Main menu

Background

Sunday, 22 May 2011

အိန္ဒိယပဲတီစိမ်းဈေး တစ်ပတ်အတွင်းမြင့်လာ                အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားတက်လာတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးမြင့်တက် လာခဲ့ပါတယ်။ ပြည်တွင်းပဲအပြင် တန်ဇန်းနီးယား ပဲတီစိမ်းကို ဝယ်လိုအားကောင်းလာခြင်းက ဈေးနှုန်းကို အထောက် အပံ့ဖြစ်စေပါတယ်။ နွေပဲတီစိမ်း အထွက်ပိုမိုမယ့်အလားအလာရှိပေမဲ့ လှောင်လက်များ အဝယ်သွက်နေခြင်းကလည်း ဈေးတက် ဖို့ ဖြစ်စေပါတယ်။ တရုတ်နိုင်ငံမှာ ဆက်လက်မိုးခေါင်ခြင်းကြောင့် စိုက်ပျိုးရေးကို ထိခိုက်မှုရှိတဲ့အတွက် နိုင်ငံတကာ ဈေးကွက်မှာ တရုတ်ဝယ်လိုအား ဆက်လက်ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်အတွင်းမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်း ဈေးနှုန်းများကို ဖေါ်ပြလိုက်ပါတယ်                                                                                         တန်/ ဒေါ်လာဈေးကွက်                  ၁၉-၅-၁၁              ၁၈-၅-၁၁        ၁၆-၅-၁၁                ၁၄-၅-၁၁မွန်ဘိုင်း (ကင်ညာ)        ၁ဝ၈၉                 ၁ဝ၈၇           ၁ဝ၆၆                      ၁ဝ၆၉ဒေလီ                      ၈၄၅-၉၃၄            ၈၄၃-၉၃၂        ၈၄၄-၉၃၃                ၈၄၆-၉၃၉အာကိုလာ                ၈၈၉-၁ဝဝဝ          ၈၈၇-၁ဝ၂ဝ       ၈၈၈-၉၉၉                ၈၉၁-၉၈ဝMIRT(MAPT)

