Main menu

Background

Sunday, 9 Sep 2012

သြဂုတ်လ ၃၁ ရက်နေ့က တစ်တန်ကို ၂၇၁၈ ဒသမ ၅၀ ဒေါ်လာအထိ ရောက်ရှိကျဆင်းခဲ့တဲ့ ကမ္ဘာ့ရော်ဘာ ဈေးနှုန်းတွေက စက်တင်ဘာလ ၄ ရက်နေ့မှာ တစ်တန်ကို ၂၇၆၄ ဒေါ်လာအထိ ၄၅ ဒသမ ၅၀ ဒေါ်လာ ဈေးမြင့်လာ တယ်။ ဒါပေမဲ့ သြဂုတ်လ ၂၈ ရက်နေ့ဈေးနှုန်းဖြစ်တဲ့ ၂၈၀၀ ဒသမ ၅၀ ဒေါ်လာနဲ့ ယှဉ်ရင်တော့ အားနည်းနေဆဲ ဖြစ် တယ်။

Sunday, 9 Sep 2012

လယ်ယာထွက်ကုန်ဆက်စပ်လုပ်ငန်းများမှာ ကန်ဒေါ်လာ ၃ ဒသမ ၄ ဘီလီ ယံထိ ရင်းနှီးမြှုပ်နှံမှုရှိတဲ့ ချီကာကိုမှာ ပြောင်းဈေးက စံချိန်တင်မြင့်တက်ပြီးတဲ့တိုင် ကမ္ဘာမှာပြောင်းကို ဒုတိယအသုံးများတဲ့ တရုတ်နိုင်ငံရဲ့ ပြောင်းသုံးစွဲမှုကတော့ လျော့ကျခြင်းမရှိ ဆက်ပြီးများနေဆဲဖြစ်တယ်လို့ DWS ကမ္ဘာ့ လယ်ယာစီးပွားရေး ရန်ပုံငွေ အဖွဲ့မှ ရင်းနှီးမြှုပ်နှံမှုအထူးပြု  Bill  Barbour မှ ပြောကြားပါတယ်။ အမေရိကန်မှာ ၁၉၃၆ ခုနှစ်နောက်ပိုင်း အပူပြင်း ဆုံးဖြစ်ခဲ့လို့ တိရစ္ဆာန်အစာနဲ့ အီသနော ထုတ်လုပ်မှုမှာ အသုံးပြုတဲ့ ပြောင်းဈေးက ယခုနှစ်မှာ ၂၄ ရာခိုင်နှုန်းမြင့် တက်ခဲ့ပြီး၊ ယခင်လက စံချိန်တင်တဲ့ဈေးကို ရောက်ရှိခဲ့ပါတယ်။

Sunday, 9 Sep 2012

ပြည်ပကို ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လနောက်ဆုံးပတ်မှာ နနွင်း ၁၁၆ ဒသမ ၉၉ တန်ကို တင်ပို့ခဲ့ တယ်လို့ သိရပါတယ်။ ဒီတစ်ပတ်တင်ပို့ မှုက ပါကစ္စတန်နိုင်ငံကို ၂၅ တန်၊ မလေးရှားနိုင်ငံကို တန် ၆၀ နဲ့ ထိုင်းနိုင်ငံကို ၃၁ ဒသမ ၉၉ တန်ဖြစ်ပါတယ်။ ဒီတစ်ပတ်တင်ပို့မှုကိုကြည့်ရင် မလေးရှားနိုင်ငံကို အများဆုံးတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ ယခင်သီတင်းပတ်ပြည်ပကို နနွင်းတင်ပို့မှုက တန်သုံးဆယ်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ နနွင်းတင်ပို့မှုသာခဲ့ပါတယ်။ FOB ဈေးက တစ်တန်ကို ကန်ဒေါ်လာ ၅၅၀-၇၀၀ ထိရရှိခဲ့တယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

