Background
ထွန်းသစ်စ ဈေးကွက်တွေထဲကို ငွေကြေးတွေစီးဝင်စေခဲ့တဲ့ စီးပွားရေး တွန်းအားပေးအစီအစဉ်ကို လျှော့ချ မယ်ဆိုတဲ့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘင်အက်စ်ဘာနန်ကီရဲ့ ပြောစကား ကြောင့် စိုးရိမ်မှုတွေဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်စိတ်တွေလျော့ကျလာ ပြီးတဲ့နောက် အာရှငွေကြေးတွေက ၁၀ လအတွင်း ရက်သတ္တပတ်အလိုက် တန်ဖိုးအများဆုံးမြင့်တက်ခဲ့ပါတယ်။
ယခုရက်သတ္တပတ်ထဲမှာ ပို့ကုန် အတွက်ဝယ်လိုအားတွေမြင့်တက်ခဲ့တဲ့ အတွက် တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ တောင်ကိုရီးယားဝမ်တို့ရဲ့ တန်ဖိုးက မြင့်တက်ခဲ့ပါတယ်။ အမေရိကန်အလုပ် လက်မဲ့ကိန်းဂဏန်းအပေါ်စိုးရိမ်မှုနဲ့ ပေါ်တူဂီမှာဖြစ်ပေါ်နေတဲ့ နိုင်ငံရေး မငြိမ်မသက်မှုတွေကြောင့် တန်ဖိုးမြင့် တက်မှုကို ထိန်းချုပ်မှုတွေဖြစ်ခဲ့ပေမဲ့ ဒီငွေကြေးတွေရဲ့တန်ဖိုးက ဇူလိုင် ၄ ရက်နေ့က ထွန်းသစ်စအာရှ ရှိငွေကြေး တွေကိုဦးဆောင်ပြီး တန်ဖိုးမြင့်တက်ခဲ့ ပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ လယ် ယာမှအပလုပ်ငန်းတွေရဲ့ဇွန်လအတွက် အလုပ်အကိုင်ခန့်ထားမှုက ဒီငွေကြေး တွေရဲ့အခြေအနေကိုအဆုံးအဖြတ် ပြုနိုင်တယ်ဆိုပေမဲ့တရုတ် (တိုင်ပေ) ဒေါ်လာနဲ့ ဝမ်ငွေကြေးတွေ ရဲ့တန်ဖိုးတွေ ပိုမိုမြင့်တက်လာတာကိုကြည့်ရင် ဒီငွေ ကြေးတွေရဲ့အလားအလာအပေါ် အကောင်းမြင်လာတယ် ဆိုတာကို ပြသ နေကြောင်း ဆိုးလ်ရှိ Samsung Futures သုတေသနဌာနမှ အကြီးအကဲ ဖြစ်သူ ဂျွန်မိုင်ယန်းကပြောပါတယ်။
တရုတ်ယွမ် တရုတ်နိုင်ငံပြင်ပမှာ ဒေါ်လာတန် ဖိုးကျဆင်းနေတဲ့အတွက် ရည်ညွှန်းငွေ လဲလှယ်နှုန်းကနေတစ်ဆင့် တရုတ်ဗဟို ဘဏ်ကယွမ်ငွေကြေးခိုင်မာလာအောင် ဆောင်ရွက်ခဲ့ပြီးနောက် ဇူလိုင် ၄ ရက် နေ့က အမေရိကန်ဒေါ်လာနဲ့ ဖလှယ် ရာမှာ တရုတ်ယွမ်တန်ဖိုးမြင့်တက်ခဲ့ပါ တယ်။ စတော့ဒိုင်ပြင်ပရောင်းဝယ်မှုမှာ ဒေါ်လာတန်ဖိုးက