကျင်းပပြုလုပ်တဲ့ တရားမဝင်ရောင်းဝယ်မှု လျော့နည်းပပျောက်ရေး ညှိနှိုင်းအစည်းအဝေးမှာ စီးပွားရေးနှင့်ကူး သန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်မှ တရားမဝင်လမ်း ကြောင်းများရဲ့ ကုန်သွယ်မှုပမာဏ ကြီးမားပုံကို ထည့်သွင်းပြောကြား ခဲ့ပါတယ်။ ပြည်ထောင်စုဝန်ကြီးရဲ့ပြောကြားချက်အရ ၂၀၁၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှ ဇူလိုင်လ ၃၁ ရက်နေ့အတွင်း မြဝတီကုန်သွယ် ရေးစခန်းရဲ့ သွင်းကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၃၆) သန်း ဖြစ်ပြီး ထိုင်းနိုင်ငံရဲ့စာရင်းအရတန်ဖိုးမှာ အမေရိကန်ဒေါ်လာ (၅၂၀) သန်းဖြစ်ကြောင်း၊ တရားမဝင် သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၄၈၄) သန်းဖြစ်သဖြင့် တရားမဝင်လမ်းကြောင်းမှသွားလာ ခြင်းဟာ တရားဝင်လမ်းကြောင်းထက် (၁၄) ဆကျော် ပိုမိုတင်သွင်းမှု ရှိကြောင်းထောက်ပြသွားပါတယ်။ တရုတ်မျက်နှာစာ ဘက်တွင် လည်းတရားမဝင်သွားလာမှုမှာ တရားဝင်လမ်းကြောင်းပေါ် သွားတဲ့ ပမာဏထက် ပိုများမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဖိုးတန် ကုန်ပစ္စည်းများလည်းနည်းလမ်းပေါင်းစုံနဲ့ တစ်ဖက်နိုင်ငံများသို့ တရားမဝင် ရောင်းချခြင်းခံရတဲ့ ပမာဏဟာလည်း ကြောက်ခမန်း လိလိဖြစ်နေပါလိမ့်မယ်။ ကျွန်တော်တပ်မတော်တွင်ရှိစဉ်က တွေ့ခဲ့ရတဲ့အဖြစ်အပျက်တစ်ခု အမှတ်ရနေဆဲ၊ ရှေ့တန်းနယ်မြေ စိုးမိုးရှင်းလင်းရေး တာဝန်ထမ်း ဆောင်ရန် တပ်ရင်းဌာနချုပ်မှ စထွက်လာကတည်းက ဂျိုးသိန်းဆေး ပေါ့လိပ် အရေအတွက်အတော်များများဝယ်သွားခဲ့ပါတယ်။ ရှေ့တန်း ရောက်တဲ့အခါ တာဝန်ထမ်းဆောင်ရမဲ့အခြေအနေ ပြောင်းလဲသဖြင့် မိမိတို့သယ်လာခဲ့တဲ့ပစ္စည်းများကို သောင်ရင်းမြစ် တစ်ဖက်ကမ်း ယိုး ဒယားကျေးရွာသို့ ရောင်းခဲ့ရပါတယ်။ မြန်မာနိုင်ငံထုတ်ကုန်ပစ္စည်း လက်ခံမှုဖြင့် မိမိတို့ပစ္စည်းဝယ်ယူသူထိုင်းနိုင်ငံသားအား ထိုင်းနယ်ခြား စောင့်ရဲမှ လာရောက်ဖမ်းဆီးသွားကြောင်း သိရပါတယ်။ အဖြစ် အပျက် ဤမျှပင်ဖြစ်ပါတယ်။ သို့သော်လည်း အဖိုးတန်ကျောက်မျက် များ၊ ကျွန်းသစ်၊ တွင်းထွက်ပစ္စည်းများနှင့် တိရိစ္ဆာန်များဝယ်ယူသူကို ဖမ်းဆီးထားကြောင်းမကြားရပါ။ သူတို့နိုင်ငံထုတ်ကုန် ပစ္စည်းများကို မြန်မာနိုင်ငံသို့ တရားမဝင်ရောင်းချသူကိုလည်း ဖမ်းဆီးမှုမရှိပါ။ ထူး ခြားသည်မှာ ထိုင်းနိုင်ငံရဲ့ကိုယ်ကျိုးစီးပွားကာကွယ်ရေး မူဝါဒပင် ဖြစ်ပါတယ်။ သူတို့အမျိုးသူတို့ ချစ်သည်မှာ နယ်စွန်နယ်ဖျားအထိ သက်သေပြကြပါတယ်။ ကျွန်တော်တို့ မြန်မာ့သွေး၊ မြန်မာ့သား များသည်လည်း မည်သည့်အတွက် ကိုယ့်တိုင်းပြည်၊ ကိုယ့်လူမျိုးကို နယ်စွန်နယ်ဖျားအထိ ချစ်ကြောင်း သက်သေ မပြဝံ့ကြသနည်း။ အန္တရာယ်ရှိသောကုန်ပစ္စည်းဖြစ်မှန်း သိလျက်နဲ့ မည်သည့်အတွက် လက်ပိုက်ကြည့်နေကြရသနည်း။ ကြီးမားသော တိုက်တာကြီးများ ကို အုတ်တစ်ချပ် သဲတစ်ပွင့်မှစပြီးတည်ဆောက် တဲ့နည်းတူ အန္တရာယ်ကင်းသော ကုန်ပစ္စည်းများ တင်သွင်းရာမှာလည်း နယ်စွန်နယ်ဖျားတွင်တာဝန်ထမ်း ဆောင်ကြသောဝန်ထမ်းများမှ စပြီး လက်ကြီး/ လက်ငယ်ကုန်သည်များ အဆုံးသစ္စာရှိကြောင်း သက်သေပြရန် လိုအပ်နေပြီဖြစ်ပါတယ်။ ခိုးကြောင် ခိုးဝှက်သွား လာသော ခေတ်ကြီးမရှိတော့ကြောင်း၊ လုပ်ပိုင်ခွင့်ရှိသူအား ချဉ်းကပ်ပြီး ဂွင်ဖမ်းသောခေတ် ကာလလည်း အတိတ်မှာကျန်ခဲ့ပြီ ဖြစ်ကြောင်း၊ အိုင်တီခေတ်တွင်ဈေးကွက်ယှဉ်ပြိုင် ခြင်းဖြင့် ကုန်သွယ်သောခေတ်ကာလ ရောက်ရှိနေပြီဖြစ်ကြောင်း၊ နိုင်ငံတကာအမြင်ဖြင့် အရာရာကိုဦးတည်ဆောင်ရွက်နေေ သာ ခေတ်ကာလရောက်ရှိနေပြီဖြစ်ကြောင်း သိရှိဆောင်ရွက်ရန် အချိန်တန်ပြီဖြစ်ပါတယ်။ စားသုံးသူ ပြည်သူများအနေဖြင့်လည်း အန္တရာယ်ရှိသောကုန်ပစ္စည်းကို အန္တရာယ်ရှိကြောင်းသိရှိနိုင်ရန် လက် ဆင့်ကမ်းသတင်းများ သယ်ဆောင်ဖြန့်ဝေသင့်ပါတယ်။ အမျိုးသား ရေးစိတ်ဓာတ်ဖြင့် လှုပ်ရှားဆောင်ရွက်သင့် ပါတယ်။ ဈေးကွက်သို့ ရောက်ရှိနေတဲ့ အန္တရာယ်ရှိကုန်ပစ္စည်းများကို အသုံးမပြုခြင်း၊ ဝယ်ယူအားပေးမှုရှောင် ရှားခြင်း၊ ဖျက်ဆီးခြင်း၊ သက်ဆိုင်ရာဌာန များသို့ တာဝန်သိခြင်းအရ သတင်းပို့ခြင်း၊ သတင်းကွင်းဆင်းစုံစမ်း ဖော်ထုတ်ခြင်းများဖြင့် စားသုံးသူပြည်သူများ နိုင်ငံကြီးသားပီသနိုင်ရေး မေတ္တာရပ်ခံလိုပါ တယ်။ မြန်မာဆိုရိုးစကားအရ ''ဤ" ကို ''ကျွဲ" ဟု ဖတ်သောအခါတွင် အကောင်းလက္ခဏာဆောင်သော ကိစ္စရပ်တွင် အသုံးပြုတတ်ရန်လိုအပ် မည်ဖြစ်ပါတယ်။ စားသုံးသူပြည်သူများ ညီညွတ်မည်ဆိုပါက အရည်အသွေး စံချိန်စံညွှန်းမမီသောကုန်ပစ္စည်း ထုတ်လုပ်သူများမှ လက်လျှော့အရှုံးပေးမည်သာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ စားသုံးသူ ကာကွယ်ရေး အကြံပြုချက်များ ကြောင့် ကုန်သည်လုပ်ငန်းရှင်များ စိတ်မပျက်ရန် အမှောင်ဆုံးအချိန် ဟာ ရောင်နီသမ်းချိန်လို့အဆိုရှိတဲ့အတိုင်း မြန်မာပြည်ရဲ့စီးပွားရေးဟာ မကြာမီ ဦးမော့လာတော့မှာ ဖြစ်ပါတယ်။ အမေရိကန်သမ္မတ 'အိုဘားမား' သည် ၂၀၀၈ ခုနှစ်တွင် ပြောင်းလဲခြင်း (CHANGE) ဟူသော ကြွေးကြော်သံဖြင့် တက်လာခဲ့ပါတယ်။ ကျွန်တော်တို့လည်း ခေတ်ဟောင်းအတွေးခေါ်များနဲ့ အကျင့်ဆိုးများဖျောက်ပစ်နိုင်ရန် 'အိုဘားမား' ကြွေးကြော်သကဲ့သို့ (CHANGE) ဟု ကြွေးကြော်ရန် လိုအပ်ကြောင်း အကြံပြုတိုက်တွန်းလိုပါတယ်။ တရားမဝင်ကုန်သွယ်မှုများကြောင့် နယ်စပ်ကုန်သွယ်ရေးတွင် ကုန်သွယ်မှုပမာဏ (Volume Of Trade) ကျဆင်းခဲ့ရပါတယ်။ ယခင်က တင်ပို့ခွင့်မပြုခဲ့သော ဆန်၊ နှမ်းနီ၊ နှမ်းနက်၊ ဆန်ကွဲ စသည့် ကုန်ပစ္စည်းများ တင်ပို့ခွင့်ပြုခြင်း၊ မော်တော်ယာဉ်အမျိုးမျိုးနှင့် အပို ပစ္စည်းများတင်သွင်းခွင့်ပြုခြင်းအား ယခုနှစ်တွင် ဖြေလျော့ပေး ခဲ့ သော်လည်း ကုန်သွယ်မှုပမာဏမှာ သိသာစွာ တိုးတက်မလာသေး ကြောင်းတွေ့ရှိရပါတယ်။ အရေးကြီးဆုံးတစ်ချက်မှာ အရည်အသွေး စံချိန်စံညွှန်းမမီသော အန္တရာယ်ရှိကုန်ပစ္စည်းများ ပမာဏကြီးမားစွာ ဖြင့် ဝင်ရောက် လာပြီး စားသုံးသူပြည်သူများ ထိခိုက်နစ်နာရခြင်းပင် ဖြစ်ပါတယ်။ အထက်ပါအကြောင်းအရာများဖြေရှင်းနိုင်ရန် ပို့ကုန် သွင်းကုန်ဥပဒေ ပြည်ထောင်စု လွှတ်တော်ဥပဒေအမှတ် (၁၇) ထွက် ပေါ်လာပြီဖြစ်ပါတယ်။ အဆိုပါ ဥပဒေရဲ့ အခန်း (၄) မှာ တရား မဝင်ရောင်းဝယ်မှုအား အတိအကျတားမြစ်ထားကြောင်း တွေ့ရမှာ ဖြစ်ပါတယ်။ နယ်စပ်အပေါက်များမှ နည်းလမ်းပေါင်းစုံနဲ့ဝင်ရောက် လာတဲ့ တရားမဝင်ကုန်ပစ္စည်းများ တားဆီးပြီးပညာပေး ရန်နဲ့ မိမိတို့ နိုင်ငံမှ တရားမဝင်ကုန်ပစ္စည်းများ တင်ပို့မှုဟန့်တားရန်တို့အတွက် ရွေ့လျားတားဆီးရေးအဖွဲ့ (Mobile Team) ဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ကုန်သည်လောကမှာ အတော်ဂယက်ရိုက် သောကိစ္စတစ်ခုဖြစ်လာရပါတယ်။ ကျွန်တော်တို့နိုင်ငံသားများဟာ ဒီမိုကရေစီခရီးလမ်းကြောင်းမှာ တစ်ဦးချင်းနားလည်ရမဲ့ ကျင့်ဝတ် များ စောင့်ထိန်းလိုက်နာနိုင်မှ အရာရာမှာချောမွေ့သော အောင်မြင်မှု ရရှိမှာ ဖြစ်ပါ တယ်။ နိုင်ငံ့ဝန်ထမ်းများမှလည်း အကောင်းဆုံးသော ဝန်ဆောင်မှုဖြင့် ဆောင်ရွက်ပေးလျက်ရှိနေပြီဖြစ်ပါတယ်။ ဥပဒေ ပြင်ပမှ ရောင်းဝယ်သူများအား ပညာပေးကာလကုန်ဆုံးသော ၂၀၁၃ ခုနှစ် ဇန်နဝါရီလမှစပြီး ပြင်းထန်စွာအရေးယူနိုင်ရန် စီမံထား ရှိကြောင်း သိရပါတယ်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ နယ်စပ်ကုန် သွယ်ရေး ဦးစီးဌာနမှ ကုန်သည်ငယ်များ လုပ်သာကိုင်သာရှိစေရန် တစ်ဦးချင်း ကုန်သွယ်ခွင့် (Individual Trading Card) ကို တမူး နယ်စပ်ဒေသမှာ စမ်းသပ်ဆောင်ရွက်လျက်ရှိပါတယ်။ အောင်မြင် ပါက တစ်နိုင်ငံလုံး ကျင့်သုံးရန်ရှိပြီး ကုန်သည်များရဲ့ အခက်အခဲ များကို နည်းလမ်းတကျဖြေရှင်းပေးသွားရန် ပြည်သူ့ဝန်ထမ်းများမှ တာဝန်ယူဆောင်ရွက်နေပြီဖြစ်ပါတယ်။ နောက်သုံးလေးနှစ်ခန့်ကြာ တဲ့အခါမှာ ပြည်သူ့ဝန်ထမ်းများဟာ ကုန်သည်လုပ်ငန်းရှင်များရဲ့ လုပ်ငန်းဆောင်တာများ အောင်မြင်စေရေးဝန်ဆောင်မှုပေးတဲ့ အဖွဲ့ အစည်းများဖြစ်လာမှာဖြစ်ပါတယ်။ အဲဒီအချိန်မှာကုန်သည် လုပ်ငန်း ရှင်များဟာလည်း ခိုးကြောင်ခိုးဝှက်ကုန်သည် ဘဝမှ ဂုဏ်သိက္ခာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်သည်ကြီး များဘဝသို့ ရောက်ရှိသွားမှာ ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံက ASEAN Free Trade Area (AFTA) အဖြစ် ကုန်သွယ်မှုပြုရတော့မည်ဖြစ်ရာ အစစ အရာရာမှာ အံဝင်ခွင်ကျဖြစ်စေရန် ပြင်ဆင်ချီတက်နေတဲ့ အချိန်ဖြစ် ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံဟာ ဒီမိုကရေစီစနစ်နဲ့ ရှေ့သို့သွားတဲ့ အချိန်မှာ ကုန်သွယ်ရေးဟာလည်း နောက်ကျမကျန်ရစ်စေရန် ခေတ် စနစ်နဲ့လိုက်လျောညီထွေစွာ ပြုပြင်ပြောင်းလဲရ မှာ ဖြစ်ပါတယ်။ ကုန်သွယ်မှု အသိုက်အဝန်းမှာလည်း ကုန်သွယ်ရေးနဲ့ဆိုင်တဲ့ ပြည်သူ့ ဝန်ထမ်းများ တစ်ခုတည်းပြောင်းလဲပြီးမရနိုင်ပါ။ ကုန်သည် လုပ် ငန်းရှင်များရဲ့ အခွန်တိမ်းရှောင်လိုမှုများ၊ မိမိတစ်ဦးတည်းသာ အမြတ်များများရယူပြီး ကျန်တဲ့ ကုန်သည်ငယ်များ ဒုက္ခရောက်စေ သောပြုမူချက်များ၊ တစ်ဖက်နိုင်ငံများမှထုတ်လုပ်ပြီး မည်သည့် ကျန်းမာရေး အထောက်အထားမပါရှိသော ကုန်ပစ္စည်းများ တင်သွင်း တဲ့လုပ်ရပ်များ၊ တစ်ဖက်ကုန်သည်လုပ်ငန်းရှင်အား ကြိုတင်ညှိနှိုင်းပြီး အရည်အသွေးစံချိန်စံညွှန်းမမီသော ကုန်ပစ္စည်းများ ဈေးသက်သာ စွာနဲ့ တင်သွင်းပြီး ပြည်တွင်းတွင် ကုန်ပစ္စည်းအမှန်များ နဲ့ ရောနှော ရောင်းချတဲ့လုပ်ရပ်များအတွက် ပြောင်းလဲရမယ့်အချိန်အခါ ရောက် လာပြီလိ့ု ထင်မြင်ယူဆပါတယ်။ နိုင်ငံတော်ရဲ့ စီးပွားရေးလျာထားချက်အောင်မြင်ရေး အဟန့် အတားဖြစ်စေတဲ့ တရားမဝင် ရောင်းဝယ်ခြင်းနဲ့ စားသုံးသူပြည်သူ များရဲ့ အကျိုးစီးပွားကိုရန်ပြုနေသော အန္တရာယ်ရှိစားသောက် ကုန် များကို ပြည်သူများနဲ့အတူ နိုင်ငံဝန်ထမ်းများ၊ ကုန်သည်လုပ်ငန်းရှင် များမှ အားကျိုးမာန်တက် လက်တွဲဆောင်ရွက် တားဆီးထိန်းချုပ်ရန် လိုအပ်နေပြီဖြစ်ကြောင်း တိုက်တွန်းနှိုးဆော်လိုက်ရပါတယ်။
စီးပွားရေးပညာရှင်၊ စီးပွားရေးလုပ် ငန်းရှင်တစ်ဦး မဟုတ်သော်လည်း နိုင်ငံ ရေးပြုပြင်ပြောင်းလဲမှုနှင့်အတူ စီးပွား ရေးပြုပြင်ပြောင်းလဲမှုများ လုပ်နေသည့် အခါဖြစ်၍ မြန်မာ့စီးပွားရေး ရေစီး ကြောင်းနှင့် စီးပွားရေးဝန်းကျင်ကို လေ့ လာကြည့်မိသည်။
