Background
မြန်မာ့ဆန်စပါး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချမှု ညှိနှိုင်း အစည်းအဝေး ကိုသြဂုတ်လ ၃၁ ရက် မွန်းလွဲ ၁ နာရီ တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ လယ် ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာန၊ ပြည်ထာင်စုဝန်ကြီး ဦးမြင့်လှိုင်၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဝင်းမြင့်၊ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအုန်းသန်း၊ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာပွင့်ဆန်းနှင့် ဌာန ဆိုင်ရာအကြီးအကဲများ၊ ဆန်စပါးနှင့် သက်ဆိုင်သော အသင်းအဖွဲ့များ၊ ဆန် စပါးကုမ္ပဏီများ၊ လုပ်ငန်းရှင်များ တက် ရောက်ခဲ့ကြပါသည်။
လယ်ယာစိုက်ပျိုးရေးနှင့် ဆည် မြောင်းဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင်က ဆွေးနွေး ပြော ကြားရာတွင် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် ကမ္ဘာ့ဈေးကွက်တွင် ဈေးကွက် ရရှိပြီး ဒေသနှင့် ကိုက်ညီသော မျိုးကောင်းမျိုး သန့် မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးသွား ကြစေရန်နှင့် ခေတ်မီသိပ္ပံ နည်းကျ စိုက် ပျိုး ရေးစနစ်များဖြင့် တောင်သူ လယ် သမားများ စိုက်ပျိုးလာကြစေရန် အတွက် ကြိုးပမ်းဆောင်ရွက်လျက် ရှိ ကြောင်း၊ လုပ်ငန်းရှင်များ၊ အထူးပြု ကုမ္ပဏီများအနေဖြင့်လည်း တောင်သူ လယ်သမားများ၏ လိုအပ်ချက်အရင်း အနှီးအပါအဝင်မျိုးစေ့၊ သွင်းအားစု၊ မည်သို့ ကူညီ ရိုင်းပင်းရမည်ကို တွက်ဆ ပြီး ကူညီဆောင်ရွက်ပေးကြရန် တိုက် တွန်းလိုကြောင်း၊ အထွက်နှုန်း တစ်ဆ မှ နှစ်ဆ ပိုမိုထွက်ရှိသည့် အထွက် ကောင်း မျိုးစပါးများ၊ ဘာစမာတီကဲ့သို့ နိုင်ငံခြား ဈေးကွက်တွင် အကောင်းဆုံး ဈေးနှုန်းရရှိသည့်မျိုးကို လယ်ယာစိုက် ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန စိုက်ပျိုးရေးပညာရှင်များ ကိုယ်တိုင်မှ ထုတ်လုပ်ပေးလျက်ရှိပြီး တောင်သူ လယ်သမားများသို့ ဖြန့်ဖြူးပေးရန် အဆင်သင့်ရှိကြောင်း၊ ခေတ်မီဆန် စက် ကောင်းဖြင့်ကြိတ်ခွဲခြင်းအားဖြင့် ယခင် က စပါးတင်း ၁၀၀ လျှင် ဆန်အထွက် နှုန်း တင်း၄၀ အောက်သာ လျှင် (အောက်တန်း) ရှိရာနေရာမှ အနည်း ဆုံး ၁၀ ရာခိုင်နှုန်းနှင့်အထက် အရည် အသွေးကောင်း ဆန်ပိုမိုထွက်ရှိလာ မည်ဖြစ်သည့်အတွက် အရေအတွက် သာမက ဈေးနှုန်းကောင်းပါ ပိုမိုရရှိလာ မည်ဖြစ်ကြောင်း၊ ထိုမျှသာမက ထွက်ရှိ လာမည့် အကျိုး အကြေဘေးထွက် ပစ္စည်းများကို ဆန်ကြာဆံ၊ ဆန်ခေါက် ဆွဲများ ထုတ်လုပ်နိုင်ခြင်း၊ ဖွဲနုအား ဖွဲနုဆီအဖြစ် တန်ဖိုးမြှင့် ထုတ်လုပ်နိုင် ခြင်း၊ စပါးခွံအား လျှပ်စစ် ဓာတ်အား ထုတ်လုပ်နိုင်ခြင်းစသည့် By Product များကို စပါးအခြေခံ တန်ဖိုးမြှင့် ထုတ် ကုန်(Paddy Based Industry) များ ဖြင့် ထုတ်လုပ် ရောင်းချနိုင်ခြင်းအားဖြင့် ဝင်ငွေအကျိုးအမြတ်များစွာ ရရှိစေမည် ဖြစ်ကြောင်း၊ အရည်အသွေးမကောင်း သော ဆန်တန်ချိန် ၁၀၀၀ ကိုတစ်တန် လျှင် ဒေါ်လာ ၃၀၀ ကျော်နှင့် ၄၀၀ အောက်မျှဖြင့် အဆင့်ဆင့် တင်ပို့ ရောင်းချပါက သယ်ယူပို့ဆောင်စရိတ် ပိုမိုကုန်ကျခြင်းအပါအဝင်အရည် အသွေး နိမ့်ကျခြင်းနှင့် ဈေးနှိမ်ခံရခြင်း၊ ဈေးကွက်မခိုင်မာခြင်း အကျိုးဆက် များ ဖြစ်ပေါ်လာစေမည်ဖြစ်ကြောင်း၊ အရည်အသွေးကောင်းဆန်ကို ဈေး နှုန်း ကောင်းကောင်းဖြင့်တင်ပို့ ရောင်းချ ပါက တင်ပို့မှု ပမာဏ လျော့နည်းသော် လည်း၊ သယ်ယူပို့ဆောင်စရိတ်လျော့ နည်းသည့်အပြင် လက်ငင်းဝင်ငွေများ လည်း ပိုမိုရရှိနိုင်မည်ဖြစ်ပြီး ရေရှည်တွင် မြန်မာ့ဆန်ဈေးကွက် ကမ္ဘာတွင် ပြန် လည် နေရာရရှိလာ မည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ စပါး စိုက် ပြီးဆင်းရဲနေရသည့် ဘဝမှ လွတ်ကင်း အောင် မိမိတို့ အားလုံးတွင် တာဝန်ရှိ ကြောင်း၊ ၂၀၁၅ ခုနှစ်ကို မျှော်မှန်း၍ အစွမ်းကုန်နိုင်ငံ၏ ဆန်စပါးသီးနှံကဏ္ဍ ခိုင်မာလာအောင် တောင်သူလယ် သမားများ ဆန်စပါးစိုက်ပြီး လယ်ယာ လုပ်ငန်းခွင်တွင် ပျော်မွေ့နေစေရန် မိမိတို့ လက်တွေ့ပြင်ဆင် ပြုပြင် အကောင်အထည်ဖော်နေသော လုပ် ငန်းများကို အစွမ်းကုန် ညီညွှတ်စွာ ပူးပေါင်းရိုင်းပင်း လုပ်ဆောင်ကြရန် အရေးကြီးကာလ ဖြစ်ကြောင်း၊ စိုက် ပျိုးရေးကို အခြေခံသည့် မိမိတို့နိုင်ငံ တွင် တောင်သူလယ်သမားများ စပါး စိုက်လို စိတ်ကျဆင်းပြီး မြို့ပေါ်တက် ရရာ အလုပ်များ ရှာဖွေနေကြခြင်း၊ ပြည်ပသို့ ရွှေ့ပြောင်းအလုပ်သမား (Migrate Worker) အဖြစ် ယခုထက် ပိုမိုပြောင်းရွှေ့ ရောက်ရှိသွားနိုင်သကဲ့သို့ မိမိတို့ သားစဉ်မြေးဆက် ကာလတွင် စားရေးရိက္ခာ မဖူလုံမှု ကြုံတွေ့ရနိုင် ကြောင်းဖြင့် ပြောကြားသည်။ ဆက်လက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က ပြောကြားရာ၌ ကုန်ပစ္စည်းများ သယ်ယူပို့ဆောင်ရာတွင် လမ်းကြောင်းတစ်လျှောက် တွေ့ကြုံရသည့် အခက်အခဲများကို ညှိနှိုင်းပူးပေါင်းဖြေရှင်းပေးလျက်ရှိကြောင်း၊ နိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာများ၊ အသင်း အဖွဲ့များက ပြည်သူများ၏ လိုလားချက်များကို လေ့လာသုံးသပ်ပြီး ပြုပြင်ပြောင်းလဲရန် လိုအပ်သည်များကို ပြောင်းလဲပေးရန် လိုအပ် ကြောင်း၊ လယ်ယာမြေကို လယ်သမားများ မက်မက်မောမော လုပ် ကိုင်ချင်စိတ်ရှိအောင် ထွက်ရှိလာသည့် သီးနှံများ ဈေးကောင်းရပြီး အကျိုးအမြတ်ရှိရန်လိုကြောင်း၊ ဆန်စက်များ တည်ဆောက်ရာတွင် စပါးထွက်ရှိမှု၊ သယ်ယူပို့ဆောင်ရေးလွယ်ကူမှု စသည့် အချက်များကို ထည့်သွင်းတွက်ချ က်ပြီး တည်ဆောက်မှသာ ရေရှည် အကျိုးရှိမည် ဖြစ်ကြောင်း၊ ဆန်အပါအဝင် သီးနှံများတင်ပို့မှုနှင့် ပတ်သက်၍ ကုန်သွယ်လုပ်ငန်းခွန် ၈ ရာခိုင်နှုန်းကောက်ခံနေခြင်း အစား ယခု အခါမှာ ကင်းလွတ်ခွင့်ပြုထားပြီးဖြစ်ကြောင်း၊ ထို့ပြင် လယ်ယာ သွင်း အားစုများဖြစ်သည့် မြေသြဇာနှင့် ပိုးသတ်ဆေး၊ လယ်ယာသုံး ကိရိယာများတင်သွင်းမှု အပေါ်တွင်လည်း ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့်ပြုထားကြောင်း၊ ဆန်ပြည်ပတင်ပို့ခွင့်ကို ပုံမှန်အတိုင်း ခွင့်ပြုပေးနေမည်ဖြစ်ကြောင်း၊ အောက်တိုဘာလမှစ၍ ထွက်ရှိသော မိုးစပါးများ အရန်ဆန်ဝယ်ယူခြင်းကို တင်ဒါစနစ်ဖြင့် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း၊ လယ်သမားများဝင်ငွေတိုးစေရန်အတွက် နည်း လမ်းများရှာဖွေဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း အထွက်တိုးအောင်ဆောင်ရွက်ခြင်းဖြင့် ပြည်ပ သို့ ပိုမိုတင်ပို့နိုင်အောင် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ လယ်ယာထွက်ကုန်သီးနှံများနှင့် ပတ် သက်၍ ပြည်ပဈေး ကွက် ပုံမှန်ရှိစေရန် ခွင့်ပြုပေးနေမည်ဖြစ်ပြီး ပြည်တွင်းလိုအပ်ချက်ရှိပါက လည်း ပြည်တွင်း စားသုံးမှု မထိခိုက် စေရန် ပြည်ပမှ တင်သွင်းခွင့်ပြုပေးခြင်းဖြင့် ထိန်းညှိပေးသွား မည် ဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍနှင့် ပတ်သက်၍ Supply Chain တစ်ခုလုံးတိုးတက်အောင် ဝယ်ယူရောင်းချကြိတ်ခွဲရန်ရှိသည်များ ကို ဈေးကွက်သဘောအတိုင်းလွတ်လပ်စွာ ဆောင်ရွက်ခွင့်ပြုသွား မည် ဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအုန်းသန်းမှ နိုင်ငံတစ်ဝန်းလုံးတွင် ၂၀၁၂-၂၀၁၃ ခုနှစ် မိုးစပါးရာသီ၌ မိုးစပါးဧက ၁၆ ဒသမ ၂၆သန်းကျော် စိုက်ပျိုး၍ တစ်ဧကမျှော်မှန်းပျမ်းမျှ အထွက်နှုန်း ၇၈ ဒသမ ၈၁ တင်းနှုန်းဖြင့် စပါးတင်းသန်းပေါင်း ၁၂၈၁ ဒသမ ၈၈သန်း ထုတ်လုပ်နိုင်ရန် လျာ ထားဆောင်ရွက်လျက်ရှိကြောင်း၊ သြဂုတ်လ ၃၀ ရက်အထိ မိုးစပါး ဧက ၁၃ ဒသမ ၄၇ သန်းကျော် စိုက်ပျိုးနိုင်ခဲ့ရာ ၈၂ ဒသမ ၈၄ ရာခိုင်နှုန်းစိုက်ပျိုးပြီးဖြစ်ကြောင်း၊ ပျက်စီးမှုဖြစ်ပေါ်သော စိုက်ခင်း များအား ရေကျချိန်တွင် အချိန်မီပြန်လည်စိုက်ပျိုးနိုင်ရေး သက်တမ်း တိုအရန်စပါးမျိုးများကို စုဆောင်းထားရှိရာ အရန်မျိုးစပါးတင်းပေါင်း ၄၀၃၉၇၆ တင်း စုဆောင်းထားရှိပြီးဖြစ်၍ မျိုးလိုအပ်ချက်များ အပြည့် အ၀ ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ ဆက်လက်၍ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးမှ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မင်းမှ ၂၀၁၁-၂၀၁၂ စိုက်ပျိုး ရာသီ မိုးစပါးနှင့် နွေစပါးထွက်ရှိမှု၊ စားသုံးမှု၊ ပိုလျှံမှုလက်ကျန် အခြေ အနေနှင့် ပြည်တွင်းစီးဆင်းမှု အခြေအနေများကိုလည်းကောင်း၊ ပင်လယ်ရေကြောင်းမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူဆန်ပြည်ပတင်ပို့မှု အခြေအနေများကို ညွှန်ကြားရေးမှူး ဦးမင်းမင်းမှလည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးမှ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ်နှင့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် ကာလတူ ဆန်ပြည်ပတင်ပို့မှု အခြေအနေများကို လက်ထောက် ညွှန်ကြားရေးမှူး ဦးစိန်ဝင်းမှလည်းကောင်း ရှင်းလင်းတင်ပြခဲ့ပါသည်။ တက်ရောက်လာကြသည့် မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်၊ မြန်မာနိုင်ငံ ဆန်စပါး ကုန်သည်များအသင်း၊ မြန်မာနိုင်ငံ ဆန်စက် လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံ ဆန်စပါးစိုက်ပျိုး ထုတ်လုပ် သူများအသင်း၊ ပင်လယ်ရေကြောင်းမှ ဆန်ပြည်ပတင်ပို့သည့် လုပ် ငန်းရှင်များ၊ နယ်စပ်ဒေသမှ ဆန်ပြည်ပတင်ပို့သည့် ကုမ္ပဏီလုပ်ငန်း ရှင်များမှ လုပ်ငန်းအခြေအနေများနှင့် အခက်အခဲများကို ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ MAPT
မြန်မာနိုင်ငံသည် ယနေ့တိုင် လယ်ယာကဏ္ဍကို အဓိက အား ထားနေရသလို စုစုပေါင်းလူဦးရေ၏ အများစု (သုံးပုံ နှစ်ပုံ) ၏ အသက်မွေးဝမ်းကြောင်းသည် လယ်ယာကဏ္ဍအပေါ် အမှီပြုနေရ သောကြောင့် လယ်ယာကဏ္ဍဖွံံ့ဖြိုးတိုးတက်မှုသည် မြန်မာနိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသာမကဘဲ ကျေးလက်ဆင်းရဲ မှု လျော့ချ ရေးအတွက်ပါ အရေးပါသောကြောင့် လက်ရှိအချိန်တွင် လယ်ယာ ကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် အထူးအားသွန် ဆောင်ရွက်ရတော့ မည်ဖြစ်သည်။
အစိုးရသစ်လက်ထက်နိုင်ငံတော်၏ စီးပွားရေးကို ဈေးကွက် စီးပွားရေးစနစ် ကျင့်သုံးနေသည့်အပြင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေး အတွက် နိုင်ငံရေး၊ စီးပွားရေး ၊ လူမှုရေး အဘက်ဘက်မှ ပြုပြင် ပြောင်းလဲမှုများ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေပြီဖြစ်သည်။ နိုင်ငံတိုင်းနီးပါး အပြင်ကိုရှုမျှော်သည့် စီးပွားရေး ပေါ်လစီ (Outward Looking Economic Policy) ကို ကျင့်သုံးနေခြင်း ၊ ယခုအခါ Globalization အရှိန်အဟုန် မြင့်မားလာ မှုနှင့်အတူ နိုင်ငံ တိုင်း၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုသည် ကမ္ဘာ့နိုင်ငံများနှင့် ပေါင်းစပ် ဆောင်ရွက်မှု(Global Integration)ပေါ် မူတည်လာသည့် အတွက် နိုင်ငံတကာ ကုန်သွယ်မှုနှင့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုတို့သည် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်သည့် အဓိကတွန်းအားများပင် ဖြစ်လာသည်။ ပြီးခဲ့သည့် ဆယ်စုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု အရှိန်အဟုန်မြင့် မားခဲ့သည့် အာရှနိုင်ငံများ၏ အတွေ့အကြုံအရ ကုန်သွယ်မှုကဏ္ဍ သည် ဦးဆောင်ကဏ္ဍမှ ပါဝင်ခဲ့ပြီး နိုင်ငံတိုင်း ပို့ကုန်ဦးဆောင်သည့် တိုးတက်မှုပုံစံ(Export Led Growth Model) ဖြင့် တိုးတက်လာခဲ့ ပေသည်။ လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုမြင့်မားခဲ့သော ထိုင်း ၊ ဗီယက်နမ် တို့၏ အတွေ့အကြုံအရ ကမ္ဘာ့ဈေးကွက်ဝင် အရည်အသွေးမီ သီးနှံများ၊ စိုက်ပျိုးထုတ်လုပ် တင်ပို့နိုင်မှုအပေါ် အခြေခံလျက် ရှိ ပေသည်။ မြန်မာ့လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန် လက်ရှိ လယ်ယာကဏ္ဍတွင် ဖြစ်ပေါ်နေသော အခြေအနေများ၊ တွေ့ကြုံနေ ရမည့် အခက်အခဲများ၊ အတားအဆီးများကို မှန်မှန်ကန်ကန် သုံးသပ် ဖြေရှင်းပေးရန် လိုအပ်သလို တစ်ဖက်မှာလည်း လက်တွေ့ကျသည့် နည်းဗျူဟာများ (Pragmatic Strategies) များ ချမှတ်ဆောင်ရွက် ရမည် ဖြစ်ပေသည်။ လယ်ယာစိုက်ပျိုးရေးနှင့်ပတ်သက်သော လေ့လာချက်များတွင် အောက်ခြေလယ်သမားအများစုမှာ မိရိုးဖလာလယ်ယာစိုက်ပျိုးရေး ကိုသာ လုပ်ကိုင်နေသေးခြင်း (Traditional Agriculture)၊ စိုက်ပျိုး ရေးအတွက် အရင်းအနှီး လုံလောက်စွာမရှိခြင်း (Inadequate Working Capital)၊ ဈေးကွက်ဈေးနှုန်း နည်းပညာ သတင်းအချက် အလက် ရရှိမှုနိမ့်ကျခြင်း (low access to Information)၊ လယ် သမားများ ဈေးကွက်ေ ပါက်ဈေးဖြင့် ရောင်းချနိုင်သော ဈေးကွက်များ မရှိသေးခြင်း (Less Of Market)စသည့် အခြေခံကျသည့် အချက် များသည် လက်ရှိလယ်ယာ ကဏ္ဍ၏ အဓိကရင်ဆိုင်တွေ့ကြုံနေရ သည့် အခက်အခဲများဖြစ်ပြီး၊ လယ်ယာကဏ္ဍ၏ မဖွံ့ဖြိုးမတိုးတက်ရ ခြင်း၏ အကြောင်းရင်းများပင်ဖြစ်သည်။ ဘာကြောင့်မိရိုးဖလာ စိုက် ပျိုးရေးကို လုပ်ဆောင်နေရသလဲ ဆိုသည့်အချက်ကို ဆန်းစစ်မည် ဆိုပါက လယ်သမားအများစုသည် ယခင်က ပြုလုပ်နေ ကျ ဖြစ်သော စိုက်ပျိုးရေးစနစ်များအတိုင်း ပြောင်းလဲမှုမရှိသလို နှစ်စဉ်အထွက်မှ မျိုးချန်ပြီး စိုက်ပျိုးသည့် အလေ့အထ ရှိသောကြောင့် မျိုး၏အာနိသင် ကျဆင်းလာမှုမှတစ်ဆင့် အထွက်နှုန်းကို လျော့နည်းစေသလို ထွက်လာသည့် သီးနှံ၏ အရည်အသွေးကိုလည်း လျော့နည်းစေ သည်။ ထို့အတွက် အထွက်ကောင်းမျိုးများ ၊ Hybrid Seeds မျိုးမှာ အထူးစိုက်ပျိုးရန် အထူးလိုအပ်နေပြီဖြစ်သည်။ လယ်သမား လူတန်းစားသည် အသိပညာနိမ့်ကျမှုနှင့်အတူ လယ်ယာလုပ်ငန်းကိုသာ မိသားစုစားဝတ်နေရေးအတွက် အဓိကမှီခို နေရသဖြင့် တစ်ခုခုကို ပြောင်းလဲလုပ်ကိုင်ရန် အင်မတန် ခက်ခဲပါ သည်။အကြောင်းမှာမသေချာမှုကြောင့်တစ်နှစ်လွဲချော်ခဲ့ပါလျှင် ကြွေး မြီတင်ရှိမှု သုံးလေးနှစ်ဆပ်၍ မဆုံးနိုင်အောင်ပင် ဖြစ်လေ့ရှိပေသည်။ ဆိုလိုသည်မှာ လယ်သမားများသည် စွန့်စားမှုမလုပ်လိုသူများ (risk Avoiders) ဖြစ်ပြီး လက်တွေ့မျက်စိဖြင့် မမြင် မချင်း လွယ်လွယ် ကူကူ လက်ခံလေ့မရှိပေ။ ထိုအချက်သည် လယ်သမားများအား ဘယ်သီးနှံ၊ဘယ်မျိုးစိုက်ပျိုးပါဟုတိုက်ရိုက်တိုက်တွန်းခြင်း ထက် ဒေသ ရေမြေအခြေအနေ အရ လယ်သမားများ လက်ခံနိုင်မည့် အထွက်တိုး အထွက်ကောင်းနှင့်စပ်မျိုးများ၊ နမူနာ စံပြစိုက်ကွင်းများ ကျယ်ကျယ် ပြန့်ပြန့် လယ်သမားများလက်ခံ စိုက်ပျိုးလာအောင် ကြိုးစားသင့်ပါ သည်။ အရေးကြီးသည့်အချက်မှာ စိုက်ပျိုးသူ လယ်သမားများ ကိုယ် တိုင်က မျိုးစေ့များ ပြောင်းလဲစိုက်ပျိုးခြင်းဖြင့် အမှန်တကယ် အကျိုး ရှိပြီး ကြိုက်နှစ်သက် လက်ခံမှသာ ရေရှည်တည့်တံ့မည် ဖြစ်သည်။