Sunday, 22 May 2011

စားနပ်ရိက္ခာဖူလုံရေးအတွက် နိုင်ငံရပ်ခြားတွင် ကောက်ပဲသီးနံှစိုက်ပျိုးဖို့ စဉ်းစားနေသည့် တရုတ်(တိုင်ပေ)                  တရုတ်(တိုင်ပေ)က စားနပ်ရိက္ခာဖူလုံမှုရှိရေးအတွက် လယ်ယာစိုက်ပျိုးမှုကို နိုင်ငံရပ်ခြားမှာပြုလုပ်သွားဖို့ စဉ်း စားလျက်ရှိကြောင်း တရားဝင်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားပါတယ်။ ''ကမ္ဘာကြီးက စားသောက်ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုနဲ့ စားနပ်ရိက္ခာအကျပ်အတည်းကို ရင်ဆိုင်နေရတာကြောင့် တရုတ် (တိုင်ပေ)အနေနဲ့ စားနပ်ရိက္ခာ ဖူလုံမှုရှိရေးအတွက် ဆောင်ရွက်သင့်ကြောင်း''FAO လယ်ယာစိုက်ပျိုးရေးဆိုင်ရာ ဒုတိယညွှန်ကြားရေးမှူး You Shengfeng  မှ ပြောကြားပါတယ်။                တရုတ်(တိုင်ပေ)က ဆန်ကိုစားသုံးဖို့အတွက် အလုံအလောက်ရှိသော်လည်း အခြားကောက်ပဲသီးနံှတွေကိုတင်သွင်း နေရပြီး၊ နှစ်စဉ်ပြောင်း တန်ချိန် ၅ သန်း၊ ပဲပုပ်တန်ချိန် ၂ ဒသမ ၅ သန်းနဲ့ ဂံျုတန်ချိန် ၁ သန်းကိုတင်သွင်းနေ ရကြောင်း့You Shengfeng မှဖြည့်စွက်ပြောကြားပါတယ်။ တရုတ်(တိုင်ပေ)ရဲ့ စားနပ်ရိက္ခာဖူလုံမှုနှုန်းထားက ၃၂ ရာခိုင်နှုန်းသာရှိပြီး ဂျပန်နဲ့ တောင်ကိုရီးယားနိုင်ငံတို့ထက် နိမ့်ကျလျက်ရှိရာ ၂ဝ၂ဝ မှာ ၄ဝ ရာခိုင်နှုန်းကိုမြှင့်တင်လိုကြောင်း သမ္မတMa Ying-jeou  မှအရ သိရှိရပါတယ်။ တရုတ်(တိုင်ပေ)မှာ ဆန်သိုလှောင်ထားမှုတန်ချိန် ၄ သိန်းရှိရာ မိမိလူဦးရေ အတွက် ၄ လစာလုံလောက်မှုရှိသော်လည်း နိုင်ငံရပ်ခြားမှာ စိုက်ပျိုးပါက စားသောက်ကုန်သီးနံှတင်သွင်းမှုကို လျှော့ချနိုင်မှာ ဖြစ်ကြောင်း့You Sheng-feng  မှပြောကြားခဲ့ပါတယ်။               အဓိကမှာ မဟာမိတ်ဆက်ဆံရေးရှိတဲ့ အမေရိကန်အလယ်ပိုင်းနဲ့ အာဖရိကနိုင်ငံတွေကို အာရုံစိုက်လုပ် ဆောင်သွားမှာ ဖြစ်ကြောင်းနဲ့ ပုဂ္ဂလိကကုမ္ပဏီတွေအနေနဲ့ အစိုးရရဲ့ အကူအညီနဲ့ ငွေကြေးအကူအညီရရှိမှသာ နိုင်ငံရပ်ခြားမှာ ရင်းနှီးမြှုပ်နံှနိုင်ကြောင်း အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်မှုရန်ပုံငွေ ဒုတိယအတွင်းရေးမှူးခုျပ် Lee Pai-po မှပြောကြားလိုက်ပါတယ်။     အေးမွန်မွန်လှိုင်၊Source:monsterseandcritics.comာ

Sunday, 22 May 2011

 အိန္ဒိယပဲစင်းငုံဈေးနှုန်း ယခုတစ်ပတ်ဆက်လက်ခိုင်မာ             အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ပဲစင်းငုံဈေးနှုန်းက ယခုတစ်ပတ်မှာ ဆက်လက်ခိုင်မာနေပါတယ်။ ယခုလအတွင်း လက်ထပ်ပွဲများအတွက် ဝယ်လိုအားတွေ ရှိနေတာကြောင့် ဈေးမာနေတာဖြစ်ပါတယ်။ ဒါပေမဲ့ ဈေးကွက်တွေမှာ အလုံအလောက်ရှိနေခြင်းက ကာလလတ်အတွင်းဈေးနှုန်းကို ကျဆင်းစေနိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ အိန္ဒိယနိုင်ငံမှာ ထုတ်လုပ်မှု ပိုမိုခြင်းနဲ့ သိုလှောင်မှု အလုံအလောက်ရှိနေတဲ့အပြင် မုတ်သုံမိုး ပုံမှန် ရွာသွန်းဖွယ်ရှိခြင်းကလည်း ဈေးနှုန်းမြင့် တက်မှုကို ထိန်းခုျပ်နိုင်မယ်လို့ သုံးသပ်ကြပါတယ်။ ဒါ့အပြင် လှောင်လက် များ လက်ကျန်ရှင်းထုတ်ခြင်းက ဈေးနှုန်းကို ပိုမိုဖိအားဖြစ်စေနိုင်ပါတယ်။ လတ်တလော မှာတော့ လက်ရှိဈေးဝန်းကျင်မှာအတက်အဆင်းဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ တစ်ပတ်အတွင်း ဈေးကွက်များမှာ ဖြစ်ပေါ်တဲ့ ပဲစင်းငုံဈေးနှုန်းတွေကို ဖေါ်ပြ လိုက်ပါတယ်-                                                                         ဒေါ်လာ/တန်               ၁၉-၅-၁၁      ၁၈-၅-၁၁      ၁၆-၅-၁၁      ၁၄-၅-၁၁မွန်ဘိုင်း    ၇၁၁-၇၃၄     ၇၁ဝ-၇၃၂      ၇၁ဝ-၇၃၃     ၇၂၄-၇၄ဝဒေလီ      ၇၅၆-၇၅၈     ၇၆ဝ-၇၆၃      ၇၆၆-၇၆၈     ၇၉ဝ-၇၉၃ချန်နိုင်း     ၇ဝဝ-၇၁၁       ၇၁ဝ             ၇၂၁          ၇၃၅MIRT(MAPT)

Sunday, 22 May 2011

ယခုတစ်ပတ် အိန္ဒိယမတ်ပဲဈေးအနည်းငယ်တိုး                 အိန္ဒိယဈေးကွက်များအတွင်း ယခင်တစ်ပတ်က မတ်ပဲဈေးတည်ငြိမ်နေပေမဲ့ ဒီတစ်ပတ်မှာတော့ မတ်ပဲဈေးအနည်းငယ်တိုးလာပါတယ်။ အဓိကဈေးကွက်များမှာ ပြုပြင်ပြီးမတ်ပဲ ဝယ်လိုအားကောင်းလာတာ ကြောင့် ပဲခွဲစက်လုပ်ငန်းရှင်တွေ အဝယ်သွက်နေတယ်လို့ သိရပါတယ်။ နွေမတ်ပဲကို အဝယ်ပိုများလာပြီး ပြည်ပ မတ်ပဲလည်း ဈေးအနည်းငယ်တက်လာတယ်လို့ သိရပါတယ်။ နွေမတ်ပဲများ ဈေးမြင့်နဲ့ ကမ်းလှမ်းကြခြင်းက ဝယ်လိုအားကို ကန့်သတ်စေနိုင်ပါတယ်။ အိန္ဒိယနိုင်ငံ အရှေ့ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းခြင်းကြောင့် ရိတ်သိမ်းမှုနှောင့်နှေးနိုင်ပေမဲ့ သီးနံှတွေကို ကြီးကြီးမားမား ထိခိုက်နိုင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ အိန္ဒိယအရှေ့ပိုင်း ဒေသတွေမှာ အစိုဓါတ်များပြီး နွေရာသီအပူချိန်လျော့ကျလို့ ပိုးကျရောက်မှုရှိတဲ့ အတွက် အထွက်နှုန်းကျဆင်းနိုင်တယ်လို့ သိရပါတယ်။ကာလတိုအတွင်း မတ်ပဲဈေး ခိုင်မာနိုင်တယ်လို့ ခန့်မှန်းကြပါတယ်                      ဒေါ်လာ/တန်            ၁၉-၅-၁၁      ၁၈-၅-၁၁      ၁၆-၅-၁၁        ၁၄-၅-၁၁မွန်ဘိုင်း    ၉၁၂         ၈၉၃-၈၉၈        ၈၈၈            ၈၉၁-၈၉၆ဒေလီ    ၈၄၅-၉၃၉     ၈၄၃-၉၃၇      ၈၄၄-၉၃၃      ၈၄၆-၉၃၅ချန်နိုင်း ၉၃၄-၁ဝ၆၂    ၉၂၁-၁ဝ၅၄   ၉၂၇-၁ဝ၅၅    ၉၁၉-၁ဝ၅၈MIRT(MAPT)