မကြာမီက တရားမဝင် ကူးသန်း ရောင်းဝယ်မှုများ ယခင်ကထက်ပိုမိုများ ပြားလာသဖြင့် ရွေ့လျားစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းဆောင်ရွက်မည့် အကြောင်း ဖတ်ရသည်။တိုက်တိုက်ဆိုင်ဆိုင်ပင် ဆရာ မောင်စူးစမ်း၏ စီးပွားရေး အတွေး အမြင်စာအုပ်မှ “စည်းလွတ်နှင့်စည်းညီ စီးပွားရေးနယ်ပယ်နှစ်ရပ်” ဆောင်း ပါးကို ဖတ်ရှုရသည်။ စည်းလွတ်နယ် ပယ် (Informal Sector) ဆိုသည်မှာ စီးပွားရေးကို ဥပဒေစည်းမျဉ်းနှင့်အညီ မဆောင်ရွက်ကြခြင်း၊ တရားဝင် အခွန် အတုတ်တို့ကို ရှောင်ကြခြင်း၊ အာဏာ ပိုင်တို့ ပြဋ္ဌာန်းထားသော ပုံစံစာရွက် အမျိုးမျိုးတို့ကို မဖြည့်လိုဘဲ ရှောင်ရှား ကြခြင်း၊ တရားဝင်ခွင့်ပြုမိန့် လိုင်စင်တို့ ကို မယူဘဲရှောင်ရှားကြခြင်း စသည်ဖြင့် တရားဝင်စည်းအပြင်ဘက်တွင် ဖြစ် ထွန်းနေသော စီးပွားရေး ''နယ်ပယ်"(ဝါ) "ခွင်'' ကိုဆိုသည်။ စည်းညီ စီးပွားရေး ဆိုသည်မှာ ဥပဒေစည်းမျဉ်း ပြဋ္ဌာန်း ချက်များ ဘောင် အတွင်း ဆောင်ရွက် သော ''နယ်ပယ်"(ဝါ) ''ခွင်"ကို ဆိုလို သည်ဟုဆရာမောင်စူးစမ်းကအဓိပ္ပာယ် ဖွင့်ထားသည်။နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးတွင် စည်းညီ စီးပွားရေးက အဓိကရေစီး ကြောင်း ဖြစ်နေသလား၊ သို့တည်းမ ဟုတ်စည်းလွတ် စီးပွားရေးက အဓိက ရေစီးကြောင်း ဖြစ်နေသလား၊ ဤအ ချက်သည် အလွန်အရေးကြီးပြီး သော့ ချက်ကျကြောင်းလည်း ထောက်ပြ ထားသည်။၁၉၉၃ ခုနှစ်က ဆရာမောင်စူးစမ်း ရေးခဲ့သော အဆိုပါ ဆောင်းပါးသည် ထိုခေတ်ထိုအချိန် က မြန်မာ့စီးပွားေ ရး ရေစီးကြောင်းကို ထင်ဟပ်ဖော်ညွှန်း ထားခြင်းဖြစ်သည်။ထိုကိစ္စနှင့်စပ်လျဉ်း၍ မည်သည့် ဘောဂဗေဒပညာရှင်ကမျှ တိကျပြတ် သားစွာ အကြံမပေး ရဲကြဟု ရေး သား ဖော်ပြထားသော်လည်း စည်းလွတ် စီးပွားရေး ပပျောက်သွားစေလိုသော ဆန္ဒဖြင့် ဘောဂဗေဒ ပညာရှင် တစ်ဦးက အကြံပေးရာ၌ "အစိုးရ၏ ချုပ်ချယ် သော စည်းမျဉ်းများကို ဖယ်ရှားပါ။ ပုဂ္ဂလိကပိုင်ဆိုင်မှု တို့ကို မြန်မြန်ဆန် ဆန် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ပါ။ ဘဏ္ဍာရေး လုပ်ငန်းတို့တွင် ပုဂ္ဂလိကပိုင်များကို အများဆုံးနှင့် အမြန်ဆုံးခွင့်ပြုပါ'' စသည်ဖြင့် တင်ပြ ထားကြောင်း ဆရာမောင်စူးစမ်း က ရေးသား ဖော်ပြထားသည်။ယခု မြန်မာနိုင်ငံတွင် နိုင်ငံရေး၊ စီးပွားရေးအခြေအနေတို့များစွာပြောင်း လဲနေသည်ကို တွေ့ရှိရသည်။ ကုန် သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ သာမက အစိုးရဌာန အတော်များများ ၏ လုပ်ငန်းများကို ပုဂ္ဂလိက ပိုင်ဆိုင်မှု အခန်းကဏ္ဍသို့ ပြောင်းလဲခွင့်ပြုပေးမှု များစွာကိုတွေ့နေရသည့်အတွက် စည်း လွတ်နယ်ပယ် အခြေအနေအကြောင်း ကုန်သွယ်ရေးဝန်ထမ်းတစ်ဦးကို မေး ကြည့်ပါသည်။ထိုဝန်ထမ်းက ''ကုန်သွယ်မှု လုပ် ထုံးလုပ်နည်း၊ စည်းမျဉ်းတွေ တော် တော်များများ ဖြေလျော့ထားပြီးပါပြီ၊ အခွန်အကောက်ပိုင်းမှာလည်း အစိုးရ က တတ်နိုင်သမျှ ကုန်သည်လုပ်ငန်း ရှင်တွေ လုပ်သာ ကိုင်သာရှိအောင် လျှော့ပေါ့ပေးခဲ့ပါတယ်"ဟုဆိုသည်။''ဒါဆိုရင် ဘာကြောင့် တရားမဝင် ကုန်သွယ် ကူးသန်းရောင်းဝယ်မှုတွေ ယခင်ကထက် များလာပြီး ရွေ့လျား စစ်ဆေးရေးတွေပါ ဖွဲ့လုပ်ရတာလဲ"ဟု မေးကြည့်မိသည်။''ဆရာ ရေ၊ အရင်အစိုးရလက် ထက်ကတော့ တားမြစ်ထားတဲ့၊ တင် သွင်းတင်ပို့ခွင့်မပြုတဲ့ ကုန်ပစ္စည်း အမယ် တွေကို တရားမဝင် သယ်ကြတာပါ။ အခုတော့ တင်သွင်းတင်ပို့ခွင့်တားမြစ် တာဆိုလို့ နိုင်ငံတကာ အဖွဲ့အစည်း များနဲ့လိုက်နာရတဲ့ စည်းမျဉ်းမှာပါ ရှိတဲ့ ကုန်ပစ္စည်းကလွဲလို့ အကုန်ခွင့်ပြု နေတာ ပဲ၊တရားဝင်ခွင့်ပြုပေမယ့်တရား မဝင်သွားတာကတော့ အခွန်ရှောင် ချင်လိုပေါ့"''ထူးခြားတာက တရားဝင် လမ်း ကြောင်းက တင်ပို့တင်သွင်းတဲ့ ပစ္စည်း တွေအပေါ်မှာလည်း မမှန်မကန်တဲ့ဈေး နှုန်းတွေနဲ့ အခွန်သက်သာအောင် လုပ် တာတွေ ပိုများလာတယ်ဆရာ"ဟု ဆို သည်။ပြင်ပစီးပွားရေးနယ်ပယ်မှ ပုဂ္ဂိုလ် တစ်ဦးအား မေးမြန်းကြည့်ရာ ''ကုန် စည်ဒိုင်ပေါက်ေ ဈး၊ နိုင်ငံတကာေ ပါက် ဈေးနဲ့ Customs Valuation တွေကို ဌာနပေါင်းစုံပါတဲ့အဖွဲ့နဲ့ Review လုပ် ကြည့်သင့်တာပေါ့ဗျာ၊ ဒါဆိုရင် အား လုံးအဖြစ်မှန်တွေ့ရမှာ။ ကုန်သည်ပိုင်း ကလည်း မှန်ဖို့၊ ဝန်ထမ်းပိုင်းကလည်း မှန်ဖို့၊ လွှတ်တော်တို့ အစိုးရတို့က လည်း Rule of Law ဖြစ်အောင် စီမံ ကွပ်ကဲဖို့လိုမယ်ထင်ပါတယ်။ ကုန်သည် အများစုကတော့ ကောင်းရောင်း ကောင်းဝယ်လုပ်ချင်ကြတာပါ။ သူများ ထက် ပိုမြတ်ချင်တဲ့သူ တချို့ကြောင့် ဈေးကွက်မှာ Level Playing Field မဖြစ်ရုံသာမကဘူး၊ အများ မိုးခါးရေ သောက်လို့ လိုက်သောက်ရာက ပမာဏ ကြီးလာတာပေါ့ဗျာ၊ National Character ပါ မပျက်အောင် လမ်း ကြောင်းမှန်ပေါ် ရောက်အောင် ထိန်း သင့်တာပေါ့ဗျာ"ဟု ရှင်းပြသည်။လားရှိုးကမိတ်ဆွေတစ်ဦးကတော့ "ရွေ့လျားစစ်ကြောင်းက ရှောင်ကွင်း လမ်းနဲ့ လမ်းကြောင်းပေါ်က ကုန်တင် ယာဉ်တွေကို ရှောင်တခင် စစ်တာမျိုး သာမကဘူး၊ တစ်ပိုင်တစ်နိုင်တွေ စု ပေါင်းသယ်ဆောင်မှုအမျိုးမျိုးကို ဘယ် လိုစဉ်းစားမယ်။ မူဆယ် ကုန်သွယ်ရေး စခန်းက တရားဝင် ဖြတ်တဲ့အထဲမှာ ညှိနှိုင်းပြီး တရားမဝင် လုပ်တာမျိုးကို ဘယ်လိုထိထိရောက်ရောက် အရေးယူ မယ်ဆိုတာမျိုးတွေကို သူ့အပိုင်းနဲ့သူ လုပ်သင့်တယ်ထင်တယ်"ဟု သူ့အမြင် ကို ပြောပြသည်။ ပင်လယ်ပြင်မှာ အသက်မွေးဝမ်း ကျောင်းသူတစ်ဦးကတော့ ''စက်သုံး ဆီမှောင်ခိုတွေက တအားများတယ် ဆရာ"ဟု ဆိုသည်။လမ်းကြောင်းအမှန်အတိုင်း ဖြစ် စေလိုသူ ကုန်သည်တစ်ဦးကတော့ ''ကုန်သွယ်လုပ်ငန်းခွန်ကို အဝင် (Point of entry) ကုန်သွယ်တဲ့ ဂိတ်ဝမှာ ကြို တင်ကောက်တာမျိုးထက် အရင်းအမြစ် ဖြစ်တဲ့ ဈေးကွက်တွေမှာ လက်ကား၊ လက်လီလမ်းကြောင်းအလိုက် တရား ဝင်ကောက်ရင် တရားမဝင် ကူးသန်း ရောင်းဝယ်မှု လျော့နည်းသွားမယ်လို့ ထင်တယ်။ တစ်နိုင်တစ်ဆွဲနဲ့ ကယ်ရီ တွေကို သွားကိုင်မဲ့အစား အရင်းနဲ့ အဖျားကို နိုင်အောင် ကိုင်နိုင်မှ အောင် မြင်မယ်ထင်တယ်"ဟု ဆိုသည်။နိုင်ငံရေးစနစ်ပြောင်း၊ ခေတ်ပြောင်း တွင် မြန်မာ့စီးပွားရေး ရေစီးကြောင်း သည် ယခင်လို အတားအဆီး၊ အဖု အထစ် ကန့်သတ်မှုကင်းကင်းဖြင့် ချော မွေ့စွာ စီးဆင်းနိုင်အောင် ပြုပြင်ပြောင်း လဲနေချိန်မျိုးတွင် စီးပွားရေး ဝန်းကျင် ကောင်း ဖြစ်ပေါ်ရေးအတွက် ပြည်သူ တစ်ရပ်လုံး ဝိုင်းဝန်းကြိုးစားသွားကြရန် လိုအပ် လာပြီဖြစ်သည်။သို့မှသာ မြန်မာ့စီးပွားရေး ရေစီး ကြောင်းသည် မြောင်းငယ်၊ ချောင်းငယ် မှတစ်ဆင့် မြစ်ကြောင်းအတိုင်း ကမ္ဘာ့ စီးပွားရေးဈေးကွက် သမုဒ္ဒရာသို့ ချော မွေ့စွာ စီးဆင်းဝင်ရောက်နိုင်လိမ့်မည် ဟု ယုံကြည်ပါသည်။
မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေးအရှိန်အဟုန်သည် လျင်မြန်စွာတိုးတက်ပြောင်းလဲနေသည်ဟု နိုင်ငံတကာက အသိအမှတ်ပြု ပြောကြားနေသကဲ့သို့ ပြုပြင်ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ခဲ့ကြသည့် နိုင်ငံများမှ အမှားသင်ခန်းစာမျိုး မဖြစ်ရလေအောင် ဦးစားပေးရွေးချယ်မှုများ မှန်ကန်ရန်လိုေ ကြာင်း ပြောဆိုအကြံပြုမှုများလည်း ရှိကြသည်။
၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ ၂၀ ရက် နံနက် ၀၉း၀၀ အချိန်က နေပြည်တော်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ အစည်းအဝေး ခန်းမ၌ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပရာ လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်၊ ပြည်သူ့ လွှတ်တော်စီးပွားေ ရးနှင့် ကုန်သွယ်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေး ကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်းနှင့် ရေးရာကော်မတီဝင်များ၊ ဒုတိယဝန်ကြီးများ၊ တိုင်းဒေသကြီး ပြည်နယ်များမှ စီးပွားရေးဝန်ကြီး များ၊ ဌာနဆိုင်ရာအကြီးအကဲ များ၊ ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌနှင့် ညီနောင်အသင်းအဖွဲ့များမှ ဥက္ကဌများ၊ အလုပ်အမှုဆောင်များ၊ ဆန် စပါးနှင့် ပဲမျိုးစုံအထူးပြုကုမ္ပဏီများမှ တာဝန်ရှိသူများ၊ ကုန်စည်ဒိုင်များမှ တာဝန် ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင်များနှင့် စာတမ်းဖတ်ကြားသည့် ပုဂ္ဂိုလ်များ တက် ရောက်ကြပါသည်။
လက်ရှိတိုးတက်ဖြစ်ပေါ်လျက်ရှိသော အခြေအနေများအရ မြန်မာနိုင်ငံသည် အာရှနိုင်ငံများနှင့် သာမက မကြာမီ တစ်ကမ္ဘာလုံး နဲ့ ကုန်သွယ်မှုပြုနိုင်တော့မည်ဖြစ်၍ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အလားအလာေ ကာင်းများရှိနေပြီဖြစ်ကြောင်း၊ ပြီးခဲ့သည့် တစ်နှစ် ခြောက်လအတွင်း ကုန်သွယ်မှုလျင်မြန်ချောမွေ့ရေးနဲ့ ကုန်သွယ်မှု ဖြေ လျော့မှုများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဆိုင်ရာကိစ္စများကို စဉ်ဆက် မပြတ်ဆောင်ရွက်နိုင်ခဲ့ သည့်အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်၏ ကုန်သွယ်မှုတန်ဖိုးသည် ယခင်ဘဏ္ဍာနှစ်ဖြင့် နှိုင်းယှဉ်ပါက အမေရိ ကန်ဒေါ်လာ သုံးဘီလီယံကျော် တိုးတက်လာသည်ကို တွေ့မြင်ရမှာ ဖြစ်ကြောင်း၊ ကုန်သည်အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများပူးပေါင်းပြီး တရားမဝင် ကုန်သွယ်မှုလုပ်ငန်းများကို တရားဝင်ကုန်သွယ်မှု လမ်း ကြောင်းမှန်ပေါ်ေ ရာက်ရှိအောင် ပူးပေါင်းဆောင်ရွက်သွားရမှာဖြစ် ကြောင်း၊ ထိုင်းနှင့် နယ်စပ်ကုန်သွယ်ရေး အတွက် နိုဝင်ဘာ(၁)ရက်နေ့ တွင် အစည်းအဝေး ပြုလုပ်မည်ဖြစ်ပါကြောင်းနှင့် ထုတ်ကုန်/သွင်း ကုန်ကိစ္စရပ်များ၊ တရားမဝင်ကိစ္စရပ်များ ဆွေးနွေးမည်ဖြစ်ပါ ကြောင်း၊ တရားမဝင်မှောင်ခိုကိစ္စရပ်များအတွက် Mobile Team များဖွဲ့စည်း ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ စားသုံးသူအကာအကွယ် ပေးရေးလုပ်ငန်းများ ထိထိရောက်ရောက်ဆောင်ရွက်နိုင်ရန်အတွက် စားသုံးသူအကာအကွယ်ပေးရေး ဥပဒေ ပေါ်ပေါက်လာေ အာင် ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ ပြည်နယ်နဲ့ တိုင်းဒေသကြီးများမှာ စားသုံးသူ ကာကွယ်ရေး အဖွဲ့အစည်းများ ဖွဲ့စည်းဆောင်ရွက်ရေးနဲ့ စားသုံးသူပညာပေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင် ရန်အတွက် NGOs အဖွဲ့အစည်းများ ဖွဲ့စည်းတည်ထောင်ခြင်း၊ စားသုံးသူကာကွယ်ရေးနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်များ အသိပညာပေးရေးလုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ်ဆောင်ရွက် သွားမှာ လည်း ဖြစ်ပါကြောင်း၊ ကုန်သည်အသင်းအဖွဲ့များမှ တာဝန် ရှိသူများ၊ ကုန်သည်လုပ်ငန်းရှင် များသည် ပြည် တွင်း၊ ပြည်ပကုန်သွယ် မှုဆိုင်ရာမူဝါဒများ၊ သတ်မှတ်ပြဌာန်းထားချက်များကို နှံ့စပ်စွာသိရှိ နားလည်ပြီး မိမိတိုင်းရင်းသားလုပ်ငန်းရှင်များကို အသိပညာပေး ဖြန့်ဝေခြင်း၊ ပြည်ပသို့စီးပွားဖြစ်တင်ပို့နိုင်သည့် ကုန်ပစ္စည်းအမယ်အ လိုက်ကုန်ထုတ်လုပ်မှုကို အားပေးမြှင့်တင်ခြင်းများ ဆောင်ရွက်သွား ရန် တိုက်တွန်းပါကြောင်း ပြောကြားပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင် စုဝန်ကြီး ဦးမြင့်လှိုင်က အမှာစကားပြောကြားရာတွင် မြန်မာနိုင်ငံ သည် လယ်ယာစိုက်ပျိုးရေးအခြေခံနိုင်ငံ Agrobased Country ဖြစ်ပြီး၊ နိုင်ငံ၏ ရေမြေသဘာဝအခြေအနေ၊ လူဦးရေအရ လယ် ယာထွက်ကုန်များစိုက်ပျိုးထုတ်လုပ်မှုကို တိုးတက်အောင်ဆောင် ရွက်နိုင်မည့် အခွင့်အလမ်းများရှိနေကြောင်း၊ စိုက်ပျိုးရေးအခြေခံ ထုတ်ကုန်များ တိုးတက်ထုတ်လုပ်ရန် လိုအပ်သလို စိုက်ပျိုးရေးအ ခြေခံအသေးစားစက်မှုလုပ်ငန်းများ တိုးတက်ဖြစ်ထွန်း ပေါ်ပေါက်ရန် လိုအပ်လျက်ရှိနေကြောင်း၊ ထုတ်လုပ်မှုတိုးတက်အောင်ဆောင်ရွက် နိုင်မှသာ ကုန်သွယ်မှုပမာဏတိုးတက်နိုင်မှာဖြစ်ကြောင်း၊ လက်ရှိ အချိန်တွင် သဘာဝအခြေခံကုန်ကြမ်းများ အဖြစ်သာ ရောင်းချနိုင် သည့်အခြေအနေသာရှိနေသည့်အတွက် ထိုက်သင့်သော အကျိုး အမြတ်ရရှိခံစားနိုင်မှု မရှိသေးကြောင်း၊ ထို့ကြောင့် လျင်မြန်စွာ အကျိုးရရှိမှု (Quick Win) ရရှိနိုင်မည့် စိုက်ပျိုးရေးကဏ္ဍကို မြှင့် တင်ပေးပြီး တန်ဖိုးမြင့်လယ်ယာထွက်ကုန်ချောများ တိုးတက် ထုတ် လုပ်တင်ပို့သွားရ မှာဖြစ်ကြောင်း၊ ဈေးကွက်ယှဉ်ပြိုင်နိုင်ရေးအတွက် ထုတ်လုပ်တင်ပို့ရောင်းချသည့် ထွက်ကုန်များသည် ဈေးကွက် ဝယ်လို အား (Demand)နှင့် ဈေးကွက်လိုအပ်ချက် (Requirement)နှင့် အညီကိုက်ညီရန်လိုအပ်ကြောင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်များကို လျှော့ချပြီး ဈေးနှုန်းယှဉ်ပြိုင်နိုင်မှုရှိရေးအတွက် အရေအတွက်သာမ က အရည်အသွေး စံချိန်စံညွှန်းမီရန်လည်းလိုအပ်ကြောင်း၊ အသိ ပညာရှင် အတတ်ပညာရှင်များ၊ အတွေ့အကြုံရှိသည့် ကုန်သည်လုပ် ငန်းရှင်များ အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီး၊ အသိအမြင်ချင်း ဖလှယ်ရရှိချက်များကို သီအိုရီနှင့် လက်တွေ့ပေါင်းစပ်အကောင် အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်ကြောင်း ဆွေးနွေးမှာကြား ပါသည်။ ထို့နောက် ပြည်သူ့လွှတ်တော် စီးပွားရေးနှင့် ကုန်သွယ်မှုလုပ် ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီဥက္ကဌ ဦးမောင်မောင်သိမ်းက ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးနှင့်ပတ်သက်၍ မိမိတို့နိုင်ငံ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်အနေနှင့် ဖြေလျော့ မှုများပေးခဲ့ပြီဖြစ်ပါကြောင်း၊ ၂၀၁၅ တွင် AFTA ကြောင့် ရင်းနှီး မြှုပ်နှံမှုများ ဝင်လာတော့မည်ဖြစ်ကြောင်း၊ မိမိ Agrobase Industries နှင့် ရင်ဆိုင်နိုင်မှဖြစ်မည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးထွက် ကုန်ပစ္စည်းများ အဆင့်မြှင့်ထုတ်နိုင်ဖို့ အရေးကြီးကြောင်း၊ ပဲ၊ မြေပဲ၊ နှမ်းများ ကုန်ကြမ်းအတိုင်းပို့ပါက ဆီမရနိုင်တော့ဘဲ စားသုံးဆီ သာဝယ်စားနေရမည်ဖြစ်ပြီး တိရစ္ဆာန်စာလည်း မရနိုင်တော့ကြောင်း၊ မိမိတို့၏ အဆင့်မြင့်ကျန်းမာရေးနှင့် ညီညွှတ်သည့်ဆီကို Export လုပ်ခွင့်ပေးသော်လည်း အဆင့်မမီ၍ မပို့နိုင်သေးကြောင်း၊ ကုန်ထုတ် ရေး လျင်မြန်သွက်လက်ဖို့ အရေးကြီးသလို စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးမှ ဖြေလျော့ပေးမှုများစွာ ပေးခဲ့သည်ကို သိပါကြောင်း၊ လိုင်စင်ကိစ္စတိုးတက်မှုရှိနေပြီဟု သိရသော်လည်း လိုအပ်ချက်ရှိသေး က ပြောရန်လိုကြောင်း၊ တရားမဝင်လမ်းကြောင်းမှ သွားနေမှုများ ကို တရားဝင်ဖြစ်စေရန် ကြိုးစားမည်ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များ ဘက်မှလည်း မှန်ကန်မျှတဖို့ လိုကြောင်း၊ ဆောင်ရွက်သင့်သည် များကို အကြံပြု ဆွေးနွေးမှာကြားပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက် မှုလုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်မှ ယခုဆွေးနွေးပွဲ သည် ကုန်သွယ်မှုအပိုင်းတွင် Export /Import ပိုင်းဟူ၍ ၂ပိုင်း ရှိကြောင်း၊ ပြည်တွင်းလိုအပ်ချက်ကို ပြည်ပက တင်သွင်းပြီး ပြည်တွင်း ထုတ်လုပ်မှုကို ပြည်ပသို့ရောင်းကြောင်း၊ ၂ ပိုင်းလုံး အရေးကြီး ကြောင်း၊ Trade Volume အတွက် အချိန်နှင့် တစ်ပြေးညီ လျင်မြန် စွာ ဆောင်ရွက်နိုင်ဖို့လိုကြောင်း၊ ပြည်ပဈေးကွက် ထိုးဖောက်ရန်အ တွက် စားသုံးသူလက်ခံရန် အဓိကဖြစ်ကြောင်း၊Trade Promotion ကိစ္စတွင် စရိတ်မျှပေးစနစ် အကောင်အထည်ဖော်နိုင် ရန် ဆောင်ရွက်နေကြောင်း၊ မူဝါဒနဲ့ စနစ်တကျ အကောင်အထည်ဖော် နိုင်ရန် ဆောင်ရွက်ထားတာရှိကြောင်း၊ ပို့ကုန် သွင်းကုန် နည်းဥပဒေ ပြင်ဆင်ဆောင်ရွက်နေကြောင်း၊ စားသုံးသူအကာအကွယ်ပေးရေးအ တွက်လည်းConsumer Protection Law အား အချောသတ် ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ မိမိတို့ ပစ္စည်းအား ဝယ်ယူရန် Standard သည် အရေးကြီးကြောင်း၊ စားသုံးသူလိုချင်သည့် အရည်အ သွေးထုတ်လုပ်ရန် လိုသေးကြောင်း၊ နယ်စပ်ဒေသများ လုံခြုံမှုမရှိလျှင် ပြည်တွင်းထွက်ကုန်များအတွက် ပိတ်ရမလိုဖြစ်နေကြောင်း၊ တာဝန် သိတတ်မှုသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ ပြည်သူမှာလည်း တာဝန် ရှိသည့်အတွက် အသိတရားနှင့် ဆောင်ရွက်ဖို့လိုကြောင်း၊ လိုအပ် သည့် အရည်အသွေးမီ ထုတ်ပေးရန်များစွာ လိုအပ်နေသေးကြောင်း ဆွေးနွေးတင်ပြပါသည်။ ကုန်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးမှ ကုန်သွယ်ရေး လျင်မြန်ချောမွေ့စေရေးဆောင်ရွက်မှု အနေဖြင့် ကုန်သွယ်ရေးဖြေလျော့မှု (Trade liberalization) များ မှ တစ်ဆင့် ကုန်သွယ်မှု လျင်မြန်ချောမွေ့ရေးကို အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိပြီး၊ လွတ်လပ်၍ တရားမျှတသော ကုန်သွယ် ရေး (Free and Fair Trade)ကို ဆောင်ရွက်လျက် ရှိကြောင်း၊ မြန်မာ နိုင်ငံ ၏ ပြည်ပကုန်သွယ်ရေးမူဝါဒသည် နိုင်ငံစုံ ကုန်သွယ်ရေးစနစ်ကို အခြေခံသော ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ စည်းမျဉ်းများအတိုင်း ကျင့်သုံးဆောင်ရွက်လျက်ရှိကြောင်း၊ ထို့အပြင် အာဆီယံ၊ ဘင်းမ် စတက်၊ ဂျီအမ်အက်စ် အစရှိသည့် ဒေသတွင်း ကုန်သွယ်ရေးအုပ်စု များတွင်လည်း အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအဖြစ် တက်ကြွစွာလိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက်လျက် ရှိပါကြောင်း၊ နှစ်နိုင်ငံ ကုန် သွယ်ရေး သဘောတူစာချုပ်များ(bilateral trade agreements) များ ချုပ်ဆို၍လည်းကောင်း၊ နှစ်နိုင်ငံ ကုန်သွယ်မှု ပူးတွဲ ကော်မရှင် များ (Joint Trade Committee-JTC) ဖွဲ့စည်း၍လည်းကောင်း ဒေသတွင်းနိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများနှင့် သာမက EU အဖွဲ့ဝင် နိုင်ငံများနှင့်လည်း ကုန်သွယ်မှုကိစ္စများကို စီစဉ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ အကောက်ခွန် သက်သာခွင့် ရရှိရေးအတွက် ပင်ရင်းဒေသ စည်းမျဉ်းဆိုင်ရာ သက်သေခံ လက်မှတ် (Certificate of Origin) ထုတ်ပေးခြင်းနှင့် ယင်းအကောက်ခွန် သက်သာခွင့်ကို အကျိုးရှိရှိ သုံးနိုင်ရေးတို့အတွက် အချိန်နှင့်တစ်ပြေးညီ အသိပေးကြေညာသည့် သတင်းထုတ်ပြန်ခြင်းများ၊ လုပ်ငန်းရှင်များသို့ အသိပညာပေးခြင်း များ ဆောင်ရွက်လျက် ရှိပါကြောင်း၊ ကုန်စည် ကုန်သွယ်ရေးဆိုင်ရာ အကောင်အထည်ဖော် ဆောင်ရွက်မှုများအတွက် အာဆီယံအဖွဲ့ ဝင် နိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးပွဲများ၊ အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံ များကြား ညှိနှိုင်းဆွေးနွေးခြင်းများကို အခြားသက်ဆိုင်ရာဌာန/ အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း များ ပြုလုပ်လျက်ရှိကြောင်း၊ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလမှ စက်တင်ဘာလအထိ ပြည်ပ ကုန်စည် ပြပွဲ ၁၂ ခုသို့ ပါဝင်ပြသခဲ့ပြီး ပြည်တွင်းသို့ လာရောက်ပြသသည့် ကုန်စည်ပြပွဲ ၅ ခုကို ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါကြောင်း။WTO ၏အကူအညီဖြင့် ကုန်သွယ်မှုမူဝါဒကို ပြန်လည် သုံးသပ်ခြင်း(Trade Policy Review) များကိုလည်း ဆက်လက် လုပ်ဆောင်သွားမည်ဖြစ် ကြောင်း၊ Automatic Licensing စနစ်ကို တိုးချဲ့ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ ကုန်သွယ်မှုဆိုင်ရာ ကုန်ကျစရိတ်များ လျှော့ချရေး နှင့်စပ်လျဉ်း၍ လိုင်စင်လျှောက်ထားသူများအနေဖြင့် ဤဝန်ကြီး ဌာန သို့ လူကိုယ်တိုင်လာရောက်စရာမလိုဘဲ electronic စနစ်ဖြင့် online license ထုတ်ယူနိုင်ရေးကို ဆောင်ရွက်သွားမည်ဖြစ် ကြောင်း၊ နိုင်ငံတကာအဆင့်မီ ကုန်စည်ဒိုင် (Commodity Exchange Centre)များ ပေါ်ပေါက်လာရေးကိုလည်း အလေးပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသွားပါသည်။ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးညွှန့်အောင်မှ ပို့ကုန်၊ သွင်းကုန်လိုင်စင်များ ထုတ်ပေးရာတွင် ယခင် Bank Credit, Bank Passbook များဖြင့် တိုက်ဆိုင်စစ်ဆေးပြီးမှ လိုင်စင်ထုတ်ပေးခြင်းကို ယခုအချိန်တွင် စစ်ဆေးမှုမရှိဘဲ လိုင်စင် ထုတ်ပေးလျက်ရှိကြောင်း၊ လိုင်စင် ထုတ်ပေးမှုစနစ်မှာလည်း Automatic Licensing, Non-Automatic Licensing စနစ် များသတ်မှတ်၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန် ရုံးခွဲနှင့် နယ်စခန်းအားလုံးတို့တွင် Automatic လိုင်စင်များအား နေ့ချင်းပြီး ထုတ်ပေးနေကြောင်း၊ Non-Automatic လိုင်စင်များအား ပို့ကုန်၊ သွင်းကုန်လုပ်ငန်းများညှိနှိုင်းမှု အဖွဲ့အစည်းအဝေးသို့ တင်ပြ၍ နယ်စပ်ကုန်သွယ်ရေးဦးစီးဌာန (ရုံးချုပ်)၊ ရန်ကုန်ရုံးခွဲနှင့် နယ်စခန်း အားလုံးတို့တွင် ၂၄ နာရီအတွင်း ထုတ်ပေးနေကြောင်း၊ ကုန်သွယ်မှု လမ်းကြောင်းများနှင့် တရားမဝင်ကုန်ပစ္စည်း များ သယ်ဆောင်ရာ လမ်းတစ်လျှောက်တွင် တရားမဝင်ကုန်သွယ်မှုများကို လှုပ်ရှားရှာဖွေ တားဆီးရေးအဖွဲ့ (Mobile Team) ဖြင့် စစ်ဆေးရှာဖွေထိန်းချုပ်ခြင်း များဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှု ပမာဏတိုးတက် ရေးအတွက် နယ်စပ်ကုန်သွယ်ရေးစခန်းသစ်များ ဖွင့်လှစ်နိုင်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ မောတောင်ဒေသ၊ ထီးခီးဒေသ၊ မယ်စဲ့ဒေသ တိုးချဲ့ ဖွင့်လှစ်နိုင်ခဲ့ကြောင်း တရားမဝင် ကုန်ပစ္စည်းများ ဝင်ရောက်မှုအခြေအနေနှင့် ဆောင်ရွက်ထားရှိချက်များ၊ ရှင်းလင်း ပြောကြားပါသည်။ မြန်မာနိုင်ငံ စားသောက်ကုန် ထုတ်လုပ်တင်ပို့ ရောင်းချ သူများအသင်း၊ ဒုတိယဥက္ကဌဦးဝေဖြိုး မှ မြန်မာနိုင်ငံ၏စိုက်ပျိုးရေး ကဏ္ဍသည် အကြီးမားဆုံး စီးပွားရေးကဏ္ဍဖြစ်ပြီး၊ စားသောက်ကုန် လုပ်ငန်းများသည် စုစုပေါင်း စက်မှုလုပ်ငန်းများ၏ ၆၅ ရာခိုင်နှုန်းရှိ ကြောင်း၊ စက်မှုလုပ်ငန်းများ ၄၃၀၀၀ ကျော်ရှိကြောင်း၊ စက်မှုကဏ္ဍ ပါဝင်မှု နှုန်းထားမှာ ကြီး၊ လတ်၊ ငယ် ၃ မျိုးရှိကြောင်း၊ စိုက်ပျိုးရေးကို အခြေခံ၍ ပြည်တွင်းမှာ စက်မှုနိုင်ငံထူထောင်ရေးသည် အလွန် အရေးကြီးသောကဏ္ဍကြီးဖြစ်ကြောင်း၊ ကြုံတွေ့လျက်ရှိသောအခက် အခဲများမှာ ကုန်အမှတ်တံဆိပ်နှင့် တင်ပို့နိုင်သည်မှာ အလွန် နည်းပါး ပါကြောင်း၊ အသိပညာ၊ အတတ်ပညာနှင့် ပြုပြင်ရန် လိုအပ်သည် များ ရှိနေပါကြောင်း၊ နယ်စပ်မှ တရားမဝင် တင်သွင်းလာခြင်းသည် အ ကြီးမားဆုံး အဟန့်အတားဖြစ်ပါကြောင်း၊ စားသောက်ကုန်ကဏ္ဍ မတိုးတက်ကြောင်း၊ အချို့ကုန်ကြမ်းသည် ကုန်ချောထက် အကောက် ခွန်များနေခြင်းသည် ယနေ့ထိရှိနေသဖြင့် ဈေးကွက်ချဲ့ထွင် ရောင်း ချရာမှာ အခက်အခဲရှိကြောင်း၊ ဈေးကွက်ရှာဖွေဖို့ အားနည်းသည့် အတွက် တဖြည်းဖြည်းစက်မှုလုပ်ငန်းများ ပပျောက် မှေးမှိန်သွားမည် ဖြစ်ကြောင်း၊ အစားအသောက်ဆိုင်ရာ ဥပဒေ၊ အသေးစား၊ အလတ် စား လုပ်ငန်းများဥပဒေ၊ ရင်းနှီးမြှုပ်နှံမှုဥပဒေ၊ စားသုံးသူ အကာ အကွယ်ပေးရေး ဥပဒေများ ထုတ်ပြန်ရန်လိုအပ်ကြောင်း၊National Agricultural Reserch Institute ဖွင့်လှစ်ရန် အကြံပြုလိုကြောင်း၊ အသေးစိတ် ရှင်းလင်းတင်ပြပါသည်။ မြန်မာနိုင်ငံလယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO))မှဦးခင်စိုး က(MAPCO) သည် အစိုးရသစ် လက်ထက် တွင် ပထမဦးဆုံးလုပ်ငန်း စတင်လုပ်ဆောင်ခွင့်ရရှိသော အများပိုင် ကုမ္ပဏီကြီးတစ် ခုဖြစ်ကြောင်း၊ အစုရှယ်ယာရှင်များအား အကျိုးအ မြတ် အထိရောက်ဆုံးခွဲဝေပေးနိုင်ရန် ရည်ရွယ်၍ နိုင်ငံတကာ အများ ပိုင် ကုမ္ပဏီကြီးများ၏ ဖွဲ့စည်းပုံ၊ စည်းမျဉ်းစည်းကမ်းနှင့်အညီ ဖွဲ့စည်း တည်ထောင်ထားခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းတည်ထောင်ပြီးစီးမှု၊ အစု ရှယ်ယာများစတင်ရောင်းချခြင်း၊ တင်ဒါခေါ်ယူခြင်း စတဲ့လုပ်ဆောင် ချက်များအား အများပြည်သူကို သတင်းစာများမှ တစ်ဆင့်ဖြစ်စေ၊ Media များမှဖြစ်စေ အသိပေးကြေ ညာခြင်းများပြုလုပ်ပြီး Transparency Policy ကို အပြည့်အဝကျင့် သုံး ဆောင်ရွက်ေ နကြောင်း ပြောကြားသွားပါသည်။ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များ အသင်း ဥက္ကဌ ဦးထွန်းလွင်မှ မြန်မာ့လယ်ယာထွက်ကုန်နှင့် အထွေထွေ ဖွံ့ဖြိုး တိုးတက်ရေးအများပိုင်လီမိတက်ဖွဲ့စည်းရေးဆောင်ရွက်မှုများ အများ ပြည်သူများ ပါဝင်ဖွဲ့စည်း မည့် အများပိုင်ကုမ္ပဏီတည်ထောင်ရန် လိုအပ်နေခြင်း အများပိုင်လီမိတက်၏ ရှေ့ဆက်မည့် လုပ်ငန်း အခြေ အနေများ၊ သုံးသပ်တင်ပြခြင်း နိုင်ငံတကာအဆင့်မီ Myanmar Trade and Commodity Centre ၏ လိုအပ်ချက်များ စိုက်ပျိုး ထုတ်လုပ်သည့် တောင်သူများ ရရှိမည့် အကျိုးကျေးဇူး ကြီးထွားလာ မည့် ဈေးကွက်များတွင် ကုန်စည်ဒိုင်များ၏ ဖွံ့ဖြိုးခြင်း သက်ရောက်မှု ဘဏ္ဍာရေးစည်းမျဉ်းနှင့် စီးပွားရေးဦးတည်ချက်များ ကုန်တံဆိပ်ခတ် ခြင်း/ ကုန်စည်ဒိုင်နေရာယူခြင်း ကုန်စည်ဒိုင်အသစ် ဖွဲ့စည်း တည် ထောင်ရာတွင် လုပ်ငန်းစဉ် စီးဆင်းမှုစသည်တို့ကို အသေးစိတ် ရှင်း လင်း ဆွေးနွေးပါသည်။ မြန်မာ့ လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး၊ အထွေ ထွေမန်နေဂျာဦးမြင့်စိုးမှ လက်ကားကုန်စည်ဒိုင်များနှင့် အထူးပြု ကုမ္ပဏီများ ဖွံ့ဖြိုးတိုးတက်ရေး စာတမ်း ဖတ်ကြားရာတွင် ကုန်သွယ်မှု မဟာဗျူဟာ၊ အဓိကမြို့ကြီးများတွင် လက်ကားကုန်စည်ဒိုင်များ ဖြစ်ပေါ်ထွန်းကားစေရန် အချက်များ၊ ကုန်စည်ဒိုင်၏ အင်္ဂါရပ်များ၊ ကုန်စည်ဒိုင်တွင် လိုက်နာရမည့် မှန်(၄)မှန်အချက်များအား ရှင်းလင်း ဆွေးနွေးကာဖွင့်လှစ်ပြီးကုန်စည်ဒိုင်များမှာ (၄၂)ခုရှိကြောင်း၊ ခေတ်နှင့် အညီနိုင်ငံတကာ စံနှုန်းမီသည့် ဖွံ့ဖြိုးတိုးတက်သော လက်ကားကုန် စည်ဒိုင်များ ဖွံ့ဖြိုး တိုးဖြစ်ထွန်းရေး စကားဝိုင်း ဆွေးနွေးပွဲများ ကျင်းပခဲ့ သည့်နေ့ရက်၊နေရာနှင့် ဆုံးဖြတ်ချက်များ၊ ထပ်မံဖွင့်လှစ်ရန် လျာထား သည့် ကုန်စည်ဒိုင်များနှင့် ကုန်စည်ဒိုင်အလိုက်၊ ဘဏ္ဍာနှစ်အလိုက် ရောင်းဝယ်မှုတန်ဖိုးနှင့် တန်ချိန်တို့ကို ရှင်းလင်းပြသခြင်း၊ ကုန်စည်ဒိုင် များတွင် FAO ဥရောပကော်မရှင်အဖွဲ့ စားနပ်ရိက္ခာလုံခြုံမှု အစီ အစဉ် ထောက်ပံ့မှုဖြင့် စိုက်ပျိုးထုတ်လုပ် သူ တောင်သူများနှင့် စိုက်ပျိုး ရေး ထွက်ကုန် ရောင်းဝယ်သူများအနေဖြင့် မြန်မာ့ဈေးနှုန်း သတင်း အလိုအလျောက် ဖြေကြားချက်စနစ် (APIS) များတပ်ဆင်ထားမှုအ ခြေအနေများ၊ ကုန်စည်ဒိုင်ကြောင့် ရရှိခဲ့သည့် အကျိုးကျေးဇူးများ၊ တိုးချဲ့ဆောင်ရွက်သင့်သည့် လုပ်ငန်းစဉ်များတွင် မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရန်နှင့် ဆင်းရဲမှုလျှော့ချရေး တစ်ပြိုင်တည်းဆောင်ရွက် နိုင်ရန်အတွက် အိမ်နီးချင်းနိုင်ငံများနှင့် ထိစပ်နေသောမြို့နယ်များ တွင် လက်ကားကုန်စည်ဒိုင်များ Commodity Exchange Center ၏ အခြေခံဖြစ်သော ကုန်စည်ဒိုင်များ တိုးချဲ့ဖွင့်လှစ်ရန်လိုအပ် ချက်များ ဆွေးနွေးပါသည်။ ဆက်လက်၍ သီးနှံအထူးပြု ကုမ္ပဏီများ ဖွဲ့စည်းဆောင်ရွက်မှုမှာ ၂၀၀၉ ခုနှစ်မှ ယနေ့အချိန်ထိဆန်စပါးအထူး ပြုကုမ္ပဏီ (၆၁)ခုနှင့်ပဲမျိုးစုံအထူးပြုကုမ္ပဏီ (၂၂)ခု စိုက်ပျိုးရေး အထူးပြုကုမ္ပဏီတစ်ခု စုစုပေါင်း အထူးပြုကုမ္ပဏီ ၈၄ ခု ဖွဲ့စည်းထား မှုကို လည်းကောင်း၊ အထူးပြုကုမ္ပဏီများ ပံ့ပိုးမှုနှင့် ပြန်လည်ရရှိမှု အခြေအနေ ဘဏ္ဍာနှစ်အလိုက် သီးနှံစုံအထူးပြုကုမ္ပဏီများဖွဲ့စည်းမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးခဲ့ပါသည်။ မြန်မာနိုင်ငံ ကြံနှင့် ကြံထွက်ပစ္စည်းအသင်း ဒုတိယ ဥက္ကဌ ဦးစံသိန်းမှ သကြားလုပ်ငန်းသည် အကျိုးရှိကြောင်း၊ ကုမ္ပဏီများ အနေဖြင့် ခေတ်မီဆန်စက်များကဲ့သို့ သကြားစက် ကိုလည်းခေတ်မီ စက်များ တည်ဆောက်စေ လိုကြောင်း၊ လယ်ဆည်ဝန်ကြီးဌာန၊ စက်မှုဝန်ကြီးဌာနတိ့ုက ၂၀၁၀-၂၀၁၁ တွင် ထုတ်လုပ်ပြီး နောက်ပိုင်း ပုဂ္ဂလိကကိုငှားရမ်းပါကြောင်း၊ အသေးစားနှင့် အလတ်စား စက်များ သာ ထုတ်ပါကြောင်း၊ (၁၀)နှစ်တာ ကာလ အကျဖက်ရောက်နေ၍ စိုးရိမ်စရာရှိကြောင်း၊ ၁၉၈၆-၁၉၈၇ မှစ၍ ၂၀၀၅-၂၀၀၆ ထိ ကြီးပွား လာပြီး မန္တလေး အခြေစိုက် ၁၄၈ စက် လည်ပတ်နိုင်ခဲ့ကြောင်း၊ ၂၀၀၆-၂၀၁၀ တွင် ၆၂ စက်သာ ကျန်ရှိသည့်အနက်စက် ၄၀ သာ လည်ပတ်နိုင်ကြောင်း၊ ယှဉ်ပြိုင်မှုများလာပြီး ၂၀၀၁-၂၀၀၂ ထိ အ တက်ရှိခဲ့ရာမှ နောက်ပိုင်း ကျဆင်းလာကြောင်း၊ ပုဂ္ဂလိကကုမ္ပဏီများ မြန်မာ့သကြား လောကသို့ ဝင်လာသည့်အခါ ကြံဈေးကို ထိုက်ထိုက် တန်တန်ပေးလာခဲ့ပြီး နိုင်ငံပိုင်ထက် တုံ့ပြန်မှု များလာကြောင်း၊ သကြားလုပ်ငန်း ပြန်လည် တည့်မတ်အောင် လုပ်နိုင်ခဲ့ကြောင်း၊ တစ် ပိဿာ ၁၆၀၀ ကျပ်ထိ မကြုံစဖူးရှိခဲ့ကြောင်း၊ မိမိစက်ကို ခေတ်မီ အောင် မည်သည့်အတွက် မတိုးချဲ့နိုင်ခြင်းအပေါ် အဖြေထုတ်ရာ တွင် စက်များ၏ အဆင့်မမီ၍ဖြစ်ကြောင်း၊ တောင်သူ အနေဖြင့် စိုက် ဧကကျဆင်းလာကြောင်း၊ စက်စွမ်းအားပြည့် မလည်နိုင်သည့် အတွက် ဆုံးရှုံးမှုများခဲ့ကြောင်း၊ ကြံစိုက်ဧက အကန့်အသတ်ရှိပြီး သယ်ယူစရိတ်မြင့်မားနေခြင်း ကုန်ထုတ်လမ်းကြောင်း မကောင်းခြင်း တို့ကြောင့် Servicing လုပ်ရန်လိုအပ်ပါကြောင်း၊ စွမ်းဆောင်ရည် ကွာသွားသည့်အတွက် အခြားနိုင်ငံများနှင့် မည်သို့အမီလိုက်မည်ကို စဉ်းစားသင့်ပါကြောင်း၊ ၂၀၁၅ ခုနှစ်ထိ ပြောင်းလဲမှုမရှိလျှင် သကြား လုပ်ငန်းပျောက်သွားနိုင်သည့်အတွက် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ဆောင်ရွက်သွား ရန်လိုအပ်ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ADB ချေးငွေရရှိရေး ဆောင်ရွက်ပေးစေလိုပါကြောင်း၊ အစိုးရအဖွဲ့ တစ်ခုတည်းနှင့် မလုံလောက်သဖြင့် အသင်းအဖွဲ့များပါ ကူညီ ဆောင် ရွက်ပေးစေလိုပါကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များမှလည်း တာဝန် သိသိဖြင့် အခွန်များပေးစေလိုကြောင်း၊ စက်ရုံအရွယ်အစားသည် တစ်ရက်တန် (၁) သောင်းကျော်ကြိတ်ဝါးနိုင်သည့် စက်ဖြစ်ရန် လိုခြင်း၊ စက်ရုံပတ်လည် ဧက(၆)သောင်းကျော် ရှိရန်လိုခြင်း၊ Structure / Organization ရှိဖို့လိုခြင်း၊ လွတ်လွတ်လပ်လပ် နှစ်ရှည် စိုက်နိုင်ရန်ကုန်ထုတ်လမ်းကောင်းဖို့လိုခြင်း၊ ယှဉ်ပြိုင်စွမ်းရည်ကောင်း ရန် Raw Sugar? Refine Sugar စက်များ တည်ဆောက်ရန် လို အပ်ခြင်းတို့ကြောင် နိုင်ငံတော် အစိုးရဖက်မှ တာဝန်ယူ ဆောင်ရွက် ပေးစေလိုကြောင်း တင်ပြဆွေးနွေးပါသည်။ တန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်ရေးအခန်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဗဟိုအလုပ်အ မှုဆောင် ဒေါက်တာ ကျော်ငြိမ်း အေး မှ စာတမ်းဖတ်ကြားရာတွင် စိုက်ပျိုးရေး အခြေခံ စားသောက် ကုန် လုပ်ငန်းကို ထောက်ပံ့ပေးရန်၊ ဈေးကွက်ရှာဖွေမှုဦးစားပေးရန်၊ စွန့်ဦးတီထွင်သူများကို အားပေးရန်၊ နည်းပညာတိုးတက်အောင် လုပ်ကိုင်ရန်၊ အခြေခံ စားသောက်ကုန်ထုတ်လုပ်သည့် သုတေသန လုပ်ငန်းတွင် ရင်းနှီးမြှုပ်နှံကြရန်၊ အသိပညာ၊နည်းပညာများကို ပြန့် နှံ့အောင်ဆောင်ရွက်ရန် ၊ မိရိုးဖလာစားသောက်ကုန် လုပ်ငန်းများ ကိုလည်း တိုးတက်အောင်ဆောင်ရွက်ရန်၊ သွင်းကုန်အနေဖြင့် စား သောက် ကုန်ပစ္စည်းများအား မြန်မာဘာသာဖြင့် ရေးသားရန်နှင့် ထုတ်လုပ်သည့် ကုမ္ပဏီလိပ်စာပါရှိရန်လို အပ်ကြောင်းနှင့် မြန်မာ နိုင်ငံတွင် University of Food and Technology ဖွင့်သင့်ပါ ကြောင်း အသေးစိတ် ဆွေးနွေးတင်ပြပါသည်။ Rubber Compounding Technology and Myanmar Rubber Industry မှ ဒေါ်ဝင်းသန်း က စာတမ်းဖတ်ကြားရာတွင် ရော်ဘာသည် ဒုတိယအများဆုံး ပြည်ပတင်ပို့သည့် ပစ္စည်း ဖြစ်ပါ ကြောင်း၊ Rubber Compound များကျယ်ကျယ်ပြန့်ပြန့် ထုတ် လုပ်မည်ဆိုပါက Compound နည်းပညာလို ပါကြောင်း၊ ရော်ဘာ နှင့်ဖြည့်စွက်စာများ စုရောပြီး၊ ကြိတ်ထားသည်ကို Rubber Compound ဟု ခေါ်ပါကြောင်း၊အလေးချိန်၊ ကြေညက်အောင်လုပ် ခြင်း၊ ရောနှောခြင်း၊ အဆင့်ဆင့်ဆောင် ရွက်ခြင်း၊ ရော်ဘာကို ဆာလ်ဖာ နှင့်ရောပြီး ကျုံ့အောင်ပြုလုပ်ခြင်း အဆင့်ဆင့်နည်း များဖြင့် ရော်ဘာ ကို ပြုပြင်ရပါကြောင်း၊ ရော်ဘာသည် အပူဒဏ်၊ ဆီဒဏ်၊ ပွတ်တိုက် ဒဏ်၊ ပွလာသည့်ဒဏ်များကို ခံနိုင်ရည်ရှိသဖြင့် အိမ်ဆောက် ပစ္စည်း များ စက်မှုလုပ်ငန်းများလုပ်ရာတွင် အသုံးဝင်ပါကြောင်း၊ အဓိကမှာ ၂ မျိုးရှိပါကြောင်း၊ ရော်ဘာစေးနှင့် အခြောက်လှန်း ရော်ဘာဖြစ် ကြောင်း၊ လိုချင်သည့် သိပ်သည်းဆကို တွက်ယူပြီး ဈေးနှုန်းခန့်မှန်း ကြည့်၍ရကြောင်း၊ Compound တစ်ခုကို ထုတ်လုပ်လျှင် flow ကအရေးကြီးကြောင်း၊ အပူချိန်ဘယ်လောက်မှာ ပေါင်းရသလဲ၊ ဖိနှိပ် အား ဘယ်လောက်ခံနိုင်မလဲ၊ စက်ပစ္စည်းက နိုင်ငံတကာက သတ် မှတ်ပြီး Specification ကလည်း နိုင်ငံတစ်နိုင်ငံက သတ်မှတ်တဲ့ ပစ္စည်းတွေ ဖြစ်ရမည် ဖြစ်ကြောင်း၊ ရော်ဘာ၏ အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲ၊ ဓာတ်ခွဲခန်းရှိမှသာ ရော်ဘာ ထုတ်လုပ်ရန် အဆင်ပြေနိုင်မည်ဖြစ်ကြောင်း၊ Rubber Compound ဆိုတာ ဘာလဲ၊ Rubber Compound ကိုဘယ်လိုပြင်ဆင်မလဲ၊ ရော်ဘာ ရွေးချယ်ပုံ ရွေးချယ်နည်း၊ Rubber Compound ိကို စစ်ဆေးခြင်း၊ ရော်ဘာ၏ အရည်အသွေးကို ဘယ်လိုမြှင့်တင်မလဲစသည့် ခေါင်းစဉ် များဖြင့် ပါဝါပွိုင့်ဖြင့် အသေးစိတ် ရှင်းလင်း ပြောကြားပါသည်။ ရန်ကုန်တိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးသန်းမြင့် မှ ပြောကြားရာတွင် ရန်ကုန်မြို့သည် စီးပွားရေး အချက်အချာကျပြီး၊ နိုင်ငံတကာနှင့် ဆက်သွယ်ဆောင်ရွက်လျက်ရှိကြောင်း၊ အဓိကအား ဖြင့် ကုန်စည်ဒိုင် (၃)ခုရှိပြီး၊ ဆန်စပါးကုန်စည်ဒိုင်မှာ ဝါးတန်းလမ်း တွင်ဖွင့်လှစ်ထားကြောင်း၊ ပစ္စည်းမှန်ဈေးနှုန်း မှန် ငွေပေးချေရမှာလည်း မှန်ကန်ရန် ကြပ်မတ်ဆောင်ရွက်နေကြောင်း၊ ကုန်ဈေးနှုန်းကိုလည်း အမြဲမပြတ်ကြေညာလျက်ရှိကြောင်း ပြောကြားပါသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်မှာ ဘုရင့်နောင်လမ်းမကြီးပေါ် တွင် ဖွင့်လှစ်ထားပြီး အလုပ်အမှုဆောင် (၄၇) ဦးဖြင့် RUMFCCI မှ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း ပြည်တွင်းမှ Exporter ရောင်းဝယ်ပြီး ၁၃း၀၀ နာရီ နောက်ပိုင်းတွင် ပြည်ပနှင့် ချိတ်ဆက်ရောင်းဝယ်လျက်ရှိကြောင်း၊ အလိုအလျောက် ဖြေကြားစက် (APIS)ဖြင့် ဆောင်ရွက်နေကြောင်း၊ သီရိမင်္ဂလာဈေးမှာ ဘုရင့်နောင်လမ်းမပေါ်တွင်ရှိပြီး ဆက်စပ်မြို့ နယ်များမှ ပစ္စည်းများတင်ပို့ရောင်းချ လျက်ရှိကြောင်း၊ မကြာမီရန်ကုန် တွင် ကုန်စည်ဒိုင်များ တိုးချဲ့ဖွင့်လှစ်မည် ဖြစ်ကြောင်း၊ သုံးခွမြို့နယ် တွင် ပဲမျိုးစုံကုန်စည်ဒိုင်နှင့် ခရမ်းမြို့နယ်တွင် ဖရဲကုန်စည်ဒိုင်များကို ၂၀၁၄-၂၀၁၅ ဖွင့်ရန်လျာထားကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှာ ဆန်ဖူလုံမှု မရှိသဖြင့် ယခင်က စပါး အထူးပြု ကုမ္ပဏီများ မဖွင့်ခဲ့ ကြောင်း၊ ပဲအထူးပြုကုမ္ပဏီများဖွင့်လှစ်ခဲ့ပြီး ၎င်းတို့မှာ ရာစုနှစ်ရွှေမြေ (ခရမ်း)၊ မှော်ဝန်းသုံးခွ ပဲမျိုးစုံရောင်းဝယ်ေ ရးနှင့် ရွှေကျောက်တန်း ပဲမျိုးစုံ ရောင်းဝယ်ရေးတို့ဖြစ်ကြောင်း၊ တိုင်းဒေသကြီးမှ ခွင့်ပြုပြီး ကျောက်တန်းတွင် ဖွင့်လှစ်ရန်လျာထားကြောင်း ပဲမျိုးစုံပြည်ပ တင်ပို့ သည့်အခါ ပဲခွဲစက် (၂၁) လုံး တပ်ဆင် ဆောင်ရွက် လျက်ရှိကြောင်း၊ ရန်ကုန်တွင် မြန်မာစက်သုံးဆီ တင်ပို့ရောင်းချရေးအဖွဲ့ရှိသော်လည်း စက်သုံးဆီများမှာ တရားမဝင် လမ်းကြောင်းမှ ဝင်နေသည့်အတွက် တိုင်းဒေသကြီးအနေနှင့် ကြပ်ကြပ် မတ်မတ် ဆောင်ရွက်လျက်ရှိ ကြောင်း၊ စီးပွားရေးသမား အချင်းချင်း နောက်ကနေ ကြိုးကိုင်ကာ ငွေကြေး အရင်းအနှီး ထုတ်ပေးပြီး ဆောင်ရွက်နေကြောင်း လုပ်ငန်း ရှင်များ အနေနှင့်လည်း သစ္စာဖောက်လုပ်ငန်း လုပ်တာတွေ့ရင် အသိ ပေးအကြောင်းကြားရန်နှင့် ချက်ခြင်းအရေးယူမည်ဖြစ်ကြောင်း၊ သက် ဆိုင်ရာ Buyer များနှင့် ပူးပေါင်းပြီး မိမိတို့အစိုးရက ပံ့ပိုးဆောင်ရွက် ရမည့်အပိုင်းများကို စီးပွားရေး အသိပညာရှင် အတတ်ပညာရှင်များ ဖိတ်ခေါ်၍ work shop များ ပြုလုပ်၍ ကျယ်ကျယ်ပြန့်ပြန့် ဆွေး နွေးမည်ဖြစ်ကြောင်း ပညာရှင်များ ယူဆချက်၊ တွေ့ရှိချက်များအပေါ် အကောင်အထည်ဖော် ဆောင်ရွက်သွား မည်ဖြစ်ကြောင်း ပြောကြား သွားသည်။ ဧရာဝတီတိုင်းဒေသကြီး စီမံကိန်းနှင့်စီးပွားရေးဝန်ကြီးဦးလှခိုင်မှ ပြောကြားရာ တွင် နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်ဖို့ လယ်ယာစိုက် ပျိုးရေးကို အခြေခံရမှာဖြစ်ကြောင်း၊ အဓိက လယ်ယာစိုက်ပျိုးရေး ကဏ္ဍတိုးတက်မှ နိုင်ငံစီးပွားရေးတိုးတက်မှာဖြစ်ကြောင်း၊ လယ်ယာ ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် အဓိက ဆောင်ရွက်ရမည့် သူမှာ လယ်သ မားဖြစ်ကြောင်း၊ တောင်သူများ သည် ပြုပြင်ပြောင်းလဲမှု အင်မတန် အားနည်းကြောင်း၊ အသိပညာ၊ ဗဟုသုတနည်း၍ဖြစ် ကြောင်း၊ ရေမြေ သဘာဝနှင့် မျိုးကောင်းမျိုးသန့်များ စိုက်ပျိုး ရန်လိုကြောင်း၊ တောင်သူ ပညာပေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အထူးပြုကုမ္ပဏီများကို နည်းပညာပံ့ပိုးပေးပြီး အခြေခံ တောင်သူများ ထံရောက် အောင်ပေးသင့်ကြောင်း၊ ဧရာဝတီ တိုင်းဒေသကြီး (၂၆) မြို့နယ်မှာ ထွန်စက်ကိရိယာ သိန်း(၉၀) ပံ့ပိုးပေးခဲ့ပြီးဖြစ်ကြောင်း၊ ငွေ၊ သွင်းအားစု၊ နည်းပညာများ ပေးနေသော်လည်း ထင်သာမြင်သာ ရှိရန်လိုကြောင်း၊ လယ်ယာကဏ္ဍကို အခြေခံပြီး ဖွံ့ဖြိုးအောင်လုပ် မည်ဆိုရင် အောက်ခြေမှာ တောင်သူပါအောင် ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက် ရန်ဖြစ်ကြောင်း၊ တောင်သူများအနေနှင့် စပါးပေါ်ချိန်မှာ မျှတတဲ့ဈေးဖြစ်အောင်ရောင်းချပေးရန်၊ ဓာတ်မြေသြဇာ သင့်တင့်တဲ့ ဈေးနှုန်းဖြင့် ရောင်းပေးရန် မျိုးကောင်းမျိုးသန့်နည်းပညာများ တောင် သူများရရန်လိုကြောင်း၊ ဓာတ်မြေသြဇာ၊ စက်ကိရိယာတွေ သင့် တော်တဲ့ဈေးနှုန်းနှင့် ပံ့ပိုးပေးရန်လိုကြောင်း၊ စပါးဈေးမကျဆင်းစေ ရန် ယခင်နှစ်က နမူနာယူပြီး၊ အခြေခံဈေးနှင့် တည်ငြိမ်အောင် ဆောင်ရွက်ရန်ဖြစ်ကြောင်း၊ လယ်သမားတွေ စပါးပြန်စိုက်ရ၍ ဆုံးရှုံး ကြောင်း၊ ချေးငွေများ အချိန်တန်ပြန်ဆပ်ရမည့် လယ်သမားများဘ၀ ကယ်တင်ရန် ယခုနှစ်သည် အလွန်အရေးကြီးကြောင်းနှင့် လယ် သမားများ ရပ်တည်နိုင်ရန် ၎င်းတို့၏ ကိုယ်စား ပြောကြားသွားပါ သည်။ မန္တလေးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီး ဦးအောင်ဇံမှ ပြောကြားရာတွင် ကုန်သွယ်မှုပိုင်းမှာ ပုံမှန်ကုန်သွယ် ရေးနှင့် နယ်စပ်ကုန်သွယ်ရေး နှစ်မျိုးရှိကြောင်း၊ ကုန်ကြမ်းမှ ကုန်ချော အဖြစ် တင်ပို့နိုင်ရန် အားပေးရမည်ဖြစ်ကြောင်း၊ တရာမဝင်လမ်း ကြောင်းမှ ကုန်ပစ္စည်းဝင်ရောက်မှုများ အဆိပ်အတောက်ဖြစ်နေတာ ကာကွယ်ရမည်ဖြစ်ကြောင်း၊ တိုင်းဒေသကြီးများတွင် ပို့ကုန်သွင်း ကုန်လိုင်စင်မပေးနိုင်၍ပေးနိုင် လျှင် ကောင်းမည်ဖြစ်ကြောင်း၊ သယ်ယူ ပို့ဆောင်ရေး အခက်အခဲများ ဖြေရှင်းရန်လိုကြောင်း၊ ပြည်ပပို့ကုန် များ အခွန်အခ လျော့ပေးရန် ကုန်စည်ဒိုင်များတွင် Export လုပ်ငန်း ကို တိုက်ရိုက်လုပ်နိုင်အောင် ဆောင်ရွက်ေ ပးရန်ဖြစ်ကြောင်း ပြော ကြားသွားပါသည်။ ပဲခူးတိုင်းဒေသကြီး စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဦးကျော်မြင့်မှ စိုက်ပျိုးရေးနှင့် ပတ်သက်သည့် အချက်အလက်များ ဆွေးနွေးလိုပါ ကြောင်း၊ပဲခူးတိုင်းဒေသကြီး (အရှေ့)တွင် ဆန်ကိုအဓိက ထားစိုက်ပျိုး ကြောင်း၊ ပဲခူး(အနောက်)တွင် ဆန်၊ သစ်သီးဝလံနှင့် ခြံထွက်ပစ္စည်း များ စိုက်ပျိုးကြောင်း၊ ဆန်အထူးပြုကုမ္ပဏီများရှိကြောင်း၊ ဆန်ဈေး ကောင်းရရန် မျိုးကောင်းမျိုးသန့်စပါးရဖို့ မျိုးတစ်ခုတည်း စိုက်ပျိုးလျှင် ဈေးကွက်ရစပါးများ ဖြစ်လာနိုင်ကြောင်း၊ ဒေသအစိုးရနှင့် အထူးပြု ကုမ္ပဏီများ ပူးပေါင်းဆောင်ရွက်လျှင်ကောင်းကြောင်း၊ ဆန်စပါး အပြင် Export လုပ်နိုင်သော သီးနှံများစွာ ထွက်ကြောင်း၊ ကြောင် လျာ၊ ပီလောပီနံများ ဈေးကွက်မကိုက်၍ ပျက်စီးခဲ့တာရှိကြောင်း၊ တောင်သူတွေ စိုက်ချင်အောင် Intensive လုပ်ရမည်ဖြစ်ကြောင်း၊ ဆီးတော်သီးကို Value-added လုပ်ရင် ဈေးပိုရကြောင်း၊ ရန်ကုန် သို့နေ့စဉ်ပို့သော ဈေးကွက်မှာ ဖြစ်သလိုရောင်းရ၍ တွက်ခြေမကိုက် ကြောင်း သီးနှံအထွ က်နှုန်း လျော့ကျလာကြောင်း၊ ကုန်စည်ဒိုင်ဖွံ့ဖြိုး ရေးနှင့် ဈေးကွက်ရရန် အသင်းများ မှ ဆောင်ရွက်ေ ပး စေလိုကြောင်း ပြောကြားပါသည်။ ထို့နောက် ဆွေးနွေး တင်ပြချက်များမှ ရရှိလာသည့် ဖော်ထုတ် ချက်များကို အတည်ပြု မှတ်တမ်းတင်ပြီး ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က နိဂုံးချုပ်အမှာစကားပြောကြားကာ ညနေ (၁၈း၃၀)နာရီ တွင် အလုပ်ရုံဆွေးနွေးပွဲပြီးစီးကြောင်းသတင်းရရှိပါသည်။ MAPT
လမ်းအားလုံးရောမမြို့သို့ ဦးတည် သည်ဟူသော စကားပုံကိုငယ်ငယ်က ပင် ကြားဘူးခဲ့သည်။ လွန်ခဲ့သည့် တစ် လလောက်က မြန်မာနိုင်ငံတွင်ရုံးစိုက် သော ပြည်ပနိုင်ငံမှ သံအမတ်ကြီး တစ်ဦး ရုံးသို့လာစဉ် "အခုအချိန် မှာ တော့ လမ်းအားလုံး မြန်မာနိုင်ငံကို ဦးတည်နေကြတာပါပဲဗျာ" (All roads lead to Myanmar) ဟု ပြောတာ စတင် ကြားဘူးလိုက်သည်။ ယခု မလေးရှားသို့ အာရှ-ပစိဖိတ် စီးပွားရေး ဆွေးနွေးပွဲတက်ရန် ရောက်ပြန်တော့ ထိုင်းနိုင်ငံ ကုန်သည်ကြီးများအသင်းမှ တာဝန်ရှိလူကြီး တစ်ဦးနှင့် မိတ်ဆက် စဉ် မြန်မာမှန်းသိသည်နှင့် သူကလည်း ထိုစကားထပ်ပြောပြန်သည်။ သူပြော နေစဉ် နံဘေးတွင်ရှိနေသော UNDP နှင့် ESCAP မှ ပုဂ္ဂိုလ်များကလည်း ဝိုင်းဝန်းထောက်ခံကြသည်။ တစ်ချိန်က ဆက်ဆံရေးကျဲခဲ့သော နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အခုတော့ သွားလေရာမှာ မြန်မာမှ မြန်မာဖြစ် နေသည်။ မြန်မာပြည် စန်းပွင့်လာမှု ကို မြန်မာနိုင်ငံသားတစ်ဦးအနေဖြင့် ပီတိ ဖြစ်မိသည်။ တစ်ချိန်တည်းတွင် စိတ် လည်းပူမိသည်။ စန်းဆိုတာ အမြဲပွင့် မည်မဟုတ်။ စန်းပွင့်ချိန် ကာလ မည်မျှ ကြာမည်နည်း။ အချိန်ကြာလို့ စန်းမှိန်သွားလျှင် စိတ်ဝင်စား မှုလျော့ နည်းသွားမည်။ သာမန် ဖြစ်သွားမည်။ ကာလတစ်ရပ်စောင့်ကြည့်ပြီးထင်သလို ဖြစ်မလာလျှင် စိတ်ပျက်သွားနိုင်သည်။ ထို့ကြောင့် စန်းပွင့်ချိန်ကို ထိထိရောက် ရောက် အသုံးချစေလိုသည်။ ယခုလို အခွင့်အလမ်းမျိုးက နှစ်ခါမရနိုင်။ တစ် မျိုးသားလုံး၏ အနာဂတ်နှင့်လည်း ဆိုင်သည်။ ထို့ကြောင့် စန်းပွင့်ချိန်တွင် ဘာတွေ လုပ်သင့်သနည်းဟု စဉ်းစားမိ သည်။
မြန်မာနိုင်ငံသည် သဘာဝသယံ ဇာတပေါများကြွယ်ဝသော နိုင်ငံဖြစ်ပါ သည်။ မြစ်ချောင်း၊ အင်းအိုင်ရေချို ဧရိယာစုစုပေါင်း ၅၃ ဒသမ ၃ ဧက သန်းအပြင် ရေငန်ကမ်းဦး ရေတိမ်ပိုင်း ၂၂၈၇၈၁ စတုရန်းမီတာ ပိုင်နက် ပင်လယ်ရေပြင် ဧရိယာ ၄၈၆၀၀၀ စတုရန်းကီလိုမီတာရှိကာ ရေချို၊ရေငန် ငါး/ပုစွန် သယံဇာတ ပေါများကြွယ်၀ ပါသည်။
မြန်မာနိုင်ငံ၏ ရေထွက်ပစ္စည်း ထုတ်လုပ်မှုကဏ္ဍအနေဖြင့် ရေငန်ပိုင်း တွင် ကမ်းနီးကမ်းဝေးငါးဖမ်း လုပ်ငန်း၊ ရေချိုပိုင်းတွင် အင်း၊ ဘုံငါးဖမ်းလုပ်ငန်း၊ ငါး/ပုစွန်မွေးမြူရေး လုပ်ငန်းများမှ ရေချို၊ရေငန်ငါး/ပုစွန်များကို ထုတ်လုပ် လျက်ရှိပြီး ရရှိလာသော ငါး/ပုစွန်များ ကိုရေခဲရိုက်၍ဖြစ်စေ၊အေးခဲ၍ဖြစ်စေ ပြည်ပနိုင်ငံများသို့ တင်ပို့လျက်ရှိပါ သည်။မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ ကိုထိုင်း၊မလေးရှား၊စင်္ကာပူ၊ဗီယက်နမ် စသော အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ တရုတ်၊ကိုရီးယား၊ဟောင်ကောင်၊ဂျပန် စသော အရှေ့အာရှနိုင်ငံများ၊ ဥရောပ သမဂ္ဂအဖွဲ့ဝင်နိုင်ငံများ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံနှင့် ဘာရိန်း၊ ကာတာ၊ ကူဝိတ်၊အာ ရပ်စော်ဘွားများပြည်ထောင်စု ၊ဆော်ဒီ အာရေးဗီးယားစသော အရှေ့အလယ် ပိုင်းဒေသနိုင်ငံများ စသည့် နိုင်ငံပေါင်း ၂၇ နိုင်ငံသို့ နှစ်စဉ်ပုံမှန် တင်ပို့လျက် ရှိပါသည်။ မြန်မာနိုင်ငံတွင် ၁၉၇၆ ခုနှစ်မ စတင်၍ အအေးခန်းစက်ရုံများတည် ဆောက်ကာငါး/ပုစွန်များအား အေးခဲ ၍ပြည်ပနိုင်ငံများသို့ တင်ပို့ခဲ့ပြီး လက်ရှိ အခြေအနေတွင် ငါး/ပုစွန်ပြုပြင်စက်ရုံ ၁၂၀ ဖြင့် ငါး/ပုစွန်များကို အေးခဲပြု ပြင်ထုတ်လုပ်တင်ပို့လျက်ရှိပါသည်။ မြန်မာ့ရေထွက်ပစ္စည်းများ နိုင်ငံ တကာဈေးကွက်တွင် မျက်နှာပန်းလှ အဆင့်အတန်းမီ တင်ပို့ရောင်းချနိုင်ရေး အတွက် ဖမ်းဆီး/ မွေးမြူ ထုတ်လုပ် သည်မှ စားသုံးသည်အထိ လုပ်ငန်းစဉ် တစ်လျှောက်လုံးတွင် စားသုံးသူတို့ ဘေးဥပဒ်မဖြစ်စေရေး လိုအပ်သည်ဖြစ် ရာ ငါး/ပုစွန်ပြုပြင် ထုတ်လုပ်မှု လုပ် ငန်းစဉ် တစ်လျှောက်လုံးသည် အစား အစာ ဥပဒ် ကင်းရေးဆိုင်ရာ စံချိန် စံညွှန်းများနှင့်ကိုက်ညီရမည်ဖြစ်ပါသည်။ ထို့အပြင် ရေထွက်ပစ္စည်း တင်သွင်း သောနိုင်ငံများမှာလည်း ဘေးဥပဒ်ကင်း သော အစားအစာ (Safety Food) ဖြစ်ရေးအတွက် တောင်းဆိုမှု များပြား လာခြင်းကြောင့် စက်ရုံများ အနေဖြင့် လည်း နိုင်ငံတကာ စံချိန်စံညွှန်း လို အပ်ချက်များ ဖြစ်သော Good Manufacturing Practices (GMP), Sanitation Standard Operating Procedure (SSOP) ESif Hazard Analysis Critical Control Point (HACCP) စနစ်အားအကောင်အထည် ဖော် ဆောင်ရွက်ရမည်ဖြစ်ပါသည်။ ငါးလုပ်ငန်း ဦးစီးဌာနအနေဖြင့် မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းများ ဥရောပ သမဂ္ဂနိုင်ငံများ (Europen Union) သို့ တိုးတက်တင်ပို့နိုင်ရေး အ တွက် ဥရောပသမဂ္ဂမှ လက်ရှိထုတ်ပြန် ထားသော Legislaion on Food Control of Fishery Products အပြင် အခါအားလျော်စွာ ထုတ်ပြန် သော စည်းကမ်းချက် (Regulation)၊ ညွှန်ကြားချက် (Directive)၊ဆုံးဖြတ်ချက် (Decision)များနှင့် အညီ လိုက်နာ ဆောင်ရွက်ရန် ညွှန်ကြားချက် အမှတ် (၃/၂၀၀၉)ကိုထုတ်ပြန်၍ ပြုပြင်ထုတ် လုပ်သူများအားလိုက်နာစေရန် ဆောင် ရွက်ခဲ့ပါသည်။ EU Commission သည်မြန်မာ နိုင်ငံရှိ ငါး/ပုစွန် ပြုပြင်ထုတ်လုပ်တင် ပို့သောလုပ်ငန်းများနှင့် စပ်လျဉ်း၍ ငါး လုပ်ငန်းဦးစီးဌာန၏ စစ်ဆေး ဆောင် ရွက်မှုလုပ်ငန်းများ၊ငါး/ပုစွန်ပြုပြင်စက်ရုံ များ၏ ဆောင်ရွက်ချက်များသည် EU Regulation ပါ ပြဌာန်းချက်များနှင့် ကိုက်ညီမှု ရှိ/မရှိကို ၂၀၀၉ ခုနှစ်၊ အောက်တိုဘာလ ၁၂ ရက်နေ့မှ ၂၂ ရက်နေ့အထိ လာရောက်စစ်ဆေးခဲ့ပြီး (၃၁-၁-၂၀၁၀)ရက်နေ့တွင် ငါး/ပုစွန် ပြုပြင်စက်ရုံ၈ ရုံနှင့် ၉-၁-၂၀၁၁ ရက်နေ့တွင် စက်ရုံ ငါးရုံ၊ စုစုပေါင်း စက်ရုံ ၁၃ ရုံအား ဥရောပသမဂ္ဂ အဖွဲ့ ဝင် ၂၇ နိုင်ငံသို့ ရေထွက်ပစ္စည်းများ တင်ပို့ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံရှိ ငါးမှုန့် (Fish Meal) စက်ရုံများမှ ထုတ်လုပ်သော ငါးမှုန့် (Fish Meal) များ တရုတ်နိုင်ငံ သို့ တိုးတက် တင်ပို့နိုင်ရေးအတွက် ထုတ်လုပ်မှုလုပ်ငန်းစဉ်များ၌ အရည် အသွေးပြည့်မီစေရန် တရုတ်နိုင်ငံမှ ထုတ်ပြန်ထားသော (Fish Meal) ထုတ်လုပ် တင်ပို့သူများ လိုက်နာ ဆောင်ရွက်ရမည့် စည်းမျဉ်း ( Decree 118) နှင့်အညီ လိုက်နာဆောင်ရွက်စေ ခဲ့ပါသည်။ မြန်မာနိုင်ငံရှိ Fish Meal ထုတ်လုပ်မှုလုပ်ငန်းများသည် တရုတ် နိုင်ငံမှထုတ်ပြန်ထားသော စည်းကမ်း ချက်များနှင့် ကိုက်ညီမှု ရှိ/ မရှိကို တရုတ်နိုင်ငံ Administration of Quality Supervision, Inspection and Quarantine (AQSIQ) စစ်ဆေးရေး အဖွဲ့သည် (၂၅-၁၀-၂၀၁၁) မှ (၅-၁၁-၂၀၁၁) ရက်နေ့ အထိ ငါးမှုန့်စက်ရုံ ခြောက်ရုံအား လာ ရောက်စစ်ဆေးအကဲဖြတ်ပြီး တရုတ် နိုင်ငံသို့ တင်ပို့ခွင့်ပြုခဲ့ပါသည်။ အလားတူပင် တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းပြုပြင်မွမ်းမံတင်ပို့လျက် ရှိသောစက်ရုံများသည်လည်း တရုတ် နိုင်ငံမှ ပြဌာန်းထားသော အရည်အ သွေးစံချိန်စံညွှန်းဆိုင်ရာ ပြဌာန်းချက် Decree 135 ကိုထုတ်ပြန်ပြီး၊ ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလမှစ၍ အဆိုပါပြဌာန်း ချက်နှင့်အညီ ထုတ်လုပ်ခြင်း မရှိသော ရေထွက်ပစ္စည်းများ ကို နိုင်ငံအတွင်း သို့ တင်သွင်းခွင့်ပြုမည်မဟုတ်ကြောင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဆိုင်ရာ ပြည်ထောင်စုမြန်မာနိုင်ငံ သံရုံးမှတဆင့် အကြောင်းကြားခဲ့ပါသည်။ မြန်မာနိုင်ငံ မှ တရုတ်နိုင်ငံသို့ နှစ်စဉ်ရေထွက် ပစ္စည်းတင်ပို့မှုမှ နိုင်ငံခြားငွေရရှိမှုမှာ ပြည်ပသို့ရေထွက်ပစ္စည်းတင်ပို့မှုမှ ရရှိ သောတန်ဖိုးငွေစုစုပေါင်း၏ ထက်ဝက် ခန့်ရှိသည်ဖြစ်ရာ စက်ရုံများအနေဖြင့် ပြဌာန်းထားသော Decree 135 နှင့် အညီထုတ်လုပ်ပြီး တရုတ်နိုင်ငံသို့ တင် ပို့ခြင်းမပြုနိုင်ပါက နိုင်ငံတော်အတွက် ကုန်သွယ်မှု အခွင့်အလမ်းများ ဆုံးရှုံး နိုင်သည့်နည်းတူ ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့်လည်း ဆုံးရှုံးမှုနစ်နာမှုများ ဖြစ် ပေါ်မည် ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းတင်ပို့ သော စက်ရုံများအနေဖြင့် တရုတ်နိုင်ငံ မှ ပြဌာန်းထားသော အရည်အသွေး စံချိန်စံညွှန်းဆိုင်ရာ ပြဌာန်းချက်များကို လိုက်နာရန် လိုအပ်လာပြီဖြစ်ပါသည်။ ထို့အပြင် ဗီယက်နမ်နိုင်ငံ National Agro Forestry Fisheries Quality Assurance Department (NAFIQAD) မှလည်း မြန်မာနိုင်ငံမှ ရေထွက်ပစ္စည်းစက်ရုံ (၁၅) ရုံ၏ ထုတ် လုပ်မှုအဆင့်၊ ထုပ်ပိုး သယ်ယူမှုနှင့် အရည်အသွေးဆိုင်ရာ စီမံခန့်ခွဲမှုပေါ် မူတည်၍ ဗီယက်နမ်နိုင်ငံသို့ ရေထွက် ပစ္စည်းတင်ပို့ခွင့်ပြုခဲ့ပါသည်။ မြန်မာနိုင်ငံအနေဖြင့် အာဆီယံ စီးပွားရေးအသိုက်အဝန်း (ASEAN Economic Blueprint, AEC) ထူထောင်ရေး ဦးစီးပေးဆောင်ရွက်ရန် သဘောတူညီထားသည့် လုပ်ငန်းများ အနက် အဖွဲ့ဝင်နိုင်ငံများအတွင်း ကုန် သွယ်မှုပြုလုပ်ရာတွင် Food Safety ဆိုင်ရာကိစ္စရပ်များ၌ တစ်ပြေးညီဖြစ်စေ ရန်နှင့် ငါး/ပုဇွန်ရေထွက်ပစ္စည်းများ နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ ထုတ် လုပ်နိုင်ရန် ရည်ရွယ်၍စက်ရုံများတွင် GMP, HACCP စနစ်များအကောင် အထည်ဖော်ဆောင်ရွက်ရန် ညွှန်ကြား ချက်အမှတ် (၄/၂၀၀၉) ကိုထုတ်ပြန် ခဲ့ပါသည်။ အာဆီယံနိုင်ငံများအတွင်း အစား အသောက်တင်ပို့ခြင်း၊ တင်သွင်းခြင်း လုပ်ငန်းများအတွက် စားသုံးသူများ အား အရည်အသွေးဆိုင်ရာ အာမခံ ချက်ပေးနိုင်ရန် ASEAN Common Principles for Food Control Systems, ASEAN Common Principles and Requirements for the Labeling of Prepackage Food, ASEAN Common Principles and Requirements for Food Hygiene စနစ်ပါ ပြဌာန်းချက်များအား အဖွဲ့ဝင် နိုင်ငံများအတွင်း အကောင်အထည် ဖော်ပြီး စားသုံးသူတို့အတွက် ဘေး ဥပဒ်ကင်းသော အရည်အသွေး ပြည့်မီ သော ရေထွက်ပစ္စည်းများကိုသာ နှစ် နိုင်ငံ သဘောတူညီချက်လက်မှတ် ရေး ထိုး ပြီးမှသာ ရောင်းဝယ်ခွင့် ရရှိမည် ဖြစ်ပါသည်။ ၂၀၁၅ ခုနှစ်တွင် အာဆီယံအဖွဲ့ ဝင်နိုင်ငံများအတွင်း ASEAN Free Trade Area (AFTA) ဖော်ဆောင်ရ မည်ဖြစ်ခြင်းကြောင့် အဖွဲ့ဝင်နိုင်ငံများမှ ရေထွက်ပစ္စည်းများအခွန်ကင်းလွတ်ခွင့် များရရှိလာမည်ဖြစ်သဖြင့် အဖွဲ့ဝင်နိုင်ငံ များအချင်းချင်းပြိုင်ဆိုင်မှုများပြားလာ ပြီး ထုတ်ကုန်ပစ္စည်းနှင့်ပတ်သက်၍ လည်း အရည်အသွေးပိုင်ဆိုင်ရာကို ပိုမိုတာဝန်ယူလာရမည် ဖြစ်ပါသည်။ ထို့အပြင် စားသုံးသူများ အနေဖြင့် လည်း ရွေးချယ်နိုင်မှုအခွင့်အလမ်းများ ပိုမို များပြားလာမည်ဖြစ်ခြင်းကြောင့် စက်ရုံများအနေဖြင့် EU စံချိန်စံညွှန်း များနှင့် ကိုက်ညီစေရေး ASEAN စံချိန်စံညွှန်းများနှင့်လည်း လိုက်လျော ညီထွေဖြစ်ရေးအပြင် ကုန်ပစ္စည်းတင် သွင်းနိုင်ငံများမှ ထုတ်ပြန်ထားသော အရည်အသွေးဆိုင်ရာ ပြဌာန်းချက်များ ကိုလည်း မဖြစ်မနေလိုက်နာရန်လိုအပ် လာပြီဖြစ်သည်။ ယခုအခါတွင် ကျန်းမာရေးနှင့် ညီ ညွတ်ပြီးဘေးကင်းစိတ်ချရသော အ စားအစာများကို စားသုံးသူများမှ အ လေးပေးစားသုံးလာရာတွင် ငါးလုပ် ငန်းဦးစီးဌာနသည် တာဝန်ရှိသည့်ဌာန ဖြစ်သည့် အတွက် မြန်မာနိုင်ငံ မှ ပြုပြင် ထုတ်လုပ်သော ငါး/ပုစွန်ရေထွက် ပစ္စည်းများ စံချိန်စံညွှန်းပြည့်မီပြီး ဘေး ဥပဒ် ကင်းရှင်းရေးအတွက် လိုအပ် သော နည်းပညာပံ့ပိုးခြင်း၊ လူ့စွမ်းအား အရင်းအမြစ်များ ဖွံ့ဖြိုးရေးအတွက် သင်တန်းပို့ချခြင်းများကို ကြိုးပမ်းဖြည့် ဆည်းဆောင်ရွက်ပေးလျက်ရှိပါသည်။ သို့ဖြစ်ပါ၍ ငါး/ပုစွန်ပြုပြင်စက် ရုံများ လုပ်ငန်းရှင်များအနေဖြင့်လည်း အရည်အသွေးပြည့်ဝသော ရေထွက် ပစ္စည်းများပြည်ပသို့ ပိုမိုတင်ပို့နိုင်ပြီး နိုင်ငံခြားငွေ ပိုမိုတိုးတက်ရရှိစေရေး နိုင်ငံ တကာ စံချိန်စံညွန်းနှင့်အညီ ငါး/ ပုစွန်ရေထွက်ပစ္စည်းများ တိုးတက် ထုတ်လုပ်တင်ပို့နိုင်ရေး၊ မြန်မာ့ရေ ထွက်ပစ္စည်းများ နိုင်ငံတကာဈေးကွက် တွင်မျက်နှာပန်းလှစေရေးဟူသော ဦးတည်ချက်များနှင့်အညီ ငါးလုပ်ငန်း ဦးစီးဌာနနှင့်အတူ လက်တွဲကြိုး ပမ်း ဆောင်ရွက်ကြပါရန်ဖော်ပြအပ်ပါသည်။
မိမိတို့နိုင်ငံအနေဖြင့် ယခုအချိန်အခါသမယဟာ "အမိန့်ပေး စနစ်တစ်ခုအောက်မှာ နှစ်ပေါင်း များစွာ နေထိုင်ခဲ့ရသော နိုင်ငံရေး စနစ်ဟောင်း" မှသည် " တရားဥပဒေစိုးမိုးမှုအောက် စည်းမျဉ်းစည်း ကမ်းများနှင့်အညီ လွတ်လပ်စွာရှင်သန်နေထိုင်ခွင့်ရတဲ့ ဒီမိုကရေစီ စနစ်" ဆီသို့ စတင်ကူးပြောင်းနေ သည့် နုနယ်သော အသွင်ကူးပြောင်း ရေးကာလဖြစ်ပါတယ်။ တစ်ချိန်တည်းဆိုသလိုပင် စီးပွားရေးလောက အနေဖြင့်လည်း နိုင်ငံရေးစနစ်ဟောင်းတစ်လျှောက်ဆောင်ရွက်ခဲ့တဲ့ မိရိုးဖလာအစဉ်အလာအတိုင်း သမားရိုး ကျဆောင်ရွက်မှုများမှသည် နိုင်ငံတကာ စံချိန်မီ စည်းမျဉ်းစည်းကမ်းများအတိုင်း စနစ်တကျ လုပ်ကိုင် ဆောင်ရွက်နိုင်ရေးအတွက် တစ်နိုင်ငံလုံးအတိုင်းအတာ အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို မဖြစ်မေ နဆောင်ရွက်ရမယ် ဆိုတဲ့စိန်ခေါ်မှုကြီးနှင့်လည်း ရင်ဆိုင်နေရပါတယ်။ မိမိအနေနဲ့ အဓိက ထား တင်ပြလိုတာကတော့ Agricultural Sector တစ်ခုလုံးအနေ ဖြင့် နုနယ်သေးတဲ့ အသွင်ကူးပြောင်းရေး ကာလအတွင်း နိုင်ငံလုံး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ ပြုလုပ်ရာမှာ ကြိုတင်ပြင်ဆင်ဆောင် ရွက်သင့်တဲ့ အချက်များပဲဖြစ်ပါတယ်။ ဒီလိုအကြံပြုတင်ပြရာမှာ Market System (ဈေးကွက်လည်ပတ်ပုံစနစ်)၊ Strategic Planning For Farming Industry (လယ်ယာကဏ္ဍအတွက် မဟာ ဗျူဟာမြောက်အစီအစဉ်များချမှတ်ခြင်း) နှင့် Agricultural Statistics System (စိုက်ပျိုးရေးကိန်းဂဏန်းအချက်အလက် ကောက်ခံ စုစည်းမှုစနစ်) ဆိုပြီး ၃ ပိုင်း ခွဲခြားတင်ပြလိုပါတယ်။
Market System (ဈေးကွက်လည်ပတ်ပုံစနစ်) တစ်ကမ္ဘာလုံးမှာရှိတဲ့ လယ်ယာထွက်ကုန် ဈေးကွက်များ အတွင်းဈေးနှုန်းများဟာ ရာသီဥတုအခြေအနေ၊အချိန်ကာလလိုက်ပြီး ဖြစ်ပေါ်လာတဲ့ ဝယ်လိုအားရောင်းလိုအား၊ စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံ အသီးသီးမှ ထုတ်ပြန်သော စိုက်ပျိုးရေးကိန်းဂဏန်းအချက်အလက် များ(စိုက်ဧက၊အထွက်နှုန်း၊ပြည်တွင်း လက်ကျန် ..)၊ အမေရိကန် ဒေါ်လာကို ဗဟိုထားကာ နိုင်ငံစုံ ငွေကြေးတို့ရဲ့ အတက်အကျများ၊ နိုင်ငံအသီးသီးရဲ့ စီးပွားရေးမူဝါဒ အပြောင်းအလဲများ စတဲ့အချက် အလက် ကိန်းဂဏန်းတွေပေါ်မူတည်ပြီး အချိန်နဲ့အမျှ ပြောင်းလဲနေ တာပဲ ဖြစ်ပါတယ်။ဒီလိုပြောင်းလဲနေတဲ့ အချက်အလက်ကိန်းဂဏန်း တွေဟာ Information Technology (I.T) အခန်းကဏ္ဍရဲ့ ပြောင်း လဲ တိုးတက်မှုက မွေးထုတ်ပေးလိုက်တဲ့ ''Internet" ရဲ့ ကြားခံမှုမှ တစ်ဆင့် တစ်ကမ္ဘာလုံးရှိ ဈေးကွက်အတွင်း ပါဝင်ပတ်သက်သူ Trader, Speculator များဆီသို့ စက္ကန့်မလပ်ရောက်ရှိနေတာပါ။ ကုန်သည်များ၊ ဈေးကစားသူများအနေဖြင့် ဒီအချက်အလက်တစ်ခု ချင်းစီသို့ အဓိပ္ပါယ်ဖွင့်ဆိုပြီး ချက်ချင်းတုံ့ပြန်နေကြရတာလည်းဖြစ်ပါ တယ်။ ဒီလိုတုံ့ပြန်တဲ့နေရာမှာ တစ်ဦးချင်းစီရဲ့ အဓိပ္ပါယ်ဖွင့်ဆိုပုံပေါ် မူတည်ပြီး ကာလတို/ ကာလရှည် ကြိုရောင်းမယ်(သို့မဟုတ်)ကြို ဝယ်မယ်ဆိုတဲ့ ဆုံးဖြတ်ချက်တွေချပြီး ဈေးကွက်မှာ လက်တွေ့ အကောင်အထည်ဖော် ဆောင်ရွက်ကြရတာမျိုးပါ။ ဒါကြောင့် ကြို ရောင်းကြိုဝယ်လို့ပဲ ဆိုဆို၊ ဈေးကစားတယ်ပဲ ပြောပြော ဒီလို ဆောင် ရွက်မှုမျိုးတွေဟာ Commodity market တွေရဲ့မရှိမဖြစ် အစိတ် အပိုင်းကြီးဖြစ်သလို ဈေကွက်ရဲ့သဘောသဘာ၀ လိုအပ်ချက်အရ ကမ္ဘာအနှံ့ ပေါ်ပေါက်လာရတာလည်း ဖြစ်ပါတယ်။ အထက်ပါအချက်များကို ထောက်ရှုခြင်းအားဖြင့် မိမိတို့ ပဲဈေးကွက်အတွင်း မကြာခဏဆိုသလိုဖြစ်ပေါ် နေတဲ့ မတည်ငြိမ်မှု များဟာ ကြိုရောင်းကြိုဝယ်ဈေးကစားမှုကြောင့် မဟုတ်ဘူးဆိုတာ ရှင်းရှင်းလင်းလင်း ပဲ တွေ့မြင်ကြရမှာပါ။ မတည်မငြိမ်မှုတွေ ဖြစ်ရတဲ့ အဓိကအကြောင်းတရားဟာ ကြိုရောင်းကြိုဝယ်( သို့မဟုတ်) ဈေး ကစားမှုတွေကြောင့် မဟုတ်ဘဲ ဒီလိုဆောင်ရွက်မှုမျိုးတွေကို လက် တွေ့ စည်းကမ်းတကျ အကောင်အထည်ဖော်ဖို့ တရားဥပဒေ စိုးမိုးမှု အောက် စနစ်တကျရေးဖွဲ့ထားတဲ့ စည်းမျဉ်းစည်းကမ်းများ ပါဝင်တဲ့ Future Contracts များဖြင့် ရောင်းဝယ်နိုင်တဲ့ နိုင်ငံတကာ စံချိန်မီ ဈေးကွက် အခင်းအကျင်းပျောက်ဆုံးနေ တာကြောင့် ဖြစ်ပါတယ်။ ဒီအတွက် ပြည်တွင်းဈေးကွက်အတွင်း ပါဝင်ပတ်သက်သူများဟာ အစဉ်အလာယုံကြည်မှု ပါးပါးလေးပေါ်အခြေခံပြီး ကြိုရောင်း ကြိုဝယ်ပြုလုပ်ကြရင်း ဈေးကွက်အတွင်း အပြောင်းအလဲ အတက် အကျ များသွားတဲ့အခါ ဈေးကွက်ယိုင်လဲပြီး မတည်မငြိမ်မှုတွေကို မကြာခဏတွေ့ကြုံကြရတာပါ။ ဒါကြောင့် မိမိတို့ဈေးကွက်တည်ငြိမ်ရေးအတွက် နိုင်ငံတကာ စံချိန်မီဈေးကွက် အခင်းအကျင်းသစ်တစ်ခု ၃ နှစ်အတွင်း တည် ဆောက် အကောင်အထည်ဖော်ရေးဟာ လွန်စွာအရေးပါလှပါ တယ်။ ဒီလို Future Contracts တွေကို ရောင်းဝယ်နိုင်တဲ့ Commodity exchange တွေဟာ အမေရိကန်၊E.U ၊ တရုတ်၊ အိန္ဒိယ မှသည် နီပေါနှင့် အာဖရိကနိုင်ငံအချို့ အဆုံး တစ်ကမ္ဘာလုံးနီးပါးမှာ ခိုင်ခိုင်မာမာတည်ဆောက်ပြီး ရောင်း ဝယ်နေကြပါသည်။ မိမိအနေနှင့်ဆက်လက်အကြံပြုချင်တာကတော့ နိုင်ငံတကာ စံချိန်မီဈေးကွက်ကို ပြည်တွင်း မှာတည်ဆောက်တဲ့နေရာမှာ အထက် ပါ နိုင်ငံအသီးသီးအနက်မှ မိမိတို့အိမ်နီးချင်းနိုင်ငံလည်းဖြစ်ပြီး မိမိတို့ နိုင်ငံ မှ အဓိကပဲဝယ်ယူနေသည့် ကုန်သွယ်ဖက်နိုင်ငံလည်း ဖြစ်သည့် အပြင် နှစ်နိုင်ငံကုန်သည်များကြားနှစ်ပေါင်း များစွာ ထိစပ်ဆက်ဆံ ရင်းနှီးမှု ရှိနေတဲ့" အိန္ဒိယနိုင်ငံ၏ ဈေးကွက်လည်ပတ်ပုံစနစ်"ကို မှီ ငြမ်းပြီးတည်ဆောက် သင့်တယ်ဆိုတဲ့အချက်ပဲဖြစ်ပါတယ်။ ဒါကြောင့် အိန္ဒိယနိုင်ငံမှာ Future Contracts များရောင်းဝယ်ဆောင်ရွက်ပုံ အကျဉ်းချုပ်ကို မိမိလက်လှမ်းမီသမျှ (1) Forward Contracts (Regulation) Act, 1952. (ii)Forward Marked Commission (F.M.C)eJY (iii) Commodity Exchange များကို အခြေခံပြီး တင်ပြလိုပါတယ်။(i) Forward Contracts (Regulation) Regulation Act, 1952 ၁၉၅၂ ကြိုရောင်းကြိုဝယ်စာချုပ်များအက်ဥပဒေဟာ India တစ်နိုင်ငံလုံးရှိ Future Contracts များရောင်းဝယ်ခွင့်ရှိတဲ့ Commodity exchange များနဲ့ ဤဈေးကွက်အတွင်း ပါဝင် ပတ် သက်သူအားလုံး အနေဖြင့် စနစ်တကျလုပ်ကိုင်ဆောင်ရွက်ဖို့ လိုက် နာရမယ့်အချက်များနဲ့စည်းကမ်းဥပဒေသများကို တိကျစွာပြဌာန်း ညွှန်းဆိုထားတာ ဖြစ်ပါတယ်။ ၁၉၅၂ မှာရေးဆွဲပြဌာန်းထားတဲ့ ဤ ဥပဒေကို ခေတ်ကာလအရ လိုက်လျောညီထွေမှု့ရှိစေရန် ပြင်ဆင် ချက်များ (Amendment) အကြိမ်ကြိမ်ပြုလုပ်ရင်း နောက်ဆုံးပြု လုပ်ခဲ့ခြင်းမှာ ၂၀၁၀ စက်တင်ဘာလတွင်ဖြစ်ပါတယ်။ ဤဥပဒေမှ ပြဌာန်းထားတဲ့ စည်းမျဉ်းစည်းကမ်းများအောက်မှာ အိန္ဒိယနိုင်ငံသား များအနေနဲ့ လိုက်နာဆောင်ရွက် ရောင်းဝယ်နေသမျှ ကာလပတ်လုံး ဤဥပဒေမှ ဈေးကွက်အတွင်း ပါဝင်ဆောင်ရွက်သူအားလုံးကို လုံခြုံ စိတ်ချမှုနှင့် အာမခံချက်ကိုအပြည့်အ၀ ပေးနေမှာဖြစ်ပါတယ်။(ii) Forward Market Commission (F.M.C) ဤ F.M.C ဟာ India နိုင်ငံမှာ Forward Contracts (Regulation)Act 1952 အရ ဖွဲ့စည်းထားတဲ့ အဖွဲ့ Statutory Body ဖြစ်ပါတယ်။ ဤကော်မရှင်ဟာ India အစိုးရ Ministry of Consumer Affairs ရဲ့ အုပ်ချုပ်ကွပ်ကဲမှုအောက်မှာ လုပ်ငန်း ဆောင်တာများကို ဆောင်ရွက်လျက်ရှိပါတယ်။ ၁၉၅၂ အက်ဥပဒေ အရ ဤကော်မရှင်တွင် ဗဟိုအစိုးရမှ တိုက်ရိုက်ခန့်အပ်တဲ့ အဖွဲ့ဝင် ၂ ဦးထက်မနည်းစေရဘဲ ၄ ဦးထက် မများတဲ့ အရေအတွက်ဖြင့် ပါဝင်ဖွဲ့စည်းစေရပါတယ်။ ဤကော်မရှင်ရဲ့ ဥက္ကဋ္ဌကို အထက်ပါ ဗဟို အစိုးရမှ တင်သွင်းထားတဲ့ အဖွဲ့ဝင်များထဲမှ ခန့်အပ်ရပါတယ်။ ဤ ကော်မရှင်ဟာ "ဗဟိုအစိုးရ၊ တည်ဆဲဥပဒေ များ" နဲ့ "လက်တွေ့ ဆောင်ရွက် ရောင်းဝယ်နေသောဈေးကွက်များ" အကြားပေါင်းကူး ဆောင်ရွက်ပြီး ဈေးကွက်များ တရားဥပဒေစိုးမိုးမှုအောက် စနစ်တကျ လည်ပတ်စေရေးအတွက် ထိန်းကျောင်းကြီးကြပ်ဆောင်ရွက်လျက် ရှိပါတယ်။ဤကော်မရှင်ဟာဆိုရင် Future Market ကြီးတစ်ခုလုံး စနစ်တကျလည်ပတ်စေရေးအတွက် လွန်စွာ အရေးကြီးသည့် အဖွဲ့အစည်းကြီးဖြစ်ပါတယ်။
