Main menu

Background

Wednesday, 13 Nov 2013

ကမ္ဘာ့ စီးပွားရေးအခင်းအကျင်းနှင့် မြန်မာ့ အနေအထား ယနေ့ခေတ်အခါသည် ICT (Information and Communication Technology) ထွန်းကားလာမှုကြောင့် Globalization အရှိန်အဟုန် ပိုမို မြင့်မားခဲ့ပြီး၊ လျင်မြန်သည့် သတင်း ဆက်သွယ်မှုကွန်ယက်ကြောင့် နိုင်ငံ တိုင်း၏ ဖွံ့ဖြိုးတိုးတက်မှုသည် တစ် ကမ္ဘာလုံးနှင့် ပေါင်းစည်းဆက်သွယ် ဆောင်ရွက်ရေး တစ်နေ့တခြား ပိုမို အရေးပါလာပေသည်။

Wednesday, 13 Nov 2013

ယနေ့နိုင်ငံတိုင်း စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုကို ကြိုးပမ်းလုပ်ဆောင်ရာ တွင် ကုန်သွယ်မှုကဏ္ဍသည်  ဦးဆောင် ကဏ္ဍ (Leading sector) ဖြစ်သည့် အတွက် ကုန်သွယ်မှုသည် တိုးတက်မှု ၏ မောင်းနှင်အား (Trade is engine of growth) ဟု စီးပွားရေးပညာရှင် များက ခံယူသတ်မှတ်ထားသည်။ ယခု အခါ မြန်မာနိုင်ငံအနေဖြင့်လည်း  တစ် ကမ္ဘာလုံးနှင့် ပြန်လည်ကုန်သွယ်ခွင့် ရရှိ လာမှုနှင့်အတူ ယခင်စီးပွားရေးပိတ်ဆို့ မှုများ ပြန်လည်ကင်းလွတ်လာခြင်း၊ ထုတ်ယူ မသုံးစွဲရသေးသော အရင်း အမြစ်များ (သဘာဝအရင်းအမြစ်နှင့် လုပ်သားအရင်းအမြစ်) ရှိနေသေးခြင်း၊ မဟာဗျူဟာကျသည့် တည်နေရာရှိနေ ခြင်းတို့ကြောင့် အာရှ၏ထွန်းတောက် လာမည့် အလားအလာ အကောင်းဆုံး ထဲတွင် မြန်မာနိုင်ငံကိုလည်း ကမ္ဘာက အသိအမှတ်ပြုလာခြင်းသည် ဖွံ့ဖြိုးတိုး တက်မှုအတွက် ထူးကဲသည့် အခွင့် အရေးတစ်ရပ်ပင်ဖြစ်သည်။
 

Tuesday, 29 Oct 2013

ဖြေလျှော့တာတွေအများကြီး နိုင်ငံတော်အနေဖြင့် ပြုပြင် ပြောင်းလဲမှုများစွာကို ဆောင်ရွက် နေတာကိုတော့ မည်သူမျှ မငြင်းနိုင်ပါ။ ထိုသို့ ပြုပြင်ပြောင်းလဲမှုများစွာတွင် စီးပွားရေးနှင့် ပတ်သက်ပြီး၊ ပြုပြင် ပြောင်းလဲခဲ့မှုမှာ ကုန်သည်များအလိုကျ ဆောင်ရွက်ပေးထားတယ်လို့ပင် ပြော ရင်မမှားနိုင်ပါဘူး။ မလိုက်လျှောတာ ဆိုလို့ အပြည်ပြည်ဆိုင်ရာနဲ့ ဆက်နွယ် လိုက်လိုက်နာရတာရယ် အမျိုးသား အကျိုးစီးပွားတွက် ကာကွယ်ရမှာတွေ ကိုဘဲ ကန့်သတ်ထားခဲ့တာ ပါလို့ ပြော ရမှာပါဘဲ။ တချို့လဲ အချိန်မကျသေး တာရယ်၊ မည်သူတစ်ဦး တစ်ယောက်ကို မှ မထိခိုက်ရအောင် ဆောင်ရွက်ရတာ တွေကြောင့် ကျန်နေတာတွေတော့ရှိ တာပေါ့။

