Main menu

Background

Tuesday, 6 Aug 2013

ယခုတစ်ပတ်အတွင်း ပြည်တွင်း ငွေလဲနှုန်းများ ကျဆင်းလာကြောင်း သိ ရသည်။ ငွေလဲစင်တာများရှိငွေလဲနှုန်း များသာမက ပြင်ပငွေဈေးကွက်အတွင်း ရှိ ငွေလဲနှုန်းများပါ ကျဆင်းလာ ကြောင်း သိရသည်။ယင်းကဲ့သို့ငွေလဲနှုန်းများကျဆင်း  လာမှုနှင့်အတူ ပို့ကုန်ရငွေ (Export Money)  များပါ ဈေးနှုန်းကျဆင်းလာ မှုတို့ကြောင့် ပို့ကုန်လုပ်ငန်းရှင်များ အခက်ကြုံနေကြရကြောင်း သိရသည်။

Wednesday, 31 Jul 2013

၂၀၁၃ ခုနှစ်  သြဂုတ်လ ၅ ရက် ကစတင်၍ ပုဂ္ဂလိကဘဏ်အချင်းချင်း အမေရိကန် ဒေါ်လာ လွတ်လပ်စွာ ရောင်းဝယ်နိုင်သည့်စနစ် (Inter Bank Market) ဖြင့် လုပ်ကိုင်နိုင်တော့မည် ဖြစ်ရာ ဒေါ်လာဈေးကွက်အလှည့် အပြောင်း ဖြစ်ပေါ်လာနိုင်မလားဟု မေးခွန်းထုတ်သူများ ရှိလာကြောင်း ကြားသိရသည်။

Wednesday, 31 Jul 2013

ယခုအချိန်ကနေ နှစ်ပေါင်းများစွာ ကြာတဲ့အခါ ယွမ်ငွေကြေးကို အပြည် ပြည်ဆိုင်ရာငွေကြေးဖြစ်အောင် ကြိုး ပမ်းခဲ့တဲ့ လမ်းကြောင်းမှာ ၂၀၁၃ ခုနှစ် မေလဟာ ထူးခြားတဲ့လတစ်လဖြစ်ခဲ့ တယ်  ဆိုတာကို လူတိုင်းကသဘော တူကြမှာ ဖြစ်ကြောင်း ထိုင်းနေရှင်း သတင်းမှာ ဖော်ပြထားပါတယ်။

Wednesday, 31 Jul 2013

ဘလွမ်းဘတ် သတင်းဌာနမှ ကောက်ယူထားသော စစ်တမ်းအရ အမေရိကန်ပြည်ထောင်စုဗဟိုဘဏ်က လစဉ်ဘွန်းစာချုပ်ဝယ်ယူရေးအစီအစဉ် ကို လက်ရှိတစ်လဒေါ်လာ ၈၅ ဘီလီယံ ဝယ်ယူနေရာမှ စက်တင်ဘာကစပြီး ဒေါ်လာ ၆၅ ဘီလီယံဖိုးအထိ လျှော့ ချသွားမှာ ဖြစ်ကြောင်း ဝါးလ်ဘူး လက် တင် စာစောင်မှာ ဖော်ပြထားပါတယ်။

Wednesday, 31 Jul 2013

အပြည်ပြည်ဆိုင်ရာ ရင်းနှီးမြှုပ်နှံ သူတွေက အာရှဒေသတွင်းရှိ ရှယ်ယာ များကိုရောင်းမထုတ်ဘဲ ဆက်ထိန်းထား ကြတဲ့ အတွက် ယခု ရက်သတ္တပတ် အတွင်းမှာ တောင်ကိုရီးယားဝမ်က ဦး ဆောင်ပြီး အာရှငွေကြေးတွေ တန်ဖိုး မြင့်တက်ခဲ့ပါတယ်။

Wednesday, 24 Jul 2013

အမေရိကန်ဗဟိုဘဏ်ရဲ့ ဘွန်းစာ ချုပ်တွေ ဝယ်ယူတာကို အဆုံးသတ် လိုက်တဲ့အခါ တခြားနိုင်ငံတွေရဲ့ စီးပွား ရေးနာလန်ထူတာကို မထိခိုက်စေရေး အတွက် ကမ္ဘာ့ဘဏ္ဍာရေးကဏ္ဍ ခေါင်း ဆောင်တွေက အတူတကွပူးတွဲဆောင် ရွက်ရမှာဖြစ်တယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီး ဟွန်အိုဆုပ်ကပြော ကြောင်း ဘလွမ်းဘတ်သတင်းမှာ ဖော် ပြထားပါတယ်။

အမေရိကန်ပြည်ထောင်စု စီးပွား ရေးနာလန်ထူတာ ထူူထူထောင်ထောင် ဖြစ်လာတာနဲ့ တစ်ပြိုင်နက်အမေရိကန် ပြည်ထောင်စုရဲ့ ငွေကြေးတွန်းအားပေး တဲ့ အစီအစဉ်တွေကို ဘယ်လိုကိုင် တွယ်ဖြေရှင်းမယ်ဆိုတာကို ဂျီ-၂၀ အဖွဲ့ ဝင်နိုင်ငံတွေပေါင်းစပ်ညှိနှိုင်းဆောင်ရွက် ဖို့လိုကြောင်း မော်စကိုမှာပြုလုပ်တဲ့ တွေ့ဆုံမေးမြန်ခန်းတစ်ခုမှာ ဟွန်က ဇူလိုင် ၁၇ ရက်မှာ ပြောပါတယ်။ တကယ်လို့ ဂရုတစိုက်ကိုင်တွယ်ဖြေရှင်း မှုမရှိရင် အမေရိကန်ဗဟိုဘဏ်ရဲ့ လှည့် လည်ငွေကြေးမြင့်တက်စေမဲ့ အစီအစဉ် ကို ရုပ်သိမ်းတာက တိုးတက်နှေးကွေး နေတဲ တခြားနိုင်ငံတွေကို ခြိမ်းခြောက် နိုင်ပြီး အပြန်အလှန်အားဖြင့် အမေရိ ကန်စီးပွားရေးတိုးတက်မှုကို ထိုင်းမှိုင်း စေကြောင်းသူကပြောပါတယ်။ အမေရိကန်၊ ဂျပန်နဲ့ ဥရောပတို့ ရဲ့ စီးပွားရေးဖွံ့ဖြိုးမှုပြန်လည်ထိန်းသိမ်း ဖို့ ကြိုးစားရာမှာ မည်ကဲ့သို့ တုံ့ပြန် ရမည်ကို အကဲဖြတ် ဆွေးနွေးရန် အတွက် ဂျီ-၂၀ ဘဏ္ဍာရေးဝန်ကြီးတွေ နဲ့ ဗဟိုဘဏ်အကြီးအကဲတွေက ဇူလိုင် ၁၈ ရက်မှာ စည်းဝေးလျက်ရှိပါတယ်။ အမေရိကန်ဗဟိုဘဏ်က ဆောင်ရွက် နေတဲ့ စီးပွားရေး တွန်းအားပေး အစီ အစဉ်ကို မကြာမီထိန်းချုပ်တော့မဲ့ သဘော ယခုရက်သတ္တပတ်အတွင်း အမေရိကန်ဗဟိုဘဏ်ဥက္ကဌ ဘင်ဘာ နန်ကီကအရိပ်အယောင်ပြလာတဲ့ အပြင် ဥရောပခေါင်းဆောင်တွေက လည်း ဂျပန်နိုင်ငံက သူ့စီးပွားရေးတိုး တက်ဖို့အတွက် ဆောင်ရွက်ရာမှာ ဖြစ် ပေါ်လာမဲ့ အကျိုးဆက်တွေက ဖိတ်လျှံ အကျိုး သက်ရောက်မှု ဖြစ်လာမှာကို စိုးရိမ်နေကြပါတယ်။
 