F.M.C ၏လုပ်ငန်းတာဝန်များကတော့(က) Commodity exchange များတွင် Future Contract များ ရောင်းဝယ်နေမှုများကို ၁၉၅၂ အက်ဥပဒေ ဘောင် အတွင်း ဆောင်ရွက်ခြင်းရှိ၊ မရှိ ဂရုတစိုက် စောင့်ကြည့် ခြင်း။(ခ) အကယ်၍ လိုအပ်ခဲ့ပါက Commodity exchange များ၏ စာရင်းဇယားများ၊ စာရွက်စာတမ်းများ၊ ဤ exchange များအတွင်း Future Contract များရောင်းဝယ် ဖောက်ကားနေသူ member များ၏ စာရင်းဇယားများ အား စစ်ဆေးခြင်း။(ဂ) Future Market များ အလုပ်လုပ်ကိုင်ပုံနှင့် Commodity exchange များတိုးတက်လာစေရန်အလို့ငှာ လိုအပ် သောအကြံပြုလမ်းညွှန်ချက်များပေးခြင်း။(ဃ) Future Market များ အလုပ်လုပ်ကိုင်ပုံနှင့် Commodity exchange များတိုးတက်လာစေရန်အလို့ငှာ လိုအပ် သော အကြံပြုလမ်းညွှန်ချက်များပေးခြင်း။(င) Future Market များတွင် ရောင်းဝယ်နေကြသော Item တစ်ခုချင်းစီအလိုက် အလုပ်လုပ်ကိုင်နေမှု အခြေအနေများ (ဝယ်လိုအား၊ ရောင်းလိုအား၊ ဈေးနှုန်း၊ အရောင်းအဝယ် ဖြစ်သော စာချုပ်အရေအတွက် ...) ကို ဗဟိုအစိုးရသို့ လစဉ်တင်ပြခြင်း။ မှတ်ချက်။ အထက်ပါ ၄ ချက်သည် F.M.C ၏ လုပ်ငန်း ဆောင်တာများစွာအနက် မှ ကောက်နုတ်ဖော်ပြခြင်း ဖြစ်ပါ သည်။
(F.M.C ၏ Organization Structure)
(iii) Commodity Exchange များ အိန္ဒိယနိုင်ငံ ၁၉၅၂ အက်ဥပဒေအရ Future Market Commission (F.M.C) ရဲ့ ခွင့်ပြုချက်အရ Future Contract များဖြင့်ရောင်းဝယ်ခွင့်ရထားတဲ့ နိုင်ငံတော်အဆင့် Commodity exchange ၅ ခုရှိပါတယ်။ ၎င်း Exchange ၅ ခုမှာ Commodity ၁၁၃ မျိုးအား Future Contract များဖြင့်ရောင်းဝယ်လျက်ရှိပါ တယ်။၎င်း Exchange ကြီး ၅ ခုအပြင်အခြား Exchange ၁၆ ခု မှာလည်း ရောင်းဝယ်ဖောက်ကားလျက်ရှိပြီး ဒီလို ရောင်းဝယ်ဖောက် ကားရာမှာ ၁၉၅၂ အက်ဥပဒေ မူဘောင်များအတွင်း Future Market Commission (F.M.C) ရဲ့ ကြီးကြပ်ကွပ်ကဲမှု အောက် မှာ ဈေးကွက်အတွင်း ပါဝင်သူအားလုံးအနေဖြင့် လုံခြုံ စိတ်ချစွာ စနစ်တကျရောင်းဝယ်လျက်ရှိပါတယ်။
မိမိတို့နိုင်ငံတွင် Future Market များထူထောင်ရန် အကြံပြု တင်ပြချက် အထက်ပါ အိန္ဒိယနိုင်ငံတွင်း Future Market များရောင်း ဝယ် ဆောင်ရွက်နေပုံကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုပါရင် Future Market Commissin (F.M.C) ရဲ့ အခန်းကဏ္ဍမှာ လွန်စွာ အရေးပါတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ Commodity exchange များမှာ Futrue Contract များရောင်းဝယ်ရာ၌ တရားဥပဒေစိုးမိုးမှု အောက်မှာ စနစ်တကျဖြစ်စေရေးအတွက် အစိုးရနဲ့ လက်တွေ့ ဆောင်ရွက်နေတဲ့ ဈေးကွက်အကြား ဟန်ချက် ညီအောင် ထိန်းညှိ ပေးနေတဲ့ သော့ချက်အဖွဲ့အစည်းကြီးအဖြစ်လည်း တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။သို့ဖြစ်ပါ၍မိမိတို့နိုင်ငံတွင်း Future Contracts များဖြင့် ရောင်းဝယ်နိုင်တဲ့ Commodity exchange များထူထောင်ရာမှာ ပြည်ထောင်စုအစိုးရမှ ခန့်အပ်ထားတဲ့ ဥပဒေပညာရှင်များ၊ စီးပွားရေး ပညာရှင်များ၊ ပြည်တွင်းဈေးကွက်တွင်းမှ ဝါရင့်ကုန်သည်ကြီးများ ပါဝင်တဲ့ (F.M.C) လို နိုင်ငံတော်အဆင့်ကော်မတီတစ်ခုကို ဖွဲ့စည်း သင့်ပါတယ်။ထိုသို့ဖွဲ့စည်းရာမှာ သက်ဆိုင်ရာကဏ္ဍအလိုက် ပြည် တွင်း/ ပြည်ပမှာ ပြန့်ကြဲနေတဲ့ မြန်မာပညာရှင်များ ပါဝင် နိုင်သမျှ ပါဝင်နိုင်ဖို့ လိုအပ်သလို လက်ရှိပြည်တွင်းဈေးကွက်အတွင်း နှစ်ရှည် လများ အတွေ့အကြုံရှိပြီး နိုင်ငံအတွက်ရိုးရိုးသားသားဖြင့် တက်ကြွ စွာဆောင်ရွက်လိုသူများလည်းပါဝင်သင့်ပါတယ်။ထို့ပြင် Future Market နှင့်ပတ်သက်လို့ ကျွမ်းကျင်သူပြည်ပ ပညာရှင်များကိုလည်း လိုအပ်ပါက ငှားရမ်းအကြံဉာဏ်ယူ သင့်သလို၊ အစိုးရအချင်းချင်း ချိတ်ဆက်ပြီး ဤကော်မတီအတွက် နည်းပညာနှင့် အကြံဉာဏ်များ လည်း တောင်းခံသင့်ပါတယ်။ ဤကော်မတီအနေဖြင့် မိမိနိုင်ငံရဲ့ လက်ရှိအခြေအနေအရ Future Contract များနဲ့ ပတ်သက်တဲ့ ဥပဒေများကိုရေးဆွဲရမှာ ဖြစ်သလို၊ တစ်ဖက်တွင်လည်း Public Company များမှ တည် ထောင်လာမယ့် Commodity exchange များစနစ်တကျနဲ့ အမြန် ဆုံးပေါ်ပေါက်လာစေရေးအတွက် ဟန်ချက်ညီညီဖြင့် တစ်ပြိုင်နက် တည်း ဆောင်ရွက်သင့်ပါကြောင်း အကြံပြုလိုပါတယ်။
Strategic Planning for Farming Industry တောင်သူလယ်သမားများအနေဖြင့် လက်ရှိမှာ ရာသီဥတု ပြောင်းလဲခြင်းကြောင့်ဖြစ်ပေါ်လာတဲ့ သဘာ၀ အန္တရာယ်များ၊ ပုံမှန် မဟုတ်တဲ့ရာသီဥတုဖောက်ပြန်မှုများစတဲ့အချက်တွေပေါ်မှာ ကြိုတင် ကာကွယ်ပြီး လိုက်လျောညီထွေပြောင်းလဲဆောင်ရွက်နိုင်မှု၊ ပြောင်း လဲနေတဲ့ ဈေးကွက်ရဲ့လိုအပ်ချက်ပေါ်မူတည်ပြီး သီးနှံအမျိုးအစား ရွေးချယ် စိုက်ပျိုးနိုင်မှု၊ ခေတ်မီစိုက်ပျိုးရေးနည်းစနစ်များနှင့် စက် ကိရိယာများ၊ မျိုးကောင်း မျိုးသန့်များအသုံးပြုနိုင်မှု စတဲ့အချက် များဟာ ကင်းမဲ့နေဆဲဖြစ်ပြီး မိရိုးဖလာအစဉ်အလာအတိုင်း သမား ရိုးကျ စိုက်ပျိုးထုတ်လုပ်လျက် ရှိနေဆဲဖြစ်ပါတယ်။ သို့ဖြစ်၍ သမားရိုးကျစိုက်ပျိုးထုတ်လုပ်မှုမှ ခေတ်မီနည်းစနစ် များဖြင့်နိုင်ငံတကာစံချိန်မီ ထုတ်လုပ်နိုင်ရေးအတွက် Market ပိုင်း မှာ နိုင်ငံတော်အဆင့်ကော်မတီတစ်ခုလိုအပ်သလိုမျိုး ဤစိုက်ပျိုး ထုတ်လုပ်မှုအပိုင်းမှာလည်း " စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာချမှတ် ဆောင်ရွက်ရေးကော်မတီတစ်ခု" ကို နိုင်ငံတော်အဆင့် ဖွဲ့စည်းသင့် ကြောင်း တင်ပြလိုပါတယ်။ ဤကော်မတီမှာ မိုးလေဝသပညာရှင် များ၊ စိုက်ပျိုးရေးပညာရှင်များ၊ စီးပွားရေးပညာရှင်များအပြင် နိုင်ငံ တိုးတက်ရေးအတွက် ရိုးရိုးသားသားတက်ကြွစွာဖြင့် ပါဝင်ဆောင် ရွက်လိုသူ အတွေ့အကြုံရှိကုန်သည်များ၊ တောင်သူဦးကြီးများလည်း ပါဝင်ရမှာဖြစ်ပါတယ်။ ဒီနေရာမှာ အထက်ပါ ကော်မတီ ဖွဲ့စည်းရန် အရေးတကြီးလိုအပ်ကြောင်း၊ ပိုမိုပေါ်လွင်စေချင်တဲ့ အတွက် ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်ထုတ် ဈေးကွက်ဂျာနယ်ပါ မိုးလေ၀ သပညာရှင် ဒေါက်တာဦးထွန်းလွင်ရဲ့ Interview ထဲမှ အချက် အချို့ကို အကျဉ်းချုပ် ခြုံငုံကိုးကားလိုပါတယ်။ ဒီ Interview မှာ ဆရာကြီးဦးထွန်းလွင် က "အစိုးရ၏ မိုးလေဝသ၊ စိုက်ပျိုးရေး၊ စီးပွားရေးဌာနများသည် ဖွဲ့စည်းလုပ်ဆောင်နေသည်မှာ ကြာမြင့်ပြီ ဖြစ်သော်လည်း ဌာနချင်းပူးပေါင်းဆောင်ရွက်မှု အလွန်အားနည်း ကြောင်း" ထောက်ပြဝေဖန်ခဲ့ပါတယ်။ ဒါ့အပြင် ဆရာကြီးက "မိုးလေ ဝသဌာနက ထုတ်ပြန်လိုက်တဲ့ ရာသီဥတု ခန့်မှန်းချက်တစ်ခု ဟာ တောင်သူတစ်ဦးအနေနဲ့ ထိရောက်စွာ အသုံးမချနိုင်ပါဘူး၊ ဒါပေမယ့် စိုက်ပျိုးရေးပညာရှင်တစ်ယောက်က ဒီခန့်မှန်းထားတဲ့ ရာသီဥတုအရ ဆိုရင် ဒီလိုသီးနှံအမျိုးအစားတွေကို ဒီလိုအချိန်မှာစိုက်ပျိုးနိုင်တယ် ဆိုတာကိုသုတေသနပြုပြီးပြောနိုင်တယ်။ဒါဆိုရင် စီးပွားရေးပညာရှင် ကလည်း စိုက်ပျိုးရေးပညာရှင် ရွေးချယ်ပေးတဲ့ သီးနှံတွေအနက် ဒီနှစ်ဈေးကွက် လိုအပ်ချက်အရ ဒီလိုသီးနှံတွေကို စိုက်ပျိုးသင့် ကြောင်း ရွေးချယ်ပေးနိုင်ပါလိမ့်မယ်။ "ဒီလိုနယ်ပယ် ၃ ခုက ပညာရှင် တွေ အကြား ညှိနှိုင်းသုတေသနပြုအပြီးမှာတော့ လယ်သမားတွေထံ လက်တွေ့ အသုံးချနိုင်တဲ့ ထိရောက်တဲ့ အကြံပေးချက်တွေရောက်ရှိ သွားပါပြီ'' လို့ဆိုခဲ့ပါတယ်။ ဒါကိုထောက်ရှုခြင်းအားဖြင့် နယ်ပယ်စုံမှ ပညာရှင်များ ပါဝင်သော နိုင်ငံတော်အဆင့် စိုက်ပျိုးရေးဆိုင်ရာ မဟာဗျူဟာ ချမှတ်ရေး ကော်မတီတစ်ခုဟာ မလွဲမသွေ လိုအပ် ကြောင်းအထင်အရှားတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ ဒီ Interview မှာပဲ ဆရာကြီးဦးထွန်းလွင်က "သူ့အနေဖြင့် စီးပွားရေးမိုးလေဝသနှင့် စိုက်ပျိုးရေး မိုးလေဝသ ပညာရပ်များ ဖွံ့ဖြိုးရေးရည်မှန်းချက်ထားပြီး ထွန်းလွင်ဖောင်ဒေးရှင်းကို ဖွဲ့စည်းတည် ထောင် ဆောင်ရွက်ခဲ့ရာမှာ ပုဂ္ဂလိကအဖွဲ့ဖြစ်တဲ့အတွက် ပညာရှင်နဲ့ ရန်ပုံငွေရရှိမှု တွေမှာ အကန့်အသတ်တွေရှိနေသဖြင့် ထင်သလောက် ခရီးမပေါက်ကြောင်း" ပြောကြားခဲ့ပြန်ပါတယ်။ မိမိအနေဖြင့် ဒီနေရာ မှာ အကြံပြုလိုတာကတော့ ဒီရည်မှန်းချက်များကို နိုင်ငံတော်အဆင့် ကော်မတီအနေဖြင့် ဆောင်ရွက်မယ်ဆိုပါက လိုအပ်တဲ့ ရန်ပုံငွေ များကို နိုင်ငံတော်ဘဏ္ဍာငွေထဲမှ တောင်းခံသုံးစွဲနိုင်သလို Agricultural Sector တစ်ခုလုံးရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများမှ ရန်ပုံငွေများနှင့် လယ်ယာထွက်ကုန်များရောင်းဝယ်နေကြတဲ့ ကုမ္ပဏီ များထဲမှ အလှူငွေများထည့်ဝင်စေခြင်းဖြင့်လည်း စုဆောင်းနိုင်မှာ ဖြစ်ပါတယ်။ ထို့အပြင်နိုင်ငံတော်အဆင့်ကော်မတီ တစ်ခုအနေဖြင့် ပြည်တွင်းပြည်ပမှာပြန့်ကြဲနေတဲ့ ပညာရှင်များကို ထိထိရောက် ရောက် စုစည်းနိုင်မှာ ဖြစ်သလို လိုအပ်ပါကလည်း မျိုးဆက်သစ် ပညာရှင်များကို ရေတိုရေရှည်စီမံကိန်းများချပြီး မွေးထုတ်ပေး နိုင်မှာ ပဲဖြစ်ပါတယ်။
Agricultural Statistics System စိုက်ပျိုးရေးနဲ့ဆိုင်တဲ့ စာရင်းဇယား သတင်းအချက်အလက် စနစ်တကျ စုဆောင်းသိုမှီးထားတဲ့ စနစ် (Agricultural Statistics System) ဟာ မိမိတို့စိုက်ပျိုးရေးကိုအခြေခံတဲ့ နိုင်ငံတစ်နိုင်ငံအဖို့ လွန်စွာ အရေးကြီးတဲ့ လုပ်ငန်းစဉ်ကြီး ဖြစ်ပါတယ်။ ဤစနစ် အတွင်း မှာ ''လယ်ယာထွက်ကုန်သီးနှံတစ်မျိုးစီအလိုက် စိုက်ဧက၊ အထွက် နှုန်း"၊ ''မြေအသုံးပြုမှု"၊ ''ရေသွင်းစိုက်ပျိုးမှု"၊ ''သီးနှံများဈေးနှုန်း၊ ဈေး ကွက် သတင်းအချက်အလက်" စတာတွေကို စနစ်တကျကောက်ယူ စုဆောင်းသိုမှီးထားတာပဲဖြစ်ပါတယ်။ ဤစနစ်ကို အမေရိကန်၊ သြစ တြေးလျ၊ ကနေဒါစတဲ့နိုင်ငံများမှစပြီး အိန္ဒိယ၊ မလေးရှား၊ အင်ဒိုနီး ရှား၊ထိုင်း၊ ဗီယက်နမ်နိုင်ငံများအထိ စနစ်တကျသုံးစွဲလျက်ရှိပါတယ်။ သို့ဖြစ်ပါ၍ မိမိတို့အနေဖြင့်လည်း နိုင်ငံတော်အဆင့် ကော်မတီ တစ်ခု ဖွဲ့စည်းပြီး Agricultural Statistics System တစ်ခုကို စီမံ ကိန်းချ တည်ဆောက်သင့်ကြောင်း အကြံပြုအပ် ပါတယ်။ ဤစနစ်မှ ရရှိနိုင်တဲ့ စာရင်းဇယား၊ ကိန်းဂဏန်း၊ သတင်းအချက်အလက် များ သည် နိုင်ငံတော် အဆင့် မူဝါဒချမှတ်သူများနှင့် နိုင်ငံတော်အဆင့် စိုက်ပျိုးရေးဆိုင်ရာ အခြားကော်မတီများသို့လည်း အဖိုးမဖြတ်နိုင်တဲ့ သတင်းအချက်အလက်များကို ပေးနိုင်မှာဖြစ်တဲ့အပြင် Agricultural Sector တစ်ခုလုံးမှာ ပါဝင်ဆောင်ရွက်နေသူအားလုံး အတွက် လည်း အကျိုးရှိစေမှာဖြစ်ပါတယ်။ ထို့ကြောင့် နိုင်ငံတော် အဆင့် ကော်မတီတစ်ခုဖွဲ့စည်းပြီး ဤစနစ်ကြီးကို နိုင်ငံတွင်းတည်ဆောက် ခြင်းဟာ မဖြစ်မနေဆောင်ရွက်ရမယ့် လုပ်ငန်းစဉ်ဖြစ်ကြောင်း တင်ပြ လို ပါတယ်။ အထက်ပါအကြံပြုချက်များကို ခြုံငုံသုံးသပ်ပြီး နိဂုံးချုပ်တင်ပြ လိုတာကတော့ မိမိတို့ စိုက်ပျိုးရေးကဏ္ဍတစ်ခုလုံးအနေဖြင့် သမား ရိုးကျလုပ်ကိုင်မှုများမှသည် နိုင်ငံတကာစံမီ စနစ်တကျလုပ်ကိုင်မှုများ ဆီသို့ ကူးပြောင်းရာမှာ နိုင်ငံတော်အဆင့်ကော်မတီများ ဖွဲ့စည်းဖို့ လိုအပ်ပြီး၊ ၎င်းကော်မတီများ မှာ ပြည်တွင်း ပြည်ပ ပြန့်ကြဲနေတဲ့ ပညာရှင်များကို ပူးပေါင်းပါဝင်စေရမှာဖြစ်သလို လယ်ယာစိုက်ပျိုးရေး ကဏ္ဍအတွင်း လက်တွေ့ပါဝင်ဆောင်ရွက်နေသူများထဲမှ အတွေ့ အကြုံရှိပြီးတိုင်းပြည်အတွက် ရိုးရိုးသားသား တက်ကြွစွာ ဆောင်ရွက် လိုသူများကိုလည်း ထည့်သွင်းဆောင်ရွက်စေရမှာပဲ ဖြစ်ပါတယ်။ ဤသို့ ပြည်တွင်း၊ ပြည်ပ ပညာရှင်များ၊ လက်တွေ့ဆောင်ရွက်နေသူ ကုန်သည်များ၊ တောင်သူဦးကြီးများဟာ သက်ဆိုင်ရာ ကော်မတီ အတွင်း တက်ကြွစွာပူးပေါင်းဆောင်ရွက်ရင်း "သဘောတရားနဲ့ လက် တွေ့'' "လက်တွေ့နဲ့ သဘောတရား" ဟန်ချက်ညီညီ အချိုးကျစွာ ပေါင်းစပ်နိုင်မယ်ဆိုရင်ဖြင့် မိမိတို့နိုင်ငံရဲ့ ရည်မှန်ချက်ပန်းတိုင်သို့ မုချရောက်မှာ မလွဲပါကြောင်း တင်ပြလိုက်ပါတယ်။