လယ်သမားများ၏ သဘောထားခံယူချက် (Mindset) ပြောင်း လဲရေး မိရိုးဖလာစိုက်ပျိုးရေး (traditional agriculture) မှ စီးပွား ဖြစ်စိုက်ပျိုးရေး (commercial agriculture) သို့ ကူးပြောင်းနိုင်ရေး အတွက် အဓိကကျသူများမှာ လယ်သမားများဖြစ်သည့်အတွက် ၎င်း တို့၏ လယ်ယာလုပ်ငန်း အပေါ် ထားရှိသည့် သဘောထားပြောင်း လဲရန်လိုအပ်နေပေသည်။ အထူးသဖြင့် စိုက်ပျိုးထုတ်လုပ်မှုကို မိသား စု ဝမ်းစာဖူလုံမှု ကာမိရုံနှင့် ပိုလျှံသည့်အနည်းငယ်ကို ဒေသအတွင်း ရောင်းချနေသည့် အလေ့အထမှ မိမိ၏စိုက်ပျိုးထုတ်လုပ်မှုကို ဒေသ ဈေးကွက် ပြည်တွင်းဈေးကွက်သာမကတော့ဘဲ ကမ္ဘာ့ဈေးကွက် အထိ ထိုးဖောက်နိုင်သော သီးနှံများ စိုက်ပျိုးထုတ်လုပ် လာစေရေး ပင် ဖြစ်သည်။ ဤအချက်သည် လယ်ယာကဏ္ဍဖွံ့ဖြိုးရေးအတွက် အရေးကြီး ဆုံးဖြစ်သလို ကျယ်ပြန့်သည့်အလျှောက် အထူးဦးစားပေး ဆောင် ရွက်ရန် လိုအပ်ပါသည်။ ထိုင်း၊ ဗီယက်နမ် လယ်သမားများကဲ့သို့ မိမိလယ်ယာလုပ်ငန်းကို တန်းဖိုးထားချစ်မြတ်နိုးပြီး ကမ္ဘာ့ဈေးကွက် ဝင် သီးနှံများထုတ်လုပ်ခြင်းအားဖြင့် မိသားစုအခြေအနေ မြှင့်တင်နိုင် သလို တိုင်းပြည်၏ စီးပွားရေးကိုလည်း အတိုင်းအတာတစ်ခုအထိ မြှင့်တင်ပေးနိုင်ကြောင်း လယ်သမားများ သိရှိဖို့လိုအပ်နေပြီဖြစ်ပေ သည်။ ထိုသို့ဆောင်ရွက်စေရေးတွင် အောက်ခြေလယ်သမားများ၏ (capacity building) စွမ်းဆောင်ရည် တည်ဆောက်ခြင်းနဲ့လည်း ဆိုင်ပေသည်၊ မြန်မာ့လယ်ယာစိုက်ပျိုးရေး တိုးတက်ဖို့ အောက်ခြေ လယ်သမားမှစတင်ပြောင်းလဲနိုင်ရန် အချိန်ကျနေပြီဖြစ်သည်။
စီးပွားဖြစ် လယ်ယာစိုက်ပျိုးရေး (Commercial Agriculture) ပေါ်ပေါက်ရေး ဈေးကွက်စီးပွားရေးစနစ်တွင် ကုန်ထုတ်လုပ်မှုသည် ဈေးကွက် ဝယ်လိုအားပေါ် မူတည်၍ လုပ်ဆောင်မှသာ အကျိုးအမြတ်ရရှိနိုင် မည်ဖြစ်သည်။ ထို့အတူ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းသည် လည်း ဈေးကွက် က တောင်းဆိုသော (သို့မဟုတ်) ဈေးကွက်ကလိုအပ်နေ သော ကုန်စည်များ ထုတ်လုပ်ရောင်းချနိုင်မှသာ အကျိုး အမြတ်ရှိ မည်ဖြစ်ပြီး၊ ရေရှည်တည်တံ့သော တိုးတက်မှု (Sustainable development ) ဖေါ်ဆောင်နိုင် မည် ဖြစ်သည်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အဓိကလိုအပ်ချက်များမှာ လက်ရှိ စိုက် ပျိုးနေသော မျိုးကွဲပေါင်းများစွာနှင့် စိုက်ပျိုးရာမှ ဒေသအလိုက် ကိုက်ညီသည့် အထွက်ကောင်း အထွက်တိုး စပ်မျိုးများ တစ်မျိုး နှစ်မျိုး ဖြင့် အစားထိုးရန်လိုအပ်ခြင်း၊ အထွက်တိုးမျိုးများ ကျယ်ကျယ် ပြန့်ပြန့် ထုတ်လုပ်ခြင်းနှင့် မျိုးစေ့ကုမ္ပဏီများ ထူထောင်ရန်လိုအပ် ခြင်း၊ အခြားအရေးကြီးသည့် လယ်ယာသွင်းအား စုများဖြစ်သည့် လယ်ယာသုံး စက်ကိရိယာများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေး၊ ရေ ရရှိမှု စသည်တို့ကို အချိန်မီ ရရှိစေရန် စီမံ ဆောင်ရွက် ပေးရမည် ဖြစ်သည်။ တစ်ဖက်တွင်လည်း အဆိုပါ သွင်းအားစုမှာ အချိန်လိုက် သုံးစွဲနည်းနှင့် စိုက်ပျိုးနည်းစနစ်များကိုလည်းလယ်သမားများအကြား ပျံ့နှံ့အောင် ဆောင်ရွက်ရ မည်ဖြစ်သည်။ လယ်ယာဖွံ့ဖြိုးတိုးတက် ရေးနှင့် ပတ်သက်၍ နိုင်ငံတော်အပိုင်း မှ ဖြည့်စွက်ဆောင်ရွက်ပေးရ မည့် အစီအစဉ် ငါးရပ်ဟု ဖွံ့ဖြိုးမှု ယေဘူယျလက်ခံထားပြီး ၎င်းတို့ မှာ-- ကျေးလက်အခြေခံအဆောက်အဦး (Infrastructure)- ဆွဲဆောင်မှုများ (Incentives)- သွင်းအားစုအသုံးပြုမှု (Inputs Utilization)- ဆည်မြောင်းရေရရှိမှု (Irrigation)- သတင်းအချက်ရရှိစေမှု(Information) စသည့် ငါးရပ် ဖြစ် ပြီး အတိုကောက်အားဖြင့် 5 Is ဟု လူသိများပါသည်။
လုံလောက်သည့် လယ်ယာအရင်းအနှီး ရရှိနိုင်ရေး လယ်ယာကဏ္ဍ မဖွံ့ဖြိုးရသည့် အခြေခံအကြောင်းရင်း တစ် ရပ်မှာ လုံလောက်သည့် လယ်ယာ အရင်းအနှီး မရရှိမှုသည် ထင်ရှား သည့် လက္ခဏာ တစ်ရပ်ဖြစ်ပြီး စစ်တမ်းများအရ ကျေးလက်ချေးငွေ ရရှိမှု၏ သုံးပုံနှစ်ပုံခန့်သည် Informal Sector ဟုဆိုသည့် ပုဂ္ဂလိက ငွေချေးသူများထံမှ မြင့်မားသောအတိုးနှုန်းဖြင့် ယူနေရဆဲပင် ဖြစ် သည်။ ဆန်စပါးစိုက်ပျိုးသော လယ်သမားများအတွက် တစ်ဧကလျှင် ယခင်ကျပ် ၄၀၀၀၀ မှ ယခုအခါကျပ် ၅၀၀၀၀ အထိ တိုးမြှင့်ပေး ခဲ့သော်လည်း တစ်ဧက ထုတ်လုပ်မှု ကုန်ကျစရိတ် ပျမ်းမျှ ကျပ် တစ်သိန်းခွဲမှ နှစ်သိန်းအထိ ကုန်ကျနေသောကြောင့် ပျမ်းမျှ သုံးပုံ တစ်ပုံသာ ကာမိပေသည်။ အမှန်တကယ်မူ ကျေးလက်ဒေသများ တွင်တရားဝင်ဖွင့်လှစ်ထားသည့် ဘဏ္ဍာရေးအဖွဲ့အစည်းများ (Financial Institutions) မရှိသေးသည့်အတွက်လည်း လယ်ယာ စိုက် ပျိုးရေးနှင့်ကျေးလက်ဖွံ့ဖြိုးမှုဘဏ်တစ်ခုတည်းသာ အကန့် အသတ် ဖြင့် ချေးငွေပေးနေရဆဲ ဖြစ်သည်။ လယ်သမားများ အများစုသည် အစဉ်အလာအားဖြင့် ကျင့်သုံးခဲ့သည့် ပင်ထောင်စနစ်ဖြင့် ငွေချေး သည့်နည်းလမ်း (လက်ရှိစိုက်ပျိုးသည့် သီးနှံကို ကြိုရောင်းခြင်း) ကို သာ အားကိုးနေရဆဲ ဖြစ်သည်။ ပင်ထောင်စနစ်ကြောင့် ပေးသည့် အတိုးနှုန်းသည် အနည်းဆုံး ၁၀၀ ရာခိုင်နှုန်းထက် မလျော့ကြောင်း သုတေသနစာတမ်းများကဖော်ပြကြပါသည်။လယ်ယာမဲ့များအတွက် အတိုးနှု န်းကြီးမြင့်သော နေ့ပြန်တိုးစနစ်ဖြင့် တရားမဝင်ချေးငွေကို သာ အားကိုးနေရသည်။ လက်တွေ့ကျေးလက် ဒေသ များ၌ ချေးငွေ (တရားဝင် ချေးငွေနှင့် တရားမဝင်ချေးငွေ နှစ်မျိုးစလုံး ) ရရှိနိုင်မှု အားနည်းနေသည့် အတွက် ကျေးလက်ဒေသတွင် လည်ပတ် အရင်း အနှီး (working capital) ယခုထက်ပိုမိုရရှိမှသာ စီးပွားဖြစ် လယ်ယာ စိုက်ပျိုးရေးကို ဖော်ဆောင် နိုင်မည်ဖြစ်သည်။ ထို့အတွက် ကျေးလက် ဒေသအရင်း အနှီးပိုမိုရရှိနိုင်ရေးနည်းလမ်းလေးသွယ်ဖြင့်ဖော်ပြပါမည်။
နည်းလမ်း (၁) - ပုဂ္ဂလိကဘဏ်များအား လုပ်ကိုင်ခွင့်ပြုခြင်း ယခုအခါ လယ်ယာမြေဥပဒေသစ်ကို ပြဌာန်းပြီးသည့်အတွက် လယ်ယာမြေပေါင်နှံ၊ ရောင်းချ၊ လွှဲပြောင်းခြင်းတို့ကို တရားဝင် ပြု လုပ်ခွင့်ရှိလာမည်ဖြစ်သည်။ထို့အတွက် လယ်ယာမြေများကို အပေါင် ခံ၍ ငွေချေးခြင်းလုပ်ငန်းကို နိုင်ငံပိုင်ဘဏ်များ သာမကဘဲ ပုဂ္ဂလိက ပိုင်ဘဏ်များကိုပါ စနစ်တကျလုပ်ကိုင် ခွင့်ပြုခြင်းအားဖြင့် လယ် သမားများ လိုအပ်နေသည့် အရင်းအနှီးကို အတိုင်းအတာတစ်ခု အထိ ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။