ပြည်ပကို သြဂုတ်လနောက်ဆုံးပတ်အတွင်း မန်ကျည်းတန်ချိန် ၁၀၀ ကို ပင်လယ် ရေကြောင်းကုန်သွယ်မှုလမ်း မှ တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက စင်ကာ ပူနိုင်ငံဘဲဖြစ်ပါတယ်။ သြဂုတ်လအတွင်းမှာ သီတင်းတစ်ပတ်သာ အပို့ပျောက်ခဲ့ပြီး စင်ကာပူနိုင်ငံနဲ့ ပါကစ္စတန်နှစ်နိုင်ငံကိုသာ ပို့ခဲ့တယ်လို့သိရပါတယ်။ သြဂုတ်လအ တွင်းမန်ကျည်းတင်ပို့မှုက စုစုပေါင်း ၃၆၇ တန်ရှိခဲ့ပြီး ဇူလိုင်လရဲ့ တင်ပို့မှုက ၄၅၅ တန်ရှိခဲ့တာကြောင့် သြဂုတ်လမှာ ၈၈ တန်အပို့လျော့ခဲ့ပါတယ်။ ဒါကြောင့်သြဂုတ် လအတွင်း စုစုပေါင်းရရှိခဲ့တဲ့ ဝင်ငွေက ကန်ဒေါ်လာ တစ်သိန်းလေးသောင်းကျော် ရရှိခဲ့ပါတယ်။                                                                          MIRT (DOT)

Sunday, 9 Sep 2012

ရေတွက်ပုံ - VISSAစဉ်    အမျိုးအစား         တိုကျိုဈေးကွက်ဈေးနှုန်း    ညီမျှမြန်မာဈေးနှုန်း(ကျပ်)၁။    တိရစ္ဆာန်အစားအစာ (က) ပြောင်း(CIF)           US$ 0.65                      563 (ခ) ပဲပုပ် (CIF)               US$ 0.89                     771၂။    ပဲမျိုးစုံ (က) ထောပတ်ပဲ            Yen 127.92                   1412 မှတ်ချက်။    ငွေလဲနှုန်း 1 USD = 78.45-78.47 Yen (6.7.12) 1USD = 866 Kyats Source : NIHON KEIZAL NEWSPAPER,MOC

Sunday, 9 Sep 2012

အိန္ဒိယ ပဲမျိုးစုံသုတေသနသိပ္ပံ (IIPR)မှ သိပ္ပံပညာရှင်များအား အထွက်နှုန်းမြင့်ပြီး၊ ပိုမိုကောင်းမွန်တဲ့ ပဲစင်းငုံ၊ ကုလားပဲဖြူလုံးကြီးနဲ့ ပဲတီစိမ်းများအလားတူ ယင်းသိပ္ပံကျောင်းအတွက် အောင်မြင်မှုအဖြစ် အသိအမှတ် အများဆုံးရရှိတဲ့ ပဲစင်းငုံစပ်မျိုးတစ်မျိုးကိုလည်း အောင်မြင်စွာထုတ်လုပ်ခဲ့တယ်လို့ သိရပါတယ်။ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာ၊ ဂျတ်ခဟန်း၊ သြရိသ၊ အနောက်ဘင်ဂေါနဲ့ အာသံ စတဲ့ ဒေသရေမြေနဲ့ သင့်တော်တဲ့ အစောပိုင်းကာလ ပဲစင်းငုံစပ်မျိုးကို အခြေခံထားတဲ့ IPH 09-5  အမည်ရတဲ့ စပ်မျိုးတစ်ခု ထုတ်လုပ်ခဲ့ပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယအစိုးရဟာ ၂၀၁၂-၁၃ မိုးရာသီအတွင်း ပဲမျိုးစုံ တန်ချိန် ၁၉ သန်းရရှိရေး အစီအစဉ်သစ်တစ်ခုကို စတင် ထားကြောင်း စိုက်ပျိုးရေးနဲ့ စားနပ်ရိက္ခာပြုပြင်ထုတ်လုပ်မှု ဝန်ကြီး Harish  Rawat မှ သြဂုတ်လ ၃၁ ရက်မှာ အထက် လွှတ်တော်ကို တင်ပြခဲ့ကြောင်း သိရပါတယ်။ အဲဒီအထူးအစီ အစဉ်မှာ ကြားညှပ်စိုက် ပျိုးခြင်းဖြင့် မြေဧရိယာ အသစ်များ အသုံးချခြင်းအပါအဝင် အပင်နည်းပညာတိုးတက်ခြင်းနဲ့ ရေ စီမံခန့်ခွဲမှုမျိုး ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

