Main menu

Background

Tuesday, 22 Nov 2022

အင်းစိန်မြို့နယ်ရှိ    တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ နိုဝင်ဘာ ၉ရက်မှ ၁၅ရက်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ ရွှေဒါး၊  မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊ ပြည်၊ လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ  အများဆုံးဝင်ရောက်ရောင်းချနေ ကြောင်း သိရှိရသည်။

Friday, 11 Nov 2022

၂၀၂၂ခုနှစ် နိုဝင်ဘာ ပထမပတ်အတွင်း နေပြည်တော်ကောင်စီနယ်မြေတွင် အခြေခံစားကုန်များဖြစ်သော ရွှေဘိုပေါ်ဆန်း တစ်ပြည် ၃၈၅၀ ကျပ်၊ ဧည့်မထ တစ်ပြည် ၂၄၀ဝ ကျပ်၊ မနောသုခ တစ်ပြည် ၁၉၂၀ ကျပ်နှုန်းဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ ကြက်သွန်နီလက်လီဈေးမှာ(ကြီး)တစ်ပိဿာ ၃၆၀ဝကျပ်၊ (လတ်)တစ်ပိဿာ ၃၂၀ဝ ကျပ်၊(သေး)တစ်ပိဿာ ၂၈၀ဝ ကျပ်နှုန်းဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ကြက်သွန်ဖြူ လက်လီဈေးမှာ (ကြူကုတ်) တစ်ပိဿာ ၄၂၀ဝ ကျပ်မှ ၅၂၀ဝကျပ်ထိ၊ (ရှမ်း)တစ်ပိဿာ ၃၆၀ဝ ကျပ်မှ ၄၂၀ဝ ကျပ်ထိ၊ ငရုတ်သီးခြောက်လက်လီဈေးမှာ (အရှည်) တစ်ပိဿာ ၁၂၅၀ဝ ကျပ်မှ ၁၆၅၀ဝ ကျပ်ထိ၊ (အပု)တစ်ပိဿာ ၁၄၅၀ဝကျပ်မှ ၂၀ဝ၀ဝ ကျပ်ထိ၊ အာလူးလက်လီဈေးမှာ ၂၄၀ဝ က

Wednesday, 9 Nov 2022

ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ် သီရိမင်္ဂလာဈေးတွင် အောက်တိုဘာ ၂၆ ရက်မှ နိုဝင်ဘာ ၁ ရက်အထိ ဖြစ်ပေါ်ခဲ့သော သစ်သီးဝလံဈေးနှုန်း များမှာ ပြည်မှ ဆီးသီး(အချဉ်သီး) အလုံးကြီး သေတ္တာ ၁၃ ပြည်ပါ ကျပ် ၁၅၀ဝ၀၊ အလုံး လတ် ခုနစ်ပြည်ပါ ကျပ် ၈၅၀ဝ၊ အင်းလေးမှ လိမ္မော်သီး တစ်ပိဿာ အလုံးကြီး ကျပ် ၃၀ဝ၀၊ အလုံးလတ် ကျပ် ၂၀ဝ၀၊ အလုံးသေး ကျပ် ၁၅၀ဝ၊ ပလောင်မှ လိမ္မော်သီးတစ်ပိဿာ အလုံးကြီး ကျပ် ၂၅၀ဝ၊ အလုံး လတ် ကျပ် ၁၈၀ဝ၊ အလုံးသေး ကျပ် ၁၂၀ဝ၊ တောင်ကြီး မှ ထောပတ်သီး အလုံးကြီး သေတ္တာအလုံး ၂၀ လုံး နှင့် ၃၀ လုံးပါ ကျပ် ၁၂၀ဝ၀၊ အလုံးလတ် အလုံး ၃၀ လုံး နှင့် ၄၀ လုံးပါ ကျပ် ၈၀ဝ၀၊ အလုံးသေး အလုံး ၅၀ လုံးနှင့် ၆၀ လုံး