နည်းလမ်း (၂)- ကျေးလက်ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ (Rural Financial Institutions) တည်ဆောက်ရေး ကျေးလက်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု (Rural Financial Institutions)) ရှိမှသာ ကျေးလက်ကို အခြေခံသည့် လယ်ယာလုပ်ငန်းများရော၊ လယ်ယာမဟုတ်သည့် လုပ်ငန်းများ အတွက်ပါ ချေးငွေများ ကျယ်ကျယ်ပြန့်ပြန့်ရရှိနိုင်မည်ဖြစ်သည်။ ဆိုလို သည်မှာ ကျေးလက် ရွာကြီးများအဆင့်အထိ ကျေးလက်ဘဏ် (Village Banks) များ ထူထောင်ပေးခြင်းပင်ဖြစ်သည်။ အိမ်နီးနားချင်း နိုင်ငံများ၏ အတွေ့အကြုံအရ အဆိုပါဘဏ် များသည် ကျေးလက်ချေးငွေရရှိရာ အဓိက ဇာစ်မြစ်များဖြစ်ကြောင်း တွေ့ရသည်။ လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးရေးသာမကဘဲ လယ်ယာ မဟုတ်သောလုပ်ငန်းများဖွံ့ဖြိုးရေးကိုပါ အားပေးသောကြောင့် ကျေး လက်နေပြည်သူများ၏ လူနေမှုဘဝမြှင့် တင်ရေးအတွက် အရေးပါ ပေသည်။ ဥပမာ အင်ဒိုနီးရှားနိုင်ငံ၏ ကျေးလက်ဖွံ့ဖြိုးမှု အစီ အစဉ်တွင် ကျေးရွာဘဏ် များ၏ ဖွင့်လှစ်ဆောင်ရွက်မှုကြောင့် ကျေး လက်အခြေခံလုပ်ငန်းများ ပိုမိုဖြစ်ထွန်းလာမှုကြောင့် အောင်မြင်သည့် အတွေ့အကြုံများ ရှိခဲ့ပေသည်။ ယခုအချိန် မြန်မာနိုင်ငံကျေးလက် ဒေသများတွင် လယ်သမားကြီးများအနေဖြင့် ယခင်ကထက် စီးပွား ရေးကောင်းလာမှုနှင့်အတူ ငွေပိုငွေလျှံများရှိလာကြပြီး မိမိအိမ် တွင်သာ သိမ်းထားခြင်းကြောင့် ငွေသေများအဖြစ် ရှိနေသလို တစ် ဘက်တွင်လည်းငွေကြေးအရင်းအနှီးလိုအပ်သည့် လယ်သမားငယ် များနှင့် လယ်ယာမဲ့များရှိနေပေသည်။ ထို့အတွက် ကျေးလက် အတွင်း ငွေကြေးလည်ပတ်နိုင်ေ သာ ကျေးလက်ဘဏ်လုပ်ငန်းများ ထူထောင်ခြင်းမှတစ်ဆင့် လယ်ယာစိုက်ပျိုးရေးအတွက်သာမကဘဲ ကျေးလက် အခြေခံအသေးစားနှင့် အလတ်စား ကုန်ထုတ်လုပ်ငန်း များ၊ဝန်ဆောင်မှုလုပ်ငန်းများတိုးတက်မှုအတွက်ပါများစွာ အထောက် အပံ့ ပြုနိုင်ပါသည်။
နည်းလမ်း (၃)- ကန်ထရိုက် လယ်ယာစနစ်တိုးချဲ့ရေး အရင်းအနှီးနှင့် ဈေးကွက်အာမခံချက်ရှိသော ပြည်တွင်း၊ ပြည်ပ လုပ်ငန်းရှင်များနှင့်လယ်သမားများ အကျိုးတူ ပူးပေါင်း ဆောင်ရွက် ခြင်းအားဖြင့် စီးပွားဖြစ်လယ်ယာ၌ လိုအပ်သော အရင်းအနှီးသာ မကဘဲ သွင်းအားစုများနှင့် နည်းပညာများ ရရှိစေပြီး လယ်သမားများ အတွက် အကျိုးစီးပွားဖြစ်ထွန်းစေနိုင်သည့် နည်းလမ်းဖြစ်သည်။
နည်းလမ်း(၄)-အသေးစားချေးငွေလုပ်ငန်းများ (microfinance) တိုးချဲ့ရေး ကျေးလက်ဒေသများအတွက် အခြားအရင်းအနှီးဇာစ်မြစ်တစ်ခု မှာကျေးလက်အသေးစား ငွေချေးလုပ်ငန်း များဖြစ်ပြီး ယခုအခါ နိုင်ငံ တော်မှ အသေးစားချေးငွေလုပ်ငန်း ဥပဒေ (Microfinance Law) ပြဌာန်းပြီး ဖြစ်သည့် အလျောက် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ INGOs များအပြင် ပြည်တွင်း INGO များပါ လုပ်ပိုင်ခွင့်ပြုထားပြီး ယနေ့အထိ အဖွဲ့အစည်းနှင့် ကုမ္ပဏီပေါင်း ၇၀ ကျော် လုပ်ကိုင် ခွင့်ပြုထားကြောင်း သိရသည်။အိမ်နီးနား ချင်းနိုင်ငံများနှင့် နှိုင်းယှဉ် လျှင် ကျေးလက်အသေးစားငွေချေးလုပ်ငန်းများ၏ အခန်းကဏ္ဍ ယခင်က အရေးမပါခဲ့ေ သာ်လည်း ယခုအခါ အဓိကလိုအပ်နေသော အသေးစားချေးငွေလုပ်ငန်း ဥပဒေ ပေါ်ထွက်လာမှု ကြောင့် ကျေး လက်၏အရင်းအနှီးလိုအပ်ချက်ကို တစ်စိတ်တစ်ပိုင်းဖြည့်စွမ်းနိုင်တော့ မည်ဖြစ်သည်။ ကိန်းဂဏန်းများအရ ၂၀၀၉ -၂၀၁၀ ခုနှစ်တွင် မြန်မာ နိုင်ငံ၌ရှိသော အသေးစားချေးငွေသည် စုစုပေါင်း ဒေါ်လာသန်း ၂၇ သန်း ဝန်းကျင် ရှိပြီး၊ လိုအပ်ချက်မှာ အမေရိကန် ဒေါ်လာ သန်း ၆၀၀ ဝန်းကျင်လိုအပ်ကြောင်း ခန့်မှန်းတွက်ချက်မှုများရှိသော ကြောင့် အသေးစားငွေချေးလုပ်ငန်းများ များစွာလိုအပ်နေကြောင်း ဖော်ပြနေသည်။
ထိရောက်သည့် သတင်းအချက်အလက် ဆက်သွယ်ရေးကွန်ရက် (effective information network ) တည်ဆောက်ရေး
ရိုးရာလယ်ယာစိုက်ပျိုးရေးမှ စီးပွားဖြစ်လယ်ယာစိုက်ပျိူးသို့ ပြောင်းလဲစေရန်အတွက်အထူးလိုအပ်နေသည့် အချက်မှာ ကျေး လက်အရောက်အချိန်နှင့်တစ်ပြေးညီဖြစ်ပေါ်နေသောသတင်းအချက် အလက်များကို လယ်သမားများ လက်ခံရယူနိုင်မှုအားနည်းနေခြင်း ပင်ဖြစ်သည်။ အထူးသဖြင့် လယ်ယာသီးနှံများ ၏ ပြည်တွင်း ပေါက် ဈေးနှုန်းများ၊ နိုင်ငံတကာဈေးနှုန်းများ၊ ကမ္ဘာ့ဈေးကွက်များ စိုက်ပျိုး ရေးနှင့်ပတ်သက်သည့် အထွက်တိုးမျိုးများ၊ စပ်မျိုးများ ဈေးကွက်ဝင် သီးနှံများ၊ စိုက်ပျိုးရေးနည်းပညာများ ပြောင်းလဲနေသည့်ရာသီဥတု အခြေအနေ၊ ကျရောက်ဖွယ်ရှိသည့် သဘာဝဘေးအန္တရာယ်များ စသည့်သတင်းများ လယ်သမားများအတွင်း အချိန်မီရရှိ ရေး အထူး အရေးကြီးပါသည်။ ထို့အတွက် အထိရောက်ဆုံးနည်းလမ်းတစ်ခု မှာ ကျေးလက် အရောက် လယ်သမားအများစု တတ်နိုင်သည့် မိုဘိုင်း ဖုန်း (mobile phones)များ ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနိုင်စေရန် စီစဉ်ပေးခြင်းပင် ဖြစ်သည်။ အိမ်နီးနားချင်းနိုင်ငံများမှ လယ်သမား များ လယ်ယာလုပ်ငန်းလုပ်ကိုင်ရင်း မိုဘိုင်းဖုန်းဖြင့်သတင်းအချက် အလက်များရယူသည့်ပုံများ အင်တာနက်တွင် မကြာမကြာတွေ့မြင် နေရမည်ဖြစ် သည်။ သို့သော် မြန်မာနိုင်ငံ၌မူ ကျေးလက်လယ်သမား အများစုသည် မိမိထုတ်လုပ်သောသီးနှံများ၏ မြို့များတွင် ဖြစ်ပေါ် နေသည့် ဈေးကွက်ပေါက်ဈေးများ နိုင်ငံတကာဈေးနှုန်များ မသိရှိ ကြဘဲ သီးနှံပေါ်ချိန်တွင် ရွာအရောက် လာရောက် ဝယ်ယူကြသည့် ပွဲစားများမှတစ်ဆင့်နိမ့်သောဈေးနှုန်းဖြင့်သာ ရောင်းချနေဆဲဖြစ် သည်။ လေ့လာချက်များအရ အဆိုပါအလေ့အကျင့်သည့် ယနေ့ တိုင်အောင် လယ်သမားများ အများဆုံးကျင့်သုံးေ နသည့် ရောင်းချမှု စနစ်ဖြစ်ကြောင်းသိရသည်။ ၎င်းအချက်မှာလယ်သမား များ ဈေးကွက် ဈေးနှုန်းသတင်း အချက်အလက်များ လက်ခံရရှိမှု အထူး အားနည်း နေကြောင်းဖော်ပြသည်။ ယနေ့အထိ သတင်းအချက်အလက်များကို မြို့ပေါ်အရောက်အပေါက်များသည့် ရွာသား အချင်းချင်းထံမှသာ ရရှိနေကြောင်း လယ်ယာစစ်တမ်းများက ဖော်ပြကြသည်။
လက်ကားကုန်စည်ဒိုင်များ (comodity exchanges) ကျယ်ကျယ် ပြန့်ပြန့် ထွန်းကားလာရေး လက်ရှိဖြစ်ပေါ်နေသော လယ်ယာကဏ္ဍ၏ အခြေခံ အခက် အခဲများဖြစ်သည့် သီးနှံပေါ်ချိန် ဈေးနှုန်း နိမ့်ကျမှု/အရည်အသွေးမီ သီးနှံများထုတ်လုပ်မှု အားနည်းခြင်း၊ ဈေးကွက်က တောင်းဆိုသော သီးနှံများအချိန်မီ မစိုက်ပျိုးနိုင်ခြင်း၊ စိုက်ပျိုးရေးအတွက် ငွေအရင်း အနှီး လုံလောက်မှုမရှိခြင်း၊ ဈေးကွက်နှင့် ဈေးနှုန်းများ စိုက်ပျိုးရေး နည်းစနစ်နှင့် နည်းပညာများ ရာသီဥတု စသည့်သတင်းအချက် အလက်များ ရယူမှုအား နည်းခြင်းစသည့် အခြေခံ အခက်အခဲများကို လက်ကားကုန်စည်ဒိုင်များ တစ်ပြည်လုံး ကျယ်ကျယ်ပြန့်ပြန့် တိုးချဲ့ တည်ဆောက်ခြင်းဖြင့် ဖြေရှင်းနိုင်သည့်အပြင် မှန်ကန်သော ရောင်း ဝယ်မှုစနစ်နှင့် အရည်အသွေးကို အပြည်အ၀ အာမခံနိုင်ခြင်းကြောင့် စီးပွားဖြစ်လယ်ယာပေါ်ထွန်းရေးအတွက် အဓိက တွန်းအားတစ်ရပ် ပင် ဖြစ်သည်။ လက်ကားကုန်စည်ဒိုင်များတည်ဆောက်ရာတွင် ခေတ် မှီ သိုလှောင်ရုံများပါ ပါဝင်သည့်အလျှောက်လယ် သမားများ ဈေး ကွက် ပေါက်ဈေးနှုန်း ဖြင့် လာရောက်ရောင်းချနိုင်သလို မရောင်းချ လိုသေးပါက အပ်နှံထားမည်ဆိုလျှင်လည်း လိုင်စင်ရ အရည်အသွေး စစ်ဆေးသူများက စစ်ဆေးလက်ခံပြီး လက်ခံပြေစာ ထုတ်ပေးခြင်း အားဖြင့် လယ်သမားသည် ၎င်းပြေစာအား ပေါင်ထားခြင်း၊ ရောင်းချ ခြင်း၊ လွှဲပြောင်းခြင်းတို့ကို လုပ်ဆောင်နိုင်မည်ဖြစ်သည်။ သီးနံှ၏ အရည်အသွေး အဆင့်အတန်းအရ ဈေးနှုန်းများကွာဟချက်ကို လယ် သမားများ ကိုယ်တိုင်တွေ့ရှိရမည်ဖြစ်ရာ အရည်အသွေး ကောင်း သီးနှံများ ပိုမိုထုတ်လုပ်လာရေး ကို စေ့ဆော်မည်ဖြစ်သည်။ ထို့အပြင် လက်ကားကုန်စည်ဒိုင်များသည် ဈေးကွက်နှင့် ဈေးနှုန်းသတင်းများ၊ ရာသီဥတုအခြေအနေနှင့်သဘာဝဘေးအန္တရာယ်၊အချိန်နှင့်တပြေးညီ ဈေးကွက်က တောင်းဆိုသော သီးနှံများ၊ စိုက်ပျိုးရေးနည်းလမ်းသစ် များ အထွက်တိုးအထွက်ကောင်း မျိုးများ ဖြန့်ဝေရာ စင်တာလည်း ဖြစ်လာနိုင်ပေသည် ။ ပစ္စည်းမှန် ဈေးမှန် အရည်အသွေးမှန် ရောင်း ဝယ်မှန်ဟူသော အချက်များအပေါ် အခြေခံထားသည့်အတွက် စီးပွားဖြစ်လယ်ယာစိုက်ပျိုးရေးပေါ်ထွန်းစေရန် အထောက်အကူ ဖြစ်သလို လက်ကားကုန်စည်ဒိုင်များမှတဆင့် အဓိကနိုင်ငံခြား ကုန် သွယ်မှုပြုသည့်မြို့ကြီးများဖြစ်သည့် ရန်ကုန်-မန္တလေးတို့တွင် အပြည် ပြည်ဆိုင်ရာနှင့် ချိတ်ဆက်အရောင်းအဝယ် ပြုနိုင်သည့် အပြည်ပြည် ဆိုင်ရာ ကုန်စည်ဒိုင်ကြီးများ (International Commodity Exchange) အဆင့်အထိ တိုးချဲ့ လုပ်ကိုင်ရမည်ဖြစ်သည်။ အဆိုပါ ဒိုင်ကြီးများ၏ ရောင်းဝယ်မှုအားလုံးကို electronic trading စနစ် အရ ကျင့်သုံးမည်ဖြစ်ပြီး၊ bonded ware- houses များပါ ပါဝင် သည့်အတွက် နိုင်ငံတကာစံချိန် စံညွှန်းများနှင့်ကိုက်ညီသော အရည် အသွေးကိုထိန်းသိမ်းနိုင်ခြင်း၊ အပ်နှံထား သည့် သီးနှံများအပေါ် ချေး ငွေရရှိနိုင်ခြင်း၊အာမခံစနစ်များပါရှိ၍ မဆုံးရှုံးနိုင်ခြင်း၊ ကုန်စည်မရှိပဲ လေရောင်းေ လဝယ်စနစ်မလုပ်နိုင်ခြင်း ၊ အနာဂတ်ကာလတစ်ခု အတွက်ကြိုတင်ရောင်းဝယ်နိုင်ခြင်းတို့ကြောင့် လယ်သမားများ ကြိုက် ဈေးဖြင့် ရောင်းဝယ်နိုင်ခြင်း၊ နိုင်ငံတကာသို့ တဦးချင်း ရောင်းချမှု မဟုတ်တော့ဘဲ ဒိုင်ကြီးများမှတစ်ဆင့် အာမခံဖြင့် ရောင်းချသော ကြောင့် ယခင်ကကဲ့သို့ ဝယ်သူဈေးကွက် (byer market) မဟုတ် တော့ဘဲ ရောင်းသူ ဈေးကွက် (seller market) ဖြစ်ပေါ်လာခြင်း၊ အရောင်းအဝယ်များမြင်သာထင်သာရှိ၍ မှန်ကန်သောရောင်းဝယ် မှုများနှင့် ကျသင့်သောအခွန်အခများ အပြည့်အဝရရှိစေခြင်း၊ နိုင်ငံ တကာဈေးကွက်များသို့ အရည်အသွေးမှီ ကုန်စည်များဖြင့် ပိုမို ဝင်ရောက်နိုင်မှုတို့ကြောင့် စဉ်ဆက်မပြတ် စီးပွားဖြစ်လယ်ယာ စိုက် ပျိုးရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ပါသည်။
မရှိမဖြစ်တိုးချဲ့ရတော့မည့် R & D (သုတေသနနှင့် ဖွံံ့ဖြိုးမှု) ကမ္ဘာ့ဈေးကွက်ကို အဓိက ထုတ်လုပ်တင်ပို့နိုင်ရေးအတွက် ရည် ရွယ်ထုတ်လုပ်နိုင်ရေးအတွက် အချိန်နှင့်အမျှ ပြောင်းလဲဖြစ်ပေါ်နေ သော ကမ္ဘာ့ဈေးကွက်အခြေအနေ၊ ပြိုင်ဘက်နိုင်ငံများ၏ ထုတ်လုပ်မှု အခြေအနေ၊ ရာသီဥတု ပြောင်းလဲမှုများ ဈေးကွက်ကတောင်းဆို သော သီးနှံတစ်မယ်ချင်းစီ၏ အရည်အသွေးနှင့် အရေအတွက် တိုး တက်စေရေး၊ သုတေသနပြု လေ့လာချက်များ ၊ အဆိုပါသီးနှံများနှင့် ဆက်စပ်နေသော လယ်ယာအခြေပြု လုပ်ငန်းများ၊ ထုတ်လုပ်သော သီးနှံများ နိုင်ငံတကာ၌ ယှဉ်ပြိုင်နိုင်စေရန် အရေးပါသည့် သယ်သူ ပို့ဆောင်ရေးလမ်းများ၊ ဆိပ်ကမ်းများ၊ ဘဏ်လုပ်ငန်းများ ၊ သင်္ဘော တင်လုပ်ငန်းများ၊ ကွန်တိန်နာလုပ်ငန်းများစသည့် logistics များ အထိရောက်ဆုံးနှင့်စရိတ်အနည်းဆုံး ဖြစ်ပေါ်စေနိုင်သည့် နည်းလမ်း များ ရှာဖွေရေးတွင် စိုက်ပျိုးထုတ်လုပ်သည်မှ တင်ပို့ရောင်းချသည် အထိ Supply chain တလျောက်လုံး အဆင့်တိုင်း ထိရောက်သည့် သုတေသနလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်ရမည် ဖြစ် ပါသည်။ တွေ့ရှိချက်များကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်း အဖွဲ့များ၊ လုပ်ငန်းများသို့ သိရှိစေပြီး လိုအပ်ချက်များကို အမြန်ဆုံး တုံ့ပြန်ဆောင်ရွက်မှသာ ရေရှည်တည်တံ့သော လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုးမှု ရရှိနိုင်မည်ဖြစ်သည်။ ဆိုလိုသည်မှာ ထုတ်လုပ်ထားသော ဈေးကွက်ဝင်သီးနှံများ ပြည်ပ၌ ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြင့်တက်နိုင် ရန်အတွက် Supply chain တလျောက်လုံးတွင် ပါဝင်သည့် လုပ်ငန်းများအားလုံး စွမ်းဆောင်ရည်အပြည့်အဝဆုံးနှင့် စရိတ် အနည်းဆုံးဖြစ်မှသာ ပြည်ပဈေးကွက်၌ ပိုမိုထိုးဖောက်ဝင်ရောက် နိုင်မှာဖြစ်ပြီး၊ ၎င်းမှတစ်ဆင့် တည်ငြိမ်သောဈေးကွက်နှင့် ပုံမှန် တင် ပို့သူအဖြစ် ရောက်ရှိနိုင်မည်ဖြစ်သည်။ သို့ဖြစ်၍ လယ်ယာကုန်စည် များ၏ ကုန်သွယ်ရေး တိုးတက်မှုရှိမှသာ ရေရှည်တည်တံ့သော လယ် ယာစိုက်ပျိုးရေးဖွံ့ဖြိုးမှု ဖြစ်ပေါ်စေပြီး ၎င်းမှတဆင့် ကျေးလက် ဆင်း ရဲမှုကို သိသိသာသာ လျော့ကျစေခြင်းနှင့် တိုင်းပြည်စီးပွားရေ ဖွံ့ဖြိုး တိုးတက်မှုကို အထောက်အကူပြုမည် ဖြစ်သည်။ ထို့အတွက် လယ်ယာကုန်စည်များ၏ ပြည်ပတင်ပို့မှု တိုးချဲ့ ထုတ်လုပ်တင်ပို့ခြင်းဖြင့် စဉ်ဆက်မပြတ် လယ်ယာစိုက်ပျိုးရေး ဖွံ့ဖြိုး တိုးတက်မှုကို အောက်ပါအတိုင်းဖွံ့ဖြိုးတိုးတက်မှု ပုံစံအတိုင်း လုပ် ဆောင်နိုင်ပါသည်။ အထက်ပါ ဖွံ့ဖြိုးမှုပုံစံ Development Model အရ စီးပွားဖြစ် လယ်ယာပေါ်ထွန်းရေးတွင် နိုင်ငံတော်အပိုင်း၊ အသင်းအဖွဲ့များနှင့် လုပ်ငန်းရှင်များအပိုင်း၊ လယ်သမားများအပိုင်းဟူ၍ အဓိက အပိုင်း ကြီး သုံးပိုင်း ဟန်ချက်ညီညီ Public Private Partnership (PPP) ပုံစံဖြင့် ပူးပေါင်းဆောင်ရွက်ရ မည်ဖြစ်သော်လည်း နိုင်ငံတော်အပိုင်းမှ ဦးဆောင်ဦးရွက်ပြုရမည်ဖြစ်သည်။ ထို့အတူ ကုန်သွယ်မှုတိုးချဲ့နိုင်ရန်အတွက် ဈေးကွက်သုတေသန နှင့်ဖွံ့ဖြိုး ရေး လုပ်ငန်းများသာမကဘဲ Supply Chain တစ်လျှောက် အကျုံးဝင်သော လုပ်ငန်းများနှင့်ဆိုင်သည့် သုတေသနလုပ်ငန်းများ Logistic နှင့်ဆိုင်သော သုတေသနလုပ်ငန်းများလုပ်ဆောင်ရမည် ဖြစ်ပြီး တွေ့ရှိချက်များကို ဌာန ဆိုင်ရာ များက လိုက်ပါဆောင်ရွက်ရန်လိုပါသည်။ အထက်ပါ ဖွံ့ဖြိုးမှုပုံစံ၏ အနှစ်ချုပ် ဆိုရသော် ကမ္ဘာ့ဈေးကွက်မှ တောင်းဆိုသော သီးနှံများကို ဖော်ထုတ် ပြီး အဆိုပါ သီးနှံများ ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်ရေး သက်ဆိုင်ရာ မျိုးစေ့ ထုတ်လုပ် သောသူများနှင့် မျိုးစေ့ကုမ္ပဏီများ၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးနှင့် အခြားသွင်း အားစုထုတ်လုပ်သောလယ်ယာအခြေခံလုပ်ငန်းများသို့ အမြန်ဆုံး အကြောင်း ကြားထုတ်လုပ်စေပြီးအသုံးပြုမည့်မျိုးစေ့များ၊ စိုက်ပျိုးမှုနှင့် ပတ်သက်သော နည်းပညာများကို Extension Services များမှတစ်ဆင့် လယ်သမားထုတွင် ပြန့်နှံနေပြီး၊ အခြားလယ်သမားများ လိုအပ်သည့် ပံ့ပိုးမှုများကို သက်ဆိုင်ရာ အသင်း အဖွဲ့များ၊အထူးပြုကုမ္ပဏီများ၊ INGOs , NGOs များမှ ပံ့ပိုးထုတ်လုပ် စေခြင်းဖြစ်သည်။ ထွက်လာသည့် လယ်ယာကုန်စည်များကို ဈေးကွက်ရောက် သည်အထိ လိုအပ်သော Logistic အပိုင်းတွင်လည်း အထိရောက်ဆုံးနှင့် စွမ်းဆောင်ရည် အပြည့်ဆုံး နည်းလမ်းများဖြင့် ဆောင်ရွက်စေခြင်းဖြင့် လယ် ယာထွက်ကုန်များ ပို့ကုန်များ၏ ပြည်ပဈေးကွက် ယှဉ်ပြိုင်နိုင်မှုစွမ်းအား မြှင့် တင်နိုင်မှုမှတစ်ဆင့် ရေရှည်တည်တံ့သော ဈေးကွက်နှင့် ပုံမှန်တင်ပို့သူအဖြစ် ရပ်တည်နိုင်မှာဖြစ်ပြီး ၎င်းမှတစ်ဆင့် စဉ်ဆက်မပြတ် လယ်ယာဖွံ့ဖြိုးတိုးတက်မှု ကို ရရှိနိုင်မှာ ဖြစ်သည်။* စာရေးသူသည် ယခင် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်း ရှင် များအသင်းချုပ်တွင် သုတေသန တာဝန်ခံအဖြစ် ၂၀၀၅ မှ ၂၀၀၉ ခုနှစ်အတွင်း နှစ်စဉ်ကွင်းဆင်း ပြုလုပ်ခဲ့သော လယ်ယာသုတေသန လုပ် ငန်းများ၊ ၂၀၁၀ ခုနှစ် UNDP (မြန်မာရုံး)ပေါ်လစီယူနစ်ဌာန၌ ရေးသား ခဲ့သော လယ်ယာနှင့် ကျေးလက်ဖွံ့ဖြိုးရေး စာတမ်းများအပေါ် အခြေခံ၍ ရေးသားခြင်း ဖြစ်ပါသည်။
