Main menu

Background

Monday, 20 Feb 2012

မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ဥရောပနိုင်ငံများသို့ ပုံမှန်တင်ပို့ လျက်ရှိကြောင်း Myanmar String Puppets & Cultural Group မှသိရပါတယ်။ မြန်မာ့ယဉ်ကျေးမှုပို့ကုန်များကို ၂၀၀၀ ပြည့်နှစ်မှစလို့ တင် သွင်းလျက်ရှိရာ တစ်နှစ်ကို နှစ်ပွဲ၊ သုံးပွဲ သွားရောက်ဖျော်ဖြေမှုရှိကြောင်း သိရပါတယ်။ ယခုနှစ်အတွက် ဖေဖော်ဝါရီ ၂၈ ရက်မှာ သွားရောက် ဖျော်ဖြေမှာဖြစ်ကြောင်း သိရပါတယ်။

Monday, 20 Feb 2012

                 နိုင်ငံတကာ ကယ်ဆယ်ရေး အစီ အမံများ သေချာပေါက်ရရှိစေဖို့ ရည် ရွယ်ပြီး ဂရိနိုင်ငံ ပါလီမန်က ခြိုးခြံ ချွေတာရေးစီမံကိန်းတွေကို အတည်ပြု လိုက်ရာ  ရင်းနှီးမြှုပ်နှံသူများအနေနဲ့ ဥရောပဒေသ ကြွေးမြီအကျပ်အတည်း အပေါ်  စိုးရိမ်မှုတွေ လျော့ကျသွား တယ်။ အီးယူဒေသက ကမ္ဘာ့ရေနံသုံး စွဲမှုရဲ့ ၁၆ ရာခိုင်နှုန်းဝန်းကျင်ကို ကိုယ် စားပြုရာ အီးယူဒေသစီးပွားရေးအလား အလာအပေါ်  စိုးရိမ်မှုလျော့ပါးလာ ခြင်းက ရေနံစိမ်းဝယ်လိုအားအတွက် အပေါင်းလက္ခဏာ  ဖြစ်စေတယ်။  ဒါ့ အပြင် အီရန်နိုင်ငံအပေါ်  အရေးယူ ပိတ်ဆို့မှုတွေ ပိုမိုဆိုးဝါးလာတဲ့သတင်း က ရေနံဝယ်ယူရရှိမှုအပေါ် စိုးရိမ်မှုကို ပိုလာစေတယ်။ ရေနံတင်သင်္ဘောစီးရေ ၁၀၀ ကျော်ကိုပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီ ကြီးဖြစ်တဲ့ Overseas Shipholding Group, Frontline.Ltd   က အီရန် နိုင်ငံမှ ရေနံသယ်ယူမှု  ရပ်တန့်သွား မယ်လို့ ကြေညာခဲ့တယ်။

Monday, 20 Feb 2012

           ယခုတစ်ပတ်အတွင်းတွင် အမေ ရိကန်ဒေါ်လာ  လဲလှယ်နှုန်းမှာ ပြင်ပ ဈေးကွက်တွင်  လဲလှယ်မှုနှုန်းထားနှင့် ငွေလဲစင်တာများ၏လဲလှယ်မှုနှုန်းထား  ကွာဟချက်မှာ   အနည်းငယ်သာရှိ ကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းသိရှိ ရသည်။

Monday, 13 Feb 2012

             ကမ္ဘာ့ဒုတိယမြောက် ရေနံသုံးစွဲမှုအများဆုံး တရုတ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်းတွေကို ၁၀ လအတွင်း ပထမဆုံးအကြိမ်အဖြစ် တိုးမြှင့်သွားမယ်လို့ သိရတယ်။ China Petroleum & Chemical Corp နဲ့ Petrochina.Co တို့ရဲ့ လောင်စာဆီထုတ်လုပ်မှုကို မြှင့်တင်ပေးဖို့ ရည်ရွယ်ပြီး ဈေးနှုန်းကိုမြှင့်တင်မယ်လို့ သိရတယ်။