ဇူလိုင် ၃ ရက်နေ့က တစ်ဒေါ်လာကို ၆ ဒသမ ၁၃၀၈ ယွမ် နှုန်းဈေးပိတ်ခဲ့ပြီး ဇူလိုင် ၄ ရက်ဂရင်း နစ်စံတော်ချိန် မနက် ၈ နာရီခွဲမှာ တစ် ဒေါ်လာကို ၆ ဒသမ ၁၂၅၈ ယွမ်နှုန်း ရှိခဲ့ပါတယ်။ ယွမ်ငွေကြေးရဲ့တန်ဖိုးက ဒေါ်လာ နဲ့ဖလှယ်ရာမှာ ယခုနှစ်အတွင်း ၁ဒသမ ၇ရာခိုင်နှုန်းမြင့်တက်ခဲ့ပါတယ်။ ဇူလိုင် ၅ ရက်နေ့ကတရုတ်နိုင်ငံရဲ့ နိုင်ငံခြားငွေရောင်းဝယ်ရေးဌာနမှာယွမ်ငွေ တန်ဖိုးကဒေါ်လာနဲ့ဖလှယ်ရာမှာ သုည ဒသမ ၃၅ ရာခိုင်နှုန်းမြင့်တက်ပြီး တစ် ဒေါ်လာကို ၆ ဒသမ ၁၇၉ ယွမ်နှုန်း ရှိခဲ့ပါတယ်။
အိန္ဒိယရူပီး ပြည်တွင်းရှယ်ယာတွေတန်ဖိုး မြင့် တက်နေချိန်မှာ အိန္ဒိယဘဏ်တွေနဲ့ ပို့ ကုန်လုပ်ငန်းရှင်တွေ ကဒေါ်လာရောင်းချ မှုများလာတဲ့အတွက် ဘဏ်အချင်းချင်း နိုင်ငံခြားငွေဖလှယ်ရေးဈေးကွက်မှာ ရူပီးတန်ဖိုးက သုည ဒသမ ၁၀ ရူပီးနှုန်း မြင့်တက်ပြီးတစ်ဒေါ်လာကို ၆၀ ဒသမ ၀၃ ရူပီးနှုန်းရှိခဲ့ပါတယ်။ ပြည်တွင်းရှယ် ယာတွေတန်ဖိုး ခိုင်မာတာနဲ့ ပို့ကုန် လုပ်ငန်းရှင်တွေက ဒေါ်လာတွေထုတ် ရောင်းတဲ့အတွက် ဇူလိုင် ၄ ရက်နေ့ ကလည်း ရူပီးတန်ဖိုးက သုည ဒသမ ၀၈ ရူပီးနှုန်းမြင့်တက်ပြီးတစ်ဒေါ်လာကို ၆၀ ဒသမ ၁၃ ရူပီးနှုန်း ရှိခဲ့ကြောင်း ငွေကြေးဝယ်ရောင်းသမားတွေက ပြော ပါတယ်။
ဂျပန်ယန်း ဥရောပဗဟိုဘဏ်နဲ့ အင်္ဂလန် ဘဏ်တို့ကကြေညာချက်တွေထွက်ပေါ် လာပြီးနောက်ပိုင်း ဥရောပမှာ ယူရို တန်ဖိုးကျဆင်းပြီးနောက် ဇူလိုင် ၅ ရက် က အာရှဈေးကွက်မှာဒေါ်လာနဲ့ ယန်း တို့ဖလှယ်တဲ့အခါ ယူရိုတန်ဖိုးကဆက် လက်အားနည်းခဲ့ပါတယ်။ ယူရိုငွေကြေး ရဲ့တန်ဖိုးက ဇူလိုင် ၄ ရက်ကလန်ဒန် ဈေးကွက်မှာ တစ်ယူရိုကို ၁ ဒသမ ၃၀၀ ဒေါ်လာနဲ့ ၁၂၉ ဒသမ ၆၂ ယန်း နှုန်း ရှိရာမှ ဇူလိုင် ၅ ရက်သောကြာ နေ့မှာတစ်ယူရိုကို၁ ဒသမ ၂၉၀၁ ဒေါ် လာနဲ့ ၁၂၉ ဒသမ ၅၀ ယန်းနှုန်းရှိခဲ့ပါ တယ်။ ဒေါ်လာ/ယန်းဖလှယ်ရာမှာ ဒေါ်လာတန်ဖိုးမြင့်တက်ပြီး တစ်ဒေါ် လာကို ၉၉ ဒသမ ၇၁ ယန်းနှုန်းရှိရာမှ ဇူလိုင် ၅ ရက်မှာတစ်ဒေါ်လာကို ၁၀၀ ဒသမ ၃၇ ယန်းနှုန်းရှိခဲ့ပါတယ်။
