Main menu

Background

Friday, 31 Mar 2023

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သည် ငရုတ်စိုက်ပျိုးထုတ်လုပ်မှု အောင်မြင်နေသော ဒေသတစ်ခု ဖြစ်သည်။ ထို့ပြင် ညောင်တုန်းမြို့နယ်နှင့်  အနီးအနားမြို့များ ဖြစ်သည့် ပန်းတနော်၊ ဓနုဖြူ၊  မအူပင်၊ ဝါးခယ်မ၊ ဇလွန်၊ ဟင်္သတမြို့များထိ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်လျက်ရှိကြောင်း ငရုတ်စိုက်ပျိုးထုတ်လုပ်သူများ အသင်း ဥက္ကဋ္ဌလည်းဖြစ် "ခင်" ငရုတ်ရောင်းဝယ်ရေး ပိုင်ရှင်လည်းဖြစ်သည့်   ဦးဌေးဝင်း၏ ပြောကြားချက်အရ သိရသည်။ 

Friday, 17 Mar 2023

သံပရာပင်ကို မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြသလို ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့နယ်တွင်လည်း အများအပြား စိုက်ပျိုးကြသည်။ ပြည်မြို့နယ်အတွင်းရှိ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသလို စီးပွား ဖြစ်လည်း စိုက်ပျိုးကြသည်။ သံပရာသီးကို လူအများအသုံးပြုကြသဖြင့် စိုက်ပျိုးမှုများပြားလာသည်။

Tuesday, 14 Mar 2023

ရန်ကုန်တိုင်းဒေသကြီး  လှိုင်မြို့နယ်  သီရိမင်္ဂလာဈေးတွင် မတ် ၁ ရက်မှ  ၇ ရက်အထိ  ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်းများမှာ မှော်ဘီ၊ တိုက်ကြီးမှ မာလကာသီး အလုံးကြီး ကျပ် ၅၀ဝ၊ အလုံးလတ် ကျပ်  ၄၀ဝ၊ အလုံးသေး ကျပ် ၃၀ဝ၊ တွံတေးမှ သခမသီး အလုံးကြီး တစ်ခြင်း အလုံး ၂၀ မှ ၃၅ ပါကျပ် ၁၈၀ဝ၀၊ အလုံးလတ်  အလုံး ၄၀ မှ ၄၅ ပါကျပ် ၁၇၀ဝ၀၊ အလုံး သေး အလုံး ၆၀ မှ ၉၀ ပါ ကျပ် ၁၅၀ဝ၀၊ မော်လမြိုင်မှ ကျွဲကောသီး အလုံးကြီး ကျပ် ၂၅၀ဝ မှ ၂၀ဝ၀၊ အလုံး လတ် ကျပ် ၁၈၀ဝ မှ ၁၅၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ မှ ၉၀ဝ၊ သီပေါမှ နာနတ်သီး အလုံးကြီး ကျပ် ၁၃၀ဝ၊ အလုံးလတ် ကျပ် ၁၀ဝ၀၊ အလုံးသေး  ကျပ် ၇၀ဝ ဖြစ် ကြောင်း သိရသည်။ 

Pages