Main menu

Background

Tuesday, 24 Jan 2012

    ပြည်ပပို့ကုန် များ တိုးတက် တင် ပို့နိုင်ရေး နိုင်ငံတော် အစိုးရမှ အားပေး ကူညီ ဆောင်ရွက် ပေးလျက်ရှိတဲ့အပြင် ပြည်ပသို့ တင်ပို့ နေတဲ့ Exporter   ကုမ္ပဏီများ အနေ နဲ့လည်း ပို့ကုန်များ တိုးတက် တင်ပို့နိုင် ရေးကြိုးပမ်းဆောင် ရွက်လျက်ရှိပါတယ်။ အသစ်အသစ်သော ပို့ကုန်အမယ်များကိုရှာဖွေဖော်ထုတ်ပြီး ပြည်ပသို့တင်ပို့ကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိပါတယ်

Tuesday, 24 Jan 2012

             ယခုတစ်ပတ်မှာ တရုတ်နှစ်သစ်ကူးနီးလာလို့ ကုန်အသွားအလာ နည်းခြင်း ကြောင့် ကားများရပ်နားနေရကြောင်း သိရပါတယ်။"ပြီးခဲ့တဲ့တစ်ပတ်က ဆန်၊ ဖရဲသီးအနည်းအကျဉ်းတင်နေရတယ်။ ဒီတစ်ပတ် ကုန်တော်တော်နည်းသွားပြီ။ ပြောင်းလည်း အတင်မရှိတော့ဘူး။ နှမ်းတော့အနည်း အကျဉ်းတင်နေရတယ်။ အဆင်းကုန်လည်းနည်းတယ်။ မြေဆီနဲ့ တရုတ် လူသုံးကုန် ပစ္စည်းအချို့ ဆင်းတယ်။

Monday, 23 Jan 2012

        ၂၀၁၁ ခုနှစ်  ဒီဇင်ဘာ ၁၅ ရက်မှ စပြီး တစ်အောင်စကို ၁၆၀၀ ဒေါ်လာအောက် ကျဆင်းသွား ခဲ့တဲ့ ကမ္ဘာ့ရွှေဈေးနှုန်းတွေက ၂၀၁၂ ခုနှစ်  ဇန်နဝါရီ ၅ ရက်မှာ တစ်အောင် စကို ၁၆၀၀ ဒေါ်လာအထက်  ပြန် လည်ရောက်ရှိလာခဲ့ပြီး  တဖြည်းဖြည်း ပြန်လည်ဦးမော့လာခဲ့တယ်။ ဇန်နဝါရီ ၁၇ ရက်က နယူးယောက်ဈေးကွက်မှာ ရွှေတစ်အောင်စကို ၁၆၅၈ ဒသမ ၈၀ ဒေါ်လာအထိ ရောက်ရှိခဲ့တယ်။

Monday, 23 Jan 2012

    ယခုတစ်ပတ်တွင် ယူရိုငွေဈေးများ  ကျဆင်းလာခဲ့ပြီး  အမေရိကန်ဒေါ်လာ ဈေးမှာ မြင့်တက်လာခဲ့သကဲ့သို့ အက်ဖ်အီးစီ ဈေးနှုန်းမှာလည်း မြင့်တက်လာခဲ့ သည်။ ပြီးခဲ့သည့်ရက်သတ္တပတ်အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် စင်တာ လဲလှယ်နှုန်းမှာ ၈၂၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သော်လည်း ယခုတစ်ပတ် ဈေးပြန်ဖွင့် ချိန်တွင် ၈၃၀ ကျပ်ရှိလာခဲ့ပြီး ဈေးပိတ်ချိန်တွင် ၈၃၅ ကျပ်ဖြင့် ဈေးပိတ်ခဲ့သည် ကိုတွေ့ရသည်။

Monday, 23 Jan 2012

၂၀၁၁ ခုနှစ်၊ နိုဝင်ဘာလအတွင်းက တရုတ်ပြည်မကြီးက ဟောင်ကောင်မှ ရွှေကီလိုဂရမ်များစွာ ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။ နိုဝင်ဘာလ အတွင်း ရွှေ ၁၀၂၇၇၉ ကီလိုဂရမ် တင်သွင်းခဲ့ရာ အောက်တိုဘာလအတွင်းက တင်သွင်းမှုပမာဏ ၈၆၂၉၉ ကီလိုဂရမ်ထက် များစွာပိုမိုခဲ့တယ်လို့ ဟောင်ကောင်အစိုးရရဲ့ သန်းခေါင်စာရင်းနဲ့ စာရင်းအင်းဌာနက ထုတ်ပြန်ခဲ့တယ်။