Sunday, 9 Sep 2012

အိန္ဒိယဈေးကွက်တော်တော်များများမှာ ပဲဝယ်လိုအား နည်းနေပြီး ပဲအဓိကစိုက်ပျိုးတဲ့ ပြည်နယ်များမှာလည်း သို လှောင်ထားတဲ့ ပဲမျိုးစုံနဲ့မျိုးစေ့များရောင်းချမှုတွေကြောင့် ယခု ရက်ပိုင်းတွေမှာ ပဲဈေးတွေအကျဘက်ဆက် ဆင်းနေပါတယ်။ သြဂုတ်လ ၃၁ ရက်နေ့အထိ မိုးပဲစိုက်ပျိုးမှုမှာ စုစုပေါင်း တန်ချိန် ၉၇ ဒသမ ၇ သိန်းရှိလို့ ယခင်နှစ်စိုက်ပျိုးမှုဟက်တာ ၁၀၄ ဒသမ ၁၈ သိန်းနဲ့ ယှဉ်ရင် စိုက်ဧရိယာလျော့ကျသလို ပုံမှန်စိုက်ဧရိယာ ဟက်တာ ၁၀၁ ဒသမ ၃၁ သိန်းထက်လည်း လျော့ကျပါတယ်။ လက်ရှိပဲစိုက်တဲ့ ဒေသတွေမှာ မိုးရွာသွန်း နေလို့ စိုက်ပျိုးထားတဲ့ ပဲပင်တွေအတွက် အကျိုးရှိနိုင်တယ်လို့ သိရပါတယ်။

Wednesday, 5 Sep 2012

အိန္ဒိယနိုင်ငံက ပြည်တွင်းမှာ ရော်ဘာ ရောင်းလိုအား မလုံမလောက်ဖြစ်နေခြင်း၊ ရော်ဘာ သွင်းကုန်အခွန် မြင့်မား နေခြင်းနဲ့ ပြည်တွင်းလုပ်သားခတွေ မြင့်တက်နေခြင်း စတဲ့ အကြောင်းကြောင်းတို့ကြောင့် အင်ဒိုနီးရှားနဲ့ သီရိလင်္ကာနိုင်ငံ တို့မှာ ရော်ဘာထုတ်လုပ်မှုလုပ်ငန်းကို သွားရောက်ရင်းနှီးမြှုပ် နှံဖို့ စိတ်ဝင်စားလျက် ရှိကြောင်း သိရတယ်။

Wednesday, 5 Sep 2012

လွန်ခဲ့တဲ့ သီတင်း ၂ ပတ်နီးပါး ရောင်းချမှုလျော့ကျပြီး၊ ဝယ်လိုအားအသစ် ထွက်လာလို့ ယခုတစ်ပတ် အာရှဈေးကွက်မှာ ထိုင်းသကြားကြမ်း ပရီမီယံဈေးမြင့် တက်လာပါတယ်။ ဒီအချိန်မှာ အိန္ဒိယသကြားတင်ပို့ သူတွေက ပြည်တွင်းဈေးမြင့် တက်တာကြောင့် ၎င်း တို့အရောင်းအဝယ်စာချုပ်ဖျက်သိမ်းဖို့ စတင်ဆွေးနွေးနေ တယ်လို့ ကုန်သည်များက ဆိုပါတယ်။ ထိုင်းရဲ့ ရောင်ခြည်ဖျာထွက်မှုမြင့်တဲ့ သကြား ကြမ်းကို နယူးယောက်ရဲ့ အောက်တိုဘာ စာချုပ်မှာ ယခင်တစ်ပတ်က ပရီမီယံ ၃၀၀ ပွိုင့်ဈေးရှိရာမှ ယခုတစ်ပတ်မှာ ပရီမီယံ ပွိုင့် ၄၀၀ ထိ မြင့်တက်ခဲ့တယ်လို့ ဘန်ကောက်အခြေစိုက် ကုန်သည်များက ဆိုပါတယ်။

Pages