Friday, 20 May 2011

အိန္ဒိယနနွင်းဈေး လက်ရှိဈေးဝန်းကျင်မှာ အရောင်းအဝယ်ဖြစ်                     အိန္ဒိယပြည်တွင်းနနွင်းဈေးကွက်များမှာ အဝယ်နည်းတာကြောင့် လက်ရှိဈေး ဝန်းကျင်နဲ့သာ အရောင်းအဝယ် ဖြစ်နေတယ်လို့ သိရပါတယ်။ နနွင်းမှုန့် ဝယ်လိုအား ပါးတာကြောင့် နနွင်းကြိတ်စက် လုပ်ငန်းရှင်တွေမှာ လက်ကျန်များနေပြီး ဈေးကွက် အတွင်း အဝယ်အေးခြင်းဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း လက်ထပ်ရာသီမှာ ဝယ်လိုအားတက်လာနိုင်တာကြောင့် ပြည်ပ ဝယ်လက်နဲ့ ကုန်သည်များဟာ လက်ရှိဈေးနဲ့ တဖြည်းဖြည်း စတင်ဝယ်ယူနေပြီလို့ လည်း သိရပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ရောင်းလိုအားများပြီး ဝယ်လိုအား နည်းတာကြောင့် ဈေးကွက်အများစုမှာ ဈေးလျော့ကျခဲ့ပေမဲ့ အခိုျ့ ဈေးကွက်မှာ တော့ ဈေးအကျမှာအဝယ်ရှိခဲ့လို့ ဈေးနှုန်းထပ်မကျဖို့ အထောက်အပံ့ဖြစ်စေခဲ့ပါ တယ်။                        ကုန်သည်များရဲ့ ပြောကြားချက်အရ အခိုျ့တောင်သူများက ငွေလိုအပ်နေပြီ ဖြစ်လို့ နနွင်းရောင်းချဖို့ အသင့်ဖြစ်နေပြီလို့ ဆိုပါတယ်။ အင်ဒရာပရာဒေ့ရှ် ပြည်နယ်မှာ နနွင်းဆက်လက်တူးဖော်နေပြီဖြစ်ပေမဲ့ ဝင်ရောက်မှုကတော့ ယခင် ရက်ပိုင်းက အိတ် ၁၂ဝဝဝ ရှိရာမှ အိတ် ၉ဝဝဝ ကို ကျဆင်းခဲ့တယ်လို့ သိရပါတယ်။ အီရော့နနွင်းကုန်သည်များအသင်းဈေးဝင်းမှာ နနွင်းလက်ချောင်း တစ်တန်ကို ရူပီး ၇၂ဝဝဝ-၉၁၄၉ဝ (ကန်ဒေါ်လာ ၁၆၁၅-၂ဝ၅၂) ရှိပြီး နနွင်းဥဈေးက တစ်တန်ရူပီး ၇၁ဝ၉ဝ-၈၁၈၉ဝ (ကန်ဒေါ်လာ ၁၅၉၄-၁၈၃၆) ဈေးနဲ့ ရောင်းဝယ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: nnscommodityonline 

Friday, 20 May 2011

စင်ကာပူနဲ့ မလေးရှားကိုပို့                  ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းကနေ မေလ ၁ ရက်မှ ၇ ရက်တာကာလ အတွင်း နနွင်းတန်ချိန် ၄၃ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့တဲ့နိုင်ငံက မလေးရှားကို ၁၅ တန်နဲ့ စင်ကာပူကို ၂၈ ဒသမ ၁ တန်ဖြစ်ပါတယ်။ ယခင်သီတင်း ပတ် ၇၂ တန်ကျော်တင်ပို့နိုင်ခဲ့တဲ့ နနွင်းက ဒီတစ်ပတ်မှာ အပို့လျော့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၉ဝဝ ဝန်းကျင်နဲ့ တင်ပို့နိုင်ခဲ့တဲ့အတွက် စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ ၈၂၄ဝဝ ရရှိခဲ့ပါတယ်။                            MIRT (DOT) 

