Background
အိန္ဒိယနနွင်းဈေးဟာ ၂၀၁၀ စက်တင်ဘာလအတွင်း တစ်တန် ရူပီး ၁၇၀၀၀၀ (ကန်ဒေါ်လာ ၃၃၃၀) ရှိရာမှ ယခုအခါ ရူပီး ၃၂၀၀၀-၃၅၀၀၀(ကန်ဒေါ်လာ ၆၂၇-၆၈၅)ထိ ကျဆင်းခဲ့ပါတယ်။ ဈေးနှုန်းတစ်ခုကနေ ထပ်မံ ကျဆင်းမှုကို ထိန်းချုပ်ဖို့ တောင်သူများအနေနဲ့ လာမယ့်ရာသီမှာ စိုက်ဧရိယာကို အနည်းဆုံး ၅၀ ရာခိုင်နှုန်းခန့် လျှော့ချသင့်တယ်လို့ လယ်ယာ လုပ်ငန်းဆိုင်ရာ သိပ္ပံပညာရှင်များအဖွဲ့မှ တိုက်တွန်းကြောင်း သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း အဝယ်သွက်လာလို့ ကုလားပဲဈေး တိုးလာခဲ့ ပါတယ်။ NCDEX ကြိုပွိုင့်ဈေးကွက်မှာ ကုလားပဲဈေးဟာ ၂၀၁၀ မတ်လမှာ တစ်တန် ရူပီး ၂၁၄၁၀ (ကန်ဒေါ်လာ ၄၂၈) ဈေးနဲ့ ၂၀၁၂ မတ်လ ပေါက်ေ ဈး ရူပီး ၃၄၃၃၀ (ကန်ဒေါ်လာ ၆၈၆) နဲ့ ယှဉ်ရင် ၅၀ ရာခိုင်နှုန်းခန့် မြင့်တက်လာခဲ့ပါ တယ်။ ဈေးနှုန်းသိသိ သာသာ မြင့်တက် မှုကြောင့် အစိုးရအနေနဲ့ ကြိုပွိုင့်ရောင်းဝယ်မှုကိုရ ပ်ဆိုင်းဖွယ်ရှိကြောင်း သိရပါတယ်။ ကုလားပဲသစ်များ ဈေး ကွက်အတွင်း ဝင်ရောက်တော့မှာ ဖြစ်ပေမဲ့ အထွက်လျော့ကျတာကြောင့် တင်သွင်း မှု မြင့်တက်ဖွယ်ရှိတယ်လို့ စီးပွားကူးသန်း ဝန်ကြီးက ဆိုပါတယ်။ ဈေးကွက်တွေမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။
အိန္ဒိယနိုင်ငံရဲ့ ဝယ်လိုအားတိုးတက်နေတာကြောင့် ၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ ပဲမျိုးစုံတင်သွင်းမှု တန်ချိန် ၃ သန်း ကျော်လိမ့်မယ်လို့ အိန္ဒိယ ပဲမျိုးစုံနဲ့ သီးနှံအသင်းဥက္ကဌ Pravin Dongre မှ ပြောကြားပါတယ်။ အဲဒီပမာဏထဲက တစ်ဝက်မှာကနေဒါ၊ရုရှားနဲ့ ပြင်သစ်က ပဲလုံးများဖြစ်ပြီး၊ ကျန်ပဲများကတော့ သြစတြေးလျက ကုလားပဲဖြူလုံးကြီး၊ မြန်မာ နိုင်ငံက မတ်ပဲနဲ့ ပဲတီစိမ်း၊ အာဖရိက ကုလားပဲနဲ့ ပဲစင်းငုံတို့ဖြစ်မယ်လို့ ဆိုပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပဲတီစိမ်းဈေးက ယခုတစ်ပတ်မှာလည်း အပြောင်းအလဲနည်းတာ တွေ့ရပါတယ်။ ပြည်တွင်း ပဲတီစိမ်း ယခင်နှစ်ထွက်ရှိမှု တိုးပေမဲ့ လက်ရှိကာလမှာ နိုင်ငံစုံက ပဲတီစိမ်းများလည်း တင်သွင်းလျက်ရှိနေပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ပြည်ပကတင်သွင်းထားတဲ့ ပဲစင်းငုံ လက်ကျန်တွေရှိနေတဲ့အပြင် gulabi ပဲစင်းငုံများ လာမယ့်သီတင်းပတ်တွေမှာ ဝင်ရောက်လာတော့မှာဖြစ်လို့ ဈေးကျဆင်းမယ်လို့ ကုန်သည်များက မျှော်လင့်နေ ကြပါတယ်။လတ်တလောမှာတော့အရောင်းအဝယ်အေးပြီးဈေးပြောင်းလဲမှု အနည်း ငယ်သာ ရှိတယ်လို့ သိရပါတယ်။
အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ယခုတစ်ပတ်မတ်ပဲဈေး တည်ငြိမ် နေပါတယ်။ ဒေသတွင်း ကုန်သည်များနဲ့ ပဲခွဲစက်များမှ အရောင်းအဝယ်ပါးတာ ကြောင့် မြန်မာမတ်ပဲဈေးလည်း ငြိမ်နေတယ်လို့ သိရပါတယ်။ ပြည်တွင်း သန့်စင်ပြီး မတ်ပဲကတော့ အချို့ဈေးကွက်တွေမှာ ဈေးကျဆင်းနေတယ်လို့ သိရပါတယ်။
အစိုးရအဖွဲ့က ၂၀၁၁-၂၀၁၂ ဈေးကွက်နှစ်မှာ သကြားတန်ချိန် ၁ သန်းတင်ပို့ဖို့ အတည်ပြုလိုက်တာကြောင့် အိန္ဒိယ သကြားကုန်သည်များနဲ့ တောင်သူများ ပျော်ရွှင်နေကြောင်း သိရပါတယ်။ ဒီဆုံးဖြတ်ချက်က လက်ရှိအချိန်မှာ ကမ္ဘာ့ သကြား ရောင်းလိုအား ပြတ်လပ်နေတာကြောင့် တောင်သူတွေဝင်ငွေတိုးပြီး အကျိုးအမြတ်ပိုမိုရ ရှိမှာဖြစ်ပါ တယ်။
ထိပ်တန်းရော်ဘာထုတ်လုပ်တဲ့ နိုင်ငံတွေဖြစ်တဲ့ ထိုင်း၊ အင်ဒိုနီးရှားနဲ့ မလေးရှားတို့မှာ ရာသီဥတု မကောင်းတာကြောင့် အထွက်နှုန်းကျနိုင်တဲ့အပြင် အိန္ဒိယမှာလည်း ရောင်းလိုအားဝယ်လိုအားကွာဟချက် ကြီးထွားလာနိုင်တာကြောင့် ကမ္ဘာ့ေ ရာ်ဘာ ဈေးနှုန်းတွေ အရှိန်အဟုန်နဲ့ မြင့်တက်ဖွယ်ရှိကြောင်း သိရပါတယ်။
အိန္ဒိယမှာ ရော်ဘာပြည်တွင်းဈေးတွေမြင့်တက်နေတာကြောင့်ကမ္ဘာ့ဒုတိယအများဆုံးသုံးစွဲသူဖြစ်တဲ့ အိန္ဒိယအနေနဲ့ တာယာထုတ်လုပ်တဲ့ ရော်ဘာအမျိုးအစားကို ပိုပြီးဈေးချိုတဲ့ အင်ဒိုနီးရှားထံက ဝယ်ယူရန် စဉ်းစားနေပြီး တရုတ်နိုင်ငံကတော့ ၎င်းနိုင်ငံအတွင်းမှ လံုံလုံလောက်လောက်ရရှိနေတာကြောင့် အနည်းငယ်သာအဝယ်ရှိကြောင်း ကုန်သည်များက ပြောကြား ပါတယ်။
အိန္ဒိယနိုင်ငံ ဗဟိုအစိုးရက အနိမ့်ဆုံးတင်ပို့ဈေးနှုန်း MEP ကို ယခင်လက တစ်တန်ကန်ဒေါ်လာ ၁၅၀ မှ ၁၂၅ ကို လျှော့ချ လိုက်ပြီးတဲ့ နောက်ပိုင်း Nashik ခရိုင်အတွင်းရှိ စိုက်ပျိုးရေး ထုတ်ကုန်ဈေးကွက် ကော်မတီများ (APMCS) မှာ ကြက်သွန်နီ လက်ကားဈေး ၂၀ ရာခိုင်နှုန်းဝန်းကျင် မြင့်တက်ခဲ့ပါတယ်။