Wednesday, 24 Jul 2013

ဒါဂျီလင် လက်ဖက်ခြောက်နဲ့ အသားကျပြီးသားဖြစ်နေတဲ့ အိန္ဒိယ စားသုံးသူ တို့အတွက် ဒီနှစ်မှာ အကောင်းစားကိုရနိုင်တော့မည် မဟုတ် ပါ။ ရူပီးတန်ဖိုးကျလာတဲ့အတွက် ဒါဂျီ လင် လက်ဖက်ခြောက်ထုတ်လုပ်သူတွေ က ပို့ကုန်ဘက်ကိုဦးတည်လာပြီး၊ သူ တို့လုပ်ငန်းတွေကို ပြည်တွင်းဈေးကွက် ကနေ ကမ္ဘာ့ဈေးကွက်တွေဘက်ကို ပြောင်းတော့မှာ ဖြစ်ပါတယ်။

Wednesday, 24 Jul 2013

ဒီနှစ်ထဲမှာ အမေရိကန်ဘဏ်က ငွေကြေး တွန်းအားပေး အစီအစဉ်ကို စတင်ပြီး လျှော့ချသွားတော့မယ်လို့ ထွက်ပေါ်နေတဲ့ သတင်းတွေကို အမေ ရိကန် ဗဟိုဘဏ်ဥက္ကဌ ဘင်ဘာနန်ကီ က အတည်ပြုပြီးတဲ့နောက် ဇူလိုင် ၁၈ ရက်က ဒေါ်လာနဲ့ဖလှယ်ရာမှာ အာရှ ဒေသမှာ အိန္ဒိယရူပီးက ဦးဆောင်ပြီး ထွန်းသစ်စ ငွေကြေးတွေရဲ့တန်ဖိုး ကျ ဆင်းခဲ့ပါတယ်။ ဒေသတွင်းမှာရှိတဲ့ ရှယ် ယာဈေးကွက်တွေက အဖွင့်မှာ တန်ဖိုး မြင့်ရာကနေ ကျဆင်းလာ ပါတယ်။ ဒေသတွင်းက ရင်းနှီးမြှုပ်နှံသူတွေက စင်ကာပူဒေါ်လာကိုပြန်ထုတ် ရောင်း လာကြပါတယ်။ ဈေး အကျမှာ ရောင်းခဲ့ တဲ့ ဒေသတွင်းငွေကြေးတွေကို ရင်းနှီး မြှုပ်နှံသူတွေကပြန်ဝယ်လာတဲ့အတွက် စောစောပိုင်း အာရှငွေကြေး တချို့ တန်ဖိုး မြင့်တက်ခဲ့ပါတယ်။ဒါပေမဲ့ နောက်ပိုင်းမှာ ပြန်ကျခဲ့ပါတယ်။