Monday, 16 Jan 2012

      ၂၀၁၁ ခုနှစ်  ပထမကိုးလအတွင်း ကမ္ဘာ့စီးပွားရေး အင်အားကြီးနိုင်ငံတွေ ဖြစ်တဲ့ အမေရိကန်ရဲ့ စီးပွားရေးဖွံ့ဖြိုး တိုးတက်မှုအားနည်းခဲ့ခြင်း၊ အီးယူဒေသ ကြွေးမြီအကျပ်အတည်း ပိုမိုဆိုးဝါးလာ ခြင်း၊ ငွေကြေးဖောင်းပွမှုနှုန်း မြင့်မား လာခြင်းတို့ကြောင့် ကမ္ဘာအနှံ့ရင်းနှီးမြှုပ် နှံသူတွေက စတော့ရှယ်ယာတွေနဲ့ ကုန် စည်တွေအပေါ် ရင်းနှီးမြှုပ်နှံခြင်းအစား ရွှေကိုသာ အကောင်းဆုံးသော ရင်းနှီး မြှုပ်နှံစရာပစ္စည်းအဖြစ်ဝယ်ယူစုဆောင်း မှုတွေပြုလာကြတယ်။

Monday, 16 Jan 2012

ယခုတစ်ပတ်တွင် ကမ္ဘာ့ရွှေဈေး မြန်မာ့ရွှေဈေးများ မြင့်တက်လာမှုနှင့်အတူ ငွေလဲနှုန်းထားများမှာလည်း မြင့်တက်လာခဲ့သည်။ ပြီးခဲ့သည့် ရက်သတ္တပတ် အတွင်းက အမေရိကန်တစ်ဒေါ်လာလျှင် စင်တာလဲလှယ်နှုန်းမှာ ၈၂၀ကျပ်ဖြင့် ငြိမ်နေခဲ့သော်လည်း ယခုတစ်ပတ်တွင် ၈၂၅ ကျပ်သို့ မြင့်တက်လာခဲ့သည်။

Sunday, 8 Jan 2012

၂၀၁၂ ခုနှစ် ပထမဆုံး ကုန်သွယ်မှု စတင်တဲ့  ဇန်နဝါရီ ၂ ရက်မှာ အာရှ စတော့တန်ဖိုးတွေ ကျဆင်းသွားတယ်။ ဥရောပဒေသကြွေးမြီ အကျပ်အတည်း က ၂၀၁၂ ခုနှစ်မှာလည်း ဆက်လက်ရှိ နေဆဲဖြစ်ရာ  ကမ္ဘာ့စီးပွားရေးနာလန် ထူလာမှုအပေါ်စိုးရိမ်မှုကို ဆက်လက် ဖြစ်ပေါ်စေတယ်။ ဒါကြောင့် ယူရိုငွေနဲ့ တောင်ကိုရီးယား ဝမ်တန်ဖိုးတွေ အား နည်းလာတယ်။

Sunday, 8 Jan 2012

အမေရိကန်ဒေါ်လာဈေးကွက်က ဒီတစ်ပတ်မှာတော့ ဈေးအနည်းငယ် ငြိမ် သက်နေခဲ့ပြီး အက်ဖ်အီးစီဈေးကွက်မှာ  လှုပ်ခတ်လာခဲ့သည်ကို တွေ့ရှိရသည်။ငွေလဲစင်တာများတွင် အမေရိကန်ဒေါ်လာနှင့် အက်ဖ်အီးစီတို့၏ ငွေလဲနှုန်းထား များမှာတူညီနေသော်လည်း ပြင်ပဈေးကွက်တွင်မူ ယခုတစ်ပတ်တွင် အမေရိကန် ဒေါ်လာထက် အက်ဖ်အီးစီလဲလှယ်နှုန်းက အနည်းငယ်မြင့်တက်လာသည်ကို တွေ့ ရသည်။

Tuesday, 3 Jan 2012

      အမေရိကန်ဒေါ်လာဈေးကွက်ဟာ ဒီတစ်ပတ်မှာ ပြီးခဲ့တဲ့အပတ်ကထက် ပို မိုဈေးတက်လာခဲ့သည်ကိုတွေ့ရသည်။ ယခင်အပတ်က စင်တာတွင် ၈၀၀ကျပ် သာဈေးပေါက်ခဲ့သော်လည်း ယခုတစ် ပတ် ဈေးဖွင့်ချိန်တွင် ၈၂၀ကျပ်ရှိကာ ၂၀ ကျပ် တက်သွားခဲ့သည်ကို  တွေ့ရ သည်။

Pages