Background
၂၀၀၅ ခုနှစ်မှ ၂၀၁၀ ပြည့်နှစ်ကာလအတွင်း ကမ္ဘာတစ်ဝန်းမှာရှိတဲ့ ဖွံ့ဖြိုးပြီးနိုင်ငံတွေမှ မော်တော်ယာဉ် ထုတ်လုပ်မှုတွေ အရှိန်အဟုန်ရနေသလို တာယာထုတ်လုပ်မှုပါမြင့်တက်နေတဲ့အတွက် ရော်ဘာဝယ်လိုအား စဉ်ဆက်မပြတ်ရှိခဲ့ကြောင်း သိရပါ တယ်။မော်တော်ကားသုံးစွဲမှုမြင့်မားလာတာနဲ့အမျှ ကမ္ဘာတစ်ဝန်း ရော်ဘာသုံးစွဲမှုကိုပါ အကျိုးသက်ရောက်စေခဲ့ကြောင်း သိရပါတယ်။
ကမ္ဘာ့ရော်ဘာရောင်းလိုအား ကျပ်တည်းနေပေမယ့် တိုကျိုကုန်စည်ဒိုင် (TOCOM) မှာ မေလအတွက် ဈေးနှုန်းက တစ်ကီလိုကို ၃၀၁ ယန်း (၃ ဒသမ ၇၂ ဒေါ်လာ) အထိ ဈေးကျသွားကြောင်း သိရပါတယ်။ ဒီလိုဈေးကျရခြင်းက ကမ္ဘာ့ စီးပွားရေး အထူးသဖြင့် ဥရောပရဲ့ စီးပွားရေးကျဆင်းမှာကို စိုးရိမ်နေရတာကြောင့် ဖြစ်ပါတယ်။
ထိုင်း၊ ဗီယက်နမ်နဲ့ ဆက်စပ်နေတဲ့ တရုတ်နိုင်ငံတောင်ပိုင်းပြည်နယ်များအတွင်း တရားမဝင် ဝင်ရောက်တဲ့ သကြားပမာဏများစွာဟာ ယခုအချိန်မှာ အရေးပါလျက် ရှိပါတယ်။ ယခုသကြားရောင်းဝယ်မှုဟာ ရွှေတြိဂံနယ်မြေမှာ မူးယစ်ဆေးဝါး ရောင်း ဝယ်မှုနဲ့ အလားသဏ္ဍန်တူစွာ မှောင်ခိုလုပ်သူတွေအတွက် အကျိုးအမြတ်များစွာ ရရှိနေတယ်လို့ဆိုပါတယ်။
ဧပြီလ ၂၉ ရက်မှ မေလ ၅ ရက်အတွင်း ပင်လယ်ရေကြောင်းမှ ပြောင်းတန် ၁၂၀ တန်ဖိုးကန်ဒေါ်လာ သုည ဒသမ ၀၃၄ သန်းတန်ဖိုး တင်ပို့ခဲ့ပါတယ်။ သြင်္ကန် ကာလ ဧပြီလရက်သတ္တပတ်တွေထက် အဆပေါင်းများစွာ တင်ပို့မှုလျော့ကျပြီး တင်ပို့မှုရှိတယ် ဆိုရုံမျှသာ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ကာနာတာကာနဲ့ အင်ဒရာပရာဒေ့ရှ် အစိုးရများက ဟင်းခတ်အမွှေးအကြိုင်စတင်ဝယ်ယူနိုင်တဲ့ သတင်းများအရ မေ ၉ရက်မှာ နနွင်းဈေး မြင့်တက်ခဲ့ ကြောင်း သိရပါတယ်။ နနွင်းတောင်သူများ လက်ရှိဈေး အနိမ့်နဲ့ရောင်းချနေရခြင်းကို အကူအညီပေးတဲ့အနေနဲ့ ယင်းပြည်နယ်အစိုးရများက ဈေးကွက်ကြားဖြတ် ဆောင် ရွက်မှုအနေနဲ့ အချို့တစ်ဝက်ကို ဝယ်ယူသွားနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အိန္ဒိယမြောက်ပိုင်းမှ မှာယူမှုအသစ် များရှိတာကြောင့်လည်း ဝယ်ယူမှုများလာကြောင်း သိရပါ တယ်။