Friday, 20 May 2011

ဈေးအနိမ့်မှာ အဝယ်တက်လို့ အိန္ဒိယကုလားပဲဈေး မြင့်လာ                   အိန္ဒိယဈေးကွက်များအတွင်း အနိမ့်ဈေးနဲ့ အဝယ်တက်လာလို့ ကုလားပဲ လက်ငင်းရော ကြိုပွိုင့်ပါ ဝ ဒသမ ၂၂ ရာခိုင်နှုန်းနဲ့ ဝ ဒသမ ၁၇ ရာခိုင်နှုန်းအသီးသီး ဈေးမြင့်လာတယ်လို့ သိရပါတယ်။ ရာဂျက်စသန်ရဲ့ အဓိက ဈေးကွက်တွေကို ပဲ ဝင်ရောက်မှု ကျဆင်းလာခြင်းက ဈေးသိသိသာသာ ကျမသွားအောင် ထိန်းခုျပ် ထားတယ်လို့ သိရပါတယ်။                    အိန္ဒိယမှာ ကုလားပဲထုတ်လုပ်မှု ဒုတိယအများဆုံးဖြစ်တဲ့ ရာဂျက်စသန်မှာ ပဲရိတ်သိမ်းမှု အမြင့်ဆုံး ကာလကို ရောက်ရှိခဲ့ပြီး ဈေးကွက်အတွင်း ၆၅-၇ဝ ရာခိုင်နှုန်း နီးပါးဝင်ရောက်ခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။ လာမယ့်ရက်တွေမှာ ပဲဝင် ရောက်မှု တဖြည်းဖြည်း ကျဆင်းဖွယ်ရှိတယ်လို့ သိရပါတယ်။ အိန္ဒိယမိုးလေဝသဌာနက ၂ဝ၁၁ ခုနှစ် ဧပြီလ ၁၉ ရက်မှာ ထုတ်ပြန်ချက်အရ ယခုရာသီအတွင်း မိုးပုံမှန်ရွာသွန်းမယ့်အခြေအနေက မိုးပဲမျိုးစုံစိုက်ပျိုးဖို့ အခွင့် အလမ်းဖြစ်စေပါတယ်။ စီမံကိန်းကော်မရှင်က ၂ဝ၁၁-၁၂ အတွင်း နိုင်ငံရဲ့ ပဲမျိုးစုံ ဝယ်လိုအားက ၁၉ ဒသမ ၁၁ သန်းရှိမယ်လို့ ခန့်မှန်းထားပါတယ်။ ပြည်တွင်းဈေးကွက်အတွင်း အရောင်းအဝယ်အေးခြင်းကြောင့် ကုလားပဲ ဈေးလက်ရှိဈေးဝန်းကျင်နဲ့ အရောင်းအဝယ်ဖြစ်နိုင်ပေမဲ့ လာမယ့်သီတင်းပတ်များမှာ ရာဂျက်စသန်က ပဲရောင်းချမှု ကျဆင်းနိုင်ခြင်းကတော့ ကုလားပဲဈေးမကျအောင် ထိန်းထားနိုင်မယ်လို့ ခန့်မှန်းကြပါတယ်။                   ယမင်းးခင်၊Source: commodityonline 

Friday, 20 May 2011

အိန္ဒိယဈေးကွက်အချို့ ကုလားပဲဈေး အနည်းငယ်တက်                        အိန္ဒိယလက်ငင်းဈေးကွက်များမှာ ယခုတစ်ပတ် ကုလားပဲဈေး အနည်း ငယ်တက်လာပါတယ်။ ဈေးကွက် အချို့ကို ကုလားပဲဝင်ရောက်မှု လျော့ကျလာပြီး ဝယ်လိုအားတက်လာတာကြောင့် ဈေးအနည်းငယ် တက်လာတာ ဖြစ်ပါတယ်။ ယခင်လက်ကျန်များအပြင် ယခုနှစ် အိန္ဒိယက ကုလားပဲတန်ချိန် ၇ သန်းအထက် ထွက်ရှိပြီးတာကြောင့် လက်ကျန်ပမာဏ ဆက်လက်မြင့်တက်နေတယ်လို့ သိရပါတယ်။ ဒါပေမဲ့လည်း ဈေးအနိမ့်မှာ လှောင်လက်များ ဝယ်ယူခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေနိုင်ပါတယ်။ နိုင်ငံတကာ အခြေအနေ ကတော့ ကနေဒါမှာ ရေလွှမ်းမိုးပြီး သြစတြေးလျမှာ အစိုဓာတ်မြင့်တက်နေခြင်းတို့ကြောင့် ပဲစိုက်နောက်ကျ နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ကာလတိုအတွင်း လက်ရှိဈေးဝန်း ကျင်မှာ အရောင်းအဝယ်ဖြစ်နိုင်တယ်လို့ ခန့်မှန်းကြပါတယ်။ ဈေးကွက်တွေမှာ တစ်ပတ်အတွင်း ဖြစ်ပေါ်ခဲ့တဲ့ ကုလားပဲဖြူလုံးဈေးတွေကို ဖော်ပြလိုက်ပါတယ်                                                                                         တန်/ဒေါ်လာ                ၁၂-၅-၁၁           ၁၁-၅-၁၁            ၁ဝ-၅-၁၁                 ၉-၅-၁၁မွန်ဘိုင်း          ၅ဝ၂               ၅ဝ၃                  ၅ဝ၃                        ၅ဝ၃ဒေလီ          ၅ဝ၂-၅ဝ၈        ၄၉၈-၅ဝ၃            ၄၉၇-၅ဝ၃                ၄၉၈-၅ဝ၃ချန်နိုင်း           ၅၆၃              ၅၅၃                       ၅၄၈                       ၅၄၈                                                                                                           MIRT(MAPT)

