Main menu

Background

Friday, 17 Mar 2023

သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြား စိုက်ပျိုးကြသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြသည်။ သံပရာသီးကို လူအများအသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာသည်။

Tuesday, 14 Mar 2023

ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် မတ် ၁ ရက်မှ  ၇ ရက်အထိ  ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ်  ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ၊ တွံတေးမှ သခမသီး အလုံးကြီး တစ်ခြင်း အလုံး ၂၀ မှ ၃၅ ပါကျပ် ၁၈၀ဝ၀၊ အလုံးလတ်  အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၇၀ဝ၀၊ အလုံး သေး အလုံး ၆၀ မှ ၉၀ ပါ ကျပ် ၁၅၀ဝ၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀ဝ မှ ၂၀ဝ၀၊ အလုံး လတ် ကျပ် ၁၈၀ဝ မှ ၁၅၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ မှ ၉၀ဝ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး  ကျပ် ၇၀ဝ ဖြစ် ကြောင်း သိရသည်။ 

Tuesday, 28 Feb 2023

ရန်ကုန်တိုင်းဒေသကြီး    လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် ဖေဖော်ဝါရီ ၁၅ ရက်မှ ၂၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံ ဈေးနှုန်းများမှာ   ပြင်ဦးလွင်မှ  စတော်ဘယ်ရီ အလုံးကြီးတစ်ခြင်း ငါးပိဿာပါ ကျပ် ၂၈၀ဝ၀၊ ပြင်ဦးလွင်မှ စတော်ဘယ်ရီ  အလုံးကြီး တစ်ဘူး ၁၈ ကျပ်သားပါ     ကျပ် ၁၂၀ဝ၊    တွံတေး၊ ပန်းတိုင် (လှိုင်သာယာ)မှ သခမသီး အလုံးကြီးတစ်ခြင်း အလုံး ၂၅ မှ ၃၅ ပါ ကျပ် ၁၈၀ဝ၀၊ အလုံးလတ်  အလုံး ၄၀ မှ  ၄၅ ပါ ကျပ် ၁၇၀ဝ၀၊ အလုံးသေး အလုံး ၆၀ မှ ၉၀ ပါကျပ် ၁၅၀ဝ၀၊ သီပေါမှ နာနတ်သီး အလုံး ကြီး ကျပ် ၁၂၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး ကျပ် ၈၀ဝ တို့ဖြစ်သည်။ 

Pages