Tuesday, 8 Nov 2022

ပဲခူးတိုင်းဒေသကြီး(အနောက်)ပြည်မြို့တွင် အောက်တိုဘာလ စတုတ္ထပတ်မှစတင်၍   မြို့မစည်ပင်သာယာဈေးကြီးနှင့် အခြားဈေးများတွင် ရာသီစာဖြစ်သော ဝါးဥများရောင်းချလျက်ရှိသည်။ ပြည်မြို့ မြို့မစည်ပင်သာယာ ဈေးကြီး တွင် ရှမ်းပြည်နယ်ဘက်မှ လာသောဝါးဥနှင့် ရွှေတောင်မြို့နယ်ဘက်မှလာသောဝါးဥတို့  အရောင်းအဝယ် ဖြစ်လျက်ရှိသည်။ရှမ်းပြည်နယ်ဘက်မှ ဝင်ရောက်လာသောဝါးဥမှာတစ်ပိဿာ လျှင်ကျပ်၁၇၀ဝ နှင့် ရွှေတောင်မြို့နယ်ဘက်မှ ဝင် ရောက်လာသော ဝါးဥတစ်ပိဿာလျှင် ကျပ် ၁၅၀ဝ ဖြင့်ရောင်းချလျက်ရှိကြောင်း သိရသည်။ ရာသီစာဖြစ်သည့်အတွက် ဈေးကောင်းရသလို စားသုံးမှုများသဖြင့် အရောင်းအဝယ် လည်းဖြစ်ကြောင်း သိရသည်။ပြည်မြို့ရှိ လိမ္မော်သီးဈေး ကွက်မှာ  ဈေးနှု

Wednesday, 2 Nov 2022

မန္တလေးတိုင်းဒေသကြီး ကျောက် ဆည်ခရိုင်အတွင်းတွင် ငှက်ပျောစိုက် ဧကမှာ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် စုစုပေါင်း စိုက်ဧက ၂၅၃၉ ဧက စိုက်ပျိုး ထားရှိပြီး ယခုလက်ရှိအချိန်ထိ  ငှက် ပျော စိုက်ဧက ၄၉၄ ဧကခန့်  ရိတ်သိမ်း ပြီးစီးပြီ ဖြစ်ရာ အထွက်နှုန်း  စုစုပေါင်း ၃၈၆၂၆၈ ခိုင်ထွက်ရှိကြောင်း၊ ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင် ငှက်ပျော တစ်ဧကကုန်ကျစရိတ်မှာကျပ်ကိုးသိန်း ဝန်းကျင်ကုန်ကျပြီး ယခုနှစ်  ၂၀၂၂-၂၀၂၃ဘဏ္ဍာနှစ်တွင်  ငှက်ပျော တစ် ဧက ကုန်ကျစရိတ် မှာ   ကျပ် ၁၅ သိန်း ဝန်းကျင်ကုန်ကျကြောင်း သိရသည်။ယခင်နှစ်  ငှက်ပျောဈေးနှုန်းများ အနေဖြင့် အခိုင်၄၀ပါလှည်းတစ်စီးလျှင် ကျပ်   ၁၄၀ဝ၀ဝ ဈေးရရှိပြီး    ယခုနှစ် အနေဖြင့် အခိုင် ၄၀ ပါ   လှည

Tuesday, 1 Nov 2022

အင်းစိန်မြို့နယ်ရှိ   တညင်းကုန်းလက်ကားဈေးကြီး အတွင်းသို့ အောက်တိုဘာတတိယပတ်အတွင်း  ညောင်တုန်း၊ မှော်ဘီ၊ သာရဝေါ၊ ညောင်နှစ်ပင် ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊ တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊ သုံးခွ၊  ပြည်၊  လက်ပံတန်း၊ မင်းလှ၊ ဝါးနက်ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံပန်းမန်များ အများဆုံး ဝင်ရောက်ရောင်းချနေ ကြောင်း သိရသည်။

Tuesday, 1 Nov 2022

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုး ဖြစ်သော နနွင်းကိုလည်း စိုက်ပျိုး    ကြသည်။
၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်တွင်  နနွင်းစိုက်ဧက ၂၅၁၈ ဧက  စိုက်ပျိုးနိုင်ခဲ့ကြောင်း၊   ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် နနွင်းစိုက်ဧက ၂၂၉၆ ဧက စိုက်ပျိုးနိုင် ခဲ့ပြီး ယခင်နှစ်ထက်လျော့နည်းစိုက်ပျိုးခြင်းမှာ မိုးစပါး များ ပိုမိုစိုက်ပျိုးသောကြောင့်   လျော့နည်းရခြင်းဖြစ် ကြောင်းသက်ဆိုင်ရာဌာန၏စာရင်းများအရ သိရသည်။