Friday, 20 May 2011

အိန္ဒိယပဲတီစိမ်းဈေး အပြောင်းအလဲမရှိ               အိန္ဒိယပြည်တွင်ဈေးကွက်တွေမှာ ယခုတစ်ပတ်အတွင်း ပဲခွဲစက်များနဲ့ ပဲပြုပြင်ထုတ်လုပ်သူများက အဝယ်တက်လာပေမဲ့ တစ်ပတ်အတွင်း ဈေးနှုန်းအပြောင်းအလဲမရှိကြောင်း သိရပါတယ်။ ပဲစိုက်ဒေသ တော်တော်များများက မကြာခင် နွေပဲတီစိမ်းများ ဝင်ရောက်လာတော့မှာဖြစ်လို့ ပဲခွဲစက်များမှ လတ်တလော လှုပ်ရှားမှုမရှိသေးဘူးလို့ သိရပါတယ်။ ဒါပေမဲ့လည်း ပဲခွဲစက် တွေက ဝယ်လိုအားတက်လာနိုင်တဲ့ မျှော်လင့်ချက်တွေက ဈေးနှုန်းကို အထောက်အပံ့ပြုနေပါတယ်။ နိုင်ငံအရှေ့ပိုင်းဒေသတွေမှာ မိုးရွာသွန်းခြင်းက ပဲဝင်ရောက်မှုကို ထိခိုက်စေပြီး နောက်ရက်များမှာလည်း မိုးရွာဦးမယ်လို့ ခန့်မှန်းထားကြောင်း သိရပါတယ်။ နိုင်ငံတကာဈေးအနေနဲ့ တရုတ်မှ ဝယ်လိုအားပိုလာတဲ့အတွက် ဈေးခိုင်မာနေတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးမှာ တစ်ပတ်အတွင်းဖြစ်ပေါ်ခဲ့တဲ့ ပဲတီစိမ်းဈေးတွေကို ဖော်ပြလိုက်ပါတယ်                                                                                 ဒေါ်လာ/တန်                         ၁၂-၅-၁၁           ၁၁-၅-၁၁           ၁ဝ-၅-၁၁               ၉-၅-၁၁မွန်ဘိုင်း (ကင်ညာ)     ၁ဝ၄၉              ၁ဝ၅၂                ၁ဝ၅၁                 ၉၁၇ဒေလီ                  ၈၂၆-၉၁၅           ၈ဝ၆-၈၉၅           ၇၉၄-၈၈၃            ၇၉၄-၈၈၄အာကိုလာ            ၈၉၃-၁ဝဝ၅         ၈၉၅-၁ဝဝ၇          ၈၉၄-၁ဝဝ၆          ၈၉၅-၁ဝဝ၇MIRT(MAPT)

Pages