Main menu

Background

Tuesday, 29 Oct 2013

တရုတ်နိုင်ငံရဲ့ ကုန်ချောထုတ်လုပ် မှုလုပ်ငန်းတွေ ယခုလထဲမှာ အရှိန်အ ဟုန်နဲ့ မြင့်တက်ခြင်းနဲ့ အမေရိကန်ပြည် ထောင်စုရဲ့ အလုပ်အကိုင်ကိန်းဂဏန်း အချက်အလက်များအရ အမေရိကန် ဗဟိုဘဏ်က သူ့ရဲ့ စံချိန်တင်စီးပွားရေး လှုံ့ဆော်တွန်းအားပေးအစီအစဉ်လျှော့ ချဖို့ ကိစ္စကို နှောင့်နှေးနေဦးမည်ဖြစ် ကြောင်း စတဲ့အခြေအနေတွေကြောင့် အာရှငွေကြေးတွေက ရက်သတ္တပတ် တွင်တိုးတက်မှုရှိခဲ့တာ ရက်သတ္တပတ် လေးပတ်ရှိခဲ့ပြီဖြစ်ပါတယ်။

Tuesday, 29 Oct 2013

ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာလဲလှယ်နှုန်းများသည် ငွေလဲစင်တာများတွင်သာမက ပြင်ပ ဈေးကွက်များတွင်ပါ ငြိမ်သက်နေမှု ကြောင့် ကုန်သည်များ အဆင်ပြေနေ ကြကြောင်း ပြင်ပငွေလဲဈေးကွက် အတွင်းမှ စုံစမ်းသိရှိရသည်။

Monday, 21 Oct 2013

ဘတ်ဂျက်ကိစ္စ အကျပ်အတည်း က ကမ္ဘာ့နံပါတ်တစ်စီးပွားရေးရဲ့ဖွံ့ဖြိုးမှု ကို ခြိမ်းခြောက်နေခဲ့ပြီးနောက်ပိုင်း စီး ပွားရေးတွန်းအားပေးဖို့ ဆောင်ရွက်နေမှု များကို လျှော့ချဖို့ အမေရိကန်ဗဟို ဘဏ်က နှောင့်နှေးနေဦးမှာဖြစ်တဲ့ အတွက် တောင်ကိုရီးယားဝမ်က ဦး ဆောင်ပြီးအာရှငွေကြေးများကတတိယ မြောက် ရက်သတ္တပတ်အဖြစ် သီ တင်းပတ်တွင်း တိုးတက်မှုရှိခဲ့ပါတယ်။

Monday, 7 Oct 2013

အမေရိကန်ပြည်ထောင်စုမှာဖြစ် ပေါ်နေတဲ့ မတိုးသာမဆုတ်သာဖြစ်နေ တဲ့ နိုင်ငံရေးအခြေအနေကြောင့် အမေ ရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအား ပေးအစီအစဉ်တွေကိုလျှော့ချမှုကို ဆိုင်း ငံ့ ထားလိမ့်မယ်လို့ ယူဆကြတဲ့အတွက် အိန္ဒိယရူပီးက ဦးဆောင်ပြီး အာရှငွေ ကြေးတွေ ယခု ရက်သတ္တပတ်အတွင်း မှာ မြင့်တက်ခဲ့ပါတယ်။

Monday, 30 Sep 2013

ယခုတစ်ပတ်အတွင်း ပြင်ပဈေး ကွက်တွင် အမေရိကန်ဒေါ်လာ ရောင်း ဈေးများ မြင့်တက်လျက်ရှိကြောင်း စုံစမ်းသိရှိရသည်။ ပုဂ္ဂလိကငွေလဲစင် တာများတွင် တစ်ပတ်အတွင်း ဝယ်ဈေး နှင့်ရောင်းဈေးများမှာ အပြောင်းအလဲ အနည်းငယ်သာရှိ ခဲ့သော်လည်း ပြင်ပ ငွေဈေးကွက်တွင်မူ ရောင်းဈေးများမှာ မြင့်တက်လျက်ရှိကြောင်း သိရသည်။

Monday, 30 Sep 2013

ထွန်းသစ်စဈေးကွက်တွေကို မြင့် တက်စေတဲ့ စီးပွားရေးတွန်းအားပေးအ စီအစဉ်ကို အမေရိကန်ပြည်ထောင်စု က လျှော့ချတော့မယ်လို့ မျှော်လင့် ထားကြပေမဲ့ အမေရိကန်အလုပ်အကိုင်  ခန့်ထားမှုကိန်းဂဏန်းတွေ မြင့်တက် လာမှုကြောင့် အိန္ဒိယရူပီးက ဦးဆောင် ပြီး အကောင်းဆုံးရက်သတ္တပတ်အဖြစ် ကို ဦးတည်နေပါတယ်။