မလေးရှားရင်းဂစ် ဒေါ်လာ/ရင်းဂစ်ဖလှယ်နှုန်းမှာ ဇူလိုင် ၄ ရက်က တစ်ဒေါ်လာကို ၃ ဒသမ ၁၈၁၅ ရင်းဂစ်နှုန်းရှိရာမှ ဇူလိုင် ၅ ရက်မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၈၁၀ နှုန်းသို့ရောက်ရှိပြီး ရင်းဂစ် တန်ဖိုး မြင့်တက်ခဲ့ကြောင်း ဝယ်ရောင်း သမားတွေက ပြောပါတယ်။ ဇူလိုင် ၅ ရက်နေ့ မှာ ရင်းနှီးမြှုပ်နှံသူအများစုက အမေရိကန်အလုပ် အကိုင်အခြေအနေ ကိုစောင့်ပြီး အရိပ်အကဲကြည့်နေတဲ့ အတွက် ဒေါ်လာနဲ့ ဖလှယ်ရာမှာ အပြောင်းအလဲ မဆိုသလောက်သာ ရှိ ခဲ့ပါတယ်။ ဒါပေမဲ့ တခြားအဓိက ငွေ ကြေးတွေနဲ့ ဖလှယ်ရာမှာ ရင်းဂစ် တန်ဖိုး မြင့်တက် ခဲ့ပါတယ်။
တောင်ကိုရီးယားဝမ် ဒီနှစ်ကုန်ပိုင်းမှာ အမေရိကန်ပြည် ထောင်စုရဲ့ လှည့်လည်ငွေကြေးတိုးမြှင့် ရေးအစီအစဉ် ကိုတစ်စစလျှော့ သွားပြီး တော့ ၂၀၁၄ ခုနှစ်မှာ အဆုံးသတ် တော့မှာဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ်ဥက္ကဌ ဘင်ဘာနန်ကီ က ပြော ကြားပြီး နောက်ပိုင်းဝမ်ငွေကြေးတန်ဖိုး သုည ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ ပါတယ်။ ဇူလိုင် ၃ ရက်နေ့က ကိုရီးယား ဝမ် တန်ဖိုးက ရက်သတ္တပတ်နှစ်ပတ် နီးပါးအတွင်း ကျဆင်းမှုအများဆုံးဖြစ်ခဲ့ ပေမဲ့ ပို့ကုန်လုပ်ငန်းရှင်တွေက စာရင်း ရှင်းဖို့ အဝယ်လိုက်လာတဲ့အပြင် တချို့ကဒေါ် လာကိုလက်ဝယ်ထား ရှိ တာကို လျှော့ချလာတဲ့အတွက် ဇူလိုင် ၄ ရက်မှာ ဝမ် တန်ဖိုးပြန်တက်ခဲ့ပါ တယ်။ ဇူလိုင် ၅ ရက် နေ့မှာ တစ်ဒေါ် လာကို ၁၁၄၂၀ ဒသမ ၇၀ ဝမ်နှုန်းရှိခဲ့ ပါတယ်။ထိုင်းဘတ် တရုတ်နိုင်ငံရဲ့ စီးပွားရေးဖွံ့ဖြိုးနှုန်း နှေးကွေးကျဆင်းမှုနဲ့ အမေရိကန် စီးပွားရေးကောင်းလာရင်စီးပွားရေး တွန်းအားပေးအစီအစဉ်တွေလျှော့ချတော့ မယ်ဆိုတဲ့သတင်းတွေကြောင့် စိုးရိမ်မှု တွေဖြစ်ခဲ့တဲ့ အတွက်ထိုင်း ဘတ်ငွေတန်ဖိုး က ရက်သတ္တပတ်အလိုက်နှိုင်းယှဉ်ရင် တန် ဖိုးကျဆင်းခဲ့ပါ တယ်။ ထိုင်းနိုင်ငံရဲ့ ပို့ကုန်က ဧပြီမှာ ၂ ဒသမ ၉ ရာ ခိုင်နှုန်းမြင့်တက်ခဲ့ပြီးနောက် မေမှာ ၅ ဒသမ ၃ ရာ ခိုင်နှုန်းကျဆင်းခဲ့ပါတယ်။ အများဆုံး ပို့ကုန်ဈေးကွက် ဖြစ်တဲ့ တရုတ်နိုင်ငံကို တင်ပို့မှုက ၁၆ ရာခိုင် နှုန်းကျဆင်းခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ စာ ရင်းအရ ဘန်ကောက်မှာ ဇူလိုင် ၄ ရက် မနက် ၉ နာရီ ၈ မိနစ်က ဘတ် ငွေတန်ဖိုးက သုည ဒသမ ၃ ရာခိုင် နှုန်းကျဆင်းပြီး တစ်ဒေါ်လာကို ၃၁ ဒသမ ၁၄ ဘတ်နှုန်းရှိခဲ့ပါတယ်။
အမေရိကန်ဗဟိုဘဏ်၏ငွေကြေး ပေါ်လစီပြောင်းလဲမှုကြောင့်နိုင်ငံတကာ ၌ အမေရိကန်ဒေါ်လာလဲ လှယ်နှုန်း များ မြင့်တက်လျက်ရှိရာယင်းအခြေအနေ သည် မြန်မာနိုင်ငံသို့ ရိုက်ခတ်လာမှု ကြောင့် မြန်မာနိုင်ငံ တွင်လည်း ငွေလဲ နှုန်းများ မြင့်တက်လျက်ရှိကြောင်း သိ ရသည်။
ယခင်က နေပြည်တော်တွင် ပြု လုပ်သည့်ကျောက်မျက်ပြပွဲကြောင့် ငွေ လဲနှုန်းများ မြင့်တက်ရခြင်းဖြစ်သည်ဟု ဆိုသော်လည်း ကျောက်မျက်ပြပွဲပြီးဆုံး သွားသော်လည်း ငွေလဲနှုန်းများမှာ ပြန် လည်မြင့်တက်လျက်ရှိကြောင်း သိရ သည်။ဇူလိုင်လ ၁ရက်နေ့ကဗဟိုဘဏ် ၏ ရည်ညွှန်းငွေလဲနှုန်းမှာ ၉၇၁ကျပ် ဖြစ်ကြောင်း သိရသည်။ သိမ်ဖြူငွေလဲ ကောင် တာနှင့် ငွေလဲစင်တာများတွင် ဝယ်ဈေး ၉၆၈ကျပ် ရောင်းဈေး ၉၇၈ ကျပ်ဟု ရေးထားသော်လည်း အဝယ် သာရှိပြီး အရောင်းမှာ မရှိကြောင်း၊ လာရောင်းသည့်ပမာဏလောက်ကို သာ ပြန်လည်ရောင်းချနေရခြင်းဖြ စ်ကြောင်း ပြင်ပေ ငွလဲစင်တာတစ်ခုမှ သိရှိရသည်။ပြင်ပငွေဈေးကွက်တွင်မူ ဝယ် ဈေး ၉၈၉ကျပ်၊ ရောင်းဈေး ၉၉၁ကျပ် ဖြစ်ကာ ပြီးခဲ့သည့်ရက်သတ္တပတ်က ထက် ဈေးအနည်းငယ်ကျသွားခဲ့သော် လည်း ယခုတစ်ပတ်အတွင်းတွင် ပြန် လည်မြင့်တက်လာခဲ့ကြောင်းသိရသည်။"ကျွန်တော်တို့ အပြင်ဈေးကွက် မှာတော့ အရောင်းရော အဝယ်ရော ရှိတယ်။ ဈေးကတက်နေတော့ အဝယ် သမားတွေကလည်း များတယ်။ ရောင်း တဲ့သူတွေကလည်း ဈေးတက်တဲ့အချိန် ဆိုတော့ လာရောင်းကြတာပဲ။ ဒီနေ့ (ဇူလိုင်လ ၅ရက်)ဆိုရင် ဝယ်ဈေး ၉၈၉ ကျပ်၊ ရောင်းဈေး ၉၉၁ကျပ်နဲ့အရောင်း အဝယ်လုပ်နေကြ တာ"ဟု ပြင်ပငွေ ဈေးကွက်အတွင်းမှ ဝယ်ရောင်းလုပ်နေ သူတစ်ဦးက ဆိုသည်။နေပြည်တော်ရှိကျောက်မျက်ပြပွဲ မှ နိုင်ငံခြားငွေများ အများအပြား ရရှိ ထားသဖြင့် ဈေးနှုန်းများ ပြန်လည်ကျ ဆင်းလာနိုင်ကြောင်း ဈေးကွက်အတွင်း မှသိရသည်။ငွေလဲနှုန်းများမြင့်တက်လာမှု ကြောင့် ကုန်ဈေးနှုန်းများမြင့်တက်လာ နိုင်သဖြင့် ဈေးနှုန်းကိုထိန်းချုပ်ပေးရန် ပြည်သူများက လိုလားနေကြကြောင်း သိရသည်။ မယ်သီတာ
ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် နိုင်ငံခြားငွေနဲ့ အလုပ်လုပ် သူများမှ အဆင်ပြေမှုရှိလာကြောင်း၊ အိန္ဒိယကောင်စစ်ဝန်ရုံးမှာ တာဝန်ထမ်း ဆောင်နေသူတစ်ဦးက ပြောပါတယ်။ " ဒေါ်လာဈေးမြင့်တက်လာတာ ၃ လလောက်တော့ကြာပြီ။ ကျွန်တော် တို့ အတွက်အဆင်ပြေတာပေါ့ ။ဒေါ်လာတစ်ရာရတဲ့သူကကျပ်တစ်သောင်းခွဲ လောက်ပိုရလာပြီး၊ဒေါ်လာနှစ်ရာ ရတဲ့ သူက ကျပ်သုံးသောင်းလောက် ပိုပြီးရလာတယ်။ ငွေပိုငွေလျှံပိုရလာ တာပေါ့။
ဒေါ်လာဈေးမြင့်တက်လာခြင်း ကြောင့် ပြည်တွင်းစိန်ဈေးနှုန်းမှာ ဈေးမြင့်တက်ပြီး အရောင်းအဝယ် အေး လာပါတယ်။ ဒေါ်လာဈေးအပြောင်း အလဲမှာ ပထမတန်းစားစိန် တစ်ရတီကို ကျပ်တစ်သိန်းဝန်းကျင်တက်ပြီး၊ ဒုတိယ တန်းစားစိန်မှာတစ်ရတီကိုကျပ်နှစ်သောင်း နဲ့သုံးသောင်းကြားဈေးမြင့်တက်ခဲ့ကြောင်း၊ ကျင်ဖြူအမျိုးအစားမှာ ပစ္စည်းလည်း ရှားကြောင်း သိရပါတယ်။
အမေရိကန်ဗဟိုဘဏ်က ဘွန်းစာချုပ်များဝယ်ယူမှုကို လျှော့ချဖို့ ဆောင်ရွက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူများ ဦးနှောက်ခြောက်နေရတာကို သက်သာစေဖို့အတွက် နည်းလမ်းရှာဖွေသည့်အနေဖြင့် ငွေကြေးမူဝါဒ တင်း ကျပ်ပေးဖို့ ဆောင်ရွက်မှုတွေ အလှမ်းဝေးနေဆဲဖြစ်ကြောင်း အမေရိကန် ဗဟို ဘဏ်အပါအဝင် ကမ္ဘာ့ဗဟိုဘဏ်မှ အရာရှိများကပြောကြောင်း ဘလွမ်းဘတ် သတင်းမှာ ဖော်ပြထားပါတယ်။