ဖွံ့ဖြိုးဆဲတို့နှင့် လယ်ယာစိုက်ပျိုးရေးကဏ္ဍ အမှန်တကယ်ပင် စိုက်ပျိုးရေးကဏ္ဍသည် နိုင်ငံတစ်နိုင်ငံ၏ နှလုံးသားဟု ဆိုရ လောက်သည်။ နှလုံးသွေးကြော များလှုပ်ရှားမှုရပ်တန့်ခဲ့ပါက လူတစ်ယောက်၏ ရပ်တည်မှု အဆုံးသတ် အသက်သေဆုံးရသကဲ့သို့ စိုက်ပျိုးရေးကဏ္ဍလှုပ်ရှားမှု ရပ် တန့်ခဲ့ပါက နိုင်ငံတစ်နိုင်ငံ၏ ရပ်တည်နိုင်စွမ်းလျော့ပါးလာကာ ပြိုလဲသွားနိုင်သည်။ စက်မှုနည်း ပညာများထက်ပင်ကျော်လွန်၍ အလွန်အဆင့်မြင့်သော သတင်းနှင့် ဆက်သွယ်ရေးနည်းပညာ အရှိန်အဟုန်ဖြင့် ထွန်းကားလာနေချိန်၌ စိုက်ပျိုးရေး ကဏ္ဍကို ပြန်လည်ငဲ့ကြည့်၊ အမွှမ်းတင်ပြောဆိုနေခြင်းကို အတွေးတိမ်တိမ်ဖြင့် စဉ်းစားပါက အူကြောင်ကြောင်အိုင်ဒီယာဖြင့် အလုပ်လုပ်နေသလောဟု မေးငေါ့ စရာများရှိလာနိုင်သည်။ ယခင်ကစိုက်ပျိုးရေးကဏ္ဍဆိုလျှင် ဖွံ့ဖြိုးဆဲနိုင်ငံများ လောက်သာ အရေးတယူဂရု ထားကြသည်ဟု ယေဘုယျ ကောက်ချက်ချခဲ့ကြသော် လည်း ယနေ့ကမ္ဘာတွင် ဖွံ့ဖြိုးဆဲများသာမက ဖွံ့ဖြိုးပြီးများပါ ထိုကဏ္ဍပိုမို ဖွံ့ဖြိုးလာ စေရေးအတွက် အလေးအနက်ထား ဆောင်ရွက်လာကြသည်ကို မျက်မြင်တွေ့ရှိ နေရပြီဖြစ်သည်။ တစ်ဖက်တွင် နည်းပညာဖွံ့ဖြိုးတိုးတက်မှု အံ့မခန်းရှိနေချိန်တွင် အခြားတစ်ဖက်တွင် အသက်ရှင်ရပ်တည်မှုအတွက် အခြေခံ လိုအပ်ချက်တစ်ခုဖြစ် သည့် စားနပ်ရိက္ခာအတွက် စိုက်ပျိုးရေးကဏ္ဍထုတ်လုပ်မှု တိုးတက်လာစေရေးအ တွက် နည်းပညာတို့ကို အသုံးပြု၍ အားထုတ်ဆောင်ရွက်လာကြသည်ကိုလည်း တွေ့ကြရသည်။ ယနေ့ကမ္ဘာကြီးသည် လူသားတို့ အသက်ရှင်ရပ်တည်နိုင်ရေး အစွမ်းကုန်ပံ့ပိုး ဖြည့်ဆည်းပေးနေရသောကြောင့် အားအင်တို့လည်း တစစ လျော့ပါးလာခဲ့၏။ လူသားတို့၏ တပ်မက်မှုအားကြီးစွာဖြင့် လုပ်ဆောင်နေသော အပြုအမူတို့ကြောင့် လည်း တဖြည်းဖြည်းယို ယွင်းပျက်စီးမှုတို့ဖြင့်လည်း ကြုံနေရ၏။ ထိုယိုယွင်းပျက်စီး မှုတို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ၏ စားနပ်ရိက္ခာထုတ်လုပ်နိုင်စွမ်းမှာလည်း လျော့ ပါးလာနေခဲ့သည်။ လူဦးရေတိုးပွားလာမှု၊ ဆင်းရဲမွဲတေမှုနှင့် အာဟာရမလုံလောက် မှုတို့သည် စားနပ်ရိက္ခာထုတ်လုပ်မှုအခြေအနေ၊ စိုက်ပျိုးရေးကဏ္ဍဖွံ့ဖြိုးတိုးတက်မှု အခြေအနေတို့နှင့် တိုက်ရိုက်ဆက်စပ်မှုရှိနေသည်။ စိုက်ပျိုးရေးကဏ္ဍသည် သဘာ၀ ပတ်ဝန်းကျင် ယိုယွင်းပျက်စီးလာမှု၊ လူဦးရေတိုးပွားများပြားလာမှုတို့နှင့်အတူ ယနေ့ အချိန်ကာလတွင် ကမ္ဘာ့နိုင်ငံများအားလုံးအတွက် ပြန်လည်အလေးထား ဂရုစိုက် ရမည့် အသက်သွေးကြောထုတ်လုပ်မှု ကဏ္ဍဖြစ်လာနေတော့သည်။ စိုက်ပျိုးရေး ဘောဂဗေဒပညာရှင်တို့ကမူ စိုက်ပျိုးရေးကဏ္ဍသည် စားနပ်ရိက္ခာ၊ အလုပ်အကိုင် အခွင့်အလမ်း၊ အရင်းအနှီးရရှိနိုင်မှု၊ နိုင်ငံခြားဝင်ငွေ ရရှိမှု၊ ဈေးကွက်ဝယ်လို အားဖန်တီးပေးနိုင်မှုနှင့် ကျေးလက်လူမှုအကျိုးစီးပွားဖြစ်ထွန်းမှုတို့ကို ဖြည့်ဆည်း ပေးနိုင်သဖြင့် နိုင်ငံတစ်နိုင်ငံ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာအထောက် အကူရရှိသည်ဟု ယခင်ကာလများကတည်းက ဆိုခဲ့ကြသည်။ ယနေ့အချိန်ကာလ တွင် လယ်ယာစိုက်ပျိုးရေး၏ အရေးပါမှု မှာ တစ်နေ့တခြား ထင်ရှားလာနေတော့ သည်။ ဖွံ့ဖြိုးမှုကနဦးအဆင့်သာသာ ရှိနေသေးသည့်ဖွံ့ဖြိုးဆဲနိုင်ငံတို့အတွက်မှာ မူလယ်ယာစိုက်ပျိုးရေးကဏ္ဍအပေါ် အမှီပြုမှု အလွန်အမင်းအားကောင်းနေဆဲရှိ ကြသောကြောင့် ထိုနိုင်ငံမျိုးတို့တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုရရှိရေးအတွက် စိုက်ပျိုးရေးကဏ္ဍ၏ ထောက်ကူပေးမှုမှာ ဖွံ့ဖြိုးပြီးချမ်းသာသည့် နိုင်ငံများရှိ အခြေ အနေများထက် ပိုသည်ဟုပြောနိုင်သည်။ ထိုနိုင်ငံများသည် စိုက်ပျိုးရေးကဏ္ဍကို အခြားနိုင်ငံများထက် ပိုမိုဂရုစိုက်သင့်သည်။
မေခရိုစီးပွားရေးပေါ်လစီ စီးပွားရေးအဆောက်အအုံတစ်လုံးနှင့် ပတ်သက်သည့် မေခရိုပေါ်လစီများ (ဥပမာ-ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီ၊ ဝင်ငွေပေါ်လစီနှင့် ကုန်သွယ်မှုပေါ်လစီ စသဖြင့်) သည် နိုင်ငံတစ်နိုင်ငံလုံး၏ အခြေအနေအရပ်ရပ်ပေါ်တွင် သက်ရောက်မှုများရှိတတ်၏။ လယ်ယာစိုက်ပျိုးရေး ထွက်ကုန်ဈေးနှုန်းများ၊ သွင်းအားစုဈေးနှုန်းများ၊ အမြတ်အစွန်း ရရှိနိုင်မှုအခြေအနေ စသဖြင့် နယ်ပယ်စုံသက်ရောက်မှုများ ရှိသဖြင့် ဝယ်လိုအား၊ ရောင်းလိုအားနှင့် ကုန်သွယ်မှုကဏ္ဍများတွင်ပါ အကျိုးသက်ရောက်မှုများရှိလာသည်။ ဥပမာ-ငွေကြေးလဲလှယ်မှုနှုန်းများသည် စိုက်ပျိုးရေးပို့ကုန်များ၊ သွင်းအားစုသွင်းကုန် ဈေးနှုန်းများအပေါ်တွင် လည်းကောင်း၊ အတိုးနှုန်းသည် လယ်ယာအရင်းအနှီးရရှိနိုင်မှု၊ စက်ကိရိယာနှင့် အခြေခံအဆောက်အအုံများ ရင်းနှီးမြှုပ်နှံနိုင်မှုအပေါ်တွင် လည်း ကောင်း ကျယ်ပြန့်စွာ သက်ရောက်မှုများရှိလာနိုင်သည်။ မေခရိုပေါ်လစီ အပြောင်းအလဲများကြောင့် ပြောင်းလဲလာသော မေခရိုစီးပွားရေး ဝန်းကျင်သည် လယ်ယာကဏ္ဍဖွံ့စည်းမှုနှင့် ကျေးလက်လူနေမှုအခြေအနေ၊ မြို့ပြဒေသ စက်မှုဖွံ့ဖြိုးမှုအနေအထား၊ အလုပ်အကိုင် ဖန်တီးနိုင်စွမ်းနှင့် အလုပ်လက်မဲ့အခြေ အနေများ၊ ဝင်ငွေ အဆင့်အတန်းနှင့် ဝင်ငွေဖြန့်ဖြူးမှု အခြေအနေများတွင်ပါ ပြောင်းလဲ မှုများ တွေ့မြင်ရလာနိုင်ပြီး စီးပွားရေးအဆောက်အအုံအတွင်းရှိ အခြားကဏ္ဍများကိုပါ ဆက်စပ်ဖြစ်ပျက်မှုများ ကူးစက်လာစေသည်။ ကျေးလက်နှင့် မြို့ပြသက်ရောက်မှု၊ ကာလတို ကာလရှည်သက်ရောက်မှုစသည့် သက်ရောက်မှု ဒီဂရီအနည်းနှင့်အများ ကွာလျက် အကြောင်းအကျိုး ဆက်စပ်စွာဖြစ်ပေါ်လာသည်။ အကျိုးသက်ရောက်မှုများ ၏ နောက်ဆုံးရိုက်ချက်သည် စားနပ်ရိက္ခာဈေးနှုန်း များပေါ်တွင် ဖြစ်ပေါ်ပြီး စီးပွားရေး အဆောက်အအုံတစ်ခုလုံးရှိ စားသုံးသူများထံတွင် တိုက်ရိုက်ကျရောက်သည်။ နိုင်ငံအစိုးရ များအနေဖြင့် မေခရိုစီးပွားရေး ပေါ်လစီကိန်းရှင်များ၏ စိုက်ပျိုးရေးကဏ္ဍနှင့် စား နပ်ရိက္ခာဈေးနှုန်းများပေါ်တွင် သက်ရောက်လာနိုင်သည့် အကျိုးဆက်များကို ကောင်းစွာ နားလည်သဘောပေါက်စေရန် အားထုတ်ရန်လိုသည်။ ထိုအားထုတ်မှုများသည် ၎င်းတို့ ၏ နိုင်ငံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ ကာလတို၊ ကာလရှည်ပေါ်လစီများ ရေးဆွဲရာတွင် များစွာအထောက်အကူပြု လာနိုင်သည်။ နောက်ထပ်သတိပြုသင့်သည့် အချက်မှာ မေခရိုစီးပွားရေး ပေါ်လစီများရေးဆွဲရာတွင် ကျယ်ကျယ်ပြန့်ပြန့်စဉ်းစား ကာ ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်ပညာရှင်များ၊ သုတေသီများအားလုံး ပါဝင်ရေးဆွဲနိုင် မှသာ သင့်တော်မည့် ရလဒ်တစ်ခု ရလာနိုင်သည့်အချက်ဖြစ်သည်။
အားနည်းနေသော နှလုံးသားအတွက် အမိမြန်မာနိုင်ငံ၏ လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု အားနည်းခဲ့သည် မှာ အချိန်ကာလအားဖြင့် ကြာမြင့်ခဲ့လေပြီ။ လယ်ယာမြေပိုင်ဆိုင်မှုပုံစံမှစ၍ စိုက်ပျိုးမှု နည်းစနစ်၊ မျိုးစေ့၊ ဓာတ်မြေသြဇာ အပါအဝင် သွင်းအားစုသုံးစွဲနိုင်မှု၊ ပံ့ပိုးပေးနိုင်မှု၊ ပြည်တွင်းလိုအပ် ချက်ကိုပံ့ပိုးပေးနိုင်မှု၊ ဈေးကွက်ရှာေ ဖွနိုင်မှုနှင့် နိုင်ငံရပ်ခြားသို့တင်ပို့ ရောင်းချနိုင်မှုတို့အထိ အလုံးစုံအားနည်းခဲ့သည်။ ဝန်ကြီးဌာနအလိုက်၊ ကဏ္ဍအလိုက် အားထုတ်လုပ်ကိုင်ခဲ့ကြသော်လည်း ပို့ကုန်ကဏ္ဍအတွက်သာမက နိုင်ငံသူ၊ နိုင်ငံသား တို့၏ အဓိကစားနပ်ရိက္ခာဖြစ်သည့် လယ်ယာထွက်ကုန်သီးနှံများ၏ ရောင်းလိုအားကွင်း ဆက်တစ်လျှောက် အားလုံးနီးပါး အချိတ်အဆက်မမိဘဲ အားနည်းချက်များဖြင့်သာ ဖြတ်သန်းလာခဲ့ရသည်။ ထိုသို့ညှိနှိုင်းမှု အားနည်းခြင်း၊ သတင်းအချက်အလက်အ ချိတ် အဆက်မမိခြင်းတို့သည် ပေါ်လစီတစ်ခုကို အကောင်အထည်ဖော်ရာတွင် အခက်အခဲ များ ကြုံလာရခြင်း၊ အောင်မြင်မှုနည်းပါးခြင်းတို့သာဖြစ်လာသည်။ ဥပမာ-စီမံ/စီးပွား ဝန်ကြီးဌာန၊ လယ်/ဆည်ဝန်ကြီးဌာနတို့မှထုတ်ပြန်သော စာရင်းအင်းကိန်းဂဏန်းများ တွင် ဆန်စပါးထွက်ရှိမှုပိုလျှံနေသည်ကို တွေ့ရှိနေရစဉ် ရန်ကုန် အပါအဝင် မြို့ကြီး ပြကြီးများ၌ ဆန်စပါးဈေးနှုန်းများ တဖြည်းဖြည်း မြင့်တက်နေခဲ့သည့်အခြေအနေများ ကို တွေ့ကြုံခဲ့ရခြင်း၊ နိုင်ငံခြားမှ ဆန်စပါးအဝယ်ကမ်း လှမ်းချက်များကို ပြည့်မီစွာ တင်ပို့နိုင်ရေးအတွက် ထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုကို ခန့်မှန်းကိန်းကဏန်းများကို အခြေခံ၍ အားထုတ်နေရခြင်း၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ ငွေလဲနှုန်းကိစ္စ ဆွေးနွေးနေစဉ် လယ်ယာထွက်ကုန် ပို့ကုန်သမားတို့ မသေချာ၊ မရေရာသော ဝင်ငွေ တို့အတွက် မျက်ကလူးဆန်ပြာဖြစ်နေရခြင်း၊ သက်ဆိုင်ရာဌာန၊ အသင်းအဖွဲ့တို့က လယ်ယာထွက်ကုန်များ တိုးတက်တင်ပို့နိုင်ရေး အားထုတ်လုပ်ဆောင်နေစဉ် မျိုးစေ့၊ ဓာတ်မြေသြဇာ၊ ချေးငွေအရင်းအနှီးအပါအဝင် တောင်သူလယ်သမားတို့ လိုအပ်ချက် များကို သက်ဆိုင်ရာဝန်ကြီးဌာနများမှ လုံလောက်စွာ၊ ထိရောက်စွာမပံ့ပိုးနိုင်ခြင်းစသည့် ဟန်ချက်မညီသော အခြေအနေများစွာကို တွေ့ကြုံခံစားခဲ့ရပြီးဖြစ်သည်။ မူလအရင်းခံ ဖြစ်သည့် အားနည်းချက်၊ အားသာချက်များ၊ စိန်ခေါ်ချက်များနှင့် အခွင့်အလမ်းတို့ကို သုံးသပ်နိုင်စွမ်း အားနည်းခဲ့ခြင်း၊ ကဏ္ဍအလိုက် ပေါ်လစီရေးဆွဲ သူများကြား ချိတ်ဆက် ညှိနှိုင်း ဆောင်ရွက်မှုအားနည်းခဲ့ခြင်းနှင့် အကောင်အထည်ဖော် ဆောင်ရွက်ကြသည့် တာဝန်ရှိသူများကြားတွင်လည်း လုပ်ပိုင်ခွင့်နှင့် တာဝန်အပေါ် အလေးထားမှု အားနည်း ခြင်းတို့သည် အဓိကအကြောင်းတရားများပင်ဖြစ်သည်။ ထို့မှတစ်ဆင့် အနာဂတ် စီးပွားရေး မှန်းဆချက်များ လွဲချော်မှုများရှိလာခြင်း၊ တောင်သူလယ်သမားတို့ဘ၀ ရပ်တည်မှု အခက်အခဲများ ကြုံတွေ့လာရခြင်းတို့နှင့် ဝင်ငွေနိမ့်စားသုံးသူ လူအများစု၏ စားဝတ်နေရေး ကျပ်တည်းမှုများ တဖြည်းဖြည်း ဆိုးဝါးလာခြင်းတို့ ကြုံတွေ့ခဲ့ရသည်။ ထို့ကြောင့် စီးပွားရေး အဆောက်အအုံတစ်ခုလုံးနှင့် သက်ဆိုင်သည့် မေခရို စီးပွားရေးပေါ်လစီများရေး ဆွဲရာတွင် ကဏ္ဍပေါင်းစုံမှ ကျွမ်းကျင်သူများ၊ သုတေသီများ၊ စီးပွားရေးပညာရှင်များပါဝင်၍ ကဏ္ဍများကြား အပြန်အလှန်သက်ရောက်မှုများ၊ ကာလ အလိုက်ဖြစ်နိုင်ခြေများ၊ အချေအတင်ဆွေးနွေးမှုများဖြင့် ကာလအတိုင်းအတာတစ်ခု အချိန်ယူကာ ဆောင်ရွက်ရန်လိုသည်။ မေခရိုပေါ်လစီတို့၏ သက်ရောက်မှုသည် စီးပွားရေးအဆောက်အအုံအတွင်းရှိ ကဏ္ဍအားလုံးကို ဆက်စပ်မှုရှိသည့် ဒီဂရီကိုလိုက်၍ အနည်းအများသက်ရောက်မှုများရှိလာပြီး အဆုံးသတ်သက်ရောက်မှုသည် စားနပ်ရိက္ခာ ထုတ်လုပ်ပေးရာ ကဏ္ဍတွင် စုပြုံဖြစ်ပေါ်လာသည်။ အာရှရှိ ဆန်စပါးစားသုံးမှုပမာဏ များသောနိုင်ငံများထဲတွင် မြန်မာနိုင်ငံပါဝင်၏။ လယ်ယာကဏ္ဍကို နိုင်ငံခြားဝင်ငွေ ရရှိရေးအတွက် မှီခိုမှုတွင် ရာခိုင်နှုန်းအများဆုံး နိုင်ငံလည်း ဖြစ်၏။ ဆန်စပါးသည် ရိက္ခာအသက်သွေးကြောဖြစ်ဆဲ၊ ပဲမျိုးစုံသည် နိုင်ငံခြားငွေသီးရာ အထူးအားကိုးစရာ ဖြစ်နေဆဲပင်။ ဤသို့ဖြင့် လယ်ယာကဏ္ဍကို အမိမြန်မာနိုင်ငံ၏ နှလုံးသားဟု တင်စားခဲ့၏။ ငွေကြေးပေါ်လစီ၊ ဘဏ္ဍာရေးပေါ်လစီ၊ ဝင်ငွေပေါ်လစီ စသဖြင့် မေခရို ပေါ်လစီများရေးဆွဲသည့်အခါ လေးနက်စွာသဘောထား၍ စီးပွားရေးကဏ္ဍများကြား ညှိနှိုင်းဆောင်ရွက်မှုများဖြင့် လုပ်ဆောင်ခြင်း၊ ထိုပေါ်လစီတို့မှ သက်ရောက်လာမည့် အကျိုးဆက်ဖြစ်နိုင်ခြေတို့ကို မျက်စိတစ်ဆုံးကြည့်ကာ စီမံဆောင်ရွက်ထား နိုင်မှသာ အမှန်တကယ် အကောင်အထည်ဖော်နိုင်မည့် အသင့်လျော်ဆုံး ပေါ်လစီကောင်းတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။ ထိုပေါ် လစီတို့သည် နိုင်ငံ၏ နှလုံးသားဖြစ်သည့် လယ်ယာစိုက်ပျိုးရေးကဏ္ဍအတွက်လည်း များစွာအထောက်အကူ ရလာပေလိမ့်မည်။ နှလုံးသားကို အင်အားကောင်းစေချင်သည်။ နှလုံးအားနည်းပါက အခြားသော ဝေဒနာများ သွေးတိုးစမ်း ဝင်ရောက်လာနိုင်သည်။ အမှန်တကယ် ဝင်ရောက်လာ ခဲ့ပြီး နှလုံးထိခိုက်လာခဲ့သော်------။