ဒေသတွင်း ငွေကြေးတွေ တန်ဖိုး တက်လာရင်လည်း ပြန်ရောင်းထုတ် မှာ ဖြစ်တဲ့အတွက်ထွန်းသစ်စအာရှငွေကြေး တွေတန်ဖိုးဆက်ပြီး ကျဆင်းဦးမယ်လို့ ကွာလာလမ်ပူရှိ CIMB Investment Bank မှ နိုင်ငံခြားငွေ မဟာဗျူဟာမှူး ရာမနာသန်က ပြောပါတယ်။ အာရှ ပစိဖိတ်မှာရှိတဲ့ အမေရိ ကန်ဗဟိုဘဏ်ရဲ့ ဆောင်ရွက်ချက်နဲ့ တရုတ် စီးပွားရေး ကျဆင်းမှုကြောင့် နိုင်ငံခြားငွေတွေ စီးထွက်သွားမှာ စိုးရိမ် တဲ့အတွက် တန်ဖိုး ကျဆင်းနေတဲ့ ငွေ ကြေးတွေကိုပြန်လည်မြှင့်တင်ဖို့အတွက် ခေါင်းဆောင်တွေက အလူးအလဲ ရုန်း ကန်နေကြရပါတယ်။ အမေရိကန် ဗဟို ဘဏ် ဆောင်ရွက်မှုကြောင့် ဖိတ်လျှံ အကျိုးသက်ရောက်မှု (Spill-over Effect)  ကို ခံရဖွယ်ရှိကြောင်း တောင် ကိုရီးယားဘဏ္ဍာရေး ဝန်ကြီးကလည်း သတိပေးထားပါတယ်။တရုတ်ယွမ် အမေရိကန် ပြည်ထောင်စုနဲ့ အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေ အဖွဲ့က တရုတ်ငွေကြေးကို တန်ဖိုးမြှင့် တင်ပေးဖို့ ထပ်မံ တောင်းဆိုခဲ့ပေမဲ့ တရုတ်နိုင်ငံ ဗဟိုဘဏ်က ငွေလဲနှုန်း သတ်မှတ်ရာမှာ ယွမ်ငွေတန်ဖိုးကိုချခဲ့တဲ့ အတွက် ဇူလိုင် ၁၈ ရက်မှာ ယွမ်ငွေ ကြေးတန်ဖိုးကျခဲ့ပါတယ်။ တရုတ်နိုင်ငံခြားငွေရောင်းဝယ် ရေးဌာနက ဇူလိုင် ၁၈ ရက်နေ့မှာ ယွမ် ငွေတန်ဖိုးကို သုည ဒသမ ၆၈ ရာခိုင် နှုန်းလျှော့ချပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၇၂ ယွမ်နှုန်းသတ်မှတ်ခဲ့ပါ တယ်။ လက်ငင်းရောင်းဝယ်ရာမှာ ယွမ် ငွေတန်ဖိုးက ဇူလိုင် ၁၇ ရက်ဈေး အောက် သုည ဒသမ ၀၇ ရာခိုင်နှုန်း ကျဆင်းပြီး တစ်ဒေါ်လာကို ၆ ဒသမ ၁၃၉၆ ယွမ်နှုန်းရှိခဲ့ပါတယ်။အိန္ဒိယရူပီး တခြားငွေကြေးတွေနဲ့ ဖလှယ်ရာ မှာ အမေရိကန်ဒေါ်လာ တန်ဖိုးမြင့် တက်ခဲ့တဲ့အတွက် ဇူလိုင် ၁၈ ရက်နေ့ မှာ ရူပီးငွေကြေးတန်ဖိုးက သုည ဒသမ ၄ ရူပီးနှုန်းကျဆင်းပြီးတစ်ဒေါ်လာကို ၅၉ ဒသမ ၇၄ ရူပီးနှုန်းရှိခဲ့ပါတယ်။ အမေရိကန်ဗဟိုဘဏ်ဥက္ကဌရဲ့ ပြောဆို မှုကြောင့် ငွေကြေးတွန်းအားပေး အစီ အစဉ်နဲ့ ပတ်သက်တဲ့စိုးရိမ်မှုတွေကျ ဆင်းလာပြီးနောက် ဒေါ်လာတန်ဖိုးမြင့် တက်လာမှုအပြင် သွင်းကုန်လုပ်ငန်းရှင် တွေရဲ့ဒေါ်လာဝယ်လိုအားမြင့်တက်လာ တာကလည်း ရူပီးငွေကြေးတန်ဖိုးကို ကျဆင်းစေခဲ့ပါတယ်။ ဒါပေမဲ့ ပြည်တွင်းရှယ်ယာတန်ဖိုး က ဈေးအဖွင့်မှာ မြင့်တက်လာတဲ့ အတွက် ရူပီးတန်ဖိုးကျဆင်းတာကို အထိန်းအကွပ်ရှိစေခဲ့ပါတယ်။ဂျပန်ယန်း ငွေကြေးတွန်းအားပေး အစီအစဉ် ကိုလျှော့ချထားတဲ့တိုင်အောင် အတိုး နှုန်းတွေကိုတော့ လျှော့ချထိန်းသိမ်း ထားဦးမှာဖြစ်ကြောင်းအမေရိကန် ဗဟို ဘဏ် ဥက္ကဌက ပြောကြားပြီး နောက် ပိုင်း ဇူလိုင် ၁၇ ရက်ကယူရိုငွေကြေးနဲ့ ဖလှယ်ရာမှာ ဒေါ်လာတန်ဖိုး မြင့်တက် လာပါတယ်။ ယူရိုငွေကြေးရဲ့တန်ဖိုးက ဇူလိုင် ၁၆ ရက်က တစ်ယူရိုကို ၁ ဒသမ ၃၆၄ ဒေါ် လာနှုန်းရှိခဲ့ရာမှ ဇူလိုင် ၁၇ ရက်ဂရင်း နစ်စံတော်ချိန် ၂၂ နာရီမှာ တစ်ယူရို ၁ ဒသမ ၃၁၂၅ ဒေါ်လာနှုန်း ထိ ကျဆင်း ခဲ့ပါတယ်။ ဂျပန်ငွေတန်ဖိုး ကဒေါ်လာနဲ့ဖလှယ်ရာမှာတစ်ဒေါ်လာ ကို ၉၉ ဒသမ ၀၄ ယန်းမှ ၉၉ ဒသမ ၆၀ ယန်း ကိုပြောင်းလဲရောက်ရှိခဲ့သလို ယူရိုနဲ့ ဖလှယ်ရာမှာ ၁၃၀ ဒသမ ၄၃ ယန်းမှ ၁၃၀ ဒသမ ၇၃ ယန်းသို့ ပြောင်းလဲ ရောက်ရှိလာပါတယ်။မလေးရှားရင်းဂစ် အမေရိကန်ဗဟိုဘဏ် ဥက္ကဌ ဘင် ဘာနန်ကီက ငွေကြေးမူဝါဒကို လျှော့ချထားဦးမယ်လို့ဇူလိုင် ၁၇ရက်က ပြောကြားတဲ့အတွက် အာရှ ငွေကြေး တွေ ခိုင်မာလာတာနဲ့အတူ ၁၈ ရက် နေ့ မနက် စောစောပိုင်းကဒေါ်လာနဲ့ ဖလှယ်ရာမှာ ရင်းဂစ်တန်ဖိုးမြင့်တက် ခဲ့ပါတယ်။ အမေရိကန် ဗဟိုဘဏ် ဥက္ကဌက ဘွန်းစာချုပ် တွေဝယ်ယူတာ လျှော့ချမှာကို အချိန် သတ်သတ်မှတ် မှတ်မပြောခဲ့ပါဘူး။ ဒါပေမဲ့ ရင်းဂစ်ငွေ ကြေးတန်ဖိုးကတော့ ဇူလိုင် ၁၇ ရက်က တစ်ဒေါ်လာ ၃ ဒသမ ၁၉၁၀ ရင်းဂစ် နှုန်းရှိခဲ့ရာမှ ယနေ့မှာ တစ်ဒေါ်လာကို ၃ ဒသမ ၁၈၅၅ ရင်း ဂစ်နှုန်းရှိခဲ့ပါ တယ်။ ရင်းဂစ်တန်ဖိုးက စင်ကာပူဒေါ် လာနဲ့ ဂျပန်ယန်းတို့နဲ့ ဖလှယ်ရာမှတန် ဖိုး ကျဆင်းပေမဲ့ တချို့ငွေကြေးတွေနဲ့ ဖလှယ်ရာမှာ တန်ဖိုးမြင့်တက်ခဲ့ပါတယ်။တောင်ကိုရီးယားဝမ် အမေရိကန်ဗဟိုဘဏ်က ငွေ ကြေးတွန်းအားပေးအစီအစဉ်ကို အဆုံး သတ်ရင် ဖိတ်လျှံ အကျိုးသက်ရောက်မှု တွေရှိလာနိုင်တယ်လို့ တောင်ကိုရီးယား ဘဏ္ဍာရေးဝန်ကြီးကသတိပေးပြောကြား ပြီး နောက်ပိုင်း ငွေကြေးတွေ ပျံသန်း စီးထွက်သွားမှာကို စိုးရိမ်မှုတွေရှိနေခဲ့ပါ တယ်။ ငွေကြေးပေးချေဖို့အတွက် ပို့ ကုန် လုပ်ငန်းရှင်တွေက ဝယ်လာတဲ့ အတွက် ဝမ်ငွေတန်ဖိုးက သုည ဒသမ ၃ ရာခိုင်နှုန်းမြင့်တက်ပြီး တစ်ဒေါ်လာ ကို ၁၁၁၄ ဒသမ ၅ ဝမ်နှုန်းထိရောက်ခဲ့ ပါတယ်။ထိုင်းဘတ် ထွန်းသစ်စ ဈေးကွက်က အက် ဆက်တွေရဲ့ ဝယ်လိုအားကို မြှင့်တင် ပေးနေတဲ့ စီးပွားရေးတွန်းအားပေး အစီအစဉ်ကို အမေရိကန်ပြည်ထောင် စုက လျော့ချတော့မယ်ဆိုတဲ့ စိုးရိမ် မှုကို အမေရိကန်ဗဟိုဘဏ် ဥက္ကဌက လျော့ကျစေပြီးတဲ့ နောက်ပိုင်း ထိုင်း ဘတ်တန်ဖိုးက ဇူလိုင် ၁၈ ရက်မှာ ရက် သတ္တပတ်အတွင်း အမြင့်ဆုံးနှုန်းကို ရောက်ခဲ့ပါတယ်။ ဘလွမ်းဘတ်က ပြုစုထားတဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ ဘန်ကောက်မှာ ဇူလိုင် ၁၈ ရက်မနက် ၈ နာရီ ၃၁ မိနစ်က ဘတ်ငွေတန်ဖိုး က သုည ဒသမ ၄ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီးတစ်ဒေါ်လာကို ၃၀ ဒသမ ၉၇ ဘတ်နှုန်းရှိခဲ့ရာ ဇူလိုင် ၁၁ ရက် နောက်ပိုင်းအမြင့်ဆုံး ဖြစ်ပါတယ်။
 