Monday, 21 Oct 2013

ရပ်နိုင်ပေ့ ဗဟိုဘဏ် အတိုးနှုန်း အကြောင်း၊ ဗဟိုဘဏ် အကြောင်းစဉ်းစားရင်း နမူနာယူစရာ ဖြစ်ရပ်လေးတစ်ခုခေါင်းထဲရောက်လာ ခဲ့သည်။ သူငယ်ချင်းဖြစ်သူက သား အရွယ် သူ့သမီးလေးမတ်တပ်ရပ်တပ် နိုင်နေပြီဖြစ်ကြောင်းပြောရင်း လက် လွှတ်လျက်ကလေးငယ်ကို မတ်တပ်ရပ် စေသည်။ လက်လွှတ်၍ ''ရပ်နိုင်ပေ့ ရပ် နိုင်ပေ့" ဟု အားပေးနေသော်လည်း လက်နှစ်ဖက်က ကလေးနှင့်အနီးဆုံး နေရာတွင် အဆင်သင့်အနေအထား ဖြင့်ရှိနေသည်။
 

Tuesday, 15 Oct 2013

ဆွေးနွေးပွဲ ပြီးဆုံး                အမျိုးသားပို့ကုန် မဟာဗျူဟာ လုပ်ငန်း စီမံချက် အလုပ်ရုံ ဆွေးနွေးပွဲ ဟာ အောက်တိုဘာလ ၁ ရက်နေ့က နေပြီး စတင်ကျင်းပခဲ့တာ အောက်တို ဘာလ ၁၁ ရက်နေ့မှာတော့ အောင်မြင် စွာ ပြီးဆုံးခဲ့ပါပြီ။ အလုပ်ရုံ ဆွေးနွေးပွဲ ပြီးဆုံးတဲ့အချိန်မှာတော့ သတင်းစာ ရှင်းလင်းပွဲတစ်ရပ်ကိုလည်း ကျင်းပပေး ခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာလဲ သတင်းသမားတွေ စုံလင်စွာ တက် ရောက်လာကြသလို စိတ်ဝင်တစား မေးမြန်းခဲ့တာလဲ တွေ့ရပါတယ်။
 

Monday, 7 Oct 2013

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်  ရေးဝန်ကြီးဌာနအနေဖြင့် တပ်မတော် အစိုးရလက်ထက်တွင် ပြည်ပနိုင်ငံများ နှင့် ပို့ကုန်သွင်းကုန်လုပ်ငန်းများဆောင် ရွက်လျက်ရှိသော ကုမ္ပဏီလုပ်ငန်းရှင် များ၊ အသင်းအဖွဲ့များ၊ ဌာနဆိုင်ရာများ မှ လုပ်ငန်းသုံးမော်တော်ယာဉ်များတင် သွင်းရာတွင် (Truck, Box Truck, Dump Truck, Crane Truck)  များနှင့် ယန္တရားယာဉ်များ (Excavator, Loader, Bulldozer)  များအား လွန်ခဲ့ သည့် (၇) နှစ်အတွင်းထုတ်လုပ်ခဲ့သော ယာဉ်များတင်သွင်းခွင့်ပြုခဲ့ပြီး၊ Bus ကားများအား လွန်ခဲ့သော (၅) နှစ် အတွင်းထုတ်လုပ်ခဲ့သည့်(ဘယ်မောင်း) ယာဉ်များအားတင်သွင်းခွင့်ပြုခဲ့ပါသည်။

Monday, 7 Oct 2013

ကမ္ဘာ တစ်ဝန်းရှိ စားသုံးသူများအနေနဲ့ အသက်ရှည် ကျန်းမာပြီး ကာယစိတ္တသုခနှစ်ဖြာနဲ့ ပြည့်စုံစေရန် အရည်အသွေးကောင်းမွန်ပြီး လုံခြုံ စိတ်ချရသော ထုတ်ကုန်များကို အသုံးပြုနိုင်ရန် အရေးကြီးလှပါတယ်။ စားသုံးသူများရဲ့ကျန်းမာမှု၊ လုံခြုံစိတ်ချရမှုနဲ့ဘေးအန္တရာယ်ကင်းရှင်းမှုတို့အတွက် ထုတ်ကုန်များစတင် ထုတ်လုပ်သည့် အချိန်မှ စား သုံးသူရဲ့လက်ဝယ်ရောက်ရှိတဲ့အချိန်အထိ ရောင်း ချမှုကွင်းဆက်(Supply chain) တစ်လျှောက်တွင် ပါဝင်တဲ့ ကုန်ပစ္စည်းထုတ်လုပ်သူ၊ သိုလှောင်ထား ရှိသူ၊ လက်လီနှင့်လက်ကားရောင်းချဖြန့်ဖြူးသူ၊ တစ်ဆင့် ပြန်လည်ရောင်းချသူများ အားလုံးဟာ  လုပ်ငန်းစဉ်အဆင့်ဆင့်မှာ တာဝန်ရှိသူများဖြစ်ကြ ပြီး ၎င်းတို့ အသီးသီးမှာ မိမိတို့နဲ့သက်ဆိုင်သော ကဏ္ဍအလိုက် ကုန်ပစ္စည်း လုံခြုံစိတ်ချရမှုရှိစေရန် စားသုံးသူတို့အတွက် စိတ်စေတနာကောင်း ရှေ့ ထားပြီး စီးပွားရေးလုပ်ငန်းရှင်တို့ လိုက်နာရမယ့် တာဝန်ဝတ္တရားများကို လိုက်နာကြဖို့ လိုအပ်ပါ တယ်။