Sunday, 12 Feb 2012

ဖေဖော်ဝါရီ ၆ ရက် နံနက်ဈေးကွက် ဖွင့်ချိန်မှာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းတွေ တစ်ပတ်အတွင်း အမြင့်ဆုံးနှုန်းနီးပါး တန်ဖိုးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ အမေရိကန်စီးပွားရေး  အလားအလာ ကောင်းလာမယ့် လက္ခဏာကြောင့် ရေနံစိမ်းဝယ်လိုအား မြင့်မားမယ် ခန့် မှန်းကြရာ  ဈေးနှုန်းမြင့်လာခြင်းဖြစ် တယ်။

Sunday, 12 Feb 2012

ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာ တစ်သောင်းအထိ အထောက် အထားမလိုဘဲ လဲလှယ်နိုင်ခြင်းကြောင့် ယခုတစ်ပတ်အတွင်း အမေရိကန်ဒေါ်လာ ဈေးကွက်မှာ အတက်အကျ အနည်းသာရှိခဲ့ကြောင်း သိရသည်။ဖေဖော်ဝါရီလ ၆ ရက်က ငွေဈေးဖွင့်ချိန်တွင် ငွေလဲစင်တာများ၌ အမေရိ ကန်တစ်ဒေါ်လာလျှင် ရောင်းဈေး ၈၂၃ကျပ် ဝယ်ဈေး ၈၀၀ကျပ်ဖြင့် ဈေးဖွင့်ခဲ့သည်။ တစ်ပတ်အတွင်းရောင်း ဈေးမှာ သိသိသာသာအတက်အကျမရှိခဲ့ဘဲ ဝယ်ဈေးမှာ သာ အတက်အကျ အနည်းငယ်ရှိခဲ့သည်ကို တွေ့ရသည်။

Monday, 6 Feb 2012

                ဇန်နဝါရီ ၃၀ ရက် ဈေးကွက်ဖွင့်ချိန် အစောပိုင်းမှာ ကမ္ဘာ့ရွှေဈေးနှုန်းတွေက ယခင်အပတ်ကထက်  မြင့်မားလာ တယ်။ တရုတ်နှစ်သစ်ကူးပွဲတော်ကာ လအတွင်း ရွှေလက်ဝတ်ရတနာ ဝယ် လိုအား မြင့်မားလာခြင်း၊ အီးယူဒေသ ကြွေးမြီ အကျပ်အတည်းအပေါ် စိုးရိမ် ပူပန်မှုများပိုလာခြင်း၊ အမေရိကန် ဗဟို ဘဏ်က ၂၀၁၄ခုနှစ်အထိ ဘဏ်အတိုး နှုန်းကို အပြောင်းအလဲမလုပ်ဘဲ ယခု နှုန်းထားအတိုင်း  ဆက်ထားမယ်လို့ ကြေညာလိုက်ခြင်းတို့က ရွှေဈေးနှုန်းကို အထောက်အပံ့ပေးခဲ့တယ်လို့သိရတယ်။

Monday, 6 Feb 2012

            အီးယူဒေသ  ခေါင်းဆောင်တွေ အနေနဲ့ ဒေသတွင်း ကြွေးမြီအကျပ် အတည်းနဲ့ပတ်သက်တဲ့ အစည်းအဝေး ကို ဇန်နဝါရီ ၃၀ ရက်မှာ ဘယ်လ် ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မှာ ကျင်းပကြမှာ ဖြစ်ပြီး ၎င်းအစည်းအဝေးမတိုင်မီ ရေနံ စိမ်းဈေးနှုန်း  ကျဆင်းသွားတယ်လို့ သိရတယ်။