Tuesday, 3 Sep 2013

အမေရိကန်ပြည်ထောင်စုရဲ့ စီး ပွားရေးဖွံ့ဖြိုးမှုကိန်းဂဏန်းတွေခန့်မှန်း ထားတာထက်လျော့ကျလာခြင်းအပြင် ဆီးရီးယားနိုင်ငံကို အမေရိကန်ကဦး ဆောင်ပြီးနောက်ပိုင်း သြဂုတ် ၃၀ ရက် အာရှကုန်သွယ်မှုဈေးကွက်မှာ ဒေါ်လာ ဈေးတွေကျဆင်းလာခဲ့ပါတယ်။ ရူပီး တန်ဖိုးစံချိန်တင်လောက်အောင် ကျ ဆင်းပြီးတဲ့နောက်ပိုင်း ဒုက္ခပင်လယ်ေ၀ နေတဲ့ အိန္ဒိယငွေကြေးကို ကယ်တင်ဖို့ အတွက် အိန္ဒိယဗဟိုဘဏ်က ဆောင် ရွက်လာပြီးနောက်ပိုင်း ဒေါ်လာ/ရူပီး ဖလှယ်နှုန်းက အနည်းငယ်သာ အ ပြောင်းအလဲရှိခဲ့ပါတယ်။ အင်ဒိုနီးရှား နိုင်ငံအတိုးနှုန်းတွေမြှင့်တင်ပေးလိုက်တဲ့ အတွက် ရူပြားငွေကြေးတန်ဖိုးကို အ ထောက်အပံ့ဖြစ်စေခဲ့ပါတယ်။

Thursday, 22 Aug 2013

ဘဏ်ငယ်များဖွင့်ခွင့် လိုင်စင်များ၊ ငွေကြေးဈေးကွက်မှာ နိုင်ငံခြားသားတို့ ရဲ့ အခန်းကဏ္ဍမြင့်မားရေး၊ ဘဏ်များ  ရဲ့ရှယ်ယာများ ဝယ်ယူ ပေါင်းစည်းမှု၊ နိုင်ငံတော်ဘဏ်များကို အစိုးရချုပ်ကိုင် မှု ကင်းရှင်းရေးစတဲ့ ပြဿနာတွေက အိန္ဒိယ ဗဟိုဘဏ် လက်မခံနိုင်တဲ့ အကြောင်းတရားတွေဖြစ်ခဲ့ပါတယ်။ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးသစ် ရာဟူ ရမ်ရာဂျန် လက်ထက်မှာတော့ ဖွံ့ဖြိုး လာနိုင်မယ်လို့ မှန်းဆရကြောင်း အီ ကော်နော်မစ်တိုင်းသတင်းမှာ ဖော်ပြ ထားပါတယ်။

Thursday, 22 Aug 2013

ကမ္ဘာ့ အကြီးမားဆုံး ဖြစ်တဲ့ အမေရိကန်စီးပွားရေး တိုးတက်ကောင်း မွန်လာတဲ့အတွက် အမေရိကန်ပြည် ထောင်စုက ငွေကြေးတွန်းအားပေးမူဝါ ဒတွေကို ပြန်လည်ရုပ်သိမ်းတော့မယ် ဆိုတဲ့ ယုံကြည်ချက်တွေ တစ်စစတိုးပွား လာပါတယ်။ ဒါကြောင့် အာရှဒေသက ငွေကြေးတွေထဲမှာ အိန္ဒိယရူပီးနဲ့ အင်ဒိုနီးရှားတို့က ဦးဆောင်ပြီး ရက် သတ္တပတ်တွင်း တန်ဖိုး ကျဆင်းမှုတွေ ရှိလာပါတယ်။

Wednesday, 14 Aug 2013

ယခုတစ်ပတ်အတွင်း ငွေလဲဈေး ကွက်အတွင်းတွင် ပြင်ပငွေလဲဈေးကွက် တွင် ရှိသည့်ဈေးနှုန်းများနှင့် ငွေလဲစင် တာများတွင်ရှိသည့်ဈေးနှုန်းများမှာ ကွာဟမှုနည်းပါးလာကြောင်း သိရ သည်။ယင်းကဲ့သို့ငွေဈေးနှုန်းများကွာဟ မှုနည်းပါးလာခြင်းကြောင့်ငွေဈေးနှုန်း တည်ငြိမ်မှုရှိလာကြောင်းသိရသည်။

Pages