အိန္ဒိယမုတ်သုံမိုးက ပျှမ်းမျှအောက် ၁၇ ရာခိုင်နှုန်း နည်းနေ ဆဲ ကမ္ဘာမှာ ပဲအများဆုံးထုတ်လုပ် စားသုံးသူ ဖြစ်သလို မြန်မာနိုင်ငံရဲ့ အဓိက ပဲဖောက်သည် လည်း ဖြစ်တဲ့ အိန္ဒိယမှာ မုတ်သုံမိုး ရွာသွန်းမှုဟာ လက်ရှိ ကာလအထိ ပျမ်းမျှမိုးရေချိန်အောက် ၁၇ ရာခိုင်နှုန်းလောက် အထိ လျော့ကျနေပြီး၊ ပဲ စိုက်ပျိုးတဲ့ အချို့ဒေသများမှာသာ မိုးရေရရှိတယ် လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာလိုပဲ အချို့ဒေသ တွေ မှာ ရေကြီးမှုတွေဖြစ်ပေမဲ့ တချို့ဒေသတွေမှာ တော့ လက်ရှိအချိန်ထိ မိုးခေါင် နေသေးတာတွေ့ ရပါတယ်။၂၀၁၂ သြဂုတ်လ ၉ ရက်အထိ ပဲစိုက် ပျိုးပြီး ဧရိယာမှာ ဟက်တာ ၇ ဒသမ ၄၅ သန်း သာရှိပြီး ယခင်နှစ်ကာလတူ စိုက်ပျိုးပြီး ဟက်တာ ၈ ဒသမ ၉၃ သန်းထက် ဟက်တာ ၁ ဒသမ ၄၈ သန်း လျော့ကျနေတယ်လို့ သိရပါတယ်။
ပဲတီစိမ်းနဲ့ ပဲစင်းငုံ စိုက်ဧရိယာလျော့ကျ၊ ဈေးကွက်အဝင် နောက်ကျနိုင် ခန့်မှန်းခြေအားဖြင့် ပဲမျိုးစုံ ၇၀ ရာခိုင်နှုန်း ကျော် စိုက်ပျိုးပြီးဖြစ်ပေမဲ့ မိုးရွာ သွန်းမှုနည်းပါး နေတာကြောင့် စက်တင်ဘာလလယ်ခန့်မှာ ပဲစိုက် ပျိုးမှု ပြီးစီးနိုင်တယ်လို့ ခန့်မှန်းကြတာ သိရပါ တယ်။ ရာဂျက်စသန်၊ အင်ဒရာပရာဒေ့ရှ်၊ မဒ္ဒရာ ပရာဒေ့ရှ်နဲ့ ကာနာတာကာတို့မှာ ပဲမျိုးစုံစိုက်ပျိုးမှု စာရင်းများအရ ပဲစိုက်ဧရိယာေ လျာ့ကျမှုမှာ အထူး သဖြင့် ပဲတီစိမ်းနဲ့ ပဲစင်းငုံစိုက်ဧရိယာများ သိသိ သာသာလျော့ကျ တာကို တွေ့ရပါတယ်။ မဟာရပ် ရှတရာ၊ ရာဂျက်စသန်နဲ့ ဂူဂျာရတ်တို့က ပဲတီစိမ်း တချို့တစ်ဝက်ကတော့ စက်တင်ဘာလ ပထမ ပတ်လောက်မှာ ဝင်ရောက်နိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ ပဲစင်းငုံ ထုတ်လုပ်မှုမှာ ယခင်နှစ်က တန်ချိန် ၂၂ သိန်းရှိခဲ့ရာမှ ယခုနှစ် စိုက်ဧရိယာ ကျဆင်းပြီး မိုးပါးတာကြောင့် တန်ချိန် ၂၀ သိန်း ဝန်းကျင်သာ ထွက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ရာသီဥတုအခြေအနေအရ နိုဝင်ဘာ - ဒီဇင်ဘာ မတိုင်မီ ပဲစင်းငုံအသစ်ထွက်ရှိနိုင်ဖွယ် မရှိတာ ကြောင့်လည်း ပဲစင်းငုံ ဈေးနှုန်း ထပ်မံမြင့်တက် ဖွယ်ရှိတယ်လို့ ကုန်သည်များမှ ခန့်မှန်းကြပါတယ်။
ပြီးခဲ့တဲ့လတွေအတွင်း ပဲမျိုးစုံဈေး၂၅-၃၀ ရာခိုင်နှုန်းတိုးလာ အလားတူ မတ်ပဲမှာလည်း မနှစ်က စိုက် ပျိုးမှုထက် လျော့ကျလျက်ရှိရာ ၂၀၁၂-၁၃ ပဲ စုစု ပေါင်းထွက်ရှိမှုဟာ ၂၀၀၉- ၁၀မှာထွက်ရှိတဲ့ တန်ချိန် ၁၄ ဒသမ ၅၀ သန်းခန့် သာ ထွက်ရှိ နိုင်တယ်လို့ ခန့်မှန်းနေကြပါတယ်။ အိန္ဒိယရဲ့ တစ်နှစ် ပဲစားသုံးမှုက တန်ချိန် သန်း၂၀ လောက် ရှိတဲ့အတွက် ခန့်မှန်းထားတဲ့အတိုင်းသာ အထွက် လျော့မယ်ဆိုရင် ပဲလိုအပ်ချက်က တန်ချိန် ၆ သန်းလောက်ရှိမှာကို တွေ့ရပါတယ်။ စိုက်ပျိုးချိန် ပုံမှန်အတိုင်း စိုက်ပျိုးနိုင်ခြင်းမရှိတဲ့အတွက် ဈေး ကွက်တွေမှာ ပဲဈေးတွေက ပြီးခဲ့တဲ့လတွေအတွင်း ၂၅-၃၀ ရာခိုင်နှုန်းလောက် မြင့်တက်လာ ခဲ့ပါ တယ်။ ဈေးအမြင့်ဆုံးကတော့ ကုလားပဲဖြစ်ပါ တယ်။ မနှစ်က ပဲတီစိမ်းဈေး အဖွင့်မှာတစ်တန် ရူပီး ၃၅၀၀၀ (ကန်ဒေါ်လာ ၆၃၂ ) ရှိခဲ့ပေမဲ့ ဒီနှစ်မှာ ရာဂျက် စသန်က စက်တင်ဘာလမှာ ဝင်လာမယ့် ပဲတီစိမ်းဈေးကတစ်တန် ရူပီး ၅၀၀၀၀ (ကန်ဒေါ်လာ ၉၀၃ )ဈေးနဲ့ ဖွင့်နိုင်တယ်လို့ ဈေး ကွက်က ခန့်မှန်းထားပါတယ်။ လက်ရှိအချိန်မှာ မတ်ပဲဈေးကတော့ ငြိမ်နေပါတယ်။ ရာဂျက် စသန်နဲ့ဒေလီမှာ မတ်ပဲခွဲခြမ်းလက်ကျန်တွေ အလုံ အလောက်ရှိနေသေးတာကြောင့်လို့ ဈေးကွက် ကျွမ်းကျင်သူတွေက ဆိုပါတယ်။ ဒါပေမဲ့ အောက် တိုဘာလလောက်မှာတော့ မတ်ပဲဈေး မြင့်တက် လိမ့်ဦးမယ်လို့ ခန့်မှန်းထားတာတွေ့ရပါတယ်။ ဒါကြောင့် ပဲအဓိကစားသုံးရာ အိန္ဒိယနိုင်ငံအနေနဲ့ ပဲအထွက်လျော့ကျမှာ သေချာနေတာကြောင့် လာမယ့်လတွေမှာ ပဲမျိုးစုံဈေးနှုန်း အမြင့်ဘက် တက်မှာ ဖြစ်နိုင်ခြေများတဲ့ အခြေအနေ ရှိနေတာ တွေ့ရ ပါတယ်။
ပြည်တွင်းပဲဈေးများလည်း မြင့်တက်လာ ပဲဈေးဆက်လက်မြင့်တက်မယ့် ခန့်မှန်းချက် များနဲ့လက်ရှိအိန္ဒိယရာသီဥတုအခြေအနေ၊ မြန်မာ့ ပဲ လက်ကျန်ခန့်မှန်းတွက်ချက်မှုများအပြင် မြန်မာ နိုင်ငံရဲ့မိုးပဲစိုက်ပျိုးမှု အလားအလာများအရ မြန်မာ ပဲကုန်သည်အချို့ဟာဇူလိုင်လကုန်၊ သြဂုတ်လဆန်း ပိုင်းမှာ ဈေးကစားရောင်းဝယ်မှုများရှိလာပါတယ်။ မတ်ပဲဈေးအနေနဲ့ ဇွန်လဆန်းမှာ FOB ဈေးတစ် တန်ကန်ဒေါ်လာ၅၀၀-၅၂၀ ဘုရင့်နောင် ကုန်စည် ဒိုင်မှာ ကျပ် ၄၀၁၀၀၀ - ၄၀၂၀၀၀ ရှိခဲ့ရာမှ ဇူလိုင် လဆန်းမှာFOB တစ်တန် ကန်ဒေါ်လာ ၅၅၀-၅၇၀၊ ဘုရင့်နောင်ဈေး ကျပ် ၄၇၂၀၀၀ - ၄၈၀၀၀၀ နဲ့ သြဂုတ်လ ပထမပတ်မှာ FOB ဈေး ကန်ဒေါ်လာ ၇၄၀-၇၆၀ နဲ့ ဘုရင့်နောင် ဈေး ကျပ် ၆၂၂၀၀၀ - ၆၃၁၀၀၀ ထိ ပြည်တွင်းဈေး ကျပ် နှစ်သိန်းကျော် မြင့်တက်ခဲ့ပါတယ်။ အလားတူပဲစင်းငုံဈေးမှာလည်း ဇွန်လဆန်း မှာ FOB တစ်တန်ကန်ဒေါ်လာ ၅၇၀ - ၅၈၀၊ ဘုရင့်နောင်ဈေး ကျပ် ၄၅၄၀၀၀ ရှိရာမှ ဇူလိုင် လဆန်းမှာ FOB တစ်တန် ကန်ဒေါ်လာ ၆၇၀-၆၉၀၊ ဘုရင့်နောင်ဈေး ကျပ် ၅၆၇၀၀၀၊ သြဂုတ် လ ပထမပတ်မှာ FOB တစ်တန်ကန်ဒေါ်လာ ၈၃၀-၈၅၀၊ ဘုရင့်နောင်ဈေးကျပ် ၇၁၀၀၀၀ ထိ တစ်တန် ကျပ် ၂၆၀၀၀၀ ခန့်အထိ ဈေးအဆ မတန် မြင့်တက်လာခဲ့ပါတယ်။ အလားတူ ပဲတီစိမ်း ဈေးမှာလည်း တစ်တန် ကျပ် နှစ်သိန်းကျော်မြင့် တက်လာခဲ့ပါတယ်။ ဒါပေမဲ့ သြဂုတ်လ ဒုတိယပတ်မှာတော့ မတ်ပဲနဲ့ ပဲစင်းငုံဈေး ပြန်အေးလာခဲ့တာ တစ်ပတ် အတွင်း တစ်တန် ကျပ်နှစ်သောင်းကျော် ပြန်ကျ လာခဲ့ပါတယ်။ ဝယ်လက်နိုင်ငံရဲ့ပဲလိုအပ်မယ့် အခြေအနေ၊ မိမိတို့ရဲ့ ပဲလက်ကျန်တွေအရ ပဲဈေး များ တသမတ်ထဲကောင်းလာစေဖို့ ဈေးကစားခြင်း တွေကိုရှောင်ရှားနိုင်စေဖို့အတွက် ပဲလောကသား များရဲ့ ပဲဈေးကွက်အလားအလာအပေါ် ထင်မြင် ချက်တို့ကို ဖော်ပြနိုင်ရေး ကောမတ်စ်က မြန်မာ နိုင်ငံ ပဲနှမ်းကုန်သည်များအသင်း၊ ဘုရင့်နောင် ကုန်စည်ဒိုင်တို့မှ ဝါရင့်ပဲလုပ်ငန်းရှင်များနဲ့ တွေ့ဆုံ ခဲ့ပါတယ် -
ဒေါက်တာမျိုးလွင် ဒုတိယဥက္ကဌ ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင်
မကြာသေးခင်က အိန္ဒိယပဲစိုက်ပျိုး ထွက်ရှိမှု ကို သွားရောက်လေ့လာခဲ့ပါတယ်။ လက်ရှိအခြေ အနေအရ ပြောရမယ်ဆိုရင် အိန္ဒိယမိုးက တချို့ ပဲစိုက်တဲ့ဒေသမှာ မိုးရပေမဲ့တချို့ဒေသမှာတော့ မိုး အလုံအလောက်မရသေးတာ တွေ့ရပါတယ်။ မိုးရ တဲ့တချို့ဒေသတွေမှာလဲ ငွေပိုရပြီး တွက်ခြေကိုက် တဲ့ သီးနှံတွေ ပြောင်းလဲစိုက်ပျိုးလာတော့ ပဲ စိုက်ပျိုးမှုလျော့မယ်လို့ ခန့်မှန်းရပါတယ်။အရင်နှစ် က ဆိုရင် ပဲအများစုစိုက်တဲ့မဟာရပ်ရှ တရာဒေသ တွေမှာ လမ်းဘေးဝဲယာတစ်လျှောက် ပဲတီစိမ်း၊ မတ်ပဲခင်းတွေ တွေ့ရတယ်။ ဒီနှစ်တော့ မိုင်၂၀၀ လောက်အထိ ပဲပုပ်စိုက်ခင်းတွေကို အများဆုံးတွေ့ နေရပါတယ်။ အမေရိကန်မှာ မိုးခေါင်ပြီး ပဲပုပ် အထွက်လျော့နေတော့ ပဲပုပ်ဈေးက နိုင်ငံတကာ မှာတက်သလို အသုံးများတဲ့ အိန္ဒိယမှာလဲ ဈေးတွေ တက်နေတယ်။ ပဲပုပ်ဈေးက မတ်ပဲဈေးထက် ဈေး ပိုများတယ်။ နောက်တစ်ခုက ပဲပုပ်တစ်ဧက စိုက် ရင် ကီလို ၇၀၀ ထွက်ပြီးမတ်ပဲကကီလို ၃၅၀ သာ ထွက်တယ်ဆိုတော့ ပဲပုပ်စိုက်ပြီး မတ်ပဲဝယ်စားမယ့် သဘောတွေ တွေ့ရပါတယ်။ ဥတ္တရာပရာဒေ့ရှ်မှာ လဲ ပဲပုပ်ကိုအဓိကထားစိုက်လာလို့ ပဲစိုက်ပျိုးမှု လျော့တယ်။ ပဲတစ်မျိုးချင်းကို ပြောရရင် ပဲတီစိမ်း အဓိကစိုက်တဲ့ ရာဂျက်စသန်မှာ စိုက်ဧကတော် တော်လျော့တယ်၊ ကာနာတာကာမှာလည်း ပဲစင်း ငုံ စိုက်ပျိုးမှုလျော့တယ်။ ခြုံပြောရရင်တော့ အိန္ဒိယ ဘက်ခြမ်းမှာ ရာသီဥတုနဲ့ လက်ရှိစိုက်ပျိုးထားတဲ့ အနေအထားအရ ဒီနှစ် မြန်မာနဲ့ သက်ဆိုင်တဲ့ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံ အားလုံးက အရင်နှစ် ထက်အထွက်လျော့မယ့်အခြေအနေရှိနေပါတယ်။