Wednesday, 19 Oct 2022

ပြည်ဈေးကွက်သို့ ကျောက်ဆည်၊ ဟင်္သာတနှင့် မင်းတုန်း မြို့တို့မှ နနွင်းများ  နေ့စဉ်ပုံမှန်ဝင်ရောက်လျက်ရှိပြီး ဝယ်လို အားကောင်းလာသဖြင့် ဈေးအနည်းငယ် မြင့်တက်လာတာ တွေ့ရသည်။အောက်တိုဘာလဆန်းပိုင်းတွင် နနွင်းဈေး မှာ အတက်ကြီး တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၊ အတက် အသေး တစ်ပိဿာလျှင် ကျပ် ၄၅၀ဝ ဖြင့် ယခင် စက်တင်ဘာလ တတိယပတ်ထက်စာလျှင်တစ်ပိဿာ ကျပ်  ၅၀ဝ ခန့် ဈေး မြင့်လာသည်။ ဈေးအနည်းငယ်  မြင့်တက် လာရခြင်း မှာ ပွင်းလင်းရာသီရောက်ရှိလာပြီဖြစ်သည့်အတွက်နနွင်းတက်များ အဝယ်လိုက်လာခြင်းဖြစ်ကြောင်းသိရသည်။ပြည်ဈေးကွက်တွင် သြဇာသီးများ အောက်တိုဘာလ ဆန်းတွင် ရောင်းအားသွက်လျက်ရှိသည်။ တော်သလင်းလဆန်း ပိုင်း တွင် သြဇာသီးများ စတင်ထွက်ပေါ်လ

Thursday, 13 Oct 2022

အင်းစိန်မြို့နယ်ရှိ တညင်းကုန်းလက်ကားဈေးကြီးအတွင်းသို့ စက်တင်ဘာ ၃၀ရက်မှ အောက်တိုဘာလ ၆ ရက်အတွင်း ညောင်တုန်း၊မှော်ဘီ၊သာရဝေါ၊ညောင်နှစ်ပင်ကျေးရွာ၊ ကြာကန်စုကျေးရွာ၊ နေပြည်တော်၊တပ်ကုန်း၊ရွှေဒါး၊ မင်္ဂလာဒုံ၊ အင်းစိန်၊ ခရမ်း၊သုံးခွ၊ ပြည်၊လက်ပံတန်း၊မင်းလှ၊ ဝါးနက် ချောင်း၊ မော်လမြိုင်၊ မန္တလေး၊ အုတ်ဖိုနှင့်ရှမ်းပြည်နယ်တို့မှ ဟင်းသီးဟင်းရွက်နှင့်သစ်သီးဝလံပန်းမန်များ  အများဆုံး ဝင်ရောက် ရောင်းချနေကြောင်း သိရသည်။ထိုသို့ဝင ရောက် ရာတွင်ယခုရက်သတ္တပတ်အတွင်း ခရမ်းချဉ်သီး  ထိုင်ဝမ် (ပိဿာ)ကျပ် ၁၂၀ဝ မှ ၂၈၀ဝ အတွင်း၊ ဂေါ်ဖီထုပ်(တစ်ထုပ်)ကျပ် ၇၀ဝ မှ ၁၆၀ဝ အတွင်း၊ ပန်းဂေါ်ဖီ (ထုပ်)ကျပ် ၁၀ဝ၀ မှ ၁၈၀ဝ အတွင်း၊   အာလူ း (ပ

Thursday, 29 Sep 2022

ကယားပြည်နယ်တွင်   အုန်းသီး ကို လွိုင်ကော်မြို့၊  မှုံပြာကျေးရွာ၊ ဘော် လခဲခရိုင် ရွာသစ်မြို့တို့တွင်    မိသားစု အပိုဝင်ငွေရရှိစေရေးအတွက်   တစ်နိုင် တစ်ပိုင်စိုက်ပျိုးကြပြီး      ဒေသအတွင်း ထွက်ရှိသောအုန်းသီးကို      မြန်မာ့ရိုးရာ မုန့်များပြုလုပ်ရာတွင်    အသုံးပြုရန် အတွက်လည်းကောင်း၊      အုန်းသီးကို အုန်းဆီအဖြစ် ထုတ်လုပ်၍   ရောင်းချ ကြသည်။   ယခုနှစ်   စက်တင်ဘာလ အတွင်း ဖြစ်ပေါ်နေသော အုန်းသီးဈေး နှုန်းမှာ     အုန်းသီးအလုံးသေးတစ်လုံး လျှင် ၈၀ဝကျပ်၊ အုန်းသီးအလုံးကြီးတစ် လုံးလျှင် ၁၀ဝ၀ ကျပ်အထိရှိပြီး   ယခင် နှစ် စက်တင်ဘာလအုန်းသီးဈေးနှုန်းမှာ အုန်းသီးအလုံး သေးတစ်လုံးလျှင် ၅၀ဝ ကျပ်၊    အုန်းသီးအလုံ

Pages