Monday, 15 Jul 2013

အကျပ်အတည်းကိုဖြေရှင်းဖို့ အတွက်နဲ့ စီးပွားရေးတွေ တိုးတက်လာ ဖို့အတွက် နိုင်ငံအများအပြားက သူတို့ ရဲ့ ဘဏ္ဍာရေးစနစ်အတွင်းကို ငွေကြေး တွေအားဖြည့်ပေးပြီး ဖွံ့ဖြိုးပြီးနိုင်ငံတွေ က သူတို့စီးပွားရေးတွေ တိုးတက်လာ အောင် လှုံ့ဆော်ပေးဖို့ ကြိုးစားခဲ့ကြပါ တယ်။ အကျိုးဆက်အဖြစ် နိုင်ငံခြား မတည် ရင်းနှီးငွေတွေက ထွန်းသစ်စ နိုင်ငံတွေရဲ့ ဘဏ္ဍာရေးဈေးကွက်ထဲကို စီးဝင်လာပါတယ်။ ဒီအထဲမှာ ထိုင်းနိုင်ငံ ဈေးကွက်လဲ ပါဝင်ကြောင်း ထိုင်းနိုင်ငံ နေရှင်း သတင်းမှာ ဖော်ပြထား ပါ တယ်။

ဒီမတည်ငွေ ရင်းတွေ ရုတ်တရက် လားရာ လမ်းကြောင်း ပြောင်းပြီး ပြင်ပ ကိုစတင် စီးထွက်သွားရင် ဖြစ်လာမဲ့ ငွေကြေး တည်ငြိမ်မှုကိစ္စ အတွက် စိုး ရိမ်ပူပန်မှုတွေ ရှိလာပါတယ်။ ဘတ်ငွေ တန်ဖိုးဧပြီ ၂၂ ရက်မှာ တစ် ဒေါ်လာ ၂၈ ဒသမ ၆၆ ဘတ်က နေ ဇွန် ၂၈ ရက်မှာ ၃၁ ဒသမ ၁၈ ဘတ် ရှိခဲ့ပါတယ်။ နှစ်လအတွင်း ၈ ဒသမ ၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တာ ဖြစ် ပါတယ်။ အမေရိကန်ဗဟိုဘဏ်က တစ်လကိုဒေါ်လာ ၈၅ ဘီလီယံ (ဘတ် ၂ ဒသမ ၆၄ ထရီလီယံ) ဖိုးဝယ်ယူမဲ့ ငွေကြေး တွန်းအားပေး အစီအစဉ်ကို ဆက်လက် ဆောင်ရွက်မယ်လို့ ဗဟို ဘဏ်ဥက္ကဌက လွှတ်တော်ကို တင်ပြ လိုက်တဲ့အခါ ဘတ်ငွေတန်ဖိုး ထူးထူး ခြားခြား ကျဆင်းခဲ့ပါတယ်။ ငွေဖြစ်လွယ်မှုကျဆင်းမှာကို စိုးရိမ် မှုကြောင့် ကမ္ဘာ့ဘဏ္ဍာရေးဈေးကွက် တွေအတက်အကျအများကြီးဖြစ်ခဲ့ပါ တယ်။ ဒါကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံ သူတွေက စာချုပ်စာတမ်းတွေ ကနေ ငွေတွေပြန်ဖော်ပြီး အမေရိကန် ပြည် ထောင်စုကို ပြန်ယူ သွားကြပါတယ်။ နိုင်ငံခြား ရင်းနှီး မြှုပ်နှံတာတွေ စီး ထွက်သွားတဲ့အတွက် အာမခံ စာချုပ် စာတမ်းတွေရဲ့ တန်ဖိုး ကျဆင်းခဲ့ပါ တယ်။ ရှယ်ယာတွေရောင်းထုတ်တာနဲ့ ဘွန်းစာချုပ်တွေသက်တမ်းကုန်ဆုံးသွား တာပူးတွဲသွားတဲ့အတွက် ဘွန်းစာချုပ် ဈေးကွက်ထဲကနေ မတည်ငွေကို ဘတ် ၃၈ ဘီလီယံဖိုး စီးထွက်ခဲ့ပါတယ်။ ထို့အတူ စတော့ဈေးကွက်ထဲကလည်း နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေက အလား တူကာလအတွင်းမှာ ဘတ် ၆၇ ဘီလီ ယံဖိုးပြန်ရောင်းခဲ့ပါတယ်။ ကုန်လွန်ခဲ့တဲ့နှစ်လအတွင်း ပြန် သုံးသပ်ရင် အမေရိကန်ဗဟိုဘဏ်က စီးပွားရေးတွန်းအားပေးအစီအမံတွေကို ရုပ်သိမ်းမှုကမရေရာတဲ့အတွက် ထိုင်း ဘဏ္ဍာရေးဈေးကွက်ထဲကနေ ထွက်ငွေ ကဘတ် ဘီလီယံ ၁၅၀ ဘီလီယံဖိုးထိ ရှိနိုင်ပါတယ်။
 

Monday, 15 Jul 2013

ထွန်းသစ်စ ဈေးကွက်တွေထဲကို ငွေကြေးတွေစီးဝင်စေခဲ့တဲ့ စီးပွားရေး တွန်းအားပေးအစီအစဉ်ကို လျှော့ချ မယ်ဆိုတဲ့ အမေရိကန်ဗဟိုဘဏ်ဥက္ကဋ္ဌ ဘင်အက်စ်ဘာနန်ကီရဲ့ ပြောစကား ကြောင့် စိုးရိမ်မှုတွေဖြစ်ရပါတယ်။ ဒါပေမဲ့ ဒီစိုးရိမ်စိတ်တွေလျော့ကျလာ ပြီးတဲ့နောက် အာရှငွေကြေးတွေက ၁၀ လအတွင်း ရက်သတ္တပတ်အလိုက် တန်ဖိုးအများဆုံးမြင့်တက်ခဲ့ပါတယ်။

Pages