Monday, 6 Feb 2012

     ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ သိမ်ဖြူရှိငွေလဲကောင်တာများနှင့် ပုဂ္ဂလိကဘဏ်များ၏ ငွေလဲကောင်တာများတွင် အမေရိကန်ဒေါ်လာ ၁၀၀၀၀ အထိကို မည်သည့်ကန့်သတ်ချက်မှမလိုဘဲ ငွေလဲနိုင်ပြီဖြစ်ကြောင်း သိရသည်။ယခင်က ငွေလဲကောင်တာများတွင် ငွေလဲလှယ်လိုပါက နိုင်ငံခြားသားဖြစ် လျှင် ပတ်စ်ပို့ပြရခြင်း၊ ဒေါ်လာ ၂၀၀၀ ကျော်ပါက

Friday, 3 Feb 2012

                မန္တလေးရွှေဈေးကွက်မှာ တရုတ် နှစ်သစ်ကူးရာသီကြောင့် ရွှေအရောင်း အဝယ်အေးပြီး ရွှေဈေးနှုန်းမှာလည်း တစ်ပတ်အတွင်း ပြန်ကျလာကြောင်း သိရပါတယ်။ အောင်သမာဓိရွှေဆိုင်မှ မကျော့ က ''တရုတ်နှစ်သစ်ကူးကြောင့် အရောင်းအဝယ်ရော၊ ဈေးကွက်ရော အေးနေတာ။ နှစ်သစ်ကူးပြီးရင် ရွှေဈေးပြန်တက်နိုင်ခြေရှိတယ်၊ ဈေးကွက် က လဆန်းပိုင်းက မြေဝယ်ထားတဲ့သူတွေ၊ ကားအပ်တဲ့သူတွေက ငွေရလို့ အရောင်းအဝယ် ကောင်းခဲ့တယ်။ အောင်သမာဓိက နယ်ဝယ်လက်များတယ်။ ဒီနှစ်မှာတော့ သီးနှံပေါ်ချိန် ပေမယ့် နယ်ဝယ်လက် နည်းနေတယ်။ တရုတ်နှစ်သစ်ကူး မတိုင်မီနဲ့ တရုတ် နှစ်သစ်ကူးကာလမှာတန့်နေတာ။ နှစ် ကူးပြီရင်တော့ အရောင်းအဝယ် ပြန် လိုက်လာမယ်လို့ ထင်ပါတယ်''လို့ ပြော ပါတယ်။ မန္တလေးရွှေဈေးကွက်မှာ အောင်သမာဓိအခေါက်ရွှေဈေးနှုန်းမှာ ဇန်န ဝါရီ ၄ ရက်က တစ်ကျပ်သားကို ၆၈၆၀၀၀ ကျပ်ဈေး၊ အနိမ့်ဆုံးဈေးမှ ဇန်နဝါရီ ၆ ရက်မှစပြီး တစ်ကျပ်သားကို ၇၁၂၀၀၀ ကျပ်ဈေးနဲ့ စတင်မြင့်တက် လာခဲ့ပါတယ်။                    ယခုတစ်ပတ် ဇန်နဝါရီ ၁၈ ရက် က ၇၁၇၅၀၀ကျပ်၊၁၉ရက်မှာ၇၁၂၀၀၀ ကျပ်၊ ၂၀ ရက်မှာ ၇၁၅၀၀၀ ကျပ်၊ ၂၁ရက်မှာ ၇၁၁၀၀၀ ကျပ်၊ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးရှိကြောင်း သိရပါတယ်။တရုတ်နှစ်သစ်ကူးကာလအတွင်း ဇန်နဝါရီ ၁၈ ရက်က အခေါက်ရွှေ တစ်ကျပ်သား ၇၁၇၅၀၀ ကျပ်ဈေးရှိရာမှ ၂၂ ရက်မှာ ၇၁၂၅၀၀ ကျပ် ဈေးထိ ကျဆင်းလာခြင်းဖြစ်ကြောင်း သိရပါတယ်။ ဇူးဇူး

Pages