Thursday, 26 Sep 2013

ဖြစ်တည်လာတာက နိုင်ငံတခု၏ ဖွံ့ဖြိုးတိုးတက်ရေး တွင် ကုန်သွယ်မှုသည် အဓိကမောင်း နှင်အား တစ်ခုဖြစ် ပါဝင်နေခဲ့ပါတယ်။ ကျွန်တော်တို့နိုင်ငံအနေဖြင့် ကုန်သွယ် မှုမြှင့်တင်ရေးအတွက် အစဉ်တစိုက်ကြိုး ပမ်းဆောင်ရွက်ခဲ့ရာတွင် နှစ်စဉ် တိုး တက်မှုများ ရှိခဲ့တယ်ဆိုတာကို ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏက သက် သေခံလျက်ရှိတာ တွေ့ရမှာပါ။

Wednesday, 25 Sep 2013

၂၀၀၃ ခုနှစ် အောက်တိုဘာလ တွင် ကျင်းပသော (၇)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီးဆွေးနွေးပွဲ တွင် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ဝန်ကြီးချုပ် ဝမ်ကြားပေါင်က တရုတ်-အာဆီယံကုန်စည်ပြပွဲကို တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ရှီးပြည်နယ်၊ နန်နင်းမြို့တွင် ၂၀၀၄ ခုနှစ်မှစ၍ နှစ်စဉ်ကျင်းပသွားရန် အဆိုပြုခဲ့ရာမှစ ၍ တရုတ်-အာဆီယံကုန်စည်ပြပွဲများ ကို နန်နင်းမြို့တွင် နှစ်စဉ်ကျင်းပခဲ့ရာ ယခုနှစ် ၂၀၁၃ ခုနှစ်သည် (၁၀)ကြိမ် မြောက် တရုတ်-အာဆီယံကုန်စည်ပြပွဲ ဖြစ်သည်။ ထို့ကြောင့် ယခုနှစ်တွင် အာဆီယံ-တရုတ်မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုနှင့် CAEXPO ၏ (၁၀)နှစ်ပြည့်အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၃ ရက်နေ့မှ ၆ ရက်နေ့ အထိ ကျင်းပခဲ့ပါသည်။

Wednesday, 25 Sep 2013

မြန်မာနိုင်ငံတွင်၊ ဆန်စပါးလုပ်ငန်းကို၊ အစိုးရက နိုင်ငံပိုင်လုပ်ငန်းအဖြစ်၁၉၆၃ ခုနှစ်ဒီဇင်ဘာလ  ကသတ်မှတ်ခဲ့ပြီး၊ ပုဂ္ဂလိက လုပ်ငန်းရှင်များအား ဆန်တင်ပို့ရောင်းချခွင့်မရှိတော့ပါ။ နိုင်ငံတော်မှသာ တာဝန်ယူ ဆောင်ရွက်ခဲ့သည်။ ဆိုရှယ်လစ်ခေတ်ကာလတလျှောက်လုံးတွင် စပါးစိုက်ပျိုးသူထံမှ စပါးကို ဈေးကွက်တွင်ဖြစ်ပေါ်သောဈေးအောက်လျှော့၍ ဝယ်ယူခြင်း၊ ဓာတ်မြေသြဇာ၊ ပိုးသတ်ဆေးများကိို အရှုံးခံဈေးနူန်းဖြင့် ဖြန့်ဖြူးခြင်းများ ကိုဆောင်ရွက်ခဲ့ပါသည်။ ပြည်ပသို့ဆန်တင်ပို့ ရောင်းချခြင်းကို နိုင်ငံတော်ပိုင်းမှသာ တာဝန်ယူဆောင်ရွက်ခဲ့သည်။ နိုင်ငံတော်ပိုင်းမှ တာဝန်ယူ ဆောင်ရွက်သည့် ကာလတွင် စပါးတင်း၁၀၀(၄၆၀၀ ပေါင် သို့မဟုတ် ၂ ဒသမ ၀၉ မက်ထရစ်တန်) ဝယ်ဈေးကို လေ့လာ နိုင်ပါရန် အောက်တွင် စုစည်းဖော်ပြထားပါသည်။

Pages