အိန္ဒိယနိုင်ငံရဲ့ တတိယအကြိမ်နောက်ဆုံး ခန့်မှန်းချက်အရ ၂၀၁၁-၁၂ ဆောင်း ပဲမျိုးစုံ စုစုပေါင်း စိုက်ပျိုးမှုဟာ ဟက်တာ ၁၄၉ ဒသမ ၁၂ သိန်းရှိလို့ ယခင်နှစ် စိုက်ပျိုးခဲ့တဲ့ ဟက်တာ ၁၄၀ ဒသမ ၈၂ သိန်းနဲ့ယှဉ်ရင် ၅ ဒသမ ၈၉ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်လို့ သိရပါတယ်။ ဆောင်းရာသီအတွင်း မတ်ပဲစိုက် ဧရိယာယခင်နှစ်က ဟက်တာ ၇ ဒသမ ၄၁ သိန်းရှိခဲ့ရာမှ ၂၀၁၁-၁၂ ဆောင်းရာသီ မှာ ၅၃ ဒသမ ၃ ရာခိုင်နှုန်း ပိုမိုပြီး၊ ဟက်တာ ၁၁ ဒသမ ၃၆ သိန်း စိုက်ပျိုးနိုင်ခဲ့ တယ်လို့ သိရပါတယ်။ ဒါကြောင့် မတ်ပဲထုတ်လုပ်မှုက စံချိန်တင် တိုးတက်ခဲ့တယ် လို့ ဆိုပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေကို ဆောင်းပဲဝင်ရောက်မှု တိုးလာတာကြောင့် ယခုတစ်ပတ်ကုလားပဲဈေးငြိမ်နေကြောင်း သိရပါတယ်။ ကြိုပွိုင့်ဈေးကွက်မှာ ဈေး အနည်းငယ် ကျဆင်းခဲ့ပါတယ်။ ရာဂျက်စသန်မှာ ကုလားပဲရိတ်သိမ်းမှု ပြီးစီးလုပြီ ဖြစ်ပြီး လာမယ့်သီတင်းပတ်မှာ ဝင်ရောက်မှု ပိုမိုလာတော့မယ်လို့ သိရပါတယ်။
အိန္ဒိယနိုင်ငံလယ်ယာထွက်ကုန် ကုန်ကျစရိတ်နဲ့ဈေးနှုန်းကော်မရှင်(ဃဗဃဏ) မှ ပဲမျိုးစုံရဲ့ ကြမ်းခင်းဈေးကို ၂၅ ရာခိုင်နှုန်း ၃၀ ရာခိုင်နှုန်းခန့်တိုးမြှင့်ဖို့ အကြံပြုပြီးတဲ့အချိန်မှာ ပဲမျိုးစုံစိုက်ဧရိယာက ယခင်နှစ်ထက် တိုးတက်လို့ လာတာတွေ့ ရပါတယ်။ စိုက်ပျိုးရေးဌာနမှထုတ်ပြန်တဲ့ပဏာမ အစီရင်ခံစာအရ လက်ရှိစိုက်ပျိုးရာသီမှာ ယခုအချိန်ထိ တောင်သူများမှ ပဲမျိုးစုံ ဟက်တာ၁၀ ဒသမ ၈၉ သိန်းစိုက်ပျိုးထားပြီးဖြစ်တယ်လို့သိရပါတယ်။
အိန္ဒိယပြည်တွင်း ဈေးကွက်တွေမှာ ယခုတစ်ပတ် ပဲစင်းငုံဈေး သိသိသာသာ မြင့်တက်လာခဲ့ပါတယ်။ ဆောင်းပဲဝင်ရောက်မှုရှိနေပေမဲ့ ပဲစင်းငုံအထွက်လျော့တဲ့ အတွက် ပြည်တွင်းလက်ကျန်နည်းနေပြီဖြစ်လို့ ပြည်ပမှ တင်သွင်းလျက်ရှိပါတယ်။ အချို့ဈေးကွက်တွေမှာ ပြုပြင်ပြီး ပဲစင်းငုံ အဝယ်ရှိလာလို့ ပဲခွဲစက်များက ဝယ်ယူမှု တက်လာတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ကုန်သည်များနဲ့ ပဲခွဲစက်များ အဝယ်ထိုင်းနေလို့ မတ်ပဲဈေး တည်ငြိမ်လျက်ရှိနေပါတယ်။ ဈေးကွက် တွေကို ဆောင်းပဲများဝင်လာနေဆဲဖြစ်တယ်လို့ သိရပါတယ်။ ယခင်နှစ်ဆောင်းပဲ စိုက်ပျိုးစဉ် မတ်ပဲစိုက်ဧရိယာ ပိုမိုပြီး အထွက်များတဲ့အတွက် ဈေးကွက်တွေမှာ ရောင်းချမှု ရှိနေဆဲဖြစ်သလို ပြည်ပက တင်သွင်းမှုတွေလည်း ပုံမှန်ရှိနေတယ်လို့ သိရပါတယ်။