ဦးကျော်ဆန်းမိုး စာရင်းစစ် ပဲနှမ်းကုန်သည်များအသင်း
လက်ရှိပြည်တွင်းမှာ စိုက်ပျိုးထားတဲ့ ပဲစင်းငုံ အခြေအနေကို သုံးသပ်ရရင်တော့ ကျောက်ပန်း တောင်း၊ မြင်းခြံဘက်က ပုံမှန်လိုစိုက်ထားတယ်လို့ ကြားရပါတယ်။ ဒါပေမဲ့ ပခုက္ကူ၊ မုံရွာ၊ တံတားဦး ဘက်မှာ မိုးနောက်ကျပြီး မိုးခေါင်လို့ အစိုက်လျော့ တယ်။ ရှမ်းတောင်အချို့ဒေသတွေမှာလဲ ပဲစင်းငုံကို ၃ နှစ်ဆက်တိုက်စိုက်ရင် မြေအချဉ်ပေါက်လို့ဆိုပြီး အစိုက် လျော့တယ် ကြားတယ်။ ဒါကြောင့် ကျွန်တော်တို့ ဘက်မှာလဲ ပဲစင်းငုံကအစိုက်လျော့ မယ့် အခြေအနေရှိနေတယ်။ လက်ရှိမိုးလိုနေတဲ့ အချိန်မှာလည်း မိုးနည်းနေတဲ့အတွက် ပဲပင်တွေ ရေကိုလိုသလောက်မရတဲ့အနေအထား ရှိနေပါ တယ်။ ပုံမှန်နှစ်မှာပဲစင်းငုံတန်ချိန် ၂ သိန်း လောက် ထွက်ရင် ဒီနှစ်မှာ အဲဒီအောက်လျော့နိုင်ပါတယ်။ အခြားဆက်စပ် နိုင်ငံတွေရဲ့ အခြေအနေ ကတော့အာဖရိကနိုင်ငံတွေဖြစ်တဲ့ မာလာဝီ၊ တန် ဇန်းနီးယား၊ ကင်ညာ၊ မိုဇမ်းဘစ် စတဲ့နိုင်ငံတွေက တန်ချိန် တစ်သိန်းခွဲလောက်ထွက်တယ်။ ဒါပေမဲ့ မြန်မာပဲစင်းငုံနဲ့ အရည်အသွေးမတူတဲ့ ပဲစင်းငုံ အဖြူ၊ အကြားတွေကို ဈေးအနိမ့်နဲ့ ရောင်းချမှုတွေ ရှိတယ်။ သူတို့ ပဲပေါ်ချိန်က သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာလအထိ ဆိုတော့ ဒီမှာ ရှားလာတဲ့ အချိန် သူတို့ရောင်းတာပေါ့။ ဒီနှစ်ပြက္ခဒိန်နှစ် ဇူလိုင်လ အထိ ပဲစင်းငုံတင်ပို့မှု တန်ချိန် နှစ်သိန်း လေးသောင်းလောက်ရှိပြီလို့သိရပါတယ်။ မနှစ်က နှစ်ဟောင်းလက်ကျန်ကတန်ချိန် တစ်သိန်းလောက် ရှိပြီး အသစ်ထွက်တဲ့ပဲက တန်ချိန်နှစ်သိန်းလောက် နဲ့ဆိုရင် လက်ရှိလက်ကျန်က တန်ချိန် ၆ သောင်းနဲ့ ၇ သောင်းအကြား ကျန်မယ်လို့ ခန့်မှန်းရပါတယ်။ နှစ်နိုင်ငံပဲစင်းငုံ စိုက်ပျိုးမှုနဲ့ ရာသီဥတုအရ အိန္ဒိယ ရဲ့ အဓိကဟင်းလျာဖြစ်တဲ့ ပဲစင်းငုံဈေး ဆက်ပြီး ကောင်းလာမယ်လို့ မှန်းရပါတယ်။
ဦးသန်းငြိမ်း အမှုဆောင်အရာရှိ ပဲနှမ်းကုန်သည်များအသင်း
ပဲတီစိမ်းက ပုံမှန်ဆိုရင် အညာပဲတီစိမ်းက တန်ချိန် တစ်သိန်းခွဲနဲ့ နှစ်သိန်းကြားမှာ ထွက်ပြီး တောင်ငူ၊ ဒိုက်ဦးစတဲ့ ပဲခူးအရှေ့ခြမ်းက စပြီး ရန်ကုန်တိုင်း ခရမ်းသုံးခွဘက်အထိ ပဲတီရွှေဝါ အထွက်ကတစ်သိန်းခွဲလောက်ရှိတယ်။ အညာ ဘက်က ပဲတီစိမ်းကတော့ ဒီနှစ် မိုးခေါင်တဲ့အတွက် တန် တစ်သိန်းအောက်မှာပဲရှိမယ်လို့ ခန့်မှန်းပါ တယ်။ လာမယ့်ရာသီမှာ စိုက်မဲ့ ပဲတီရွှေဝါကတော့ လက်ရှိအောက်ပိုင်းဒေသမှာ မိုးကောင်းတဲ့အတွက် မြေဆီလွှာကောင်းပြီး အထွက်ကောင်းနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ ဇူလိုင်လအထိ ပဲတီစိမ်းတင်ပို့ပြီး စီးမှုက တန်ချိန် ၁၉၈၀၀၀ ရှိပြီး နယ်စပ်ကလည်း တန်ချိန် လေးသောင်းကျော် တင်ထားပြီးပြီဆို တော့လက်ကျန်မရှိသလောက် ဖြစ်နေပါတယ်။ မျိုးလောက်ပဲ ကျန်ပါတော့မယ်။ ပဲတီစိမ်းကို အာဆီယံနိုင်ငံတွေအကုန်လုံးက အသုံးများတယ်။ တရုတ်ကလဲ အမြဲဝယ်နေတော့ ဈေးကွက်ကျယ် ပြန့်တယ်။ လက်ရှိ အိန္ဒိယဘက်ခြမ်းကလည်း အစိုက်လျော့တယ်ဆိုတော့ပဲတီစိမ်းကတော့ ပဲတွေ အားလုံးမှာ အလားအလာအကောင်းဆုံးလို့ ယူဆ ရပါတယ်။
ဦးမင်းကိုဦး အတွင်းရေးမှူး မြန်မာနိုင်ငံ ပဲနှမ်းကုန်သည်များအသင်း
မတ်ပဲက ဇူလိုင်လအထိ တန်ချိန် သုံးသိန်း နှစ်သောင်းကျော်တင်ပြီးသွားပြီဆိုရင် အရင်နှစ်ပဲ အဟောင်းလက်ကျန် တန်ချိန် တစ်သိန်းလောက်နဲ့ ဒီနှစ်ပုံမှန်အထွက် တန်ချိန် ၅ သိန်းလောက်ဆို တော့ လက်ရှိ လက်ကျန်က တန်ချိန် နှစ်သိန်းခွဲ သုံးသိန်းကြားကျန်မယ်လို့ ခန့်မှန်းရပါတယ်။ မတ်ပဲ ကို စိုက်ပျိုးတာလဲ အိန္ဒိယနဲ့ မြန်မာ အများဆုံး စိုက်ပျိုးတာဖြစ်လို့ အခြားပြိုင်ဖက် နိုင်ငံအနေနဲ့ မတ်ပဲမှာ ကြီးကြီးမားမားရှိပါဘူး။ လက်ရှိအိန္ဒိယရဲ့ ပဲစိုက်ပျိုးမှုအနေအထားနဲ့ ပဲဝယ်လိုအား အရ ပဲအသစ်မထွက်မီ လက်ကျန်မတ်ပဲတွေ အခြေ အနေကောင်းမယ့် အလားအလာရှိပါတယ်။ အဓိကတော့ ဈေးကွက်ပိုကျယ်ပြန့်တဲ့ ပဲတီ စိမ်းကိုတောင်သူတွေ တိုးစိုက်သင့်ပါတယ်။ ဒုတိယ ကတော့ မတ်ပဲကိုလည်း အရည်အသွေး အထွက် ပါ အားထည့်စိုက်သင့်ပါတယ်။ ပဲစင်းငုံကတော့ ဒီနှစ်က ဟိုဘက် ဒီဘက်အခြေအနေအရ ပစ္စည်း ရှားမှာဖြစ်လို့ ထိန်းသိန်းသိမ်းသိမ်းရောင်းသင့်တဲ့ သဘောရှိတာ တွေ့ရပါတယ်။
ဦးတင်မြင့် ဒုတိယဥက္ကဌ မြန်မာနိုင်ငံပဲနှမ်းအသင်း
ပဲအားလုံးကို ခြုံငုံပြောရရင် အိန္ဒိယမှာ မိုး ရွာသွန်းမှုက ရွာမြဲအောက် ၂၀ ရာခိုင်နှုန်း ဝန်း ကျင်နည်းတယ်လို့ ပြောနေကြတော့ မိုးခေါင် တယ်လို့ ပြောလို့ရပါတယ်။ အချို့ပြည်နယ်တွေ မိုးများပြီး ရေနစ်မြုပ်တဲ့ဒေသတွေရှိပေမဲ့ ပဲစိုက်ပျိုး တဲ့ ဒေသ တချို့မှာ မိုးခေါင်နေတယ်။ ကျွန်တော် တို့ ပြည်တွင်းမှာလည်း မိုးခေါင်လို့ ပဲတီစိမ်းပင်တွေ သေလုမျောပါးဖြစ်တယ်ဆိုတဲ့ သတင်းတွေ ရပါ တယ်။ ၂၀၁၀-၂၀၁၁ မှာ အိန္ဒိယက ပဲတန်ချိန် ၁၈ သန်းကျော်ထွက်တယ်လို့ ခန့်မှန်းထားပါတယ်။ စားသုံးမှုတန်ချိန် ၁၈ သန်း-၂၀ သန်း ရှိတယ်။ ၂၀၁၁-၁၂ မှာပဲတန်ချိန် ၁၇ သန်းပဲ ထွက်တယ်လို့ ဆိုတယ်။ ၂၀၁၁ ကစပြီး ပဲလိုအပ်ချက်ထက် အထွက်က လျော့နေတယ်။ လိုအပ်မှု ရှိနေပြီ၊ ဒီနှစ် မှာလည်း အယ်နီညိုကြောင့် ရာသီဥတုဖောက်ပြန် ပြီး အထွက်လျော့နိုင်တယ်။ ပဲပျက်နိုင်တဲ့အနေ အထားရှိနေတယ်။ ဒါက အိန္ဒိယဘက်ခြမ်းက အခြေအနေပါ။ မြန်မာနိုင်ငံမှာ ၂၀၁၀-၁၁ မှာ ပဲစင်းငုံ ဈေး တွေကျလာတယ်။ အချို့လက်ထဲမှာ မရောင်းသေး ဘဲ ပဲဟောင်းတွေ ကျန်နေတုန်းပဲ။ နှစ်ဆန်းအထိ ပဲဈေးနှုန်းကျတဲ့အခါ တောင်သူတွေက လျှော့စိုက် တယ်။ ရာသီဥတုကလဲ မကောင်းဘူးဆိုတော့ ပုံမှန်ထက် အထွက်လျော့မယ့် အနေအထားရှိပါ တယ်။ ပဲဈေးနှုန်း နှစ်စဉ် ဂရပ်တွေကို ကြည့်တဲ့ အခါမှာ ၂၀၁၀-၂၀၁၁ ပဲဂရပ်ဟာ ပြီးခဲ့တဲ့ ၈ နှစ်၊ ၁၀ နှစ်တုန်းက သွားနေတဲ့ ဂရပ်အတိုင်းပဲ ပုံမှန် သွားနေတာတွေ့ရပါတယ်။ ဥပမာ မတ်ပဲဈေးဟာ ဇန်နဝါရီ၊ ဖေဖော်ဝါရီမှာကတည်းက ကျလာတာ ဧပြီ၊ မေလအထိကျခဲ့တယ်။ ဇွန်လကနေ ၉ လပိုင်း၊ ၁၀ လပိုင်းအထိ ပြန်တက်လာတယ်။ အောက်တိုဘာလကုန်ပိုင်းကနေ ဒီဇင်ဘာလထိ ပြန်ကျလာတယ်။ ဒါက ပုံမှန်လိုပါပဲ။ ဒါပေမဲ့ ၂၀၀၉ မှာတော့ ပုံမှန်မဟုတ်ဘဲ ဇန်နဝါရီ၊ ဖေဖော် ဝါရီလအထိ တက်လာပြီး ဧပြီလကတည်းက ကျလာ ခဲ့တာ ၂၀၁၀အထိ ဆက်ဆင်းလာပါတယ်။ ဒါဟာ ပုံမှန်မဟုတ်တဲ့ ဂရပ်ဖြစ်နေပါတယ်။ ၂၀၁၀-၁၁ မှာတော့ ဂရပ်က ပုံမှန်ပြန်ဖြစ် လာပါတယ်။ အခုလဲ အဲဒီဂရပ်အတိုင်းပဲ သွားနေ လို့ ပဲဈေးက ၁၀ လ ပိုင်းအထိ တက်သွားနိုင်သလို ဒီနှစ်အနေအထားနဲ့ဆိုရင် ဒီဇင်ဘာလအထိ တက် သွားနိုင်တဲ့ အနေအထားရှိတာ တွေ့ရပါတယ်။ ပဲဈေးက သုံးနှစ်တစ်ကြိမ်လည်တဲ့ Circle အတိုင်း ဈေးပြန်တက်မယ့် အခြေအနေရှိပါတယ်။ ပဲဈေးကွက်က အလားအလာ ကောင်းပါ တယ်။ ဒါပေမဲ့ ဈေးကွက်မှာ မတ်ပဲကို ကစားနေ တာ တွေ့ရတယ်။ ဈေးကစားတာတွေ ပပျောက် အောင် ဈေးကွက်တည်ငြိမ်စေဖို့ဆိုရင် Commodity Exchange မရှိမဖြစ် လိုအပ်ပါတယ်။ နောက် ပြီး ပဲအရည်အသွေးနဲ့ Spec ကိုလည်း အဓိကထား ပြီး လုပ်ရတော့မယ်။ အခုအချိန်ထိ ပဲစင်းငုံ၊ အညာ ရွှေဝါကို Bag to Bag နဲ့ပဲ သွားနေကြသေးတယ်။FAQ ဆိုတာ Bag to Bag မဟုတ်ဘူးဆိုတာ အားလုံးသိပြီး တိတိကျကျလုပ်ဖို့သင့်ပါတယ်။
ဦးသန်းအောင်ကျော် အယ်ဒီတာချုပ် ကောမတ်စ်ဂျာနယ်