အမေရိကန်ပြည်ထောင်စုရဲ့ ပထမသုံးလပတ်စီးပွားရေးဖွံ့ဖြိုးမှုက စောစောပိုင်းခန့်မှန်းချက်တွေအောက် ကျဆင်းခဲ့ပြီးနောက်ပိုင်းရရန်ပိုင်ခွင့်စာချုပ် စာတမ်းတွေဝယ်တာကို အမေရိကန် ဗဟိုဘဏ်က ထိန်းထိန်း သိမ်းသိမ်းလုပ် တော့မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါကြောင့် ရက်သတ္တပတ်နှစ်ပတ်ကျ ဆင်းတာ အကျရပ်ပြီး အာရှငွေကြေး တွေ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။
ယခုလကုန်ပိုင်းမှာ ဒေါ်လာဈေး ၁၀၀၀ နဲ့အထက်ကိုရောက်ရှိခဲ့ပြီး၊ ကုန် ပစ္စည်းအချို့ ဈေးနှုန်းအပြောင်း အလဲရှိနိုင်ပြီး အခြေခံလူတန်းစားများအတွက် အဆင်မပြေနိုင်ကြောင်း ကုန်သည်ကြီးများက ပြောပါတယ်။
တရုတ်နိုင်ငံရဲ့ စီးပွားရေးမှာ ငွေ ကြေးအကျပ်အတည်းကိုထိန်းချုပ်ဖို့ ကြိုးပမ်းမှုအနေနဲ့ဈေးကွက်ထဲက ယွမ် ငွေကြေးကိုပြန်လည်ဝယ်ယူခြင်းမပြုတဲ့ အတွက် တရုတ်နိုင်ငံရဲ့ အခြေခံငွေ ဈေးနှုန်းတွေ ကစံချိန်တင်မြင့် တက်လာခဲ့ ပါတယ်။ တရုတ်နိုင်ငံရဲ့ ဗဟိုဘဏ်က သုံးလသက်တမ်းရှိဘီလ်များကို ယွမ် ၂ ဘီလီယံ (ဒေါ်လာ ၃၂၆ သန်း) ဖိုး အထိထုတ်ရောင်းခဲ့ပါတယ်။ သက်တမ်း စေ့ရောက်ပြီဖြစ်တဲ့ငွေကြေးစာချုပ်စာ တမ်းတွေက ကုန်ဆုံးခဲ့တဲ့ ရက်သတ္တပတ် နှစ်ပတ်အတွင်းမှာ စုစုပေါင်းယွမ် ၂၅၂ ဘီလီယံဖိုးထိရောက်ရှိခဲ့ပြီးနောက် ယခု ရက်သတ္တပတ် အတွင်းမှာ ဘဏ္ဍာရေး စနစ်ထဲကို ယွမ် ၂၈ ဘီလီယံဖိုးပြန် လည်စီးဝင်ပါတယ်။
ငွေကြေးဖောင်းပွမှုအတွက် စိုးရိမ်မှု၊ ကမ္ဘာ့စီးပွားရေးအခြေအနေများ အားနည်းမှုနဲ့ အိန္ဒိယပြည် တွင်း ငွေကြေးကျဆင်းမှုတို့ကြောင့် ယခုနှစ်အတွင်း အတိုးနှုန်းလျှော့ချမှုများ သုံးကြိမ်ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ ဒီနောက်ပိုင်း ဇွန် ၁၇ ရက်က ဗဟိုဘဏ်ရဲ့ အခြေခံထား အတိုးနှုန်းကို ပြုပြင်ပြောင်းလဲမှု မပြုလုပ် တော့ဘဲ ဆက်လက် ထိန်းထားခဲ့ကြောင်း AFP သတင်းမှာ ဖော်ပြပါတယ်။