ပဲလောကရဲ့ အဓိကပြဿနာက ပြည်တွင်း ဈေးကွက်ကို တည်ငြိမ်အောင်ထိန်းသိမ်းရင်း နိုင်ငံတကာ ဝယ်လက်ကို ပုံမှန်ချိတ်ဆက် ရောင်း ချနိုင်ဖို့ပါ။ လယ်ယာထွက်ကုန်တွေရဲ့ သဘောအရ သီးနှံထွက်ရှိချိန်ဈေးကျ တတ်ပြီး၊ နောက်သီးနှံ မပေါ်မီ စပ်ကူးမတ်ကူးကာလမှာ ဈေးတက်လေ့ရှိ သလို အဓိကစိုက်ပျိုးတဲ့နိုင်ငံတွေရဲ့ ရာသီဥတု ပြောင်းလဲမှုတွေကြောင့် ထုတ်လုပ်မှု အတိုး၊ အလျော့တွေကလည်း ပြည်တွင်းပြည်ပ သီးနှံ ဈေးကွက်ကို သက်ရောက်မှုရှိပါတယ်။ ထုတ် လုပ်သူကနေ နိုင်ငံတကာဈေးကွက်အကြား ကြား ခံချိတ်ဆက်မှု အပိုင်းမှာ မြန်မာကုန်သည်တစ်ဦး ချင်းက လုပ်ဆောင်နေရုံနဲ့တော့ မြန်မာ့ပဲဈေးကွက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးက အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်။ ဥပမာ ရေအားလျှပ်စစ်ဓာတ်အားပေး စက်ရုံတစ်ခုကို ကြည့်ရင်ရေတံခွန်၊ မြစ်ရှိတယ်။ လျှပ်စစ်ထုတ်ပေးတဲ့တာဘိုင်ရှိတယ်။ ဒီနှစ်ခုကြား မှ ရေလှောင်ကန်ရှိတယ်။ သူက တာဘိုင်နဲ့ ရေတံခွန် အကြား ရေအားကို ပုံမှန်တည်ငြိမ်အောင် လုပ် ပေးတာ။ တိုင်းပြည်စီးပွားရေးမှာ လယ်ယာထွက် ကုန်သီးနှံတွေကို အလေးထားတဲ့ နိုင်ငံတိုင်းမှာ ဒီစနစ်တွေက ရှိပြီးသားပါ။ အိန္ဒိယနိုင်ငံဖက်မှာ ကြည့်ရင် ပဲဈေးနှုန်းတွေမြင့်လာပြီဆိုရင် အစိုးရက သိုလှောင်ထားတဲ့ပဲတွေကို တင်ဒါစနစ်နဲ့ ချရောင်း တာ၊ ပြည်သူ့ဆိုင်တွေက ဖြန့်ဖြူးတာရှိနေတယ်။ ထိုင်းမှာစပါးပေါ်ချိန်မှာ လယ်သမားရဲ့ စပါးကို အစိုးရကအပေါင်ခံပြီး၊ ငွေထုတ်ချေးတယ်။အခု တရုတ်မှာ ပြောင်းဈေးတက်တော့ အရန်ပြောင်း တွေချရောင်းတယ်။ ထုတ်လုပ်သူနဲ့ ဈေးကွက် အကြားမှာ တည်ငြိမ်အောင်ထိန်းပေးတဲ့ ကြားခံ စနစ်တစ်ခုရှိတယ်။ ဒါမှ ဈေးကွက်ကို တည်ငြိမ် အောင်ထိန်းပြီး ရေရှည်ဖွံ့ဖြိုးအောင် လုပ်နိုင်မှာ။ ပဲအသင်းက အခုကြိုးပမ်းနေတဲ့ အများပိုင်ကုမ္ပဏီ ဆိုတာကို ပီပီပြင်ပြင်နဲ့ဖွံ့ဖြိုးအောင်လုပ်ရမယ်။ အဲဒီကုမ္ပဏီက ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုနဲ့ ကျွမ်းကျင်မှုအကူအညီတွေနဲ့ ပဲလောကကိုဖွံ့ဖြိုး အောင် လုပ်ရပါမယ်။ Commodity Exchange Center တွေလည်းမဖြစ် မနေ ထူထောင်ရပါမယ်။ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတိုင်းမှာ ဒီလို Exchange Center တွေကပဲ လယ်ယာထွက်ကုန်ဈေးကွက် တွေကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးတာ သေချာ နေတာပဲ။ ဒါကြောင့် အရင်တုန်းက မလုပ်နိုင်ခဲ့ရင်၊ အခု လုပ်ခွင့်ရပြီဖြစ်လို့ဖြစ်အောင် လုပ်ဖို့လိုပါ တယ်။
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြို့ကမ်းနားလမ်းရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ရန်ကုန်တိုင်း ဒေသကြီးရုံး၊ ပဉ္စမထပ် ခန်းမမှာ " ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ မြန်မာ့စက်မှုလုပ်ငန်းပြပွဲ (၂၀၁၂) ကျင်းပရေး ညှိနှိုင်းအစည်းအဝေး" ကို ၂၀၁၂ သြဂုတ် လ ၁၁ ရက် နံနက် ၉း၀၀ နာရီမှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဆွေးနွေးပွဲမှာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်နဲ့တကွ ရန်ကုန်၊ ဧရာဝတီ၊ ပဲခူးတိုင်းဒေသကြီးများမှ စီမံကိန်းနှင့် စီးပွားရေး ဝန်ကြီးများ၊ အသင်း အဖွဲ့အစည်းများမှ တာဝန်ရှိသူများ၊ သက်ဆိုင်ရာကဏ္ဍအလိုက် ပညာရှင်များမှ ဆွေးနွေးမှုတွေ ကို ဖော်ပြလိုက်ပါတယ်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကို ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်၍ ခေတ်မီသော စက်မှုနိုင်ငံအဆင့်သို့ တက်လှမ်းရာတွင် လယ်ယာကို အခြေခံသော ခေတ်မီ စက်မှုလုပ်ငန်းများ၊ လယ်ယာထုတ်ကုန်များ၊ တန်ဖိုးမြှင့်ထုတ်လုပ်သည့်လုပ်ငန်းများ တိုးတက်လာစေရေးသာမက အသေးစားနှင့် အလတ်စား စက်မှုလုပ်ငန်းများကို အလေးပေး ဆောင်ရွက်ရင်း အကြီးစား စက်မှုလုပ်ငန်းများ ဆက်လက် ထူထောင်နိုင်ရန် ကြိုးပမ်းကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုတွင် အမှတ်(၁) လျှပ်စစ်စွမ်းအား ဝန်ကြီး ဌာနသည် စက်တပ်ဆင်အင်အား ၅ မဂ္ဂါဝပ်အထက် အကြီးစား ရေအားလျှပ်စစ်စက်ရုံများ ၏ထုတ်လုပ်မှုကို ဆောင်ရွက်ပြီး၊ အမှတ် (၂) လျှပ်စစ်စွမ်း အားဝန်ကြီးဌာနသည် စက် တပ်ဆင် အင်အား ၅ မဂ္ဂါဝပ်နှင့် ၅ မဂ္ဂါဝပ်အောက် အသေးစား ရေအား လျှပ်စစ်ထုတ်လုပ်မှု၊ ရေနွေးငွေ့၊ သဘာဝဓာတ်ငွေ့၊ ဒီဇယ် လောင်စာသုံး လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုများနှင့် ဓာတ်အား ဖြန့်ဖြူးမှု လုပ်ငန်းများကို ဆောင်ရွက်ပါသည်။
နိုင်ငံတော်သမ္မတကြီးက နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူထု၏ လူမှုစီးပွားရေးဘ၀ သိသိသာသာ တိုးတက် စေရန်ရည်သန်လျက် ဒုတိယအဆင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း စဉ်များကို အရှိန်အဟုန်ဖြင့် တိုးတက်အောင် ကြိုးပမ်းလျက်ရှိ သည်။ တစ်ဖက်ကလည်း ကောင်းမွန်သော အုပ်ချုပ်မှုစနစ်နှင့် သန့်ရှင်းသောအစိုးရဖြစ်စေရန် ပြည်ထောင်စုဝန်ကြီးဌာန အသီး သီးနှင့် တိုင်းဒေသကြီး/ ပြည်နယ်အစိုးရများ၏ စီမံအုပ်ချုပ်လုပ် ကိုင်မှုပုံစံများကို ပြုပြင်ပြောင်းလဲလျက်ရှိသည်။
ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များက လျင်မြန်သောအရှိန်ဖြင့် ရွေ့နေသည်။ ယင်းတို့ထဲမှ ပထမဆုံးသတိပြု လိုက်မိသည်မှာ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျော့ကျရေး၊ ယခုတော့ လူထု ဗဟိုပြုဖွံ့ဖြိုးရေး(People Center Development) စသည်ဖြင့် ဖြစ်သည်။ ပိုမိုကျယ်ပြန့်စွာအာရုံစိုက်၍ လူထု၏ အမှန်တကယ် အကျိုးကိုဦး တည်သည့် ပြောင်းလဲမှု လုပ်ငန်းများကို ဆောင်ရွက်ရန် ဟု ဆိုနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံအများစု၏ အဓိက စီးပွားရေးမောင်းနှင်အား မှာ စိုက်ပျိုးရေးကဏ္ဍဖြစ်သည်။ တစ်ဖန် ကမ္ဘာ့ရာသီဥတုပြောင်း လဲမှုနှင့် စားနပ်ရိက္ခာဖူလုံရေးသည် ဖွံ့ဖြိုးဆဲနိုင်ငံများအတွက် စိန်ခေါ်ချက်တစ်ရပ်ဖြစ်လာသည်။ ထို့ကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ တို့အနေဖြင့် စားနပ်ရိက္ခာ ဖူလုံရေးအတွက် အရေးတကြီးဆောင် ရွက်ရန်မှာ မိမိတို့၏ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကို ဆောင် ရွက်ရန်သာရှိ သည်။ ထိုအထဲတွင် မြန်မာနိုင်ငံ ပါဝင်ပေသည်။ မြန်မာနိုင်ငံ နိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းကျော်မှာ ကျေး လက်တွင် နေ ထိုင်ကြပြီး ထိုလူဦးရေ၏ အများစုမှာလည်း လယ် ယာစိုက်ပျိုးရေးတွင် ပါဝင်လုပ်ကိုင်နေသည့်သူများဖြစ်ကြသည်။
ယခု တလော ကုန်သည်လုပ်ငန်းရှင်တွေ အသိုင်းအဝိုင်းမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှု ဒေသ(AFTA)ကို စိုးရိမ် ပူပန်မှုတွေ၊ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု (FDI)ကြောင့် မိမိ တို့လုပ်ငန်းတွေ ထိခိုက်မှာကို စိုးရိမ်ပူပန်မှုတွေ၊ တရားမဝင် မှောင်ခို ကူးသန်းရောင်းဝယ်မှုတွေနဲ့ တရားဝင်တင်သွင်းမှုဖြစ်သော်လည်း ဈေး ကွက် ပေါက်ဈေးအမှန်ထက်လျှော့ပြတင်သွင်းမှုေ တွကြောင့် ကောင်း ရောင်းကောင်းဝယ် လုပ်ကိုင်နေကြတဲ့ ကုန်သည်လုပ်ငန်းရှင်တွေအဖို့ ဈေးကွက်ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့ အခြေအနေတွေအပေါ် စိုးရိမ်ပူပန်မှု တွေကို ပြောဆိုနေတာ ကြားသိရပါတယ်။